ယူကရိန်းက ရုရှားကို နယ်မြေတွေပေးသွားမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ပြော

168

Pika (NP News) - ဒီဇင်ဘာ ၁ဝ
ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ဖို့အတွက် ရည်ရွယ်တဲ့ ဘယ်လိုသဘောတူညီချက်မျိုးမှာမဆို ယူကရိန်းက ရုရှားကို နယ်မြေတွေပေးဖို့ အစီအစဉ်မရှိဘူးလို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဇီလန်စကီးက “ကျွန်တော်တို့ပိုင်ဆိုင်တဲ့နယ်မြေတွေကို ပေးလို့မရပါဘူး။ ယူကရိန်းရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံတကာဥပဒေအရ နယ်မြေတွေကိုပေးဖို့ တရားဝင်အခွင့်အရေးမရှိပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း အဲဒီလိုမျိုးလုပ်ဖို့ စိတ်ကူးမရှိပါဘူး” လို့ ပြောခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်က ညှိနှိုင်းမှုဆောင်ရွက်မှုတစ်ခုကို ရှာဖွေဖို့ ကြိုးပမ်းနေတယ်လို့လည်း ဇီလန်စကီးကပြောကြားခဲ့ပါတယ်။ ဇီလန်စကီးက “ကျွန်တော်တို့ပိုင်ဆိုင်တဲ့နယ်မြေတွေကို စွန့်လွှတ်ဖို့ ရုရှားက အတင်းအကျပ်တောင်းဆိုနေပေမယ့်လည်း ကျွန်တော်တို့ကတော့ ဘယ်အရာကိုမှ စွန့်လွှတ်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ကျွန်တော်တို့ တိုက်ပွဲဝင်နေတယ်ဆိုတာကို အားလုံးကို သိစေချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် နယ်မြေဆိုင်ရာပြဿနာတွေနဲ့ပတ်သက်ပြီး ခက်ခဲတဲ့ပြဿနာများစွာရှိနေကြောင်းနဲ့ လက်ရှိအချိန်အထိ ညှိနှိုင်းဆောင်ရွက်တာမျိုးတွေ မရှိသေးဘူးလို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းက ႐ုရွားကို နယ္ေျမေတြေပးသြားမွာမဟုတ္ဘူးလို႔ ယူကရိန္းသမၼတ ေျပာ
Pika (NP News) - ဒီဇင္ဘာ ၁ဝ
႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္ႏိုင္ဖို႔အတြက္ ရည္႐ြယ္တဲ့ ဘယ္လိုသေဘာတူညီခ်က္မ်ိဳးမွာမဆို ယူကရိန္းက ႐ုရွားကို နယ္ေျမေတြေပးဖို႔ အစီအစဥ္မရွိဘူးလို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဇီလန္စကီးက “ကြၽန္ေတာ္တို႔ပိုင္ဆိုင္တဲ့နယ္ေျမေတြကို ေပးလို႔မရပါဘူး။ ယူကရိန္းရဲ႕ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ႏိုင္ငံတကာဥပေဒအရ နယ္ေျမေတြကိုေပးဖို႔ တရားဝင္အခြင့္အေရးမရွိပါဘူး။ ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္း အဲဒီလိုမ်ိဳးလုပ္ဖို႔ စိတ္ကူးမရွိပါဘူး” လို႔ ေျပာခဲ့ပါတယ္။
အဲဒီကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္က ညႇိႏႈိင္းမႈေဆာင္႐ြက္မႈတစ္ခုကို ရွာေဖြဖို႔ ႀကိဳးပမ္းေနတယ္လို႔လည္း ဇီလန္စကီးကေျပာၾကားခဲ့ပါတယ္။ ဇီလန္စကီးက “ကြၽန္ေတာ္တို႔ပိုင္ဆိုင္တဲ့နယ္ေျမေတြကို စြန႔္လႊတ္ဖို႔ ႐ုရွားက အတင္းအက်ပ္ေတာင္းဆိုေနေပမယ့္လည္း ကြၽန္ေတာ္တို႔ကေတာ့ ဘယ္အရာကိုမွ စြန႔္လႊတ္သြားမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ပဲ ကြၽန္ေတာ္တို႔ တိုက္ပြဲဝင္ေနတယ္ဆိုတာကို အားလုံးကို သိေစခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ နယ္ေျမဆိုင္ရာျပႆနာေတြနဲ႔ပတ္သက္ၿပီး ခက္ခဲတဲ့ျပႆနာမ်ားစြာရွိေနေၾကာင္းနဲ႔ လက္ရွိအခ်ိန္အထိ ညႇိႏႈိင္းေဆာင္႐ြက္တာမ်ိဳးေတြ မရွိေသးဘူးလို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။