PDF အဖွဲ့ကို သိန်းပေါင်း(၉)သောင်းအထိပေးကာ ရွှေတူးဖော်နေရသည့်လုပ်ငန်းရှင်များ ရှိနေ

 382

Pearl (NP News) - ဒီဇင်ဘာ ၁၆

PDF အဖွဲ့ကို သိန်းပေါင်း(၉)သောင်း အထိပေးကာ ရွှေတူးဖော်နေရသည့် လုပ်ငန်းရှင်များရှိနေ ကြောင်း ယင်းရွှေလုပ်ကွက်များနှင့် ပတ်သက်၍ သိရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များရှိ ရွှေလုပ်ကွက်များ တွင် မန္တလေး PDF နှင့် စဉ့်ကူး ပကဖ၊ ပအဖများ ကြီးစိုးနေပြီး အဆိုပါ ရွှေလုပ်ကွက်များတွင် လုပ်ကိုင် ရန် PDF အဖွဲ့ထံ သိန်းပေါင်း (၉)သောင်းအထိပေးဆောင်ရပြီး ရွှေလုပ်ကွက်များမှ နေ့စဉ် ရွှေတုံး ရွှေခဲ များအပါအဝင် အများအပြားထွက်ရှိကြောင်း သိရသည်။
“တစ်ရာသီကို သိန်းပေါင်း (၉) သောင်း လောက်တောင် ပေးရတယ်လို့ ကြားရတယ်။ ရွှေနေရာ တွေမှန်သမျှ အဲဒီကောင်တွေပဲ ကြီးစိုးထားတာလေ။ မန္တလေးဝန်းကျင်မှာ ရွှေထွက်တာ အဲဒီနေရာပဲ ရှိ တယ်လေ။ မိုင် (၃၀)၊ မိုင် (၂၀) ဝန်းကျင်ပေါ့ဗျာ။ တအားနဲ့ ထွက်တဲ့နေရာလေ။ အခဲလိုက်တွေ ကျတာ ပေါ့ဗျာ။ ရွှေတုံးတွေ။ (၅) မူးသားတုံး၊ (၁) ကျပ်သားတုံးတွေ ကျတာ။ ဆာင်းရာသီက သူတို့အတွက် အကောင်းဆုံးရာသီပဲလေ။ မိုးလည်း မရပ်ဘူး နည်းသွားတာတစ်ခုပဲ” ဟု ၎င်းကပြောသည်။ မန္တလေးမြို့ သို့ အဆိုပါလုပ်ကွက်များမှ ရရှိလာသော ရွှေများကို ပို့ဆောင်ရောင်းချနေပြီး စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေလုပ်ကွက်များမှ ရရှိသော ရွှေများကိုလည်း လာရောက်ရောင်းချခြင်း မျိုးရှိနေကြောင်း ၎င်းကဆို သည်။
“မန္တလေးက တချို့ဆိုင်ကြီးတွေဆိုရင် သေသေချာချာ ဂဃဏန စစ်သင့်တယ်။ အခုတောင် ဆီ ကိစ္စတောင် ပေါ်သွားပြီလေ။ ရွှေကရော ဘယ်က ဝင်မှာတုံး။ တစ်ခါတလေ စစ်ကိုင်းဘက်ကလည်း ဝင် နိုင်တယ်။ သပိတ်ကျင်းရဲ့အထက်မလယ်တို့ ဘာတို့ဘက်က ရွှေထွက်တဲ့နေရာတွေပဲလေ။ အဲဒါက ရွှေမျှောတွေ မြစ်လယ်မှာ ကျင်ရတာပေါ့။ ကချင် ပြည်နယ်၊ ရွှေကူဆိုလည်း ရွှေတုံးတွေကျတာ” ဟု ၎င်း က ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း မန္တလေးတိုင်းအတွင်းရှိ ရွှေလုပ်ကွက်ကိစ္စနှင့်ပတ်သက်၍ စဉ့်ကူး ပကဖများကို ဒေသခံများ ကန့်ကွက်ဆန္ဒပြခဲ့ကြဖူးသည်။

Zawgyi Version:
PDF အဖြဲ႕ကို သိန္းေပါင္း(၉)ေသာင္းအထိေပးကာ ေ႐ႊတူးေဖာ္ေနရသည့္လုပ္ငန္းရွင္မ်ား ရွိေန
Pearl (NP News) - ဒီဇင္ဘာ ၁၆
PDF အဖြဲ႕ကို သိန္းေပါင္း(၉)ေသာင္း အထိေပးကာ ေ႐ႊတူးေဖာ္ေနရသည့္ လုပ္ငန္းရွင္မ်ားရွိေန ေၾကာင္း ယင္းေ႐ႊလုပ္ကြက္မ်ားႏွင့္ ပတ္သက္၍ သိရွိသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ မႏၲေလးတိုင္းေဒသႀကီး ၊ စဥ့္ကူးႏွင့္ သပိတ္က်င္းၿမိဳ႕နယ္မ်ားရွိ ေ႐ႊလုပ္ကြက္မ်ား တြင္ မႏၲေလး PDF ႏွင့္ စဥ့္ကူး ပကဖ၊ ပအဖမ်ား ႀကီးစိုးေနၿပီး အဆိုပါ ေ႐ႊလုပ္ကြက္မ်ားတြင္ လုပ္ကိုင္ ရန္ PDF အဖြဲ႕ထံ သိန္းေပါင္း (၉)ေသာင္းအထိေပးေဆာင္ရၿပီး ေ႐ႊလုပ္ကြက္မ်ားမွ ေန႔စဥ္ ေ႐ႊတုံး ေ႐ႊခဲ မ်ားအပါအဝင္ အမ်ားအျပားထြက္ရွိေၾကာင္း သိရသည္။
“တစ္ရာသီကို သိန္းေပါင္း (၉) ေသာင္း ေလာက္ေတာင္ ေပးရတယ္လို႔ ၾကားရတယ္။ ေ႐ႊေနရာ ေတြမွန္သမွ် အဲဒီေကာင္ေတြပဲ ႀကီးစိုးထားတာေလ။ မႏၲေလးဝန္းက်င္မွာ ေ႐ႊထြက္တာ အဲဒီေနရာပဲ ရွိ တယ္ေလ။ မိုင္ (၃၀)၊ မိုင္ (၂၀) ဝန္းက်င္ေပါ့ဗ်ာ။ တအားနဲ႔ ထြက္တဲ့ေနရာေလ။ အခဲလိုက္ေတြ က်တာ ေပါ့ဗ်ာ။ ေ႐ႊတုံးေတြ။ (၅) မူးသားတုံး၊ (၁) က်ပ္သားတုံးေတြ က်တာ။ ဆာင္းရာသီက သူတို႔အတြက္ အေကာင္းဆုံးရာသီပဲေလ။ မိုးလည္း မရပ္ဘူး နည္းသြားတာတစ္ခုပဲ” ဟု ၎ကေျပာသည္။ မႏၲေလးၿမိဳ႕ သို႔ အဆိုပါလုပ္ကြက္မ်ားမွ ရရွိလာေသာ ေ႐ႊမ်ားကို ပို႔ေဆာင္ေရာင္းခ်ေနၿပီး စစ္ကိုင္းတိုင္းေဒသႀကီးရွိ ေ႐ႊလုပ္ကြက္မ်ားမွ ရရွိေသာ ေ႐ႊမ်ားကိုလည္း လာေရာက္ေရာင္းခ်ျခင္း မ်ိဳးရွိေနေၾကာင္း ၎ကဆို သည္။
“မႏၲေလးက တခ်ိဳ႕ဆိုင္ႀကီးေတြဆိုရင္ ေသေသခ်ာခ်ာ ဂဃဏန စစ္သင့္တယ္။ အခုေတာင္ ဆီ ကိစၥေတာင္ ေပၚသြားၿပီေလ။ ေ႐ႊကေရာ ဘယ္က ဝင္မွာတုံး။ တစ္ခါတေလ စစ္ကိုင္းဘက္ကလည္း ဝင္ ႏိုင္တယ္။ သပိတ္က်င္းရဲ႕အထက္မလယ္တို႔ ဘာတို႔ဘက္က ေ႐ႊထြက္တဲ့ေနရာေတြပဲေလ။ အဲဒါက ေ႐ႊေမွ်ာေတြ ျမစ္လယ္မွာ က်င္ရတာေပါ့။ ကခ်င္ ျပည္နယ္၊ ေ႐ႊကူဆိုလည္း ေ႐ႊတုံးေတြက်တာ” ဟု ၎ က ဆက္ေျပာသည္။
ၿပီးခဲ့သည့္ ဇူလိုင္လကလည္း မႏၲေလးတိုင္းအတြင္းရွိ ေ႐ႊလုပ္ကြက္ကိစၥႏွင့္ပတ္သက္၍ စဥ့္ကူး ပကဖမ်ားကို ေဒသခံမ်ား ကန႔္ကြက္ဆႏၵျပခဲ့ၾကဖူးသည္။

Related news

© 2021. All rights reserved.