တကိုယ်လုံးတွင် အပြာရောင် အဝိုင်းများပါသည့် အဆိပ်ပြင်း ရေဘဝဲကို စားသုံးပါက ဖြေဆေးမရှိပဲ သေဆုံး နိုင်ကြောင်း သတိပေး

 1117

ထိုက်စံ (NP News) - ဒီဇင်ဘာ ၁၅
တကိုယ်လုံးတွင် အပြာရောင် အဝိုင်းများပါသည့် အဆိပ်ပြင်း ရေဘဝဲကို စားသုံးပါက ဖြေဆေးမရှိပဲ သေဆုံး နိုင်ကြောင်း ဒေသရင်းမျိုးစိတ်များ ထိန်းသိမ်းခြင်း နှင့် ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်နေသော NSCI Myanmar က သတိပေးထားသည်။
အဆိုပါ ရေဘဝဲအမျိုးအစားနှင့် ပတ်သက်၍ အင်တာနက်လူမှုကွန်ယက်များတွင် စျေးဝယ်ရင်း ပါလာကြောင်း ဓာတ်ပုံနှင့် တကွ ဖော်ပြမှုအချို့ ရှိခဲ့သည်။
အဆိုပါ ရေဘဲဝဲတွင် ပါဝင်သော TTX(Tetrodotoxin) အဆိပ်သည် ဖြေဆေးမရှိသေးကြောင်း၊ ပရိုတိန်းကို အခြေခံထားသည့် အဆိပ်မဟုတ်သောကြောင့် ကျက်အောင် ချက်စားလျှင်လည်း အဆိပ်ဓာတ် မပြယ်ပဲ ယင်း အဆိပ်ကို စားမိပါက အာရုံကြော နှင့် ကိုယ်တွင်း အင်္ဂါများပါ အလုပ်မလုပ်ပဲ သေဆုံးနိုင်ကြောင်း ယင်း သတိပေးစာတွင် ဖော်ပြထားသည်။
ပုံမှန်ရေဘဝဲများတွင် အပြာရောင် အဝိုင်းငယ်များ မပါရှိကြောင်း၊ သို့သော် အချို့ရေဘဝဲများတွင် အပြာရောင် အဝိုင်းငယ် (၂) ကွင်းခန့် ပါတတ်သော်လည်း ယင်းမှာ ပုံမှန်သာ ဖြစ်ကြောင်း နှင့် အန္တရာယ်ရှိ Blue ringed Octopus တွင်မူ တကိုယ်လုံး အနှံ့တွင် အပြာရောင်းကွင်းပေါင်းများစွာ ပါရှိနေခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားချက်အရ သိရသည်။
“ပုံမှန်ရေဘဝဲထက်ကို ထူခြားတဲ့ပုံရှိပါနေတာ သိသာပါတယ်၊ အရွယ်အစာ:အနေနဲ့ကလည်း ခန္ဓာကိုယ် ၃-၆ စင်တီမီတာ၊ လက်တံက ၇-၁၀ စင်တီမီတာလောက်ပဲရှိတာပါ” ဟု စာတွင် ဖော်ပြထားသည်။
ထို့ကြောင့် ပင်လယ်စာကို နှစ်သက်သော သူများ အနေဖြင့် ဆိုင်များ သို့မဟုတ် စျေးမျးမှ ဝယ်ယူ စားသုံးရာတွင် သတိပြုရန် လိုကြောင်း NSCI Myanmar က ဆိုထားသည်။

Zawgyi Version:
တကိုယ္လုံးတြင္ အျပာေရာင္ အဝိုင္းမ်ားပါသည့္ အဆိပ္ျပင္း ေရဘဝဲကို စားသုံးပါက ေျဖေဆးမရွိပဲ ေသဆုံး ႏိုင္ေၾကာင္း သတိေပး
ထိုက္စံ (NP News) - ဒီဇင္ဘာ ၁၅
တကိုယ္လုံးတြင္ အျပာေရာင္ အဝိုင္းမ်ားပါသည့္ အဆိပ္ျပင္း ေရဘဝဲကို စားသုံးပါက ေျဖေဆးမရွိပဲ ေသဆုံး ႏိုင္ေၾကာင္း ေဒသရင္းမ်ိဳးစိတ္မ်ား ထိန္းသိမ္းျခင္း ႏွင့္ ေဖာ္ထုတ္ျခင္းတို႔ကို ေဆာင္႐ြက္ေနေသာ NSCI Myanmar က သတိေပးထားသည္။
အဆိုပါ ေရဘဝဲအမ်ိဳးအစားႏွင့္ ပတ္သက္၍ အင္တာနက္လူမႈကြန္ယက္မ်ားတြင္ ေစ်းဝယ္ရင္း ပါလာေၾကာင္း ဓာတ္ပုံႏွင့္ တကြ ေဖာ္ျပမႈအခ်ိဳ႕ ရွိခဲ့သည္။
အဆိုပါ ေရဘဲဝဲတြင္ ပါဝင္ေသာ TTX(Tetrodotoxin) အဆိပ္သည္ ေျဖေဆးမရွိေသးေၾကာင္း၊ ပ႐ိုတိန္းကို အေျခခံထားသည့္ အဆိပ္မဟုတ္ေသာေၾကာင့္ က်က္ေအာင္ ခ်က္စားလွ်င္လည္း အဆိပ္ဓာတ္ မျပယ္ပဲ ယင္း အဆိပ္ကို စားမိပါက အာ႐ုံေၾကာ ႏွင့္ ကိုယ္တြင္း အဂၤါမ်ားပါ အလုပ္မလုပ္ပဲ ေသဆုံးႏိုင္ေၾကာင္း ယင္း သတိေပးစာတြင္ ေဖာ္ျပထားသည္။
ပုံမွန္ေရဘဝဲမ်ားတြင္ အျပာေရာင္ အဝိုင္းငယ္မ်ား မပါရွိေၾကာင္း၊ သို႔ေသာ္ အခ်ိဳ႕ေရဘဝဲမ်ားတြင္ အျပာေရာင္ အဝိုင္းငယ္ (၂) ကြင္းခန႔္ ပါတတ္ေသာ္လည္း ယင္းမွာ ပုံမွန္သာ ျဖစ္ေၾကာင္း ႏွင့္ အႏၲရာယ္ရွိ Blue ringed Octopus တြင္မူ တကိုယ္လုံး အႏွံ႔တြင္ အျပာေရာင္းကြင္းေပါင္းမ်ားစြာ ပါရွိေနျခင္း ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားခ်က္အရ သိရသည္။
“ပုံမွန္ေရဘဝဲထက္ကို ထူျခားတဲ့ပုံရွိပါေနတာ သိသာပါတယ္၊ အ႐ြယ္အစာ:အေနနဲ႔ကလည္း ခႏၶာကိုယ္ ၃-၆ စင္တီမီတာ၊ လက္တံက ၇-၁၀ စင္တီမီတာေလာက္ပဲရွိတာပါ” ဟု စာတြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ပင္လယ္စာကို ႏွစ္သက္ေသာ သူမ်ား အေနျဖင့္ ဆိုင္မ်ား သို႔မဟုတ္ ေစ်းမ်းမွ ဝယ္ယူ စားသုံးရာတြင္ သတိျပဳရန္ လိုေၾကာင္း NSCI Myanmar က ဆိုထားသည္။

Related news

© 2021. All rights reserved.