မြစ်ဆုံစီမံကိန်း သည် ဆောင်ရွက်သင့်သည့် လုပ်ငန်းဟု ဒေါ်သက်သက်ခိုင်ပြော

 9936

Pearl (NP News) - ဒီဇင်ဘာ ၂၅

မြစ်ဆုံစီမံကိန်း သည် ဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၂၅ရက်) ၊ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၊ တိုင်းရင်းသားကျေးရွာ၊ ပြည်ထောင်စု ခန်းမ၌ ကျင်းပခဲ့သော ရန်ကုန်တိုင်း၊ တိုင်းလုံးကျွတ်လူထုတွေ့ဆုံပွဲ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲ၌ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးလုံလောက်စွာရရှိရန်လိုအပ်ပြီး မြန်မာနိုင်ငံ၏ လျှပ်စစ် ကဏ္ဍသည် အဓိက အားဖြင့် အရင်းအမြစ် (၄) ခုကို အခြေခံ၍လည်ပတ်နေပြီး အဆိုပါ အရင်းအမြစ် (၄) ခုအနက် ရေအားလျှပ်စစ်သည် ကုန်ကျစရိတ် ပိုမိုသက်သာကြောင်း ဒေါက်တာသက်သက်ခိုက်က ပြောသည်။

“ မြန်မာနိုင်ငံမှာက အကောင်းဆုံးကတော့ နေရောင်ခြည်သုံးလျှပ်စစ်စွမ်းအားရယ်၊ ရေအားလျှပ်စစ်ရယ်၊ ပြီးရင် LNG ။ အဲဒီထဲမှာမှ ဘယ်ဟာက အလုပ်အဖြစ်ဆုံးလဲဆိုရင် နည်းပညာလည်းရှိတယ်၊ စျေးလည်း သက်သာတာက ရေအားလျှပ်စစ်ဖြစ်ပါတယ်” ဟု ဒေါက်တာသက်သက်ခိုက်က ပြောသည်။

အလားတူ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ ဝာာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို တွက်ချက်ထားပြီး ဖြစ်နိုင်သည့်အတွက် ရေအားလျှပ်စစ် ထုတ်လုပ်သင့်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းလည်း ပြောသည်။

“အခုချိန်မှာ မြစ်ဆုံ လို့ပြောနေတာ။ မြစ်ဆုံမှာအကြီးကြီး ဆောက်မယ်ဆိုတာ မြန်မာနိုင်ငံမှာ အကြီးဆုံးဖြစ်ချင်ဖြစ်မယ်။ ဒီထက်ကြီးတဲ့ ဆည်တွေလည်း ကမ္ဘာမှာ အများကြီးရှိပါတယ်။ အမေရိကားမှာဆိုရင် Tourist Intrest Site တောင်မှ လုပ်ထားတာ။ ဒါကြောင့် မြစ်ဆုံစီမံကိန်းကလည်း ထည့်သွင်းစဉ်းစားသင့်တဲ့ Feasibility Study ဘယ်လိုတွေဆောင်ရွက်မှာလဲ ၊ သဘာဝပတ်ဝန်းကျင်ကို ဘယ်လို ထိခိုက်တာလဲ။ ဒါတွေလည်း သက်ဆိုင်ရာသူတွေ တွက်ထားပြီးသားဖြစ်ကောင်းဖြစ်မယ်။ ဒါကို သေချာလေ့လာပြီးတော့မှ ရေအားလျှပ်စစ် ထုတ်လုပ်သင့်တဲ့ ဆောင်ရွက်သင့်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်” ဟု ပြောသည်။

Zawgyi Version:
ျမစ္ဆုံစီမံကိန္း သည္ ေဆာင္႐ြက္သင့္သည့္ လုပ္ငန္းဟု ေဒၚသက္သက္ခိုင္ေျပာ
Pearl (NP News) - ဒီဇင္ဘာ ၂၅

ျမစ္ဆုံစီမံကိန္း သည္ ေဆာင္႐ြက္သင့္သည့္ လုပ္ငန္းျဖစ္ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠ႒ ေဒါက္တာ သက္သက္ခိုင္က ေျပာသည္။

ယေန႔ (ဒီဇင္ဘာ ၂၅ရက္) ၊ မနက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္ ၊ တိုင္းရင္းသားေက်း႐ြာ၊ ျပည္ေထာင္စု ခန္းမ၌ က်င္းပခဲ့ေသာ ရန္ကုန္တိုင္း၊ တိုင္းလုံးကြၽတ္လူထုေတြ႕ဆုံပြဲ၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေတြ႕ဆုံပြဲ၌ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လွ်ပ္စစ္မီးလုံေလာက္စြာရရွိရန္လိုအပ္ၿပီး ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္ က႑သည္ အဓိက အားျဖင့္ အရင္းအျမစ္ (၄) ခုကို အေျခခံ၍လည္ပတ္ေနၿပီး အဆိုပါ အရင္းအျမစ္ (၄) ခုအနက္ ေရအားလွ်ပ္စစ္သည္ ကုန္က်စရိတ္ ပိုမိုသက္သာေၾကာင္း ေဒါက္တာသက္သက္ခိုက္က ေျပာသည္။

“ ျမန္မာႏိုင္ငံမွာက အေကာင္းဆုံးကေတာ့ ေနေရာင္ျခည္သုံးလွ်ပ္စစ္စြမ္းအားရယ္၊ ေရအားလွ်ပ္စစ္ရယ္၊ ၿပီးရင္ LNG ။ အဲဒီထဲမွာမွ ဘယ္ဟာက အလုပ္အျဖစ္ဆုံးလဲဆိုရင္ နည္းပညာလည္းရွိတယ္၊ ေစ်းလည္း သက္သာတာက ေရအားလွ်ပ္စစ္ျဖစ္ပါတယ္” ဟု ေဒါက္တာသက္သက္ခိုက္က ေျပာသည္။

အလားတူ ျမစ္ဆုံစီမံကိန္းႏွင့္ ပတ္သက္၍လည္း သက္ဆိုင္ရာ ဝာာဝန္ရွိသူမ်ားအေနျဖင့္ လိုအပ္သည္မ်ားကို တြက္ခ်က္ထားၿပီး ျဖစ္ႏိုင္သည့္အတြက္ ေရအားလွ်ပ္စစ္ ထုတ္လုပ္သင့္သည့္ လုပ္ငန္းတစ္ခုျဖစ္ေၾကာင္းလည္း ေျပာသည္။

“အခုခ်ိန္မွာ ျမစ္ဆုံ လို႔ေျပာေနတာ။ ျမစ္ဆုံမွာအႀကီးႀကီး ေဆာက္မယ္ဆိုတာ ျမန္မာႏိုင္ငံမွာ အႀကီးဆုံးျဖစ္ခ်င္ျဖစ္မယ္။ ဒီထက္ႀကီးတဲ့ ဆည္ေတြလည္း ကမာၻမွာ အမ်ားႀကီးရွိပါတယ္။ အေမရိကားမွာဆိုရင္ Tourist Intrest Site ေတာင္မွ လုပ္ထားတာ။ ဒါေၾကာင့္ ျမစ္ဆုံစီမံကိန္းကလည္း ထည့္သြင္းစဥ္းစားသင့္တဲ့ Feasibility Study ဘယ္လိုေတြေဆာင္႐ြက္မွာလဲ ၊ သဘာဝပတ္ဝန္းက်င္ကို ဘယ္လို ထိခိုက္တာလဲ။ ဒါေတြလည္း သက္ဆိုင္ရာသူေတြ တြက္ထားၿပီးသားျဖစ္ေကာင္းျဖစ္မယ္။ ဒါကို ေသခ်ာေလ့လာၿပီးေတာ့မွ ေရအားလွ်ပ္စစ္ ထုတ္လုပ္သင့္တဲ့ ေဆာင္႐ြက္သင့္တဲ့လုပ္ငန္းတစ္ခုျဖစ္ပါတယ္” ဟု ေျပာသည္။

Related news

© 2021. All rights reserved.