CBU ကားများကို SKD ခေါင်းစဉ်အဖြစ် တင်သွင်းလာပြီး ပြန်လည်တပ်ဆင်ရောင်းချနေဟုဆို

 232

စော (NP News) - ဒီဇင်ဘာ ၁ဝ

CBU ကားများကို စက်ရုံပို့၍ အဖြုတ်၊ အတပ်လုပ်ပြီးနောက် ပြည်တွင်း SKD ကားအဖြစ် တင် သွင်းလာပြီး ပြန်လည်တပ်ဆင်ရောင်းချမှုများရှိနေကြောင်း ကားလောကသားအချို့ကို NP News မှ မေးမြန်းထားချက်များအရ သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)မှ SKD စနစ်ဖြင့် ထုတ်လုပ်ရန် လျှောက်ထားသည့် ကုမ္ပဏီ (၂၇)ခုအနက် ကုမ္ပဏီ(၁၀)ခုထက် မနည်းခွင့်ပြုထား၍ MIC မှ ခွင့်ပြုမိန့်ရရှိပါက တစ်နှစ်လျှင် ကုမ္ပဏီတစ်ခုလျှင် ကားအစီးရေ (၅၀ဝ)မှ (၁၀ဝဝ)ကြား တပ်ဆင်ထုတ်လုပ်ခွင့်ပြုထားကြောင်း သိရ သည်။
“CBU မှာကတော့ ဒေါ်လာတွေ ကန့်သတ်ချက်နဲ့သူကများတော့ CBU သမားတွေက သွင်းလို့မရ တော့ဘူးလေ။ သို့သော် SKD ကျတော့ MIC ကိုဖြတ်ပြီးသွားတာဆိုတော့ MIC မှာက ဘက်ဂျက်တွေရှိ တယ်။ MIC က တစ်နှစ်ကို အစီး ငါးရာလည်းရနိုင်သလို တစ်နှစ်ကို အစီးတစ်ထောင်လည်းရနိုင်တယ်။ တော်တော်များများက CBU မှာ ရပ်တည်လို့မရလို့ SKD,MIC ကို ဖြတ်ပြီး လာချင်ကြတာ။ SKD,MIC ကျ ရင် အစီးငါးရာကတော့ သေချာပေါက်သွင်းလို့ရတယ်။ အဲဒီထဲကို ပြေးပြီးဝင်လာကြတာ။ ဝင်လာကြ တော့ Brand အစုံပေါ့။ အချို့ကလည်း အစစ်လည်းပါပါတယ်။ ထုံးစံအတိုင်းပေါ့။ အစစ်ရှိရင်အတုလည်း ရှိတာပေါ့”ဟု ကား လောကသားတစ်ဦး ကပြောသည်။
ပြည်တွင်းတွင် SKD စနစ်ဖြင့် အမှန်တကယ် ကားထုတ်လုပ်သည့် စက်ရုံသည် အနည်းငယ်သာ ရှိပြီး အရေအတွက်အားဖြင့် စက်ရုံ (၅)ရုံခန့်သာရှိကြောင်း ၎င်းကဆိုသည်။
“ဒီမှာ CBU လိမ်ထားတဲ့လူတော်တော်များများက သဘောပြောပြတာပေါ့။ Toyota တို့ လုပ်လို့ ရမရတော့မသေချာဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာ Toyota စက်ရုံကြီးက ရှိနေတာဆိုတော့ Toyota နဲ့ ဥပမာပေးမယ်ဆိုရင် Toyota ကား တစ်စီးက ဒေါ်လာတစ်သောင်းခွဲလောက်ပဲရှိတယ်။ အဲဒီ ကားတွေကိုယူပြီးတော့ ခုနက ဖြုတ်တဲ့စက်ရုံ ပို့လိုက်မှာ။ ပို့လိုက်ရင် ဖြုတ်ခက ဒေါ်လာ တစ်ထောင့် ငါးရာ။ တစ်သောင်းခွဲကားကို တစ်စစီဖြုတ်လိုက်ပြီး သောင်းခြောက်ထောင့်ငါးရာ၊ သောင်းခုနှစ်ထောင် အပြီးအစီးနဲ့ တစ်စစီဖြုတ်ပြီး ရန်ကုန်ရောက်လာမယ်။ ရောက်လာပြီး အကုန်ပြင်ဆင်လိုက်မယ်။ ပြီးရင် ပြန်ရောင်းမယ်”ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် EV ကုမ္ပဏီ (၁၂၀)ခုရှိသော်လည်း ကန့်သတ်ချက်ဖြင့်သာ တင်သွင်းရသည့်အတွက် ကုမ္ပဏီ(၇၀)သာ အမှန်တကယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
“သူ့ရဲ့ Brand အလိုက်ဆိုရင်တော့ အမျိုးအစားတစ်ခုကို ကုမ္ပဏီနှစ်ခုမချပေးဖို့ အရေးကြီးတာ ပေါ့။ အမျိုးအစားတစ်ခုကို တစ်ခုချပေးရင် အဆင်ပြေပါတယ်။ နှစ်ခုချပေးရင်တော့ Parallel ဖြစ်လာ ရင် ပြဿာနာရှိတယ်။ တရုတ်ကလည်း တကယ်ကို အခု authorize ပေးတာ တစ်ယောက်ထဲကို Brand တစ်ခုထဲကို ကုမ္ပဏီ သုံးလေးခုပေးပြီးတော့ သုံး၊ လေးခုလုံး SKD ပေးမယ်ဆိုရင်တော့ နိုင်ငံတော် တစ် ခုထဲမှာ Brand တစ်ခုကို SKD နှစ်ခုလာလုပ်တာမဖြစ်သင့်ဘူးပေါ့နော်” ဟု ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
SKD စနစ်ဖြင့်သွားသော ကားသည် သင်္ဘောဖြင့် သယ်ယူပို့ဆောင်ခနှင့် ထုတ်ပိုးခများကြောင့် CBU စနစ်ဖြင့်အလုံးလိုက်သွင်းသော ကားထက် ဈေးအနည်းငယ်မြင့်နိုင်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် ပြည်တွင်းကားဈေးကွက်အခြေအနေမှာ ဆီကားနှင့် EV ကား နှစ်မျိုးစလုံး အရောင်း အဝယ်အေးနေသော်လည်း ကျပ်သိန်း (၁၀ဝဝ)တန် ဆီကားများမှာ အရောင်းဝယ်ပုံမှန်ဖြစ်နေကြောင်း သိရသည်။

Zawgyi Version:
CBU ကားမ်ားကို SKD ေခါင္းစဥ္အျဖစ္ တင္သြင္းလာၿပီး ျပန္လည္တပ္ဆင္ေရာင္းခ်ေနဟုဆို
ေစာ (NP News) - ဒီဇင္ဘာ ၁ဝ
CBU ကားမ်ားကို စက္႐ုံပို႔၍ အျဖဳတ္၊ အတပ္လုပ္ၿပီးေနာက္ ျပည္တြင္း SKD ကားအျဖစ္ တင္ သြင္းလာၿပီး ျပန္လည္တပ္ဆင္ေရာင္းခ်မႈမ်ားရွိေနေၾကာင္း ကားေလာကသားအခ်ိဳ႕ကို NP News မွ ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ (MIC)မွ SKD စနစ္ျဖင့္ ထုတ္လုပ္ရန္ ေလွ်ာက္ထားသည့္ ကုမၸဏီ (၂၇)ခုအနက္ ကုမၸဏီ(၁၀)ခုထက္ မနည္းခြင့္ျပဳထား၍ MIC မွ ခြင့္ျပဳမိန႔္ရရွိပါက တစ္ႏွစ္လွ်င္ ကုမၸဏီတစ္ခုလွ်င္ ကားအစီးေရ (၅၀ဝ)မွ (၁၀ဝဝ)ၾကား တပ္ဆင္ထုတ္လုပ္ခြင့္ျပဳထားေၾကာင္း သိရ သည္။
“CBU မွာကေတာ့ ေဒၚလာေတြ ကန႔္သတ္ခ်က္နဲ႔သူကမ်ားေတာ့ CBU သမားေတြက သြင္းလို႔မရ ေတာ့ဘူးေလ။ သို႔ေသာ္ SKD က်ေတာ့ MIC ကိုျဖတ္ၿပီးသြားတာဆိုေတာ့ MIC မွာက ဘက္ဂ်က္ေတြရွိ တယ္။ MIC က တစ္ႏွစ္ကို အစီး ငါးရာလည္းရႏိုင္သလို တစ္ႏွစ္ကို အစီးတစ္ေထာင္လည္းရႏိုင္တယ္။ ေတာ္ေတာ္မ်ားမ်ားက CBU မွာ ရပ္တည္လို႔မရလို႔ SKD,MIC ကို ျဖတ္ၿပီး လာခ်င္ၾကတာ။ SKD,MIC က် ရင္ အစီးငါးရာကေတာ့ ေသခ်ာေပါက္သြင္းလို႔ရတယ္။ အဲဒီထဲကို ေျပးၿပီးဝင္လာၾကတာ။ ဝင္လာၾက ေတာ့ Brand အစုံေပါ့။ အခ်ိဳ႕ကလည္း အစစ္လည္းပါပါတယ္။ ထုံးစံအတိုင္းေပါ့။ အစစ္ရွိရင္အတုလည္း ရွိတာေပါ့”ဟု ကား ေလာကသားတစ္ဦး ကေျပာသည္။
ျပည္တြင္းတြင္ SKD စနစ္ျဖင့္ အမွန္တကယ္ ကားထုတ္လုပ္သည့္ စက္႐ုံသည္ အနည္းငယ္သာ ရွိၿပီး အေရအတြက္အားျဖင့္ စက္႐ုံ (၅)႐ုံခန႔္သာရွိေၾကာင္း ၎ကဆိုသည္။
“ဒီမွာ CBU လိမ္ထားတဲ့လူေတာ္ေတာ္မ်ားမ်ားက သေဘာေျပာျပတာေပါ့။ Toyota တို႔ လုပ္လို႔ ရမရေတာ့မေသခ်ာဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီဘက္မွာ Toyota စက္႐ုံႀကီးက ရွိေနတာဆိုေတာ့ Toyota နဲ႔ ဥပမာေပးမယ္ဆိုရင္ Toyota ကား တစ္စီးက ေဒၚလာတစ္ေသာင္းခြဲေလာက္ပဲရွိတယ္။ အဲဒီ ကားေတြကိုယူၿပီးေတာ့ ခုနက ျဖဳတ္တဲ့စက္႐ုံ ပို႔လိုက္မွာ။ ပို႔လိုက္ရင္ ျဖဳတ္ခက ေဒၚလာ တစ္ေထာင့္ ငါးရာ။ တစ္ေသာင္းခြဲကားကို တစ္စစီျဖဳတ္လိုက္ၿပီး ေသာင္းေျခာက္ေထာင့္ငါးရာ၊ ေသာင္းခုႏွစ္ေထာင္ အၿပီးအစီးနဲ႔ တစ္စစီျဖဳတ္ၿပီး ရန္ကုန္ေရာက္လာမယ္။ ေရာက္လာၿပီး အကုန္ျပင္ဆင္လိုက္မယ္။ ၿပီးရင္ ျပန္ေရာင္းမယ္”ဟု ၎ကဆက္လက္ေျပာသည္။
လက္ရွိတြင္ EV ကုမၸဏီ (၁၂၀)ခုရွိေသာ္လည္း ကန႔္သတ္ခ်က္ျဖင့္သာ တင္သြင္းရသည့္အတြက္ ကုမၸဏီ(၇၀)သာ အမွန္တကယ္ေဆာင္႐ြက္ႏိုင္ေၾကာင္း သိရသည္။
“သူ႔ရဲ႕ Brand အလိုက္ဆိုရင္ေတာ့ အမ်ိဳးအစားတစ္ခုကို ကုမၸဏီႏွစ္ခုမခ်ေပးဖို႔ အေရးႀကီးတာ ေပါ့။ အမ်ိဳးအစားတစ္ခုကို တစ္ခုခ်ေပးရင္ အဆင္ေျပပါတယ္။ ႏွစ္ခုခ်ေပးရင္ေတာ့ Parallel ျဖစ္လာ ရင္ ျပႆာနာရွိတယ္။ တ႐ုတ္ကလည္း တကယ္ကို အခု authorize ေပးတာ တစ္ေယာက္ထဲကို Brand တစ္ခုထဲကို ကုမၸဏီ သုံးေလးခုေပးၿပီးေတာ့ သုံး၊ ေလးခုလုံး SKD ေပးမယ္ဆိုရင္ေတာ့ ႏိုင္ငံေတာ္ တစ္ ခုထဲမွာ Brand တစ္ခုကို SKD ႏွစ္ခုလာလုပ္တာမျဖစ္သင့္ဘူးေပါ့ေနာ္” ဟု ကားလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
SKD စနစ္ျဖင့္သြားေသာ ကားသည္ သေဘၤာျဖင့္ သယ္ယူပို႔ေဆာင္ခႏွင့္ ထုတ္ပိုးခမ်ားေၾကာင့္ CBU စနစ္ျဖင့္အလုံးလိုက္သြင္းေသာ ကားထက္ ေဈးအနည္းငယ္ျမင့္ႏိုင္ေၾကာင္း ၎ကဆိုသည္။
လက္ရွိတြင္ ျပည္တြင္းကားေဈးကြက္အေျခအေနမွာ ဆီကားႏွင့္ EV ကား ႏွစ္မ်ိဳးစလုံး အေရာင္း အဝယ္ေအးေနေသာ္လည္း က်ပ္သိန္း (၁၀ဝဝ)တန္ ဆီကားမ်ားမွာ အေရာင္းဝယ္ပုံမွန္ျဖစ္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.