မြန်မာလုပ်သားများ အခွင့်အရေးချိုး ဖောက်ခံရပါက အလုပ်သမားသံအရာရှိထံ အကူအညီတောင်းခံနိုင်

 266

Pearl (NP News) - ဒီဇင်ဘာ ၂ဝ

ထိုင်းနိုင်ငံ၊ စမုစခွန်ရှိ Asia Hats and Garment Co.,Ltd တွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမား ၂၀၁ ဦး ၏ Work Permit သက်တမ်းတိုးခြင်းကိစ္စရပ်များကို အလုပ်ရှင်မှ အကျိုးဆောင် (ထိုင်းလူမျိုးပွဲစား) ဖြစ်သူ ထံမှတစ်ဆင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲစားလက်အောက်တွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဝန်ထမ်းနှစ်ဦးသည် အလုပ်သမားများထံမှ Work Permit သက်တမ်းတိုးရန် ငွေကောက်ခံထားသော်လည်း လုပ်ငန်းစဉ်များ ပြီးစီးအောင်ဆောင်ရွက်မပေးဘဲ ထွက်ပြေးတိမ်းရှောင်နေပြီး ပွဲစားက အလုပ်သမားများထံမှ Work Permit သက်တမ်းတိုးရန်အတွက် ငွေထပ်မံ ကောက်ခံမည်ဟုဆိုကာ မပေးနိုင်ပါက အလုပ်မှ ထုတ်ပယ်မည်ဟု ဖိအားပေးလာပါသဖြင့် အလုပ်သမားများမှ ပြီးခဲ့သည့် (ဒီဇင်ဘာ ၁၄ ရက်) တွင် အလုပ်သမားသံအရာရှိရုံးသို့ လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အလုပ်သမားသံအရာရှိရုံးမှ ဒီဇင်ဘာ(၁၅)ရက်တွင် ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာနသို့ လိပ်မူ၍ အလုပ်သမားများအား အလုပ်မှ မတရားသဖြင့် ထုတ်ပယ်ခြင်းမခံရစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေး ရန် ကနဦးအနေဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ဒီဇင်ဘာ(၁၉)ရက်တွင် အလုပ်သမားသံအရာရှိမှ Asia Hats and Garment Co.,Ltd ၏ စက်ရုံသို့သွားရောက်၍ အလုပ်အကိုင်ဌာနမှ တာဝန်ရှိသူများ၊ အလုပ်သမားများ၊ ပွဲစားနှင့်စက်ရုံ HR Manager တို့နှင့်တွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ပြေလည်မှုရရှိခဲ့ပါသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရပါက အလုပ်သမား သံအရာရှိ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း တိကျစွာသတင်းပေး အကူအညီတောင်းခံတိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

Zawgyi Version:
ျမန္မာလုပ္သားမ်ား အခြင့္အေရးခ်ိဳး ေဖာက္ခံရပါက အလုပ္သမားသံအရာရွိထံ အကူအညီေတာင္းခံႏိုင္
Pearl (NP News) - ဒီဇင္ဘာ ၂ဝ
ထိုင္းႏိုင္ငံ၊ စမုစခြန္ရွိ Asia Hats and Garment Co.,Ltd တြင္ အလုပ္လုပ္ကိုင္လ်က္ရွိေသာ ျမန္မာအလုပ္သမား ၂၀၁ ဦး ၏ Work Permit သက္တမ္းတိုးျခင္းကိစၥရပ္မ်ားကို အလုပ္ရွင္မွ အက်ိဳးေဆာင္ (ထိုင္းလူမ်ိဳးပြဲစား) ျဖစ္သူ ထံမွတစ္ဆင့္ လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပြဲစားလက္ေအာက္တြင္ လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသား ဝန္ထမ္းႏွစ္ဦးသည္ အလုပ္သမားမ်ားထံမွ Work Permit သက္တမ္းတိုးရန္ ေငြေကာက္ခံထားေသာ္လည္း လုပ္ငန္းစဥ္မ်ား ၿပီးစီးေအာင္ေဆာင္႐ြက္မေပးဘဲ ထြက္ေျပးတိမ္းေရွာင္ေနၿပီး ပြဲစားက အလုပ္သမားမ်ားထံမွ Work Permit သက္တမ္းတိုးရန္အတြက္ ေငြထပ္မံ ေကာက္ခံမည္ဟုဆိုကာ မေပးႏိုင္ပါက အလုပ္မွ ထုတ္ပယ္မည္ဟု ဖိအားေပးလာပါသျဖင့္ အလုပ္သမားမ်ားမွ ၿပီးခဲ့သည့္ (ဒီဇင္ဘာ ၁၄ ရက္) တြင္ အလုပ္သမားသံအရာရွိ႐ုံးသို႔ လာေရာက္တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါကိစၥႏွင့္စပ္လ်ဥ္း၍ အလုပ္သမားသံအရာရွိ႐ုံးမွ ဒီဇင္ဘာ(၁၅)ရက္တြင္ ထိုင္းႏိုင္ငံ၊ အလုပ္အကိုင္ဌာနသို႔ လိပ္မူ၍ အလုပ္သမားမ်ားအား အလုပ္မွ မတရားသျဖင့္ ထုတ္ပယ္ျခင္းမခံရေစေရးအတြက္ ညႇိႏႈိင္းေဆာင္႐ြက္ေပး ရန္ ကနဦးအေနျဖင့္ အေၾကာင္းၾကားစာ ေပးပို႔ခဲ့ၿပီး ဒီဇင္ဘာ(၁၉)ရက္တြင္ အလုပ္သမားသံအရာရွိမွ Asia Hats and Garment Co.,Ltd ၏ စက္႐ုံသို႔သြားေရာက္၍ အလုပ္အကိုင္ဌာနမွ တာဝန္ရွိသူမ်ား၊ အလုပ္သမားမ်ား၊ ပြဲစားႏွင့္စက္႐ုံ HR Manager တို႔ႏွင့္ေတြ႕ဆုံၿပီး ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ရာ ေျပလည္မႈရရွိခဲ့ပါသည္။
ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေနျဖင့္ အလုပ္သမားအခြင့္အေရးမ်ား ခ်ိဳးေဖာက္ခံရပါက အလုပ္သမား သံအရာရွိ ဖုန္းနံပါတ္မ်ားသို႔ ႐ုံးခ်ိန္အတြင္း တိက်စြာသတင္းေပး အကူအညီေတာင္းခံတိုင္ၾကားႏိုင္ေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.