နိုင်ငံနှင့်တိုင်းရင်းသားပြည်သူအားလုံးအကျိုးထက် ကိုယ်ကျိုးအတ္တများ ရှေ့တန်းတင်နေခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခများ ရှည်ကြာနေ

 162

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၉

နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများ အားလုံးအကျိုးထက် ကျဉ်းမြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေကြခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများသည် ယနေ့ကာလအထိ ရှည်ကြာနေခြင်းဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(ဒီဇင်ဘာ ၁၉ ရက်) တွင် ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုအမွေဆိုးကြောင့် တိုင်းရင်းသားညီနောင်များအချင်းချင်း အထင်အမြင်လွဲမှားကာ ကရင်ပြည်နယ်အတွင်းတွင်လည်း လက်နက်ကိုင်ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သည်မှာ ယခုတိုင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
နိုင်ငံတော်အစိုးရအဆက်ဆက်အနေဖြင့် နိုင်ငံတော်ထာဝရငြိမ်းချမ်းရေးကို ကြိုးစားဆောင်ရွက်ခဲ့ကြသော်လည်း လွဲမှားသည့်အတွေးအခေါ်အယူအဆများနှင့် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများ အားလုံးအကျိုးထက် ကျဉ်းမြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေကြခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများသည် ယနေ့ကာလအထိ ရှည်ကြာနေခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့်လည်း မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် နိုင်ငံ၏ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးပြီး လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
သို့သော်လည်း အချို့မှာ အမှန်အတိုင်း ရှုမြင်ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ လမ်းမှားပေါ်၌ပင် လျှောက်လှမ်းနေဆဲဖြစ်နေကြရာ နိုင်ငံနှင့် ပြည်သူအကျိုးကို ရှေးရှုလျက် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းကြပါရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို ထာဝရကြိုဆိုလျက်ရှိပြီး အစဉ်အမြဲ တံခါးဖွင့်ထား ပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသိပေးပြောကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခက်အခဲများကြားမှ ပိုမိုကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဟူသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်နှင့်အညီ ရွေးကောက်ပွဲများ ‌အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးနှင့် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် တိုင်းရင်းသားပြည်သူအားလုံးကလည်း ရွေးကောက်ပွဲကြီး အောင်မြင်ရေး ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ပေးကြပါရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

Zawgyi Version:
ႏိုင္ငံႏွင့္တိုင္းရင္းသားျပည္သူအားလုံးအက်ိဳးထက္ ကိုယ္က်ိဳးအတၱမ်ား ေရွ႕တန္းတင္ေနျခင္းေၾကာင့္ လက္နက္ကိုင္ပဋိပကၡမ်ား ရွည္ၾကာေန
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၉
ႏိုင္ငံႏွင့္ တိုင္းရင္းသားျပည္သူမ်ား အားလုံးအက်ိဳးထက္ က်ဥ္းေျမာင္းသည့္ ကိုယ္က်ိဳးအတၱမ်ားကို ေရွ႕တန္းတင္ေနၾကျခင္းေၾကာင့္ လက္နက္ကိုင္ ပဋိပကၡမ်ားႏွင့္ ဆူပူအၾကမ္းဖက္မႈမ်ားသည္ ယေန႔ကာလအထိ ရွည္ၾကာေနျခင္းျဖစ္ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔(ဒီဇင္ဘာ ၁၉ ရက္) တြင္ က်ေရာက္ေသာ ကရင္အမ်ိဳးသားႏွစ္သစ္ကူးေန႔အခမ္းအနားသို႔ေပးပို႔သည့္သဝဏ္လႊာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
မိမိတို႔ႏိုင္ငံသည္ လြတ္လပ္ေရးရရွိၿပီးေနာက္ပိုင္း ကိုလိုနီနယ္ခ်ဲ႕တို႔၏ ေသြးခြဲအုပ္ခ်ဳပ္ခဲ့မႈအေမြဆိုးေၾကာင့္ တိုင္းရင္းသားညီေနာင္မ်ားအခ်င္းခ်င္း အထင္အျမင္လြဲမွားကာ ကရင္ျပည္နယ္အတြင္းတြင္လည္း လက္နက္ကိုင္ပဋိပကၡမ်ားျဖင့္ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားခဲ့သည္မွာ ယခုတိုင္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ႏိုင္ငံေတာ္အစိုးရအဆက္ဆက္အေနျဖင့္ ႏိုင္ငံေတာ္ထာဝရၿငိမ္းခ်မ္းေရးကို ႀကိဳးစားေဆာင္႐ြက္ခဲ့ၾကေသာ္လည္း လြဲမွားသည့္အေတြးအေခၚအယူအဆမ်ားႏွင့္ ႏိုင္ငံႏွင့္ တိုင္းရင္းသားျပည္သူမ်ား အားလုံးအက်ိဳးထက္ က်ဥ္းေျမာင္းသည့္ ကိုယ္က်ိဳးအတၱမ်ားကို ေရွ႕တန္းတင္ေနၾကျခင္းေၾကာင့္ လက္နက္ကိုင္ ပဋိပကၡမ်ားႏွင့္ ဆူပူအၾကမ္းဖက္မႈမ်ားသည္ ယေန႔ကာလအထိ ရွည္ၾကာေနျခင္းျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္လည္း မိဘျပည္သူတိုင္းရင္းသားမ်ား ဆင္းရဲဒုကၡမ်ိဳးစုံ ႀကဳံေတြ႕ေနရသည္မွာ ဝမ္းနည္းဖြယ္ရာ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ႏိုင္ငံေတာ္အစိုးရႏွင့္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံ၏ပကတိအႏွစ္သာရျဖစ္ေသာ ျပည္တြင္းၿငိမ္းခ်မ္းေရး ႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးရလဒ္မ်ား တည္ၿငိမ္မႈရွိေစေရးအတြက္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) ပါ သေဘာတူညီခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ် အေလးထားလုပ္ေဆာင္ခဲ့ရာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ပါဝင္လက္မွတ္ေရးထိုးၿပီး လက္တြဲပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
သို႔ေသာ္လည္း အခ်ိဳ႕မွာ အမွန္အတိုင္း ရႈျမင္ဆင္ျခင္သုံးသပ္ျခင္းမရွိဘဲ လမ္းမွားေပၚ၌ပင္ ေလွ်ာက္လွမ္းေနဆဲျဖစ္ေနၾကရာ ႏိုင္ငံႏွင့္ ျပည္သူအက်ိဳးကို ေရွးရႈလ်က္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းၾကပါရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့သည္။
ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးမႈကို ထာဝရႀကိဳဆိုလ်က္ရွိၿပီး အစဥ္အၿမဲ တံခါးဖြင့္ထား ပါေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အသိေပးေျပာၾကားခဲ့သည္။
ႏိုင္ငံေတာ္အေနျဖင့္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး အျပည့္အဝရွိလာေစရန္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို အခက္အခဲမ်ားၾကားမွ ပိုမိုႀကိဳးစားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ျပင္ “ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မ်ား ေအာင္ျမင္ၿပီး ျပည္သူလူထုတစ္ရပ္လုံး လိုလားေတာင့္တသည့္ ပါတီစုံဒီမိုကေရစီစနစ္ကို ေအာင္ျမင္စြာ ေလွ်ာက္လွမ္းႏိုင္ေရး ျပည္သူလူထု၏ ပူးေပါင္းပါဝင္မႈျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရး” ဟူသည့္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ၏ ဦးတည္ခ်က္ႏွင့္အညီ ေ႐ြးေကာက္ပြဲမ်ား ‌ေအာင္ျမင္စြာက်င္းပႏိုင္ေရး ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
လြတ္လပ္၍တရားမွ်တသည့္ ေ႐ြးေကာက္ပြဲ ျဖစ္ေစေရး၊ မဲေပးခြင့္ရွိသူတိုင္း မဲေပးႏိုင္ေရးႏွင့္ သိကၡာရွိသည့္ ေ႐ြးေကာက္ပြဲျဖစ္ေစေရး အေလးထားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္ တိုင္းရင္းသားျပည္သူအားလုံးကလည္း ေ႐ြးေကာက္ပြဲႀကီး ေအာင္ျမင္ေရး ဝိုင္းဝန္းပါဝင္ကူညီေဆာင္႐ြက္ေပးၾကပါရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့သည္။
==========
လာမည့္ ၂၀၂၆ ခုႏွစ္ ဆန္းပိုင္း အတြင္း အီးယူ ေဈးကြက္သို႔ ျမန္မာ့ဆန္ မ်ားတင္ပို႔သြားမည္
NP News ဒီဇင္ဘာ ၁၉
လာမည့္ ၂၀၂၆ ခုႏွစ္ ဆန္းပိုင္း အတြင္း အီးယူ ေဈးကြက္သို႔ ျမန္မာ့ဆန္မ်ား တင္ပို႔သြားရန္ရွိေၾကာင္း ျမန္မာႏိုင္ငံဆန္စပါး စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္းမွ သိရသည္။
" အီးယူႏိုင္ငံေတြကို ျမန္မာ့ဆန္ေတြ တင္ပို႔ေရာင္းခ်ဖို႔ စာခ်ဳပ္ေတြ ခ်ဳပ္ဆိုထားၿပီးျဖစ္ပါတယ္။ လာမယ့္ႏွစ္ ဇန္နဝါရီမွာေတာ့ အီးယူေဈးကြက္ကို 6.22 mm အ႐ြယ္အစား ေပါင္းဆန္အသြယ္နဲ႔ ၅ မွတ္ ဆန္ျဖဴေတြကိုတင္ပို႔သြားဖို႔ရွိပါတယ္လို႔ " ျမန္မာႏိုင္ငံဆန္စပါး စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း က ေျပာၾကားသည္။
ထို႔ေၾကာင့္ အထြက္ေကာင္း အသြယ္ဧည့္မထမ်ားကို ေႏြစပါးအတြက္ စိုက္ပ်ိဳးၾကရန္ တိုက္တြန္းေျပာၾကားထားသည္။
လက္ရွိအခ်ိန္၌ ေႏြစပါးအျဖစ္ ထြက္ရွိလာမည့္ ဧည့္မထအသြယ္ စပါးမ်ား ေရာင္းခ်မည့္ ေတာင္သူႀကီး မ်ားအတြက္ ေဈးကြက္မ်ား ရရွိလာျခင္းျဖစ္ေၾကာင္းသိရသည္။
ယခင္ ႏိုဝင္ဘာ အတြင္း ၅ မွတ္ႏွင့္ ၁၀ မွတ္ဆန္မ်ားကို တန္ခ်ိန္ (၈၁,၄၄၁) တန္ႏွင့္ေပါင္းဆန္ (၃,၄၀၃) တန္ တင္ပို႔ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ (MRF) မွ ထုတ္ျပန္သည့္ အခ်က္အလက္ေတြအရ သိရသည္။
ထိုအျပင္ ဆန္အဝယ္ တစ္ႏွစ္ပိတ္ထားသည့္ ဖိလစ္ပိုင္ႏိုင္ငံက လာမည့္ ဇန္နဝါရီ က စတင္ၿပီး ဆန္တင္သြင္းမႈအခြန္ ၂၀ ရာခိုင္ႏႈန္း ေပးသြင္းကာ ဆန္တင္ပို႔သည့္ ႏိုင္ငံေတြမ်ားထံမွ တန္ခ်ိန္ ၃ သန္း ဝယ္ယူသြားမည္ဟု အတည္ျပဳသတင္းမ်ားထြက္ေပၚေနသည္။

Related news

© 2021. All rights reserved.