တပ်မတော်(ရေ)သည် သီးသန့်စီးပွားရေးဇုန်နှင့် ပင်လယ်ပြင် နယ်နိမိတ်တစ်လျှောက် စိုးမိုးနိုင်သည့် ရေတပ်အဖြစ် တက်လှမ်းခဲ့နိုင်ပြီဖြစ်

 3397

သန့်ဇင်(NP News)-ဒီဇင်ဘာ ၂၅

ယခင်က ပင်လယ်ပြင်စစ်ဆင်ရေးများကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ခဲ့သည့်ရေတပ်မှ ယခုအခါမှာ သီးသန့်စီးပွားရေးဇုန်နှင့် ပင်လယ်ပြင် နယ်နိမိတ်တစ်လျှောက် စိုးမိုးလှုပ်ရှားနိုင်သည့် ရေတပ်အဖြစ် တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(ဒီဇင်ဘာ ၂၄ရက်) နံနက်ပိုင်းက သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ် သီရိမဟာ ဇေယျ ကျော်ထင်ခန်းမ၌ ကျင်းပ သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော် (ရေ) ဖွဲ့စည်းတည်ထောင်မှု (၇၈) နှစ်မြောက် နှစ် ပတ်လည်နေ့ အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
တပ်မတော်(ရေ) ၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါက ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
မြန်မာ့ရေတပ်သည် ၁၂ ရာစု ပုဂံခေတ်ကတည်းကအစပြုခဲ့ပြီး ၁၈ ရာစု ကုန်းဘောင်ခေတ်တွင် ရာထူးဌာနန္တရ၊ ဂုဏ်ထူးအဆောင် အယောင်များဖြင့် စနစ်တကျဖွဲ့စည်းနိုင်ခဲ့သော်လည်း ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘဝရောက်ရှိခဲ့မှုနှင့်အတူ တိမ်မြုပ်ခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့နောက် ၁၉၄၀ ပြည့်နှစ်တွင် ဗမာ့အပျော်တမ်းအရန်ရေတပ် (BRNVR) ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၂ ခုနှစ် ဂျပန်တို့ မြန်မာနိုင်ငံ သိမ်းပိုက်စဉ် ဗမာ့အပျော်တမ်းအရန် ရေတပ်ကလည်း အိန္ဒိယကို အင်္ဂလိပ်တို့နှင့်အတူ တချို့တစ်ဝက်ပါသွားခဲ့ကာ ၁၉၄၂ ခုနှစ်၊ ဇွန်လ ၂ဝ ရက်တွင် ဗမာ့လွတ်လပ်ရေးရေတပ်မတော် (BIN) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့ပြီး နောက်လွတ်လပ်ရေးမရမီရက်ပိုင်းအလို ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေတွင် ဗမာ့အပျော်တမ်းအရန်ရေတပ်ကို “ဗမာ့ရေတပ်မတော် (Burma Navy)” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဘိုက ရေတပ်ဦးစီးချုပ်အဖြစ် အင်္ဂလိပ်တို့ထံမှ လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့ပြီး စတင်တည်ထောင်စဉ်က အရာရှိ (၇၅) ဦး၊ စစ်သည် (၅၀၀) ဦးနှင့် စတင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
စစ်ရေယာဉ်များအနေဖြင့် ဖရီဂိတ်စစ်ရေယာဉ် (မေယု)၊ မိုင်းရှင်းရေယာဉ် (၂) စီးနှင့် တိုက်ရေယာဉ် (၁၂ ) စီး၊ စစ်ရေယာဉ်စုစုပေါင်း (၁၅) စီးဖြင့် စတင်ခဲ့ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ယနေ့အချိန်တွင် ဖရီဂိတ်စစ်ရေယာဉ်ကြီးများအထိ ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်အသုံးပြုနိုင်ခဲ့ပြီး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေ ယာဉ်များအပါအဝင် ကုန်းရေနှစ်သွယ်စစ်ဆင်ရေးရေယာဉ်များကိုလည်း အင်အားဖြည့်တင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့သည်။

Zawgyi Version:
တပ္မေတာ္(ေရ)သည္ သီးသန႔္စီးပြားေရးဇုန္ႏွင့္ ပင္လယ္ျပင္ နယ္နိမိတ္တစ္ေလွ်ာက္ စိုးမိုးႏိုင္သည့္ ေရတပ္အျဖစ္ တက္လွမ္းခဲ့ႏိုင္ၿပီျဖစ္
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၂၅

ယခင္က ပင္လယ္ျပင္စစ္ဆင္ေရးမ်ားကို အကန႔္အသတ္ျဖင့္သာ ေဆာင္႐ြက္ႏိုင္ခဲ့သည့္ေရတပ္မွ ယခုအခါမွာ သီးသန႔္စီးပြားေရးဇုန္ႏွင့္ ပင္လယ္ျပင္ နယ္နိမိတ္တစ္ေလွ်ာက္ စိုးမိုးလႈပ္ရွားႏိုင္သည့္ ေရတပ္အျဖစ္ တက္လွမ္းလာႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔(ဒီဇင္ဘာ ၂၄ရက္) နံနက္ပိုင္းက သန္လ်င္တပ္နယ္၊ ေရတပ္ေလ့က်င့္ေရးဌာနခ်ဳပ္ သီရိမဟာ ေဇယ် ေက်ာ္ထင္ခန္းမ၌ က်င္းပ ေသာျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ တပ္မေတာ္ (ေရ) ဖြဲ႕စည္းတည္ေထာင္မႈ (၇၈) ႏွစ္ေျမာက္ ႏွစ္ ပတ္လည္ေန႔ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္(ေရ) ၏ သမိုင္းေၾကာင္းကို ျပန္ၾကည့္ပါက ေရွးျမန္မာမင္းမ်ား လက္ထက္ကတည္းက ဖြဲ႕စည္းေပၚေပါက္ခဲ့သည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ျမန္မာ့ေရတပ္သည္ ၁၂ ရာစု ပုဂံေခတ္ကတည္းကအစျပဳခဲ့ၿပီး ၁၈ ရာစု ကုန္းေဘာင္ေခတ္တြင္ ရာထူးဌာနႏၲရ၊ ဂုဏ္ထူးအေဆာင္ အေယာင္မ်ားျဖင့္ စနစ္တက်ဖြဲ႕စည္းႏိုင္ခဲ့ေသာ္လည္း ၁၈၈၅ ခုႏွစ္တြင္ အဂၤလိပ္လက္ေအာက္ သူ႔ကြၽန္ဘဝေရာက္ရွိခဲ့မႈႏွင့္အတူ တိမ္ျမဳပ္ခဲ့ရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ေနာက္ ၁၉၄၀ ျပည့္ႏွစ္တြင္ ဗမာ့အေပ်ာ္တမ္းအရန္ေရတပ္ (BRNVR) ကို စတင္ဖြဲ႕စည္းခဲ့ၿပီး ၁၉၄၂ ခုႏွစ္ ဂ်ပန္တို႔ ျမန္မာႏိုင္ငံ သိမ္းပိုက္စဥ္ ဗမာ့အေပ်ာ္တမ္းအရန္ ေရတပ္ကလည္း အိႏၵိယကို အဂၤလိပ္တို႔ႏွင့္အတူ တခ်ိဳ႕တစ္ဝက္ပါသြားခဲ့ကာ ၁၉၄၂ ခုႏွစ္၊ ဇြန္လ ၂ဝ ရက္တြင္ ဗမာ့လြတ္လပ္ေရးေရတပ္မေတာ္ (BIN) အျဖစ္ ေျပာင္းလဲဖြဲ႕စည္းခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ဒုတိယကမာၻစစ္အၿပီး အဂၤလိပ္တို႔ ျမန္မာႏိုင္ငံကို ျပန္လည္ထိန္းခ်ဳပ္လာႏိုင္ခဲ့ၿပီး ေနာက္လြတ္လပ္ေရးမရမီရက္ပိုင္းအလို ၁၉၄၇ ခုႏွစ္၊ ဒီဇင္ဘာလ ၂၄ ရက္ေနတြင္ ဗမာ့အေပ်ာ္တမ္းအရန္ေရတပ္ကို “ဗမာ့ေရတပ္မေတာ္ (Burma Navy)” အျဖစ္ ေျပာင္းလဲဖြဲ႕စည္းခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ဒုတိယဗိုလ္မႉးႀကီး ခင္ေမာင္ဘိုက ေရတပ္ဦးစီးခ်ဳပ္အျဖစ္ အဂၤလိပ္တို႔ထံမွ လႊဲေျပာင္းတာဝန္ထမ္းေဆာင္ခဲ့ၿပီး စတင္တည္ေထာင္စဥ္က အရာရွိ (၇၅) ဦး၊ စစ္သည္ (၅၀၀) ဦးႏွင့္ စတင္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
စစ္ေရယာဥ္မ်ားအေနျဖင့္ ဖရီဂိတ္စစ္ေရယာဥ္ (ေမယု)၊ မိုင္းရွင္းေရယာဥ္ (၂) စီးႏွင့္ တိုက္ေရယာဥ္ (၁၂ ) စီး၊ စစ္ေရယာဥ္စုစုေပါင္း (၁၅) စီးျဖင့္ စတင္ခဲ့ရျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ယေန႔အခ်ိန္တြင္ ဖရီဂိတ္စစ္ေရယာဥ္ႀကီးမ်ားအထိ ကိုယ္ပိုင္ဒီဇိုင္းေရးဆြဲတည္ေဆာက္အသုံးျပဳႏိုင္ခဲ့ၿပီး တိုက္ခိုက္ေရး ေရငုပ္သေဘၤာ စစ္ေရ ယာဥ္မ်ားအပါအဝင္ ကုန္းေရႏွစ္သြယ္စစ္ဆင္ေရးေရယာဥ္မ်ားကိုလည္း အင္အားျဖည့္တင္းႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.