ဘီလျံ(၅၀ဝ)ကျော် လျော်ကြေး သတ်မှတ်ရက်နှင့် ဆီ ပူလောင်ကြသူများ

1242

မျိုးမင်း (မကျည်းလဟာ) (NP News) - ဒီဇင်ဘာ ၁၆
“ ဒီလူတွေ ဘီလျံ (၅၄၀)ကျော် လျော်ရမယ်ဆို တာ နည်းတောင်နည်းသေးတယ်”။
ထိုစကားသည် စက်သုံးဆီတင်သွင်းရောင်းချသူအချို့ နိုင်ငံတော်ထံ လျော်ကြေးပေးရမည့် ကိစ္စ နှင့်ပတ်သက်၍ NP News ၏ သတင်းရင်းမြစ်တစ်ဦးက ပြောကြားမှုဖြစ်သည်။
ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီသတင်းက မွှေး၏။ ထွက်ပေါ်ခဲ့သောသတင်းများအရ မန္တလေးအခြေစိုက် ဦးဝင်းဆွေ၏ BOC ကုမ္ပဏီက ငွေကျပ် ဘီလျံ (၁၈၀)နီးပါး၊ Max Energy ကုမ္ပဏီက ကျပ်ဘီလျံ (၄၀)၊ ဒေါက်တာဝင်းမြင့်၏ မြတ်မေတ္တာမွန် ကုမ္ပဏီက ကျပ် ဘီလျံ (၄၀)၊ ဦးချစ်ခိုင်၏ Den- ko ကုမ္ပဏီက ကျပ် ဘီလျံ (၇၀)၊ Brighter Energy ကုမ္ပဏီက ကျပ်(၁၂) ဘီလျံ၊ Regency ကုမ္ပဏီ က ကျပ် (၂၀) ဘီလျံ၊ Apex ကုမ္ပဏီက ကျပ်(၁၅)ဘီလျံ၊ Myanoil ကုမ္ပဏီက ကျပ်(၁၅) ဘီလျံနှင့် အခြား သော စက်သုံးဆီကုမ္ပဏီအချို့လည်း နိုင်ငံတော်ထံ နစ်နာကြေး ပြန်သွင်းရမည်ဟုဆိုသည်။ မဖြစ်မနေ နောက်ဆုံးထားပြန်သွင်းရမည့်ရက်အဖြစ် (၂၀၂၆)ခုနှစ် ဇန်နဝါရီ(၂၆)ရက်ဟုသတ်မှတ်ထားကြောင်း ကြားသိရသည်။
အဆိုပါ သတင်းများအတွက် သတင်းမှန်ပြန်ကြားရေးထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဒီဇင် ဘာလ (၁၄) အထိ ဖြေကြားခြင်းမရှိသကဲ့သို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေး အ သင်းအတွင်းရေးမှူး ဒေါက်တာဝင်းမြင့် (မြတ်မေတ္တာမွန်)ထံသို့ NP News က ဆက်သွယ် မေးမြန်းခဲ့ရာ တွင်လည်း ဖြေကြား၍မရကြောင်း တုံ့ပြန်ခဲ့သည်။
“အဲဒါလေးက နည်းနည်းလေးသိချင်တာမှာ နည်းနည်းလေးမှ ပြောလို့မရလို့ပါ။ ကျွန်တော်တို့က အဲဒီဟာကို သိပ်ပြီးတော့ မကျယ်ပြန့်စေချင်ဘူးလေ။ အခုမှ လေ့လာမေးမြန်းစုံစမ်းတုန်းပဲရှိပါသေးတယ်။ သိပ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်မဖြစ်စေချင်ဘူး။ ဖြေပေးလို့မရဘူးနော်”ဟု ဒေါက်တာဝင်းမြင့်က NP News ကို ပြောသည်။
လွန်ခဲ့သော(၁၀)ရက်ခန့်ကတည်းက စတင် ထွက်ပေါ်ခဲ့သည့် အဆိုပါသတင်းများအတွက် NP News က သုံးဦးထက်မနည်းသော စီးပွားရေးလုပ်ငန်းရှင်များထံ အတွင်းကျကျစုံစမ်းဖော် ထုတ်၍သိရှိ ထားမှု၌ ထိုထက်ဆိုးရွားသောဖြစ်ရပ်များ စွာဖြစ်ပေါ်နေသည်ဟုဆိုနိုင်သည်။ “သိရသလောက် ပြန်လျော် ရမယ်ဆိုတဲ့ကိန်းဂဏန်းက နောက်ဆုံး (၁၀)လစာကိုပဲ ဦးတည်တွက်ချက်ပြီး ပြန်လျော်ခိုင်းထားတာလို့ ကြားတယ်။ (၂၀၂၂)အထိ ပြန်လိုက်မယ်ဆိုရင် ထရီလျံချီပြီးလျော်သွားရနိုင်ခြေရှိတယ်တဲ့။ ပြီးတော့ သူ တို့လျော်ရမယ့်ငွေက အိမ်ခြံမြေထဲကို စီးဝင်ပြီးသွားလောက်ပြီလို့ယူဆရတယ်”ဟု စီးပွားရေး လောကမှ သတင်းရင်းမြစ်တစ်ဦးက NP News ကိုပြော သည်။ စက်သုံးဆီကိစ္စသာ လူသိများခဲ့သော်လည်း ပဲ လောကနှင့် အခြားသော ပို့ကုန်သွင်း ကုန်လောကသားများအကြားတွင်လည်း မသမာမှုများ ဖြစ်ပေါ်ခဲ့ ကြောင်း သတင်းရင်းမြစ်ကဆိုသည်။ စက်သုံးဆီအဂတိကိစ္စ၏အစသည် မော်လမြိုင်ဘက်၌ စက်သုံးဆီ ပြတ်လတ်သည်ဆိုသောသတင်းများမှ စတင်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက အသိပေးခဲ့ပြီး ကရင်လက်နက်ကိုင်အဖွဲ့များထံ စက်သုံးဆီများကို တရားမဝင်ရောင်းချမှုများရှိခဲ့သည်ဟုဆိုသည်။
ယင်းကိစ္စအပေါ် စုံစမ်းစစ်ဆေးရာမှတစ်ဆင့် MOPS+ Premium ဈေးနှုန်းကို မြှင့်တင်ကစားထား ခြင်းမျိုးပါ သတိထားမိသွားခဲ့သည်ဟုသိရပြီး နောက်ဆက်တွဲအဖြစ် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့် ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်သူ စွမ်းအင်ဒုဝန်ကြီးနှင့်အပေါင်းပါအချို့လည်း စစ် ဆေးအရေးယူခြင်းခံရသည်ဟုသိရသည်။
စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းမျိုးမဖြစ်စေရန် နိုင်ငံတော်တာဝန်ရှိသူများက ဝေဖန်ခံရမှုများကြားမှ ပြည်ပပို့ကုန်ရငွေကို တစ်ဒေါ်လာ (၂၁၀ဝ)ကျပ်ဖြင့် အဆင့်ဆင့်ဖြတ်ယူ၍ ဖန်တီး စီစဉ်ပေးခဲ့သော်လည်း ရသင့်ရထိုက်သည့် အမြတ်အစွန်းထက် ဆီလုပ်ငန်းရှင်များက ပို၍ယူခဲ့ကြသည် ဟု စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းမျိုးဖြစ်၏။ “Terminal တွေကနေ ဆီဆိုင်တွေကိုချပေးတဲ့အချိန်မှာ မလျော် ကန်သော အမြတ်တင်ထားမှုကိုတွေ့ရှိခြင်းလို့ ပြောရင်ရပါတယ်။ အကြမ်းဖျင်းအားဖြင့် (၂)ရာခိုင်နှုန်း အမြတ်တင်ရမယ့်ဟာမျိုးမှာ (၄)ရာခိုင်နှုန်းလောက် အမြတ်တင်လိုက်တာမျိုးပေါ့”ဟု လုပ်ငန်းရှင် သတင်းရင်းမြစ်ကပြောသည်။ ကျပ်ဘီလျံ(၅၄၀)ကျော်ကို ဇန် နဝါရီလ (၂၆)ရက်နောက်ဆုံးထား၍ ပေး လျော်ခြင်း မရှိလျှင် ရာဇသတ်ကြီးပုဒ်မ(၄၀၆)၊ ပုဒ်မ(၄၂၀)တို့ ဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအား နိုင်ငံ တော်က တရားစွဲသွားမည်ဟု ထပ်ဆင့်ကြားသိရပြန်သည်။ အချို့သောလုပ်ငန်းရှင်များကိုမူ ပြည်ပ ထွက် ခွာခွင့်ပင် ယာယီစောင့်ကြည့်ပိတ်ပင်ထားသည်ဟုဆိုသည်။ မဟုတ်လျှင် ထွက်ပြေးသွားမည်ကိုလည်း အစိုးရက စိုးရိမ်ပုံရ၏။
ထိုလုပ်ငန်းရှင်များအပေါ် အစိုးရ၏လုပ် ရပ် သည် ပြင်းထန်သည်ဟုယူဆပါသလော။ အကယ်၍ ယူဆသည်ဆိုပါက နောက်ဆက်တွဲ အခြားသောသ တင်းရင်းမြစ်များ၏အသိပေးချက်ကို ဤသို့မြင်ရမည် ဖြစ်သည်။ “အစိုးရကမိုက်မဲတာပဲ။ စက်သုံးဆီအတွက် အဆဲအဆိုခံပြီး ဒီလူတွေကို ဒေါ်လာလည်း ထုတ် ရောင်းပေးလိုက်သေးတယ်။ ဒီလူတွေက အဲဒီဒေါ်လာ နဲ့ပဲဝယ်ပြီး နှစ်ကျပ်ကွက်ပြန်ရိုက်တာ။ ဒီလူတွေ ဘီလျံ(၅၄၀)ကျော်လျော်ရမယ်ဆိုတာ နည်းတောင်နည်း သေးတယ်။ ဒီလူတွေအတွက်က အပျင်းပြေ လောက်ပဲ ရှိမယ်။ ဘီလျံ(၅၀ဝ)ကျော်ဆိုတာ ဒေါ်လာနဲ့တွက်ရင် သန်း(၁၀ဝ)ကျော်ပဲရှိတယ်။ ပြောရရင် ဆီသွင်းတာနဲ့ ယှဉ်ရင် တစ်လစာလောက်ပဲရှိတယ်။ ဒီလူတွေကို ထုတ်ရောင်းပေးနေတဲ့ဒေါ်လာကို ငါးလစာလောက် ခဏရပ်ပြီး ရေနံချက်စက်ရုံတည်ရင် ဒေါ်လာ သန်း (၅၀ဝ)မကုန်ပါဘူးဗျာ။ ပြည်သူ လည်း ဈေးပေါပေါနဲ့ သုံးခွင့်ရမယ်။ အစိုးရက ဒီလိုလေးစဉ်းစားဖို့လိုတယ်ဗျ”ဟု အခြားသော စီးပွားရေး သတင်းရင်းမြစ်တစ်ဦး ကပြောသည်။ ၎င်း၏အဆိုအရ ဘီလျံ(၅၄၀) ကျော် အစား အစိုးရဘက်က ကျပ် ဘီလျံ(၁၅၀)ခန့်ဖြင့် ပြီး ပြတ်သွားစေသည်အထိ သက်ညှာစဉ်းစားပေးရန်ပင် ပြင်ဆင်နေပုံရသည်ဟု သတင်းများကြားရကြောင်းဆို သည်။ အကယ်၍ ထိုသတင်းမှန်ကန်ခဲ့ပါက အစိုးရ၏ စဉ်းစားပုံသည် သက်ညှာလွန်းနေပြီး ထောက်ထားစရာများရှိနေသလောဟု တွေးစရာလည်းရှိနေသည်။
မြန်မာနိုင်ငံတွင်ရောင်းချပေးနေသော စက်သုံးဆီဈေးနှုန်းကို နိုင်ငံတကာနှင့်ယှဉ်လျှင် သက် သာနေသေးသည်ဟု အချို့ကလည်းဝါဒဖြန့်သည်။ အမှန်တကယ် ဟုတ်မဟုတ်ကိုမူ အချက်အလက် အချို့ဖြင့်နှိုင်း ယှဉ်ပြလို၏။ “အီရန်မှာ ဆီတစ်လီတာကို ဒေါ်လာ (၁၀)ဆင့်ပဲရှိတယ်။ ကမ္ဘာမှာ ဆီထွက် တဲ့အရှေ့အလယ်ပိုင်းတို့ ရုရှားတို့ ဘာတို့မှာ တန်ချိန် သန်းနဲ့ချီယူမယ်ဆိုရင် တစ်တန်ကို ဒေါ်လာ (၃၉၀) နဲ့ရတယ်။ တစ်သန်းမဟုတ်ဘူး။ တန်ချိန် လေးငါးသိန်းပဲယူမယ် ဆိုရင်တောင် (၄၃၀)နဲ့ (၄၆၀)ကြားမှာရ တယ်။ ထပ်လျော့ဦး။ တန်ချိန် တစ်သိန်းလောက်ပဲယူမယ်ဆိုရင်လည်း တစ်တန်ကို ဒေါ်လာ(၅၀ဝ) လောက်နဲ့ရနိုင်သေးတယ်။ သင်္ဘောခတွေ၊ အခွန်တွေအကုန်ပေါင်း ရင်တောင် ဒေါ်လာ(၅၀ဝ)နဲ့ ဝယ်လာ ခဲ့ရင်တောင် မြန် မာပြည်အရောက် ဒေါ်လာ(၇၀ဝ)မရှိဘူး။ အခု ဆီ ဆိုင်တွေရောင်းနေတဲ့နှုန်းက တစ် တန်ကို ဒေါ်လာ (၈၅၀)လောက်ကျသင့်နေတယ်။ ဒီလူတွေ(ဆီဆိုင် ပိုင်ရှင်တွေ)က တစ်ယောက်ချင်းစီ လျှောက်ဝယ်နေတာမဟုတ်ဘူး။ ကုမ္ပဏီ(၁၀)ခုလောက်ကစုပြီး တန်ချိန် သန်းနဲ့ချီပြီးဝယ်ကြတာ။ တန် ချိန် သန်းနဲ့ချီပြီးစုဝယ်ပြီးတော့မှ သူတို့အချင်းချင်းပြန်ခွဲတာ။ BOC က ဘယ်လောက်၊ မြတ်မေတ္တာမွန်က ဘယ်လောက်ပေါ့ဗျာ။ ဒီကောင်တွေ တစ်တန်ကို (၆၅၀) မကျဘူးဗျ။ နောက်တစ်ခုက (၄၅)ရက် အကြွေး စောင့်ပေးတာတောင်ရှိသေးတယ်ဗျာ။ အစိုးရက ဘာကြောင့် လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်မှုနဲ့ ဝယ်ခွင့် မပေးသလဲ ” ဟု လုပ်ငန်းရှင်သတင်းရင်းမြစ်က NP News ကို ဖွင့်ဟ သည်။ ထူးခြားချက်အဖြစ် ဒီဇင် ဘာလ (၅) ရက်နောက်ပိုင်းမှစ၍ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ်(၂၀ဝ)ကျော် ရုတ်တရက် ကျဆင်း သွားသည်ကိုတွေ့ရပြီး ယင်းသည် စက်သုံးဆီလုပ်ငန်းရှင်များ လျော်ကြေးပြန်ပေးရမည်ဆိုသော သတင်း ထွက်လာသည့်ရက်သတ္တပတ်နှင့် တိုက်ဆိုင်နေသည်။
အစိုးရက ဦးစားပေးအစီအစဉ်ဖြင့် ဒေါ်လာထုတ်ရောင်းပေးခြင်းနှင့် အခြားသောအစီအမံများ ကြောင့် အမှန်တကယ်ဖြစ်သင့်သည့်ဈေးသည် မည်သည့်စက်သုံးဆီမဆို တစ်လီတာလျှင် တစ် ဒေါ်လာ (၂၁၀ဝ) ကျပ်အောက်တွင်သာဖြစ်သင့်သည်ဟုဆိုနိုင်၏။ အီရန်တွင် ဆီတစ်လီတာ ဒေါ်လာ (၁၀) ဆင့် သာရှိသည်။ (၁၀)ဆင့်ပေါင်း (၁၀)ကြိမ်ပြည့်မှသာ တစ်ဒေါ်လာဟု သတ်မှတ်ထားသဖြင့် မြန်မာ ပြည် ပေါက်ဈေးသည် ကျပ်(၂၁၀ဝ)အောက်မကျသင့်ဟု ထင်ပါသလော။ ပြည်ပပို့ကုန်ရငွေ တစ်ဒေါ်လာ (၂၁၀ဝ)ကျပ်ဖြင့် ဖြတ်ယူ၍ စက်သုံးဆီအတွက် ခွဲတမ်းပေးခဲ့ခြင်းသည် စက်သုံးဆီ ဈေးကျဆင်းစေရေး အတွက် မဟုတ်လျှင် မည်သို့ဖြစ်မည်နည်း။
စက်သုံးဆီလောက အသင်းသားခေါင်းကြီးပိုင်းများသည် PPRD ဟုခေါ်ဆိုသော စွမ်းအင်ဒုဝန်ကြီး ဦးဆောင်သည့် ကြီးကြပ်ရေးကော်မတီနှင့် လက်ဝါးချင်းရိုက်ထားမထား မသေချာပေ။ အဘယ်ကြောင့် ဆိုသော် အခြားသော စက်သုံးဆီလုပ်ငန်းရှင်အသစ်များ ကို နေရာပေးခြင်းနည်းပါးမှု သို့မဟုတ် အပြီး တိုင် အပြုတ်နှံမှုများရှိနေခဲ့သည်ဆိုသောသတင်းများ ကြောင့် ပင်။ ဒုဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်း ဦးဆောင်စဉ် ကာလအတွင်းကဖြစ်၏။ “ဆီတွေဝယ်မရလို့ တန်းစီ တိုးနေရတာမျိုး၊ ဈေးကြီးနေတာမျိုး နစက တက်စဉ် က တစ်နှစ်ကျော်မှာဖြစ်ခဲ့တယ်လေ။ အဲဒီတုန်းက ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဦးဆောင် စဉ်ပေါ့။ နိုင်ငံတ ကာဆီလုပ်ငန်းရှင်တစ်ဖွဲ့ကတင်ပြဖူးတယ်။ မြန်မာပြည်ထဲက ဘယ်ဆီသိုလှောင်ကန် မှာ Dumping လုပ်ပေးရမလဲ။ တစ်လ တစ်လ တန်ချိန် လေးသန်း ဝယ်ရင် (၁၂)သန်းလောက် Dumping လုပ်ပေးထားမယ်။ ဈေးကလည်း Mops+ ပေါက်ဈေးအတိုင်းပဲချေ၊ တစ်ဝက်ကို ဒေါ်လာ၊ တစ်ဝက်ကို ကျပ်ငွေနဲ့ ပေးချေလို့ရတယ်။ လက်ရှိ ဆီသိုလှောင်ကန်သမားတွေနဲ့ဆီဆိုင်တွေ လုပ်ငန်း မထိခိုက် အောင်လို့လည်း သူတို့ရဲ့ Infra တွေကိုပဲသုံးပြီးဖြန့်ဝေပေးမယ်။ ဘယ်သူမှမထိခိုက်စေနိုင်ဘူး။ အကြွေး လည်းပေးမယ်။ ဈေးလည်းသက်သာရမယ်။ ဆီလည်း ပြတ်တာမျိုး မရှိတော့ဘူးလို့သွားတင်ပြခဲ့တာ”ဟု သီးခြား သတင်းရင်း မြစ်တစ်ဦးကလည်း NP News ကိုပြောသည်။ သို့သော်လည်း ထိုအစီအစဉ် မဖြစ်ခဲ့ ပါ။ အဆိုပါ တင်ပြသည့်အဖွဲ့ကို စီး/ကူး ဒုဝန်ကြီးဟောင်း ဦးညွန့်အောင်ဦးဆောင်သောအဖွဲ့က ချက်ချင်း တွေ့လိုသည် ဟုအကြောင်းပြန်ခဲ့ပြီး အသင့်ပြင်ထားစေခဲ့ဖူးသည်။ တွေ့ဆုံရှင်းပြရမည့်သတ်မှတ်ရက် မရောက်မီ တစ် ရက်အလို၌ မည်သို့မည်ပုံလုပ်လိုက်သည်မသိဘဲ အစီအစဉ်ပျက်ပြယ်သွားခဲ့ရဟုဆို သည်။ “ဒီလိုမျိုး တွေကို သူတို့က(စက်သုံးဆီသမားတွေက)အဝင်မခံ ဘူးဗျ။ သူတို့က ပြည်သူတွေဆီ ကနေ ရသလောက် အသားလှီးပြီးစားမယ့်သူတွေ၊ အခု အစိုးရကပြန် လျော်ခိုင်းမယ့်ကိစ္စမျိုးမှာ သူတို့ အသားကိုလည်း ပြန် လှီးသင့်တယ်။ လျော်ကြေးပြန်တောင်းတာအပြင် ကြိမ်ဒဏ်တွေပါ အဲဒီသူဌေးတွေ ကိုပေးရမှာ။ ကြိမ် ဒဏ်ရိုက်မယ့်အကြောင်းကိုလည်း ပြည်သူကို မီဒီယာကနေဖွင့်ချပြ။ သူတို့က ကျန်းမာ ရေးမကောင်းဘူးအ ကြောင်းပြရင် ကျန်းမာရေးစစ်ဆေး။ ရလဒ်အပေါ် မူတည်ပြီး တစ်ရက်ကို ကြိမ်ဒဏ် တစ်ချက်လောက် ရိုက်ပေးကြည့်လိုက်။ ဒီလူတွေ သူတို့လုပ်ခဲ့တာကို သူတို့ ပြန်ရှက်လာလိမ့်မယ် ” ဟု သတင်းရင်းမြစ်က ဖွင့်ဟသည်။
အစိုးရအရာရှိဝန်ထမ်းများ လာဘ်ပေးလာဘ်ယူ ကျူးလွန်ချိန်တွင် ထုတ်ပယ်ထောင်ချခြင်းများ လုပ်သကဲ့သို့ ပြည်သူလူထုထံမှ ငွေနှိုက်ယူခဲ့သော အဂတိ စီးပွားရေးသမားများကိုလည်း ပြင်းထန်သည့် ပြစ်ဒဏ်များပေးခြင်း၊ လုပ်ငန်းများကို ပိတ်သိမ်းစေပြီး အခြားသောလုပ်ငန်းရှင်အသစ်များကိုသာ နေရာ ပေးခြင်းမျိုးလုပ်ဆောင်သင့်ကြောင်း အခြားသော သတင်းရင်းမြစ်တစ်ဦးကလည်းဆိုသည်။ “ ဒီလူတွေ က အခုအရေးယူလို့ ငြိမ်သွားရင်ခဏပဲ။ နောင်တစ်ချိန်မှာ နောက်တစ်မျိုးနဲ့ ထပ်မလုပ်ဘူးလို့ မပြောနိုင် ဘူး။ နိုင်ငံတော်နဲ့ပြည်သူလူထုအပေါ်မှာ မဟုတ်မမှန်လုပ် ထားလို့ လျော်ရတာလေ။ ထောက်ထားညှာ တာမှုက အတိုင်း အတာတစ်ခုရောက်ရင်ရပ်သင့်ပြီ”ဟု သတင်းရင်း မြစ်ကပြောသည်။
စက်သုံးဆီလျော်ကြေးကိစ္စသည် ဤတွင် ပြီး မည်ဟုထင်ပါသလော။ ပြီးသင့်သည်ဟုယူဆပါ လျှင် မြန်မာတို့၏ အတေးအမှတ်မရှိ ခွင့်လွှတ်လွယ်ခြင်းကို ချီးကျူးရမည်ပင်။ ထို့အတူ နောက်တစ်ကြိမ် ပုံစံတစ်မျိုးဖြင့် မြန်မာပြည်သူလူထုနှင့် နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်းအလုပ်များကို စက်သုံး ဆီလောကသား လုပ်ငန်းရှင်အချို့က ထပ်မံမလုပ်ဟု ယတိပြတ်မပြောနိုင်။ ထို့အတွက်ကြောင့် ထိ ရောက် ပြတ်သားသောအရေးယူမှုများလုပ်ဆောင်ရန် လိုအပ်သည်ဟုယူဆသည်။ မည်သည့် စက်သုံး ဆီကုမ္ပဏီ နှင့်လုပ်ငန်းရှင်တို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကျိုးစီးပွားလက်ဝါးကြီးအုပ်မှုနှင့် သစ္စာ ဖောက်ဖျက်မှုလုပ်ဆောင်ခဲ့သည်ဆိုသည်ကို တိတိကျကျ ထုတ်ပြန်ကြေညာသင့်၏။ ထို့နောက် မည်သို့ အရေးယူဆောင်ရွက်မည်ဆိုသည်နှင့် အဆိုပါကျူး လွန်သူလုပ်ငန်းရှင်ဘက်မှ ကတိဝန်ခံချက် ကိုပါ လူသိရှင်ကြား ထပ်မံအသိပေးသင့်သည်။
လက်ရှိ နိုင်ငံတော်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အဂတိလိုက် စားမှုကို ကျောသားရင်သားမခွဲခြားဘဲအရေးယူရမည်ဟု မကြာသေးမီရက်ပိုင်းအတွင်းကပင် ကြွေးကြော် ထားသည်။ လက်ရှိနိုင်ငံတော်အကြီးအကဲဖြစ်နေသည့်အတွက် လက်ရှိမဟုတ်တော့သောကာလများကို လှမ်းမျှော်၍ ထောက်ထားညှာတာမှုများ လုပ်မလုပ်ကို မူမသိနိုင်ပေ။ လက်ရှိသည်လက်ရှိဖြစ်ပြီး လက်ရှိ မဟုတ်တော့သည့်ကာလများကို အငြိမ်းစားဗိုလ်ချုပ် မှူးကြီး ဦးသန်းရွှေလည်းရောက်ခဲ့သည်။ သမ္မတ (ငြိမ်း)ဦးသိန်းစိန်လည်း လက်ရှိမဟုတ်တော့ပေ။ လက်ရှိသည် လက်ရှိသာ ဖြစ်၏။ မြန်မာခေါင်းဆောင် အဆက်ဆက်သည် ထောက်ထားညှာတာမှု(အား) အလွန်ကောင်းသည်။ ပို၍ထောက်ထားရမည့်ပုဂ္ဂိုလ် ရှိ လျှင် ပို၍ကောင်းသည်။ ထောက်ထားသင့်သည်ကို ထောက်ထားခြင်းက ပြဿနာသိပ်မရှိလှသော်လည်း မထောက်ထားသင့်သည်ကိုထောက်ထားခြင်းသည် ပြဿနာရှိ၏။ အဂတိအမြစ်သည် အခြားမြေတွင် မြုပ်နေပါက နုတ်ရဲသော်လည်း မိမိပိုင်နယ်မြေ၌နစ်မြုပ်နေပါက လျှပ်စစ်မီးမရသောည၏လက ပို၍လှ သည်ဟု ကင်ပွန်းတပ်ချင်တပ်၍ ကဗျာဆန်နိုင်သည်။
နိုင်ငံတွင်း၌ အဂတိသည် နေရာအနှံ့ မည်မျှပျံ့ နှံ့နေမည်ဆိုသည်ကိုမသိနိုင်ပေ။ နိုင်ငံ့အကြီးအကဲ ၏အိမ်အဝန်းအဝိုင်းအတွင်း၌လည်း ပျံ့နှံ့နိုင်သကဲ့သို့ အခြားသော နယ်ပယ်အသီးသီးတွင် ပျံ့နှံ့နေနိုင် သည်။ သမိုင်းမှတ်ကျောက်တင်ခံရမည့် နိုင်ငံ့အ ကြီးအကဲများသည် ထိုအချက်ကို ပါးနပ်စွာကိုင်တွယ် ဖြေရှင်းရမည်လည်းဖြစ်သည်။ စက်သုံးဆီလုပ်ငန်းရှင် များထဲမှအချို့သည် ထောက်ထားသင့်သည်ဟု လက်ရှိအကြီးအကဲက ယူဆထား မထား မသိနိုင်ပေ။ ထောက်ထားသက်ညှာခဲ့ပါကလည်း အကြီးအကဲ ၏ဆုံးဖြတ်ချက်ကို မှားသည်ဟုပြောရန် မဝံ့။ မှန်သည်ဟု ထောက်ခံရန်မသင့်ဟုမှတ်ယူကာ ယုန်သူငယ် ကဲ့သို့ နှာစေးရန်သာရှိသည်။ စက်သုံးဆီလျော်ကြေးနှင့် ပတ်သက်၍ပြောနိုင်သည့်အချက်သည်ကား ဆီ ကိုင်မိသော ထိုလက်ပိုင်ရှင်များသည် ဆီပူလောင်ကြချေပြီ ဟုသာ။

Zawgyi Version:
ဘီလ်ံ(၅၀ဝ)ေက်ာ္ ေလ်ာ္ေၾကး သတ္မွတ္ရက္ႏွင့္ ဆီ ပူေလာင္ၾကသူမ်ား
မ်ိဳးမင္း (မက်ည္းလဟာ) (NP News) - ဒီဇင္ဘာ ၁၆
“ ဒီလူေတြ ဘီလ်ံ (၅၄၀)ေက်ာ္ ေလ်ာ္ရမယ္ဆို တာ နည္းေတာင္နည္းေသးတယ္”။
ထိုစကားသည္ စက္သုံးဆီတင္သြင္းေရာင္းခ်သူအခ်ိဳ႕ ႏိုင္ငံေတာ္ထံ ေလ်ာ္ေၾကးေပးရမည့္ ကိစၥ ႏွင့္ပတ္သက္၍ NP News ၏သတင္းရင္းျမစ္တစ္ဦးက ေျပာၾကားမႈျဖစ္သည္။
ယခုရက္သတၱပတ္အတြင္း စက္သုံးဆီသတင္းက ေမႊး၏။ ထြက္ေပၚခဲ့ေသာသတင္းမ်ားအရ မႏၲေလးအေျခစိုက္ ဦးဝင္းေဆြ၏ BOC ကုမၸဏီက ေငြက်ပ္ ဘီလ်ံ (၁၈၀)နီးပါး၊ Max Energy ကုမၸဏီက က်ပ္ဘီလ်ံ (၄၀)၊ ေဒါက္တာဝင္းျမင့္၏ ျမတ္ေမတၱာမြန္ ကုမၸဏီက က်ပ္ ဘီလ်ံ (၄၀)၊ ဦးခ်စ္ခိုင္၏ Den- ko ကုမၸဏီက က်ပ္ ဘီလ်ံ (၇၀)၊ Brighter Energy ကုမၸဏီက က်ပ္(၁၂) ဘီလ်ံ၊ Regency ကုမၸဏီ က က်ပ္ (၂၀) ဘီလ်ံ၊ Apex ကုမၸဏီက က်ပ္(၁၅)ဘီလ်ံ၊ Myanoil ကုမၸဏီက က်ပ္(၁၅) ဘီလ်ံႏွင့္ အျခား ေသာ စက္သုံးဆီကုမၸဏီအခ်ိဳ႕လည္း ႏိုင္ငံေတာ္ထံ နစ္နာေၾကး ျပန္သြင္းရမည္ဟုဆိုသည္။ မျဖစ္မေန ေနာက္ဆုံးထားျပန္သြင္းရမည့္ရက္အျဖစ္ (၂၀၂၆)ခုႏွစ္ ဇန္နဝါရီ(၂၆)ရက္ဟုသတ္မွတ္ထားေၾကာင္း ၾကားသိရသည္။
အဆိုပါ သတင္းမ်ားအတြက္ သတင္းမွန္ျပန္ၾကားေရးထံ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ဒီဇင္ ဘာလ (၁၄) အထိ ေျဖၾကားျခင္းမရွိသကဲ့သို႔ ျမန္မာႏိုင္ငံ စက္သုံးဆီတင္သြင္းေရာင္းခ်ျဖန႔္ျဖဴးေရး အ သင္းအတြင္းေရးမႉး ေဒါက္တာဝင္းျမင့္ (ျမတ္ေမတၱာမြန္)ထံသို႔ NP News က ဆက္သြယ္ ေမးျမန္းခဲ့ရာ တြင္လည္း ေျဖၾကား၍မရေၾကာင္း တုံ႔ျပန္ခဲ့သည္။
“အဲဒါေလးက နည္းနည္းေလးသိခ်င္တာမွာ နည္းနည္းေလးမွ ေျပာလို႔မရလို႔ပါ။ ကြၽန္ေတာ္တို႔က အဲဒီဟာကို သိပ္ၿပီးေတာ့ မက်ယ္ျပန႔္ေစခ်င္ဘူးေလ။ အခုမွ ေလ့လာေမးျမန္းစုံစမ္းတုန္းပဲရွိပါေသးတယ္။ သိပ္ၿပီးေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္မျဖစ္ေစခ်င္ဘူး။ ေျဖေပးလို႔မရဘူးေနာ္”ဟု ေဒါက္တာဝင္းျမင့္က NP News ကို ေျပာသည္။
လြန္ခဲ့ေသာ(၁၀)ရက္ခန႔္ကတည္းက စတင္ ထြက္ေပၚခဲ့သည့္ အဆိုပါသတင္းမ်ားအတြက္ NP News က သုံးဦးထက္မနည္းေသာ စီးပြားေရးလုပ္ငန္းရွင္မ်ားထံ အတြင္းက်က်စုံစမ္းေဖာ္ ထုတ္၍သိရွိ ထားမႈ၌ ထိုထက္ဆိုး႐ြားေသာျဖစ္ရပ္မ်ား စြာျဖစ္ေပၚေနသည္ဟုဆိုႏိုင္သည္။ “သိရသေလာက္ ျပန္ေလ်ာ္ ရမယ္ဆိုတဲ့ကိန္းဂဏန္းက ေနာက္ဆုံး (၁၀)လစာကိုပဲ ဦးတည္တြက္ခ်က္ၿပီး ျပန္ေလ်ာ္ခိုင္းထားတာလို႔ ၾကားတယ္။ (၂၀၂၂)အထိ ျပန္လိုက္မယ္ဆိုရင္ ထရီလ်ံခ်ီၿပီးေလ်ာ္သြားရႏိုင္ေျခရွိတယ္တဲ့။ ၿပီးေတာ့ သူ တို႔ေလ်ာ္ရမယ့္ေငြက အိမ္ၿခံေျမထဲကို စီးဝင္ၿပီးသြားေလာက္ၿပီလို႔ယူဆရတယ္”ဟု စီးပြားေရး ေလာကမွ သတင္းရင္းျမစ္တစ္ဦးက NP News ကိုေျပာ သည္။ စက္သုံးဆီကိစၥသာ လူသိမ်ားခဲ့ေသာ္လည္း ပဲ ေလာကႏွင့္ အျခားေသာ ပို႔ကုန္သြင္း ကုန္ေလာကသားမ်ားအၾကားတြင္လည္း မသမာမႈမ်ား ျဖစ္ေပၚခဲ့ ေၾကာင္း သတင္းရင္းျမစ္ကဆိုသည္။ စက္သုံးဆီအဂတိကိစၥ၏အစသည္ ေမာ္လၿမိဳင္ဘက္၌ စက္သုံးဆီ ျပတ္လတ္သည္ဆိုေသာသတင္းမ်ားမွ စတင္ျခင္းျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ဦးက အသိေပးခဲ့ၿပီး ကရင္လက္နက္ကိုင္အဖြဲ႕မ်ားထံ စက္သုံးဆီမ်ားကို တရားမဝင္ေရာင္းခ်မႈမ်ားရွိခဲ့သည္ဟုဆိုသည္။
ယင္းကိစၥအေပၚ စုံစမ္းစစ္ေဆးရာမွတစ္ဆင့္ MOPS+ Premium ေဈးႏႈန္းကို ျမႇင့္တင္ကစားထား ျခင္းမ်ိဳးပါ သတိထားမိသြားခဲ့သည္ဟုသိရၿပီး ေနာက္ဆက္တြဲအျဖစ္ စက္သုံးဆီတင္သြင္းသိုေလွာင္ ျဖန႔္ ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီ၏ ဦးေဆာင္သူ စြမ္းအင္ဒုဝန္ႀကီးႏွင့္အေပါင္းပါအခ်ိဳ႕လည္း စစ္ ေဆးအေရးယူျခင္းခံရသည္ဟုသိရသည္။
စက္သုံးဆီေဈးႏႈန္း အဆမတန္ျမင့္တက္လာျခင္းမ်ိဳးမျဖစ္ေစရန္ ႏိုင္ငံေတာ္တာဝန္ရွိသူမ်ားက ေဝဖန္ခံရမႈမ်ားၾကားမွ ျပည္ပပို႔ကုန္ရေငြကို တစ္ေဒၚလာ (၂၁၀ဝ)က်ပ္ျဖင့္ အဆင့္ဆင့္ျဖတ္ယူ၍ ဖန္တီး စီစဥ္ေပးခဲ့ေသာ္လည္း ရသင့္ရထိုက္သည့္ အျမတ္အစြန္းထက္ ဆီလုပ္ငန္းရွင္မ်ားက ပို၍ယူခဲ့ၾကသည္ ဟု စစ္ေဆးေပၚေပါက္ခဲ့ျခင္းမ်ိဳးျဖစ္၏။ “Terminal ေတြကေန ဆီဆိုင္ေတြကိုခ်ေပးတဲ့အခ်ိန္မွာ မေလ်ာ္ ကန္ေသာ အျမတ္တင္ထားမႈကိုေတြ႕ရွိျခင္းလို႔ ေျပာရင္ရပါတယ္။ အၾကမ္းဖ်င္းအားျဖင့္ (၂)ရာခိုင္ႏႈန္း အျမတ္တင္ရမယ့္ဟာမ်ိဳးမွာ (၄)ရာခိုင္ႏႈန္းေလာက္ အျမတ္တင္လိုက္တာမ်ိဳးေပါ့”ဟု လုပ္ငန္းရွင္ သတင္းရင္းျမစ္ကေျပာသည္။ က်ပ္ဘီလ်ံ(၅၄၀)ေက်ာ္ကို ဇန္ နဝါရီလ (၂၆)ရက္ေနာက္ဆုံးထား၍ ေပး ေလ်ာ္ျခင္း မရွိလွ်င္ ရာဇသတ္ႀကီးပုဒ္မ(၄၀၆)၊ ပုဒ္မ(၄၂၀)တို႔ ျဖင့္ စက္သုံးဆီလုပ္ငန္းရွင္မ်ားအား ႏိုင္ငံ ေတာ္က တရားစြဲသြားမည္ဟု ထပ္ဆင့္ၾကားသိရျပန္သည္။ အခ်ိဳ႕ေသာလုပ္ငန္းရွင္မ်ားကိုမူ ျပည္ပ ထြက္ ခြာခြင့္ပင္ ယာယီေစာင့္ၾကည့္ပိတ္ပင္ထားသည္ဟုဆိုသည္။ မဟုတ္လွ်င္ ထြက္ေျပးသြားမည္ကိုလည္း အစိုးရက စိုးရိမ္ပုံရ၏။
ထိုလုပ္ငန္းရွင္မ်ားအေပၚ အစိုးရ၏လုပ္ ရပ္ သည္ ျပင္းထန္သည္ဟုယူဆပါသေလာ။ အကယ္၍ ယူဆသည္ဆိုပါက ေနာက္ဆက္တြဲ အျခားေသာသ တင္းရင္းျမစ္မ်ား၏အသိေပးခ်က္ကို ဤသို႔ျမင္ရမည္ ျဖစ္သည္။ “အစိုးရကမိုက္မဲတာပဲ။ စက္သုံးဆီအတြက္ အဆဲအဆိုခံၿပီး ဒီလူေတြကို ေဒၚလာလည္း ထုတ္ ေရာင္းေပးလိုက္ေသးတယ္။ ဒီလူေတြက အဲဒီေဒၚလာ နဲ႔ပဲဝယ္ၿပီး ႏွစ္က်ပ္ကြက္ျပန္႐ိုက္တာ။ ဒီလူေတြ ဘီလ်ံ(၅၄၀)ေက်ာ္ေလ်ာ္ရမယ္ဆိုတာ နည္းေတာင္နည္း ေသးတယ္။ ဒီလူေတြအတြက္က အပ်င္းေျပ ေလာက္ပဲ ရွိမယ္။ ဘီလ်ံ(၅၀ဝ)ေက်ာ္ဆိုတာ ေဒၚလာနဲ႔တြက္ရင္ သန္း(၁၀ဝ)ေက်ာ္ပဲရွိတယ္။ ေျပာရရင္ ဆီသြင္းတာနဲ႔ ယွဥ္ရင္ တစ္လစာေလာက္ပဲရွိတယ္။ ဒီလူေတြကို ထုတ္ေရာင္းေပးေနတဲ့ေဒၚလာကို ငါးလစာေလာက္ ခဏရပ္ၿပီး ေရနံခ်က္စက္႐ုံတည္ရင္ ေဒၚလာ သန္း (၅၀ဝ)မကုန္ပါဘူးဗ်ာ။ ျပည္သူ လည္း ေဈးေပါေပါနဲ႔ သုံးခြင့္ရမယ္။ အစိုးရက ဒီလိုေလးစဥ္းစားဖို႔လိုတယ္ဗ်”ဟု အျခားေသာ စီးပြားေရး သတင္းရင္းျမစ္တစ္ဦး ကေျပာသည္။ ၎၏အဆိုအရ ဘီလ်ံ(၅၄၀) ေက်ာ္ အစား အစိုးရဘက္က က်ပ္ ဘီလ်ံ(၁၅၀)ခန႔္ျဖင့္ ၿပီး ျပတ္သြားေစသည္အထိ သက္ညႇာစဥ္းစားေပးရန္ပင္ ျပင္ဆင္ေနပုံရသည္ဟု သတင္းမ်ားၾကားရေၾကာင္းဆို သည္။ အကယ္၍ ထိုသတင္းမွန္ကန္ခဲ့ပါက အစိုးရ၏ စဥ္းစားပုံသည္ သက္ညႇာလြန္းေနၿပီး ေထာက္ထားစရာမ်ားရွိေနသေလာဟု ေတြးစရာလည္းရွိေနသည္။
ျမန္မာႏိုင္ငံတြင္ေရာင္းခ်ေပးေနေသာ စက္သုံးဆီေဈးႏႈန္းကို ႏိုင္ငံတကာႏွင့္ယွဥ္လွ်င္ သက္ သာေနေသးသည္ဟု အခ်ိဳ႕ကလည္းဝါဒျဖန႔္သည္။ အမွန္တကယ္ ဟုတ္မဟုတ္ကိုမူ အခ်က္အလက္ အခ်ိဳ႕ျဖင့္ႏႈိင္း ယွဥ္ျပလို၏။ “အီရန္မွာ ဆီတစ္လီတာကို ေဒၚလာ (၁၀)ဆင့္ပဲရွိတယ္။ ကမာၻမွာ ဆီထြက္ တဲ့အေရွ႕အလယ္ပိုင္းတို႔ ႐ုရွားတို႔ ဘာတို႔မွာ တန္ခ်ိန္ သန္းနဲ႔ခ်ီယူမယ္ဆိုရင္ တစ္တန္ကို ေဒၚလာ (၃၉၀) နဲ႔ရတယ္။ တစ္သန္းမဟုတ္ဘူး။ တန္ခ်ိန္ ေလးငါးသိန္းပဲယူမယ္ ဆိုရင္ေတာင္ (၄၃၀)နဲ႔ (၄၆၀)ၾကားမွာရ တယ္။ ထပ္ေလ်ာ့ဦး။ တန္ခ်ိန္ တစ္သိန္းေလာက္ပဲယူမယ္ဆိုရင္လည္း တစ္တန္ကို ေဒၚလာ(၅၀ဝ) ေလာက္နဲ႔ရႏိုင္ေသးတယ္။ သေဘၤာခေတြ၊ အခြန္ေတြအကုန္ေပါင္း ရင္ေတာင္ ေဒၚလာ(၅၀ဝ)နဲ႔ ဝယ္လာ ခဲ့ရင္ေတာင္ ျမန္ မာျပည္အေရာက္ ေဒၚလာ(၇၀ဝ)မရွိဘူး။ အခု ဆီ ဆိုင္ေတြေရာင္းေနတဲ့ႏႈန္းက တစ္ တန္ကို ေဒၚလာ (၈၅၀)ေလာက္က်သင့္ေနတယ္။ ဒီလူေတြ(ဆီဆိုင္ ပိုင္ရွင္ေတြ)က တစ္ေယာက္ခ်င္းစီ ေလွ်ာက္ဝယ္ေနတာမဟုတ္ဘူး။ ကုမၸဏီ(၁၀)ခုေလာက္ကစုၿပီး တန္ခ်ိန္ သန္းနဲ႔ခ်ီၿပီးဝယ္ၾကတာ။ တန္ ခ်ိန္ သန္းနဲ႔ခ်ီၿပီးစုဝယ္ၿပီးေတာ့မွ သူတို႔အခ်င္းခ်င္းျပန္ခြဲတာ။ BOC က ဘယ္ေလာက္၊ ျမတ္ေမတၱာမြန္က ဘယ္ေလာက္ေပါ့ဗ်ာ။ ဒီေကာင္ေတြ တစ္တန္ကို (၆၅၀) မက်ဘူးဗ်။ ေနာက္တစ္ခုက (၄၅)ရက္ အေႂကြး ေစာင့္ေပးတာေတာင္ရွိေသးတယ္ဗ်ာ။ အစိုးရက ဘာေၾကာင့္ လြတ္လြတ္လပ္လပ္ ယွဥ္ၿပိဳင္မႈနဲ႔ ဝယ္ခြင့္ မေပးသလဲ ” ဟု လုပ္ငန္းရွင္သတင္းရင္းျမစ္က NP News ကို ဖြင့္ဟ သည္။ ထူးျခားခ်က္အျဖစ္ ဒီဇင္ ဘာလ (၅) ရက္ေနာက္ပိုင္းမွစ၍ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ က်ပ္(၂၀ဝ)ေက်ာ္ ႐ုတ္တရက္ က်ဆင္း သြားသည္ကိုေတြ႕ရၿပီး ယင္းသည္ စက္သုံးဆီလုပ္ငန္းရွင္မ်ား ေလ်ာ္ေၾကးျပန္ေပးရမည္ဆိုေသာ သတင္း ထြက္လာသည့္ရက္သတၱပတ္ႏွင့္ တိုက္ဆိုင္ေနသည္။
အစိုးရက ဦးစားေပးအစီအစဥ္ျဖင့္ ေဒၚလာထုတ္ေရာင္းေပးျခင္းႏွင့္ အျခားေသာအစီအမံမ်ား ေၾကာင့္ အမွန္တကယ္ျဖစ္သင့္သည့္ေဈးသည္ မည္သည့္စက္သုံးဆီမဆို တစ္လီတာလွ်င္ တစ္ ေဒၚလာ (၂၁၀ဝ) က်ပ္ေအာက္တြင္သာျဖစ္သင့္သည္ဟုဆိုႏိုင္၏။ အီရန္တြင္ ဆီတစ္လီတာ ေဒၚလာ (၁၀) ဆင့္ သာရွိသည္။ (၁၀)ဆင့္ေပါင္း (၁၀)ႀကိမ္ျပည့္မွသာ တစ္ေဒၚလာဟု သတ္မွတ္ထားသျဖင့္ ျမန္မာ ျပည္ ေပါက္ေဈးသည္ က်ပ္(၂၁၀ဝ)ေအာက္မက်သင့္ဟု ထင္ပါသေလာ။ ျပည္ပပို႔ကုန္ရေငြ တစ္ေဒၚလာ (၂၁၀ဝ)က်ပ္ျဖင့္ ျဖတ္ယူ၍ စက္သုံးဆီအတြက္ ခြဲတမ္းေပးခဲ့ျခင္းသည္ စက္သုံးဆီ ေဈးက်ဆင္းေစေရး အတြက္ မဟုတ္လွ်င္ မည္သို႔ျဖစ္မည္နည္း။
စက္သုံးဆီေလာက အသင္းသားေခါင္းႀကီးပိုင္းမ်ားသည္ PPRD ဟုေခၚဆိုေသာ စြမ္းအင္ဒုဝန္ႀကီး ဦးေဆာင္သည့္ ႀကီးၾကပ္ေရးေကာ္မတီႏွင့္ လက္ဝါးခ်င္း႐ိုက္ထားမထား မေသခ်ာေပ။ အဘယ္ေၾကာင့္ ဆိုေသာ္ အျခားေသာ စက္သုံးဆီလုပ္ငန္းရွင္အသစ္မ်ား ကို ေနရာေပးျခင္းနည္းပါးမႈ သို႔မဟုတ္ အၿပီး တိုင္ အျပဳတ္ႏွံမႈမ်ားရွိေနခဲ့သည္ဆိုေသာသတင္းမ်ား ေၾကာင့္ ပင္။ ဒုဗိုလ္ခ်ဳပ္ႀကီးေဟာင္း မိုးျမင့္ထြန္း ဦးေဆာင္စဥ္ ကာလအတြင္းကျဖစ္၏။ “ဆီေတြဝယ္မရလို႔ တန္းစီ တိုးေနရတာမ်ိဳး၊ ေဈးႀကီးေနတာမ်ိဳး နစက တက္စဥ္ က တစ္ႏွစ္ေက်ာ္မွာျဖစ္ခဲ့တယ္ေလ။ အဲဒီတုန္းက ဒုဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း ဦးေဆာင္ စဥ္ေပါ့။ ႏိုင္ငံတ ကာဆီလုပ္ငန္းရွင္တစ္ဖြဲ႕ကတင္ျပဖူးတယ္။ ျမန္မာျပည္ထဲက ဘယ္ဆီသိုေလွာင္ကန္ မွာ Dumping လုပ္ေပးရမလဲ။ တစ္လ တစ္လ တန္ခ်ိန္ ေလးသန္း ဝယ္ရင္ (၁၂)သန္းေလာက္ Dumping လုပ္ေပးထားမယ္။ ေဈးကလည္း Mops+ ေပါက္ေဈးအတိုင္းပဲေခ်၊ တစ္ဝက္ကို ေဒၚလာ၊ တစ္ဝက္ကို က်ပ္ေငြနဲ႔ ေပးေခ်လို႔ရတယ္။ လက္ရွိ ဆီသိုေလွာင္ကန္သမားေတြနဲ႔ဆီဆိုင္ေတြ လုပ္ငန္း မထိခိုက္ ေအာင္လို႔လည္း သူတို႔ရဲ႕ Infra ေတြကိုပဲသုံးၿပီးျဖန႔္ေဝေပးမယ္။ ဘယ္သူမွမထိခိုက္ေစႏိုင္ဘူး။ အေႂကြး လည္းေပးမယ္။ ေဈးလည္းသက္သာရမယ္။ ဆီလည္း ျပတ္တာမ်ိဳး မရွိေတာ့ဘူးလို႔သြားတင္ျပခဲ့တာ”ဟု သီးျခား သတင္းရင္း ျမစ္တစ္ဦးကလည္း NP News ကိုေျပာသည္။ သို႔ေသာ္လည္း ထိုအစီအစဥ္ မျဖစ္ခဲ့ ပါ။ အဆိုပါ တင္ျပသည့္အဖြဲ႕ကို စီး/ကူး ဒုဝန္ႀကီးေဟာင္း ဦးၫြန႔္ေအာင္ဦးေဆာင္ေသာအဖြဲ႕က ခ်က္ခ်င္း ေတြ႕လိုသည္ ဟုအေၾကာင္းျပန္ခဲ့ၿပီး အသင့္ျပင္ထားေစခဲ့ဖူးသည္။ ေတြ႕ဆုံရွင္းျပရမည့္သတ္မွတ္ရက္ မေရာက္မီ တစ္ ရက္အလို၌ မည္သို႔မည္ပုံလုပ္လိုက္သည္မသိဘဲ အစီအစဥ္ပ်က္ျပယ္သြားခဲ့ရဟုဆို သည္။ “ဒီလိုမ်ိဳး ေတြကို သူတို႔က(စက္သုံးဆီသမားေတြက)အဝင္မခံ ဘူးဗ်။ သူတို႔က ျပည္သူေတြဆီ ကေန ရသေလာက္ အသားလွီးၿပီးစားမယ့္သူေတြ၊ အခု အစိုးရကျပန္ ေလ်ာ္ခိုင္းမယ့္ကိစၥမ်ိဳးမွာ သူတို႔ အသားကိုလည္း ျပန္ လွီးသင့္တယ္။ ေလ်ာ္ေၾကးျပန္ေတာင္းတာအျပင္ ႀကိမ္ဒဏ္ေတြပါ အဲဒီသူေဌးေတြ ကိုေပးရမွာ။ ႀကိမ္ ဒဏ္႐ိုက္မယ့္အေၾကာင္းကိုလည္း ျပည္သူကို မီဒီယာကေနဖြင့္ခ်ျပ။ သူတို႔က က်န္းမာ ေရးမေကာင္းဘူးအ ေၾကာင္းျပရင္ က်န္းမာေရးစစ္ေဆး။ ရလဒ္အေပၚ မူတည္ၿပီး တစ္ရက္ကို ႀကိမ္ဒဏ္ တစ္ခ်က္ေလာက္ ႐ိုက္ေပးၾကည့္လိုက္။ ဒီလူေတြ သူတို႔လုပ္ခဲ့တာကို သူတို႔ ျပန္ရွက္လာလိမ့္မယ္ ” ဟု သတင္းရင္းျမစ္က ဖြင့္ဟသည္။
အစိုးရအရာရွိဝန္ထမ္းမ်ား လာဘ္ေပးလာဘ္ယူ က်ဴးလြန္ခ်ိန္တြင္ ထုတ္ပယ္ေထာင္ခ်ျခင္းမ်ား လုပ္သကဲ့သို႔ ျပည္သူလူထုထံမွ ေငြႏႈိက္ယူခဲ့ေသာ အဂတိ စီးပြားေရးသမားမ်ားကိုလည္း ျပင္းထန္သည့္ ျပစ္ဒဏ္မ်ားေပးျခင္း၊ လုပ္ငန္းမ်ားကို ပိတ္သိမ္းေစၿပီး အျခားေသာလုပ္ငန္းရွင္အသစ္မ်ားကိုသာ ေနရာ ေပးျခင္းမ်ိဳးလုပ္ေဆာင္သင့္ေၾကာင္း အျခားေသာ သတင္းရင္းျမစ္တစ္ဦးကလည္းဆိုသည္။ “ ဒီလူေတြ က အခုအေရးယူလို႔ ၿငိမ္သြားရင္ခဏပဲ။ ေနာင္တစ္ခ်ိန္မွာ ေနာက္တစ္မ်ိဳးနဲ႔ ထပ္မလုပ္ဘူးလို႔ မေျပာႏိုင္ ဘူး။ ႏိုင္ငံေတာ္နဲ႔ျပည္သူလူထုအေပၚမွာ မဟုတ္မမွန္လုပ္ ထားလို႔ ေလ်ာ္ရတာေလ။ ေထာက္ထားညႇာ တာမႈက အတိုင္း အတာတစ္ခုေရာက္ရင္ရပ္သင့္ၿပီ”ဟု သတင္းရင္း ျမစ္ကေျပာသည္။
စက္သုံးဆီေလ်ာ္ေၾကးကိစၥသည္ ဤတြင္ ၿပီး မည္ဟုထင္ပါသေလာ။ ၿပီးသင့္သည္ဟုယူဆပါ လွ်င္ ျမန္မာတို႔၏ အေတးအမွတ္မရွိ ခြင့္လႊတ္လြယ္ျခင္းကို ခ်ီးက်ဴးရမည္ပင္။ ထို႔အတူ ေနာက္တစ္ႀကိမ္ ပုံစံတစ္မ်ိဳးျဖင့္ ျမန္မာျပည္သူလူထုႏွင့္ ႏိုင္ငံေတာ္အေပၚ သစၥာေဖာက္ဖ်က္ျခင္းအလုပ္မ်ားကို စက္သုံး ဆီေလာကသား လုပ္ငန္းရွင္အခ်ိဳ႕က ထပ္မံမလုပ္ဟု ယတိျပတ္မေျပာႏိုင္။ ထို႔အတြက္ေၾကာင့္ ထိ ေရာက္ ျပတ္သားေသာအေရးယူမႈမ်ားလုပ္ေဆာင္ရန္ လိုအပ္သည္ဟုယူဆသည္။ မည္သည့္ စက္သုံး ဆီကုမၸဏီ ႏွင့္လုပ္ငန္းရွင္တို႔သည္ စက္ဆုပ္႐ြံရွာဖြယ္ေကာင္းေသာ အက်ိဳးစီးပြားလက္ဝါးႀကီးအုပ္မႈႏွင့္ သစၥာ ေဖာက္ဖ်က္မႈလုပ္ေဆာင္ခဲ့သည္ဆိုသည္ကို တိတိက်က် ထုတ္ျပန္ေၾကညာသင့္၏။ ထို႔ေနာက္ မည္သို႔ အေရးယူေဆာင္႐ြက္မည္ဆိုသည္ႏွင့္ အဆိုပါက်ဴး လြန္သူလုပ္ငန္းရွင္ဘက္မွ ကတိဝန္ခံခ်က္ ကိုပါ လူသိရွင္ၾကား ထပ္မံအသိေပးသင့္သည္။
လက္ရွိ ႏိုင္ငံေတာ္အႀကီးအကဲျဖစ္သူ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကလည္း အဂတိလိုက္ စားမႈကို ေက်ာသားရင္သားမခြဲျခားဘဲအေရးယူရမည္ဟု မၾကာေသးမီရက္ပိုင္းအတြင္းကပင္ ေႂကြးေၾကာ္ ထားသည္။ လက္ရွိႏိုင္ငံေတာ္အႀကီးအကဲျဖစ္ေနသည့္အတြက္ လက္ရွိမဟုတ္ေတာ့ေသာကာလမ်ားကို လွမ္းေမွ်ာ္၍ ေထာက္ထားညႇာတာမႈမ်ား လုပ္မလုပ္ကို မူမသိႏိုင္ေပ။ လက္ရွိသည္လက္ရွိျဖစ္ၿပီး လက္ရွိ မဟုတ္ေတာ့သည့္ကာလမ်ားကို အၿငိမ္းစားဗိုလ္ခ်ဳပ္ မႉးႀကီး ဦးသန္းေ႐ႊလည္းေရာက္ခဲ့သည္။ သမၼတ (ၿငိမ္း)ဦးသိန္းစိန္လည္း လက္ရွိမဟုတ္ေတာ့ေပ။ လက္ရွိသည္ လက္ရွိသာ ျဖစ္၏။ ျမန္မာေခါင္းေဆာင္ အဆက္ဆက္သည္ ေထာက္ထားညႇာတာမႈ(အား) အလြန္ေကာင္းသည္။ ပို၍ေထာက္ထားရမည့္ပုဂၢိဳလ္ ရွိ လွ်င္ ပို၍ေကာင္းသည္။ ေထာက္ထားသင့္သည္ကို ေထာက္ထားျခင္းက ျပႆနာသိပ္မရွိလွေသာ္လည္း မေထာက္ထားသင့္သည္ကိုေထာက္ထားျခင္းသည္ ျပႆနာရွိ၏။ အဂတိအျမစ္သည္ အျခားေျမတြင္ ျမဳပ္ေနပါက ႏုတ္ရဲေသာ္လည္း မိမိပိုင္နယ္ေျမ၌နစ္ျမဳပ္ေနပါက လွ်ပ္စစ္မီးမရေသာည၏လက ပို၍လွ သည္ဟု ကင္ပြန္းတပ္ခ်င္တပ္၍ ကဗ်ာဆန္ႏိုင္သည္။
ႏိုင္ငံတြင္း၌ အဂတိသည္ ေနရာအႏွံ႔ မည္မွ်ပ်ံ႕ ႏွံ႔ေနမည္ဆိုသည္ကိုမသိႏိုင္ေပ။ ႏိုင္ငံ့အႀကီးအကဲ ၏အိမ္အဝန္းအဝိုင္းအတြင္း၌လည္း ပ်ံ႕ႏွံ႔ႏိုင္သကဲ့သို႔ အျခားေသာ နယ္ပယ္အသီးသီးတြင္ ပ်ံ႕ႏွံ႔ေနႏိုင္ သည္။ သမိုင္းမွတ္ေက်ာက္တင္ခံရမည့္ ႏိုင္ငံ့အ ႀကီးအကဲမ်ားသည္ ထိုအခ်က္ကို ပါးနပ္စြာကိုင္တြယ္ ေျဖရွင္းရမည္လည္းျဖစ္သည္။ စက္သုံးဆီလုပ္ငန္းရွင္ မ်ားထဲမွအခ်ိဳ႕သည္ ေထာက္ထားသင့္သည္ဟု လက္ရွိအႀကီးအကဲက ယူဆထား မထား မသိႏိုင္ေပ။ ေထာက္ထားသက္ညႇာခဲ့ပါကလည္း အႀကီးအကဲ ၏ဆုံးျဖတ္ခ်က္ကို မွားသည္ဟုေျပာရန္ မဝံ့။ မွန္သည္ဟု ေထာက္ခံရန္မသင့္ဟုမွတ္ယူကာ ယုန္သူငယ္ ကဲ့သို႔ ႏွာေစးရန္သာရွိသည္။ စက္သုံးဆီေလ်ာ္ေၾကးႏွင့္ ပတ္သက္၍ေျပာႏိုင္သည့္အခ်က္သည္ကား ဆီ ကိုင္မိေသာ ထိုလက္ပိုင္ရွင္မ်ားသည္ ဆီပူေလာင္ၾကေခ်ၿပီ ဟုသာ။