ထိုင်းနိုင်ငံ ထရက်ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်

364

Pika (NP News) - ဒီဇင်ဘာ ၁၆
ထိုင်းနိုင်ငံ အရှေ့တောင်ဘက်ပိုင်းမှာရှိတဲ့ထရက်ပြည်နယ်မှာ ညမထွက်ရအမိန့်ကို ထိုင်းအစိုးရက ထုတ်ပြန် ကြေညာခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ အငြင်းပွားနယ်စပ်ဒေသက ဧရိယာတစ်လျှောက် ပျံ့နှံ့ သွားခဲ့ပြီးနောက် ထိုင်းအစိုးရရဲ့ညမထွက်ရအမိန့်ထုတ်ပြန်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲဖို့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့က သဘောတူညီခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် နှစ်ရက်အကြာမှာ ယခုလိုဖြစ်ရပ်တွေ ဖြစ်ပွားလာတာဖြစ်ပါတယ်။ နယ်နိမိတ်ချင်း (၈၀၀) ကီလိုမီတာလောက်ထိစပ်နေတဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့မှုကြောင့် နှစ်ဖက် စလုံးက လူ(၅)သိန်းနီးပါးလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Surasant Kongsiri က “အပစ်အခတ်ရပ်စဲရေးကို ထောက်ခံတယ်လို့ ကမ္ဘောဒီးယားဘက်က ထပ်လောင်းအတည်ပြုခဲ့ပေမယ့်လည်း တိုက်ပွဲတွေကတော့ ဆက်လက် ဖြစ်ပွားနေဆဲပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ထိုင်းနိုင်ငံက သံတမန်ရေးအရ ဖြေရှင်းမှုတွေလုပ်ဆောင်ဖို့ လမ်းဖွင့်ထားပေမယ့်လည်း ကမ္ဘောဒီးယားက ညှိနှိုင်းမှုတွေ မလုပ်ဆောင်ခင် ရန်လိုမှုတွေကို အရင်ဆုံးရပ်တန့်ဖို့ လိုအပ်တယ်လို့လည်း Surasant Kongsiri က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံ ထရက္ျပည္နယ္မွာ ညမထြက္ရအမိန႔္ထုတ္ျပန္
Pika (NP News) - ဒီဇင္ဘာ ၁၆
ထိုင္းႏိုင္ငံ အေရွ႕ေတာင္ဘက္ပိုင္းမွာရွိတဲ့ထရက္ျပည္နယ္မွာ ညမထြက္ရအမိန႔္ကို ထိုင္းအစိုးရက ထုတ္ျပန္ ေၾကညာခဲ့တယ္လို႔ သိရပါတယ္။
ထိုင္းနဲ႔ကေမာၻဒီးယားတို႔ၾကားျဖစ္ပြားေနတဲ့တိုက္ပြဲေတြဟာ အျငင္းပြားနယ္စပ္ေဒသက ဧရိယာတစ္ေလွ်ာက္ ပ်ံ႕ႏွံ႔ သြားခဲ့ၿပီးေနာက္ ထိုင္းအစိုးရရဲ႕ညမထြက္ရအမိန႔္ထုတ္ျပန္မႈ ထြက္ေပၚလာတာျဖစ္ပါတယ္။
အပစ္အခတ္ရပ္စဲဖို႔ ထိုင္းနဲ႔ကေမာၻဒီးယားတို႔က သေဘာတူညီခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ႏွစ္ရက္အၾကာမွာ ယခုလိုျဖစ္ရပ္ေတြ ျဖစ္ပြားလာတာျဖစ္ပါတယ္။ နယ္နိမိတ္ခ်င္း (၈၀၀) ကီလိုမီတာေလာက္ထိစပ္ေနတဲ့ ထိုင္းနဲ႔ကေမာၻဒီးယားတို႔ၾကား တိုက္ပြဲေတြျဖစ္ပြားခဲ့မႈေၾကာင့္ ႏွစ္ဖက္ စလုံးက လူ(၅)သိန္းနီးပါးေလာက္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတယ္လို႔လည္း သိရပါတယ္။
ထိုင္းကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Surasant Kongsiri က “အပစ္အခတ္ရပ္စဲေရးကို ေထာက္ခံတယ္လို႔ ကေမာၻဒီးယားဘက္က ထပ္ေလာင္းအတည္ျပဳခဲ့ေပမယ့္လည္း တိုက္ပြဲေတြကေတာ့ ဆက္လက္ ျဖစ္ပြားေနဆဲပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ထိုင္းႏိုင္ငံက သံတမန္ေရးအရ ေျဖရွင္းမႈေတြလုပ္ေဆာင္ဖို႔ လမ္းဖြင့္ထားေပမယ့္လည္း ကေမာၻဒီးယားက ညႇိႏႈိင္းမႈေတြ မလုပ္ေဆာင္ခင္ ရန္လိုမႈေတြကို အရင္ဆုံးရပ္တန႔္ဖို႔ လိုအပ္တယ္လို႔လည္း Surasant Kongsiri က ေျပာၾကားခဲ့ပါတယ္။