နိုင်ငံကာကွယ်ရေးအသုံးစရိတ်ကို စံချိန်တင် တိုးမြှင့်ရန် ဂျပန်အစိုးရ ခွင့်ပြု

1738

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၈
မြောက်ကိုရီးယား၊ တရုတ်နိုင်ငံတို့နှင့် တင်းမာမှုများရှိနေချိန်တွင် ဂျပန်အစိုးရက နိုင်ငံကာ ကွယ်ရေး အသုံး စရိတ်ကို စံချိန်တင်တိုးမြှင့်ရန် ခွင့်ပြုပေးလိုက်ကြောင်းသိရသည်။ ဂျပန်အစိုးရသည် ဒီဇင်ဘာလ (၂၆) ရက်က လာမည့်နှစ်တွင် အသုံးပြုမည့် ကာကွယ်ရေးအသုံးစရိတ်နှင့်ပတ် သက်ပြီး ဆွေးနွေးခဲ့ရာ (၂၀၂၆) ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ (၅၈) ဘီလျံအထိ စံချိန်တင်သုံးစွဲရန်ခွင့်ပြုလိုက်ကြောင်း သိရသည်။
ဂျပန်အစိုးရသည် ဒရုန်းနှင့်ခရုစ်ဒုံး ကျည်များအပြင် တုံ့ပြန်တိုက်ခိုက်ရေးစွမ်းရည်ပိုင်း ပိုမို ကောင်းမွန်စေရန် အတွက် ကာကွယ်ရေးအသုံး စရိတ်ကို စံချိန်တင်သုံးစွဲရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် တာကိုင်ချီ ဦးဆောင်သော ဂျပန်အစိုးရအဖွဲ့သည် လက်ရှိအချိန်တွင် ကာကွယ်ရေးအသုံး စရိတ်တိုးမြှင့်သုံးစွဲရန် အမေရိကန် အစိုးရ၏ဖိအားပေးခြင်းများကို ရင်ဆိုင်ခဲ့ရပြီး လာမည့်မတ်လတွင်စတင်မည့် နိုင်ငံဘဏ္ဍာနှစ်အတွင်း ကာကွယ်ရေး အသုံးစရိတ်ကိုတိုးမြှင့်ရန် စီစဉ်လာခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် ၎င်းတို့၏ စစ်အင်အားကို ပိုမိုတောင့်တင်းခိုင်မာစေရန်အတွက် (၂၀၂၆) ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေး အစီအစဉ်များကို ပြန်လည်သုံးသပ်သွားမည်ဖြစ် ကြောင်းသိရသည်။ (၂၀၂၆) ခုနှစ်တွင် သုံးစွဲမည့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် (၂၀၂၅) ခုနှစ်နှင့်နှိုင်းယှဉ်လျှင် (၉ ဒသမ ၄) ရာခိုင်နှုန်း တိုး လာခဲ့ကြောင်းသိရသည်။
ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲ ခွင့်ရလိုက်သည့်အတွက် ဂျပန်ကာကွယ်ရေးဝန်ကြီး ဌာနသည် ဒုံးကျည် စွမ်းရည်ပိုင်း ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်ဖွယ်ရှိနေပြီး အကွာအဝေး (၁၀ဝဝ) ကီလိုမီတာ အထိရောက်ရှိ ပစ်ခတ်နိုင် မည့် Type-12 အမျိုးအစားဒုံးကျည်များကိုအသစ် ဝယ်ယူခြင်း၊ အဆင့်မြှင့်တင်ခြင်းများ လုပ်ဆောင်ဖွယ် ရှိနေကြောင်း သိရသည်။
ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ထဲတွင် ကမ်းရိုးတန်းကိုကာကွယ်ရန်အတွက် ရေအောက်သုံး ဒရုံးဖြစ် ဖွယ်ရှိနေသည်။ ဂျပန်နိုင်ငံ၏ လူဦးရေကျဆင်းခြင်းအပါအဝင် အသက်ကြီးသူ များပြားလာခြင်းများကြောင့် စစ်တပ်တွင် တာဝန် ထမ်းဆောင်မည့်သူ လျော့နည်းကျဆင်းလာဖွယ်ရှိ နေရာမောင်းသူမဲ့လက်နက်များကို မရှိမဖြစ်အသုံးပြုရမည် ဟု ဂျပန်အစိုးရက ယုံကြည်နေသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဗြိတိန်နိုင်ငံနှင့် ပူးပေါင်းပြီး တိုက်လေယာဉ်များ တည်ဆောက်ခြင်း၊ ဝယ်ယူခြင်းများလည်း ပိုမိုလုပ် ဆောင်ဖွယ်ရှိနေကြောင်းသိရသည်။ တာကိုင်ချီ ဦးဆောင်သော ဂျပန်အစိုးရအဖွဲ့သည် ကာကွယ် ရေးအသုံးစရိတ် ပိုမိုတိုးမြှင့်သုံးစွဲနိုင်ရန်အတွက် ဆေးလိပ်ခွန်နှင့် ကော်ပိုရေးရှင်းလုပ်ငန်းများကို အခွန်တိုးမြှင့် ကောက်ခံရန် စီစဉ်ခဲ့ကြောင်းသိရသည်။ ဂျပန်နိုင်ငံသည် (၂၀၂၅) ခုနှစ်အတွက် ကမ္ဘာစစ်အင်အား အတောင့်တင်း ဆုံးနိုင်ငံများစာ ရင်းထဲတွင် အဆင့် (၈)နေရာတွင် ရပ်တည်နေကြောင်း ဂလိုဘယ်ဖိုင်းယားပါဝါအဖွဲ့က ဖော်ပြထား သည်။

Zawgyi Version:
ႏိုင္ငံကာကြယ္ေရးအသုံးစရိတ္ကို စံခ်ိန္တင္ တိုးျမႇင့္ရန္ ဂ်ပန္အစိုးရ ခြင့္ျပဳ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၈
ေျမာက္ကိုရီးယား၊ တ႐ုတ္ႏိုင္ငံတို႔ႏွင့္ တင္းမာမႈမ်ားရွိေနခ်ိန္တြင္ ဂ်ပန္အစိုးရက ႏိုင္ငံကာ ကြယ္ေရး အသုံး စရိတ္ကို စံခ်ိန္တင္တိုးျမႇင့္ရန္ ခြင့္ျပဳေပးလိုက္ေၾကာင္းသိရသည္။ ဂ်ပန္အစိုးရသည္ ဒီဇင္ဘာလ (၂၆) ရက္က လာမည့္ႏွစ္တြင္ အသုံးျပဳမည့္ ကာကြယ္ေရးအသုံးစရိတ္ႏွင့္ပတ္ သက္ၿပီး ေဆြးေႏြးခဲ့ရာ (၂၀၂၆) ခုႏွစ္တြင္ ကာကြယ္ေရး အသုံးစရိတ္အျဖစ္ အေမရိကန္ေဒၚလာ (၅၈) ဘီလ်ံအထိ စံခ်ိန္တင္သုံးစြဲရန္ခြင့္ျပဳလိုက္ေၾကာင္း သိရသည္။
ဂ်ပန္အစိုးရသည္ ဒ႐ုန္းႏွင့္ခ႐ုစ္ဒုံး က်ည္မ်ားအျပင္ တုံ႔ျပန္တိုက္ခိုက္ေရးစြမ္းရည္ပိုင္း ပိုမို ေကာင္းမြန္ေစရန္ အတြက္ ကာကြယ္ေရးအသုံး စရိတ္ကို စံခ်ိန္တင္သုံးစြဲရန္ဆုံးျဖတ္လိုက္ျခင္းျဖစ္သည္။ ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီ ဦးေဆာင္ေသာ ဂ်ပန္အစိုးရအဖြဲ႕သည္ လက္ရွိအခ်ိန္တြင္ ကာကြယ္ေရးအသုံး စရိတ္တိုးျမႇင့္သုံးစြဲရန္ အေမရိကန္ အစိုးရ၏ဖိအားေပးျခင္းမ်ားကို ရင္ဆိုင္ခဲ့ရၿပီး လာမည့္မတ္လတြင္စတင္မည့္ ႏိုင္ငံဘ႑ာႏွစ္အတြင္း ကာကြယ္ေရး အသုံးစရိတ္ကိုတိုးျမႇင့္ရန္ စီစဥ္လာျခင္းျဖစ္သည္။
ဂ်ပန္ႏိုင္ငံသည္ ၎တို႔၏ စစ္အင္အားကို ပိုမိုေတာင့္တင္းခိုင္မာေစရန္အတြက္ (၂၀၂၆) ခုႏွစ္ ဒီဇင္ဘာလတြင္ ႏိုင္ငံလုံၿခဳံေရးႏွင့္ ကာကြယ္ေရး အစီအစဥ္မ်ားကို ျပန္လည္သုံးသပ္သြားမည္ျဖစ္ ေၾကာင္းသိရသည္။ (၂၀၂၆) ခုႏွစ္တြင္ သုံးစြဲမည့္ ဂ်ပန္ႏိုင္ငံ၏ ကာကြယ္ေရးအသုံးစရိတ္သည္ (၂၀၂၅) ခုႏွစ္ႏွင့္ႏႈိင္းယွဥ္လွ်င္ (၉ ဒသမ ၄) ရာခိုင္ႏႈန္း တိုး လာခဲ့ေၾကာင္းသိရသည္။
ကာကြယ္ေရးအသုံးစရိတ္ တိုးျမႇင့္သုံးစြဲ ခြင့္ရလိုက္သည့္အတြက္ ဂ်ပန္ကာကြယ္ေရးဝန္ႀကီး ဌာနသည္ ဒုံးက်ည္ စြမ္းရည္ပိုင္း ပိုမိုေကာင္းမြန္ေစရန္ လုပ္ေဆာင္ဖြယ္ရွိေနၿပီး အကြာအေဝး (၁၀ဝဝ) ကီလိုမီတာ အထိေရာက္ရွိ ပစ္ခတ္ႏိုင္ မည့္ Type-12 အမ်ိဳးအစားဒုံးက်ည္မ်ားကိုအသစ္ ဝယ္ယူျခင္း၊ အဆင့္ျမႇင့္တင္ျခင္းမ်ား လုပ္ေဆာင္ဖြယ္ ရွိေနေၾကာင္း သိရသည္။
ဂ်ပန္ႏိုင္ငံ၏ ကာကြယ္ေရးအသုံးစရိတ္ထဲတြင္ ကမ္း႐ိုးတန္းကိုကာကြယ္ရန္အတြက္ ေရေအာက္သုံး ဒ႐ုံးျဖစ္ ဖြယ္ရွိေနသည္။ ဂ်ပန္ႏိုင္ငံ၏ လူဦးေရက်ဆင္းျခင္းအပါအဝင္ အသက္ႀကီးသူ မ်ားျပားလာျခင္းမ်ားေၾကာင့္ စစ္တပ္တြင္ တာဝန္ ထမ္းေဆာင္မည့္သူ ေလ်ာ့နည္းက်ဆင္းလာဖြယ္ရွိ ေနရာေမာင္းသူမဲ့လက္နက္မ်ားကို မရွိမျဖစ္အသုံးျပဳရမည္ ဟု ဂ်ပန္အစိုးရက ယုံၾကည္ေနသည္။
ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ၿဗိတိန္ႏိုင္ငံႏွင့္ ပူးေပါင္းၿပီး တိုက္ေလယာဥ္မ်ား တည္ေဆာက္ျခင္း၊ ဝယ္ယူျခင္းမ်ားလည္း ပိုမိုလုပ္ ေဆာင္ဖြယ္ရွိေနေၾကာင္းသိရသည္။ တာကိုင္ခ်ီ ဦးေဆာင္ေသာ ဂ်ပန္အစိုးရအဖြဲ႕သည္ ကာကြယ္ ေရးအသုံးစရိတ္ ပိုမိုတိုးျမႇင့္သုံးစြဲႏိုင္ရန္အတြက္ ေဆးလိပ္ခြန္ႏွင့္ ေကာ္ပိုေရးရွင္းလုပ္ငန္းမ်ားကို အခြန္တိုးျမႇင့္ ေကာက္ခံရန္ စီစဥ္ခဲ့ေၾကာင္းသိရသည္။ ဂ်ပန္ႏိုင္ငံသည္ (၂၀၂၅) ခုႏွစ္အတြက္ ကမာၻစစ္အင္အား အေတာင့္တင္း ဆုံးႏိုင္ငံမ်ားစာ ရင္းထဲတြင္ အဆင့္ (၈)ေနရာတြင္ ရပ္တည္ေနေၾကာင္း ဂလိုဘယ္ဖိုင္းယားပါဝါအဖြဲ႕က ေဖာ္ျပထား သည္။