ဒရုန်းနှင့် လူအင်အား အသုံးပြု၍ မြန်မာပြည်အလယ်ပိုင်း၌ မြန်မာ့တပ်မတော်က တန် ပြန်ထိုးစစ်ဆင်နေဟု ရိုက်တာသတင်း ဖော်ပြ

1618

HtayOung(NP News)-ဒီဇင်ဘာ-၁၆
ရှေ့မတိုး နောက်မဆုတ် အခြေအနေနဲ့ အရေးနိမ့်မှုများအပြီးမှာ မြန်မာအစိုးရဟာ စစ်မှုထမ်းခြင်းနဲ့ ဒရုန်း တပ်ဖွဲ့များကို အသုံးပြုတဲ့ စစ်နည်းဗျူဟာကို ပြန်လည်ပုံဖော်လာတယ်လို့ “ရိုက်တာသတင်းအေဂျင်စီ” (16 December 2025) က ရေးပါတယ်။
လက်နက်ကိုင်အဖွဲ့များအပေါ် တရုတ်ရဲ့ သံတမန်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဖိအားပေးမှုကလည်း တပ်မတော် အတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ကြည့်ရင် တပ်မတော်ရဲ့ အမြတ်အ စွန်းရရှိမှုဟာ ပြည်နယ် ၃-ခုထက်မနည်းမှာ အကန့်အသတ်ရှိနေသေးတယ်လို့ ပြောရမှာဖြစ်ပြီး ရှေ့တန်း စစ် မျက်နှာမှာ ဘယ်ဖက်ကမှ လွှမ်းမိုးထားခြင်း မရှိသေးဘူးလို့ နိုဝင်ဘာလ စင်္ကာပူနိုင်ငံ “ယူဆွတ်အီဆတ် အင်စ တီကျူ့” ISEAS သတင်းစာရှင်းလင်းပွဲအရ သိရှိရပါတယ်။
တပ်မတော်ရဲ့ မြေပြင်လှုပ်ရှားမှုများဟာ မကြာမီ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့လည်း တိုက်ဆိုင်နေပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ တပ်မတော်ရဲ့ အမြောက်ကြီးများနဲ့ ဒရုန်းများကို အသုံးပြုတိုက်ခိုက်မှုဟာ ယခင် မိမိတို့ဘက်က တိုက်ခိုက်ခဲ့ဖူးတာထက် ပိုမိုပြင်းထန်ကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးများ ပစ်ခတ်အ ပြီးမှာ ခြေလျင်တပ်များက အသုတ်လိုက် ထိုးစစ်ဆင်လာတယ်လို့ 1027 စစ်ဆင်ရေး အတွေ့အကြုံရှိသူ တော်လှန်ရေးသမားများက ပြောပါတယ်။ တပ်မတော်ဟာ စုဆောင်းနိုင်သမျှ အင်အားအလုံးအရင်းနဲ့ ထိုး စစ်ဆင်ခြင်းဖြစ်ပြီး ရက်သတ္တတစ်ပတ်မပြည့်မီမှာပင် သူပုန်များဘက်က ဆုံးရှုံးမှုတွေဟာ မခံမရပ်နိုင်လောက် အောင် နာကျင်စရာဖြစ်လာတဲ့အတွက် အနီးအနားရှိ အခြားခြေကုပ်နေရာများကို ဆုတ်ခွာပေးခဲ့ရပါတယ်။
သူပုန်များရဲ့ အဓိက ထိုးစစ်ဆင်မှုဟာ မြန်မာနိုင်ငံ နယ်စပ်ဒေသအများစုကို ခုခံရေးသမားများလက်တွင်း ကျ ရောက်စေခဲ့ပါတယ်။ ၂-နှစ်အကြာမှ တပ်မတော်က ပြန်လည်ခြေကုပ်ရရှိသွားတယ်လို့ ရိုက်တာက တွေ့ဆုံမေး မြန်းခွင့်ရရှိတဲ့ သူပုန်တိုက်ခိုက်ရေးသမား ၆-ဦးနဲ့ လုံခြုံရေးလေ့လာသုံးသပ်သူ ၃-ဦးတို့က ဝန်ခံပါတယ်။ အဲ့ဒီ ပုဂ္ဂိုလ်တွေထဲမှာ တပ်မတော်နဲ့ ပုံမှန်ဆက်ဆံရေးရှိသူများလည်း ပါဝင်ပါတယ်။
ဆုတ်ခွာပေးခဲ့ရတဲ့ သူပုန်တိုက်ခိုက်ရေးသမား ၃-ဦးကတော့ တပ်မတော်ဘက်က လူလှိုင်းပုံသဏ္ဍာန် စစ် ကြောင်းများနဲ့ သူတို့ရဲ့ ခံစစ်နေရာများကို ထိုးဖောက်လာကြောင်းတွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တပ်မ တော်ဟာ ယခင်မကြားဖူးသေးတဲ့ စစ်မြေပြင်နည်းဗျူဟာသစ်များကို ကျင့်သုံးနေတယ်လို့ ယူဆရပါတယ်။
တပ်မတော်ရဲ့ စစ်ကြောင်းဟာ ကျသွားသူတစ်ယောက်နေရာမှာ နောက်တစ်ယောက်က အစားထိုးလာ ကြောင်း၊ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိနေပြီး တပ်မှူးများက အတင်းအကျပ်ချီတက်ခိုင်းခြင်း ဖြစ်တယ် လို့ သူပုန်တိုက်ခိုက်ရေးသမား ၂-ဦးက ပြောပါတယ်။ တပ်မတော် ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့ရဲ့ မဟာ ဗျူဟာ ပြောင်းလဲမှုများနဲ့ ပတ်သက်ပြီး မေးခွန်းများကို ဖြေကြားခြင်း မရှိပါဘူး၊ NLD အစိုးရအဖွဲ့ဝင် ဟောင်း များပါဝင်ပြီး ဆန့်ကျင်ရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း မှတ်ချက် ပေးရန် မေတ္တာရပ်ခံချက်ကို တုန့်ပြန်ခြင်း မရှိပါဘူး။
လူငယ်များအနေနဲ့ စစ်မှုထမ်းရန် လိုအပ်ကြောင်း ၂၀၂၄-ခုနှစ် ဖေဖော်ဝါရီလ ကြေညာပြီး နောက်ပိုင်း တစ် ကြိမ်လျင် လူ ၅၀၀၀ နှုန်းနဲ့ ၁၆-ကြိမ်ခန့် ခေါ်ယူခဲ့ကြောင်း၊ စစ်မှုထမ်းသစ် ၇၀,၀၀၀ မှ ၈၀,၀၀၀ တိုးလာတဲ့ အတွက် ၂၀၂၅-ခုနှစ် တပ်မတော်မှာ အင်အား ၁၃၄,၀၀၀ ခန့်ရှိနိုင်ပြီး ၂၀၂၁-ခုနှစ်မတိုင်မီ ၄၀၀,၀၀၀ ထက် လျော့နည်းနေခြင်းဖြစ်တယ်လို့ လန်ဒန်နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဆိုင်ရာ အင်စတီကျူ့က ခန့်မှန်း ပါတယ်။
Operation 1027 ကာလ တစ်လအတွင်း စခန်း ၁၅၀ ခန့်ကို လက်လွှတ်ခဲ့ရပြီးနောက် တပ်မတော်မှာ ဖွဲ့စည်း ပုံပြည့် တပ်ဖွဲ့များကို အတွေ့အကြုံရင့်အရာရှိများက ဦးဆောင်လာတယ်လို့ ပြောပါတယ်။ သင့်လျော်တဲ့ လက် တွေ့အတွေ့အကြုံ မရှိပဲ ရာတူးတိုးစနစ်တစ်ခုကို ကျော်ဖြတ်ပြီး ခံစားခွင့် တိုးမြှင့်ပေးတဲ့ ရာထူးတိုးစနစ်ကို ပြောင်းလဲခဲ့ကြောင်း၊ စစ်မြေပြင်မှာ ရှည်လျားတဲ့ တပ်ဖြန့်ချမှုများ ပြုလုပ်ပြီးနောက် တပ်ရင်းအတော်များများ ဟာ အနားယူချိန် ပိုမိုရရှိလာကြောင်း၊ အဲ့ဒါဟာ လွန်ခဲ့တဲ့နှစ်များအတွင်း တပ်မတော်သားများအနေနဲ့ မရရှိခဲ့ဖူး တဲ့ အခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။
တပ်မတော်ဟာ ကာမီကာဇေ ဒရုန်းများ-ထောက်လှမ်းရေးဒရုန်းများအပါအဝင် မောင်းသူမဲ့ လေယာဉ်အုပ်ကို လည်း တည်ဆောက်ထားပါတယ်။ တရုတ်-ရုရှား-အီရန်လုပ် တောင်ပံသေ ဒရုန်းများ၊ ဒလက်စုံ ဒရုန်းများအ ပါအဝင် UAV မော်ဒယ် ၁၉-မျိုးခန့်ကို အသုံးပြုနေပုံရပါတယ်။ တပ်မတော်ရဲ့ ပြုလုပ်ကျ သမားရိုးကျ လေ ကြောင်း တိုက်ခိုက်မှုတွေဟာ ဒရုန်းများအကူအညီနဲ့ ပိုမိုတိက ထိရောက်လာပြီး ယခင်အကြီးတန်းရဲ့ ခွင့် ပြုချက်ရရှိမှသာဆောင်ရွက်နိုင်တဲ့ လေကြောင်းအကူအညီဟာ ယခုအခါ အောက်ခြေတပ်မှူးအဆင့် လောက်က တောင်းခံနိုင်ပြီး စစ်ဆင်ရေး မစတင်မီ စောစီးစွာ လက်ဦးမှု ရယူနိုင်လာတယ်လို့ ပညာရှင်များကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။
.
===

Zawgyi Version:
ဒ႐ုန္းႏွင့္ လူအင္အား အသုံးျပဳ၍ ျမန္မာျပည္အလယ္ပိုင္း၌ ျမန္မာ့တပ္မေတာ္က တန္ ျပန္ထိုးစစ္ဆင္ေနဟု ႐ိုက္တာသတင္း ေဖာ္ျပ
HtayOung(NP News)-ဒီဇင္ဘာ-၁၆
ေရွ႕မတိုး ေနာက္မဆုတ္ အေျခအေနနဲ႔ အေရးနိမ့္မႈမ်ားအၿပီးမွာ ျမန္မာအစိုးရဟာ စစ္မႈထမ္းျခင္းနဲ႔ ဒ႐ုန္း တပ္ဖြဲ႕မ်ားကို အသုံးျပဳတဲ့ စစ္နည္းဗ်ဴဟာကို ျပန္လည္ပုံေဖာ္လာတယ္လို႔ “႐ိုက္တာသတင္းေအဂ်င္စီ” (16 December 2025) က ေရးပါတယ္။
လက္နက္ကိုင္အဖြဲ႕မ်ားအေပၚ တ႐ုတ္ရဲ႕ သံတမန္ေရးနဲ႔ ဘ႑ာေရးဆိုင္ရာ ဖိအားေပးမႈကလည္း တပ္မေတာ္ အတြက္ အက်ိဳးျဖစ္ထြန္းေစပါတယ္။ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ၾကည့္ရင္ တပ္မေတာ္ရဲ႕ အျမတ္အ စြန္းရရွိမႈဟာ ျပည္နယ္ ၃-ခုထက္မနည္းမွာ အကန႔္အသတ္ရွိေနေသးတယ္လို႔ ေျပာရမွာျဖစ္ၿပီး ေရွ႕တန္း စစ္ မ်က္ႏွာမွာ ဘယ္ဖက္ကမွ လႊမ္းမိုးထားျခင္း မရွိေသးဘူးလို႔ ႏိုဝင္ဘာလ စကၤာပူႏိုင္ငံ “ယူဆြတ္အီဆတ္ အင္စ တီက်ဴ႕” ISEAS သတင္းစာရွင္းလင္းပြဲအရ သိရွိရပါတယ္။
တပ္မေတာ္ရဲ႕ ေျမျပင္လႈပ္ရွားမႈမ်ားဟာ မၾကာမီ က်င္းပမယ့္ ေ႐ြးေကာက္ပြဲနဲ႔လည္း တိုက္ဆိုင္ေနပါတယ္။ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသ တပ္မေတာ္ရဲ႕ အေျမာက္ႀကီးမ်ားနဲ႔ ဒ႐ုန္းမ်ားကို အသုံးျပဳတိုက္ခိုက္မႈဟာ ယခင္ မိမိတို႔ဘက္က တိုက္ခိုက္ခဲ့ဖူးတာထက္ ပိုမိုျပင္းထန္ေၾကာင္း၊ ဒ႐ုန္းနဲ႔ လက္နက္ႀကီးမ်ား ပစ္ခတ္အ ၿပီးမွာ ေျခလ်င္တပ္မ်ားက အသုတ္လိုက္ ထိုးစစ္ဆင္လာတယ္လို႔ 1027 စစ္ဆင္ေရး အေတြ႕အႀကဳံရွိသူ ေတာ္လွန္ေရးသမားမ်ားက ေျပာပါတယ္။ တပ္မေတာ္ဟာ စုေဆာင္းႏိုင္သမွ် အင္အားအလုံးအရင္းနဲ႔ ထိုး စစ္ဆင္ျခင္းျဖစ္ၿပီး ရက္သတၱတစ္ပတ္မျပည့္မီမွာပင္ သူပုန္မ်ားဘက္က ဆုံးရႈံးမႈေတြဟာ မခံမရပ္ႏိုင္ေလာက္ ေအာင္ နာက်င္စရာျဖစ္လာတဲ့အတြက္ အနီးအနားရွိ အျခားေျခကုပ္ေနရာမ်ားကို ဆုတ္ခြာေပးခဲ့ရပါတယ္။
သူပုန္မ်ားရဲ႕ အဓိက ထိုးစစ္ဆင္မႈဟာ ျမန္မာႏိုင္ငံ နယ္စပ္ေဒသအမ်ားစုကို ခုခံေရးသမားမ်ားလက္တြင္း က် ေရာက္ေစခဲ့ပါတယ္။ ၂-ႏွစ္အၾကာမွ တပ္မေတာ္က ျပန္လည္ေျခကုပ္ရရွိသြားတယ္လို႔ ႐ိုက္တာက ေတြ႕ဆုံေမး ျမန္းခြင့္ရရွိတဲ့ သူပုန္တိုက္ခိုက္ေရးသမား ၆-ဦးနဲ႔ လုံၿခဳံေရးေလ့လာသုံးသပ္သူ ၃-ဦးတို႔က ဝန္ခံပါတယ္။ အဲ့ဒီ ပုဂၢိဳလ္ေတြထဲမွာ တပ္မေတာ္နဲ႔ ပုံမွန္ဆက္ဆံေရးရွိသူမ်ားလည္း ပါဝင္ပါတယ္။
ဆုတ္ခြာေပးခဲ့ရတဲ့ သူပုန္တိုက္ခိုက္ေရးသမား ၃-ဦးကေတာ့ တပ္မေတာ္ဘက္က လူလႈိင္းပုံသ႑ာန္ စစ္ ေၾကာင္းမ်ားနဲ႔ သူတို႔ရဲ႕ ခံစစ္ေနရာမ်ားကို ထိုးေဖာက္လာေၾကာင္းေတြ႕ရတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ တပ္မ ေတာ္ဟာ ယခင္မၾကားဖူးေသးတဲ့ စစ္ေျမျပင္နည္းဗ်ဴဟာသစ္မ်ားကို က်င့္သုံးေနတယ္လို႔ ယူဆရပါတယ္။
တပ္မေတာ္ရဲ႕ စစ္ေၾကာင္းဟာ က်သြားသူတစ္ေယာက္ေနရာမွာ ေနာက္တစ္ေယာက္က အစားထိုးလာ ေၾကာင္း၊ ထြက္ေျပးတိမ္းေရွာင္သူမ်ားလည္း ရွိေနၿပီး တပ္မႉးမ်ားက အတင္းအက်ပ္ခ်ီတက္ခိုင္းျခင္း ျဖစ္တယ္ လို႔ သူပုန္တိုက္ခိုက္ေရးသမား ၂-ဦးက ေျပာပါတယ္။ တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူကေတာ့ သူတို႔ရဲ႕ မဟာ ဗ်ဴဟာ ေျပာင္းလဲမႈမ်ားနဲ႔ ပတ္သက္ၿပီး ေမးခြန္းမ်ားကို ေျဖၾကားျခင္း မရွိပါဘူး၊ NLD အစိုးရအဖြဲ႕ဝင္ ေဟာင္း မ်ားပါဝင္ၿပီး ဆန႔္က်င္ေရးအဖြဲ႕အစည္းတစ္ရပ္ျဖစ္တဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကလည္း မွတ္ခ်က္ ေပးရန္ ေမတၱာရပ္ခံခ်က္ကို တုန႔္ျပန္ျခင္း မရွိပါဘူး။
လူငယ္မ်ားအေနနဲ႔ စစ္မႈထမ္းရန္ လိုအပ္ေၾကာင္း ၂၀၂၄-ခုႏွစ္ ေဖေဖာ္ဝါရီလ ေၾကညာၿပီး ေနာက္ပိုင္း တစ္ ႀကိမ္လ်င္ လူ ၅၀၀၀ ႏႈန္းနဲ႔ ၁၆-ႀကိမ္ခန႔္ ေခၚယူခဲ့ေၾကာင္း၊ စစ္မႈထမ္းသစ္ ၇၀,၀၀၀ မွ ၈၀,၀၀၀ တိုးလာတဲ့ အတြက္ ၂၀၂၅-ခုႏွစ္ တပ္မေတာ္မွာ အင္အား ၁၃၄,၀၀၀ ခန႔္ရွိႏိုင္ၿပီး ၂၀၂၁-ခုႏွစ္မတိုင္မီ ၄၀၀,၀၀၀ ထက္ ေလ်ာ့နည္းေနျခင္းျဖစ္တယ္လို႔ လန္ဒန္ႏိုင္ငံတကာမဟာဗ်ဴဟာေလ့လာေရးဆိုင္ရာ အင္စတီက်ဴ႕က ခန႔္မွန္း ပါတယ္။
Operation 1027 ကာလ တစ္လအတြင္း စခန္း ၁၅၀ ခန႔္ကို လက္လႊတ္ခဲ့ရၿပီးေနာက္ တပ္မေတာ္မွာ ဖြဲ႕စည္း ပုံျပည့္ တပ္ဖြဲ႕မ်ားကို အေတြ႕အႀကဳံရင့္အရာရွိမ်ားက ဦးေဆာင္လာတယ္လို႔ ေျပာပါတယ္။ သင့္ေလ်ာ္တဲ့ လက္ ေတြ႕အေတြ႕အႀကဳံ မရွိပဲ ရာတူးတိုးစနစ္တစ္ခုကို ေက်ာ္ျဖတ္ၿပီး ခံစားခြင့္ တိုးျမႇင့္ေပးတဲ့ ရာထူးတိုးစနစ္ကို ေျပာင္းလဲခဲ့ေၾကာင္း၊ စစ္ေျမျပင္မွာ ရွည္လ်ားတဲ့ တပ္ျဖန႔္ခ်မႈမ်ား ျပဳလုပ္ၿပီးေနာက္ တပ္ရင္းအေတာ္မ်ားမ်ား ဟာ အနားယူခ်ိန္ ပိုမိုရရွိလာေၾကာင္း၊ အဲ့ဒါဟာ လြန္ခဲ့တဲ့ႏွစ္မ်ားအတြင္း တပ္မေတာ္သားမ်ားအေနနဲ႔ မရရွိခဲ့ဖူး တဲ့ အခြင့္အေရးျဖစ္တယ္လို႔ ေျပာပါတယ္။
တပ္မေတာ္ဟာ ကာမီကာေဇ ဒ႐ုန္းမ်ား-ေထာက္လွမ္းေရးဒ႐ုန္းမ်ားအပါအဝင္ ေမာင္းသူမဲ့ ေလယာဥ္အုပ္ကို လည္း တည္ေဆာက္ထားပါတယ္။ တ႐ုတ္-႐ုရွား-အီရန္လုပ္ ေတာင္ပံေသ ဒ႐ုန္းမ်ား၊ ဒလက္စုံ ဒ႐ုန္းမ်ားအ ပါအဝင္ UAV ေမာ္ဒယ္ ၁၉-မ်ိဳးခန႔္ကို အသုံးျပဳေနပုံရပါတယ္။ တပ္မေတာ္ရဲ႕ ျပဳလုပ္က် သမား႐ိုးက် ေလ ေၾကာင္း တိုက္ခိုက္မႈေတြဟာ ဒ႐ုန္းမ်ားအကူအညီနဲ႔ ပိုမိုတိက ထိေရာက္လာၿပီး ယခင္အႀကီးတန္းရဲ႕ ခြင့္ ျပဳခ်က္ရရွိမွသာေဆာင္႐ြက္ႏိုင္တဲ့ ေလေၾကာင္းအကူအညီဟာ ယခုအခါ ေအာက္ေျခတပ္မႉးအဆင့္ ေလာက္က ေတာင္းခံႏိုင္ၿပီး စစ္ဆင္ေရး မစတင္မီ ေစာစီးစြာ လက္ဦးမႈ ရယူႏိုင္လာတယ္လို႔ ပညာရွင္မ်ားကို ကိုးကားၿပီး ႐ိုက္တာက ေရးပါတယ္။
.
===