ဆီးရီးယားနိုင်ငံမှာ အစုလိုက်အပြုံလိုက်မြှုပ်နှံထားတဲ့သင်္ချိုင်းတစ်ခုကို ရှာဖွေတွေ့ရှိ

211

Pika (NP News) - ဒီဇင်ဘာလ ၁၈
ဆီးရီးယားနိုင်ငံ Idlib မြို့တောင်ပိုင်းက အစိုးရလုံခြုံရေးအဆောက်အဦးဟောင်းတစ်ခုအတွင်းမှာ အစုလိုက် အပြုံလိုက်မြှုပ်နှံထားတဲ့သင်္ချိုင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ (၂ဝ၁၉)ခုနှစ် သမ္မတဟောင်း ဘာရှာအာဆတ်အစိုးရက Idlib မြို့ကို ထိန်းချုပ်မှုမဆုံးရှုံးခင်အချိန်အထိ နိုင်ငံတော်လုံခြုံရေးဌာနချုပ်အဖြစ် ယခင်ကဆောင်ရွက်ခဲ့တဲ့အဆောက်အဦးအတွင်းမှာ ပြန်လည်မွမ်းမံပြုပြင်ရေးလုပ်ငန်းတွေ လုပ်ဆောင်စဉ်အချိန် အတွင်း ယခုလိုမျိုး အစုလိုက်အပြုံလိုက်မြှုပ်နှံထားတဲ့ သင်္ချိုင်းတစ်ခုကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆောက်လုပ်ရေးအလုပ်သမားတွေဟာ အဆောက်အဦးအောက်ခြေမှာ မြှုပ်နှံထားတဲ့အလောင်းတွေရဲ့ အကြွင်း အကျန်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် မွမ်းမံပြုပြင်ရေးလုပ်ငန်းတွေအားလုံးကို ချက်ချင်းရပ်တန့်ပစ်ခဲ့ရတယ်လို့ လည်း သိရပါတယ်။
သတင်းတွေအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နောက်ထပ်လုပ်ထုံးလုပ်နည်းတွေကို စောင့်ဆိုင်းနေပြီး အဲဒီနေရာကို ဝင်ရောက်ခွင့်ကို ပိတ်ဆို့ထားတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း တွေ့ရှိခဲ့တဲ့အလောင်းအရေအတွက် ဒါမှမဟုတ် အထောက်အထားတွေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ဒမတ်စကတ်မြို့ကို သိမ်းပိုက်ပြီး သမ္မတဟောင်းဘာရှာအာဆတ်ကို ရာထူးကနေဖြုတ်ချခဲ့ပြီးနောက်ပိုင်း ဆီးရီးယားနိုင်ငံတစ်ဝှမ်းမှာ အစုလိုက်အပြုံလိုက်မြှုပ်နှံထားတဲ့ သင်္ချိုင်း အနည်းဆုံး(၆၆)ခုကို ရှာဖွေတွေ့ရှိခဲ့တယ် လို့လည်း သိရပါတယ်။

Zawgyi Version:
ဆီးရီးယားႏိုင္ငံမွာ အစုလိုက္အၿပဳံလိုက္ျမႇဳပ္ႏွံထားတဲ့သခ်ႋဳင္းတစ္ခုကို ရွာေဖြေတြ႕ရွိ
Pika (NP News) - ဒီဇင္ဘာလ ၁၈
ဆီးရီးယားႏိုင္ငံ Idlib ၿမိဳ႕ေတာင္ပိုင္းက အစိုးရလုံၿခဳံေရးအေဆာက္အဦးေဟာင္းတစ္ခုအတြင္းမွာ အစုလိုက္ အၿပဳံလိုက္ျမႇဳပ္ႏွံထားတဲ့သခ်ႋဳင္းတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ (၂ဝ၁၉)ခုႏွစ္ သမၼတေဟာင္း ဘာရွာအာဆတ္အစိုးရက Idlib ၿမိဳ႕ကို ထိန္းခ်ဳပ္မႈမဆုံးရႈံးခင္အခ်ိန္အထိ ႏိုင္ငံေတာ္လုံၿခဳံေရးဌာနခ်ဳပ္အျဖစ္ ယခင္ကေဆာင္႐ြက္ခဲ့တဲ့အေဆာက္အဦးအတြင္းမွာ ျပန္လည္မြမ္းမံျပဳျပင္ေရးလုပ္ငန္းေတြ လုပ္ေဆာင္စဥ္အခ်ိန္ အတြင္း ယခုလိုမ်ိဳး အစုလိုက္အၿပဳံလိုက္ျမႇဳပ္ႏွံထားတဲ့ သခ်ႋဳင္းတစ္ခုကို ရွာေတြ႕ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ေဆာက္လုပ္ေရးအလုပ္သမားေတြဟာ အေဆာက္အဦးေအာက္ေျခမွာ ျမႇဳပ္ႏွံထားတဲ့အေလာင္းေတြရဲ႕ အႂကြင္း အက်န္ေတြကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ မြမ္းမံျပဳျပင္ေရးလုပ္ငန္းေတြအားလုံးကို ခ်က္ခ်င္းရပ္တန႔္ပစ္ခဲ့ရတယ္လို႔ လည္း သိရပါတယ္။
သတင္းေတြအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ ေနာက္ထပ္လုပ္ထုံးလုပ္နည္းေတြကို ေစာင့္ဆိုင္းေနၿပီး အဲဒီေနရာကို ဝင္ေရာက္ခြင့္ကို ပိတ္ဆို႔ထားတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ေတြ႕ရွိခဲ့တဲ့အေလာင္းအေရအတြက္ ဒါမွမဟုတ္ အေထာက္အထားေတြနဲ႔ပတ္သက္တဲ့အေသးစိတ္အခ်က္အလက္ေတြကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းမွာ လက္နက္ကိုင္တပ္ဖြဲ႕ေတြက ဒမတ္စကတ္ၿမိဳ႕ကို သိမ္းပိုက္ၿပီး သမၼတေဟာင္းဘာရွာအာဆတ္ကို ရာထူးကေနျဖဳတ္ခ်ခဲ့ၿပီးေနာက္ပိုင္း ဆီးရီးယားႏိုင္ငံတစ္ဝွမ္းမွာ အစုလိုက္အၿပဳံလိုက္ျမႇဳပ္ႏွံထားတဲ့ သခ်ႋဳင္း အနည္းဆုံး(၆၆)ခုကို ရွာေဖြေတြ႕ရွိခဲ့တယ္ လို႔လည္း သိရပါတယ္။