ဆေးရုံ၏အသွင်အပြင်အဖြစ် အကာအကွယ်ယူ၍ဖွင့်လှစ်ထားသည့် စစ်စခန်းတစ်ခုသာဖြစ်ကြောင်း မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်

383

ပီယ (NP News) - ဒီဇင်ဘာ ၁၃
ဆေးရုံ၏အသွင်အပြင်အဖြစ် အကာအကွယ်ယူ၍ဖွင့်လှစ်ထားသည့် စစ်စခန်းတစ်ခုသာဖြစ်ကြောင်း မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံအား တပ်မတော်၏တိုက်ခိုက် မှုကြောင့် အဆိုပါနေရာတွင် တက်ရောက်ကုသလျက်ရှိသည့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြစ်စဉ်အမှန်မှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူများတို့အကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသအချို့အား တပ်မတော်မှ ခေတ္တဆုတ်ခွာပေးခဲ့သည်။ အလားတူ မြောက်ဦးဒေသတစ်ဝိုက်တွင်လည်း တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူတို့အကြား အပြင်းအထန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အဆိုပါမြောက်ဦးဒေသအား AA အကြမ်းဖက်သောင်းကျန်းသူများက ယာယီထိန်းချုပ်ခဲ့သဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင်ခန့်အပ်ထားရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆေးရုံမှ ဆရာဝန်များ၊သူနာပြုများအနေဖြင့် တိုက်ပွဲအတွင်း ပိတ်မိမှုမရှိစေရေး ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ခဲ့ကြသဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင်ပိတ်သိမ်းထားသည့်ဆေးရုံဖြစ်ပြီး အဆိုပါနေရာအား AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ခိုအောင်းအခြေပြုပြီး ဆေးရုံ၏အသွင်အပြင်အဖြစ် အကာအကွယ်ယူ၍ဖွင့်လှစ်ထားသည့် စစ်စခန်းတစ်ခုအဖြစ် အခြေပြုအသုံးပြုနေသည့်အဆောက်အဦများသာဖြစ်ကြောင်း ခိုင်လုံသောအမာခံသတင်းအရ သိရှိရသည်ဟု ရေးသားထားသည်။
AA နှင့် ဒေသခံ PDF ၊ BPLA ၊ အရှိုချင်း စသည့်အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအနေဖြင့် အဆိုပါနေရာအား ဆေးရုံ၏အသွင်အပြင်အဖြစ် အခြေပြုထားသော စစ်စခန်းအဖြစ် အသုံးပြုနေသည့်အပြင် ၎င်းတို့အဖွဲ့များ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအားလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်စခန်းအဖြစ် အခြေပြုနေသော နေရာအတွင်း လိုအပ်သော အုပ်ချုပ်မှုကိစ္စရပ်များဆောင်ရွက်ရန် ဒေသခံ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယုံကြည်စိတ်ချရသော မိသားစုဝင်များကို တာဝန်ပေးစေခိုင်းလျက်ရှိကြောင်းကို ဒေသခံရခိုင် တိုင်းရင်းသားများ၏ သတင်းပေးပို့မှုအရလည်း သိရသည်ဟု ဖော်ပြထားသည်။
AA ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် လက်ခံနိုင်ခြင်းမရှိကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ တိကျသည့် သတင်း ပေးပို့မှုကြောင့် တပ်မတော်က လိုအပ်သည့်စိစစ်မှုများဆောင်ရွက်ကာ အကြမ်းဖက် သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများမှ ၎င်းတို့အခြေပြုထားသော စစ်စခန်းအဖြစ်အသုံးပြုသည့် အဆိုပါအဆောက်အဦများကို ဒီဇင်ဘာ ၁၀ ရက်တွင် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter Terrorism Operation) ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
လူမှုကွန်ရက်စာမျက်နှာများပေါ်ရှိဖြန့်ဝေထားသည့် ဒဏ်ရာရရှိ သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှု၊ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ရေးသားဖော်ပြမှုများကို တွေ့ရှိရပြီး အထက်ပါဖြစ်စဉ်တွင် သေဆုံး၊ ဒဏ်ရာရရှိ သူများမှာ ပြည်သူများမဟုတ်ဘဲ AA ၊ BPLA ၊ ဒေသခံPDF ၊ အရှိုချင်း စသည့် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်စခန်းအဖြစ် အခြေပြုနေသော နေရာ အတွင်း လိုအပ်သော အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ဒေသခံ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယုံကြည်စိတ်ချရသော မိသားစုဝင်များကို တာဝန်ပေးထားသူများအပြင် ၎င်းတို့ကို ထောက်ခံအားပေးသည့် အမာခံများသာ ဖြစ် သည်ဟု သိရှိရကြောင်းနှင့် တပ်မတော်အနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်း ရေးစစ်ဆင်ရေးကို (Rules of Engagement - ROE)နှင့်အညီ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Zawgyi Version:
ေဆး႐ုံ၏အသြင္အျပင္အျဖစ္ အကာအကြယ္ယူ၍ဖြင့္လွစ္ထားသည့္ စစ္စခန္းတစ္ခုသာျဖစ္ေၾကာင္း ေျမာက္ဦးျဖစ္စဥ္ႏွင့္ပတ္သက္၍ ထုတ္ျပန္
ပီယ (NP News) - ဒီဇင္ဘာ ၁၃
ေဆး႐ုံ၏အသြင္အျပင္အျဖစ္ အကာအကြယ္ယူ၍ဖြင့္လွစ္ထားသည့္ စစ္စခန္းတစ္ခုသာျဖစ္ေၾကာင္း ေျမာက္ဦးျဖစ္စဥ္ႏွင့္ပတ္သက္၍ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံအား တပ္မေတာ္၏တိုက္ခိုက္ မႈေၾကာင့္ အဆိုပါေနရာတြင္ တက္ေရာက္ကုသလ်က္ရွိသည့္ အျပစ္မဲ့အရပ္သားျပည္သူမ်ား ထိခိုက္ေသဆုံးခဲ့သည္ဟု ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာ ၁၁ ရက္တြင္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ မဟုတ္မမွန္သတင္းမ်ား ေရးသားျဖန႔္ေဝလ်က္ရွိေၾကာင္း ေတြ႕ရွိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ျဖစ္စဥ္အမွန္မွာ ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္ႏွင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားတို႔အၾကား ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလမွစ၍ တိုက္ပြဲမ်ားျပန္လည္ျဖစ္ပြားခဲ့ၿပီး ေဒသအခ်ိဳ႕အား တပ္မေတာ္မွ ေခတၱဆုတ္ခြာေပးခဲ့သည္။ အလားတူ ေျမာက္ဦးေဒသတစ္ဝိုက္တြင္လည္း တပ္မေတာ္ႏွင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူတို႔အၾကား အျပင္းအထန္တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး ၂၀၂၄ ခုႏွစ္၊ ဇူလိုင္လတြင္ အဆိုပါေျမာက္ဦးေဒသအား AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ယာယီထိန္းခ်ဳပ္ခဲ့သျဖင့္ ႏိုင္ငံေတာ္အစိုးရမွ တရားဝင္ခန႔္အပ္ထားရွိသည့္ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ ေဆး႐ုံမွ ဆရာဝန္မ်ား၊သူနာျပဳမ်ားအေနျဖင့္ တိုက္ပြဲအတြင္း ပိတ္မိမႈမရွိေစေရး ေဘးလြတ္ရာသို႔ ႀကိဳတင္တိမ္းေရွာင္ခဲ့ၾကသျဖင့္ ႏိုင္ငံေတာ္အစိုးရမွ တရားဝင္ပိတ္သိမ္းထားသည့္ေဆး႐ုံျဖစ္ၿပီး အဆိုပါေနရာအား AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ခိုေအာင္းအေျချပဳၿပီး ေဆး႐ုံ၏အသြင္အျပင္အျဖစ္ အကာအကြယ္ယူ၍ဖြင့္လွစ္ထားသည့္ စစ္စခန္းတစ္ခုအျဖစ္ အေျချပဳအသုံးျပဳေနသည့္အေဆာက္အဦမ်ားသာျဖစ္ေၾကာင္း ခိုင္လုံေသာအမာခံသတင္းအရ သိရွိရသည္ဟု ေရးသားထားသည္။
AA ႏွင့္ ေဒသခံ PDF ၊ BPLA ၊ အရႈိခ်င္း စသည့္အၾကမ္းဖက္လက္နက္ကိုင္ ေသာင္းက်န္းသူမ်ားအေနျဖင့္ အဆိုပါေနရာအား ေဆး႐ုံ၏အသြင္အျပင္အျဖစ္ အေျချပဳထားေသာ စစ္စခန္းအျဖစ္ အသုံးျပဳေနသည့္အျပင္ ၎တို႔အဖြဲ႕မ်ား၏ အုပ္ခ်ဳပ္မႈဆိုင္ရာကိစၥရပ္မ်ားအားလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ စစ္စခန္းအျဖစ္ အေျချပဳေနေသာ ေနရာအတြင္း လိုအပ္ေသာ အုပ္ခ်ဳပ္မႈကိစၥရပ္မ်ားေဆာင္႐ြက္ရန္ ေဒသခံ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ယုံၾကည္စိတ္ခ်ရေသာ မိသားစုဝင္မ်ားကို တာဝန္ေပးေစခိုင္းလ်က္ရွိေၾကာင္းကို ေဒသခံရခိုင္ တိုင္းရင္းသားမ်ား၏ သတင္းေပးပို႔မႈအရလည္း သိရသည္ဟု ေဖာ္ျပထားသည္။
AA ထိုသို႔ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားအေပၚ လက္ခံႏိုင္ျခင္းမရွိၾကသည့္ ေဒသခံတိုင္းရင္းသားျပည္သူမ်ား၏ တိက်သည့္ သတင္း ေပးပို႔မႈေၾကာင့္ တပ္မေတာ္က လိုအပ္သည့္စိစစ္မႈမ်ားေဆာင္႐ြက္ကာ အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ PDF အမည္ခံအၾကမ္းဖက္ေသာင္းက်န္းသူမ်ားမွ ၎တို႔အေျချပဳထားေသာ စစ္စခန္းအျဖစ္အသုံးျပဳသည့္ အဆိုပါအေဆာက္အဦမ်ားကို ဒီဇင္ဘာ ၁၀ ရက္တြင္ အၾကမ္းဖက္ေခ်မႈန္းေရး စစ္ဆင္ေရး (Counter Terrorism Operation) ကို ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ေရးသားထားသည္။
လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚရွိျဖန႔္ေဝထားသည့္ ဒဏ္ရာရရွိ သူမ်ားအား ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးေနမႈ၊ ေသဆုံးသူမ်ားအတြက္ ဝမ္းနည္းေၾကာင္း ေရးသားေဖာ္ျပမႈမ်ားကို ေတြ႕ရွိရၿပီး အထက္ပါျဖစ္စဥ္တြင္ ေသဆုံး၊ ဒဏ္ရာရရွိ သူမ်ားမွာ ျပည္သူမ်ားမဟုတ္ဘဲ AA ၊ BPLA ၊ ေဒသခံPDF ၊ အရႈိခ်င္း စသည့္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ စစ္စခန္းအျဖစ္ အေျချပဳေနေသာ ေနရာ အတြင္း လိုအပ္ေသာ အုပ္ခ်ဳပ္မႈကိစၥရပ္မ်ား ေဆာင္႐ြက္ရန္အတြက္ ေဒသခံ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ယုံၾကည္စိတ္ခ်ရေသာ မိသားစုဝင္မ်ားကို တာဝန္ေပးထားသူမ်ားအျပင္ ၎တို႔ကို ေထာက္ခံအားေပးသည့္ အမာခံမ်ားသာ ျဖစ္ သည္ဟု သိရွိရေၾကာင္းႏွင့္ တပ္မေတာ္အေနျဖင့္ လိုအပ္သည့္ အၾကမ္းဖက္ေခ်မႈန္း ေရးစစ္ဆင္ေရးကို (Rules of Engagement - ROE)ႏွင့္အညီ လိုအပ္သလို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။