ဗြိတိန်ရဲ့လက်နက်တင်ပို့မှုက သမိုင်းတစ်လျှောက် စံချိန်တင်အမြင့်ဆုံးကိုရောက်ရှိ

 1834

Pika (NP News) – ဒီဇင်ဘာ ၂၉

(၂၀၂၅)ခုနှစ်အတွင်း ဗြိတိန်နိုင်ငံရဲ့လက်နက်တင်ပို့မှုဟာ သမိုင်းတစ်လျှောက် စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိခဲ့ တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံဟာ ယခုနှစ်အတွင်း အခြား နိုင်ငံတွေကို လက်နက်ရောင်းချမှုအတွက် အမေရိကန်ဒေါ်လာ(၂၇)သန်း ရရှိခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားခဲ့ပါတယ်။
ဗြိတိန်ကာကွယ်ရေးလုပ်ငန်းကနေ ထွက်ပေါ်လာတဲ့စီးပွားရေးလုပ်ငန်းအများစုဟာ ရုရှား-ယူကရိန်းပဋိပက္ခ အပြီးမှာ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ (၂ဝ၂၅) ခုနှစ်အတွင်း ဗြိတိန်ရဲ့ကာကွယ်ရေးဆိုင်ရာတင်ပို့မှုတွေ ကနေတစ်ဆင့် ရရှိခဲ့တဲ့ငွေပမာရဲ့ထက်ဝက်ခန့်ဟာ Type 26 ဖရီးဂိတ်သင်္ဘောအနည်းဆုံး(၅)စီး ထောက်ပံ့ပေးရ မယ့် နော်ဝေးနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ အမေရိကန်ဒေါ်လာ(၁၃ ဒသမ ၅) ဘီလျံတန်ဖိုးရှိ သဘောတူညီချက်ကနေ ရရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
နော်ဝေးနိုင်ငံနဲ့ ချုပ်ဆိုခဲ့တဲ့သဘောတူညီချက်ဟာ ဗြိတိန်က မြောက်အတ္တလန္တိတ်မှာ ရုရှားရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ပေါင်းစပ်ရေတပ်တွေကို ကောင်းမွန်တဲ့စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ပေးရာမှာ ပါဝင်ကူညီ ပေးနေတာကို ဆိုလိုတာဖြစ်တယ်လို့ ဗြိတိန်ရဲ့စက်မှုလုပ်ငန်းဝန်ကြီး လုခ်ပိုလာ့ဒ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ၿဗိတိန္ရဲ႕လက္နက္တင္ပို႔မႈက သမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္အျမင့္ဆုံးကိုေရာက္ရွိ
Pika (NP News) – ဒီဇင္ဘာ ၂၉
(၂၀၂၅)ခုႏွစ္အတြင္း ၿဗိတိန္ႏိုင္ငံရဲ႕လက္နက္တင္ပို႔မႈဟာ သမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္အျမင့္ဆုံးကို ေရာက္ရွိခဲ့ တယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ၿဗိတိန္ႏိုင္ငံဟာ ယခုႏွစ္အတြင္း အျခား ႏိုင္ငံေတြကို လက္နက္ေရာင္းခ်မႈအတြက္ အေမရိကန္ေဒၚလာ(၂၇)သန္း ရရွိခဲ့တယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး ဌာနက ေျပာၾကားခဲ့ပါတယ္။
ၿဗိတိန္ကာကြယ္ေရးလုပ္ငန္းကေန ထြက္ေပၚလာတဲ့စီးပြားေရးလုပ္ငန္းအမ်ားစုဟာ ႐ုရွား-ယူကရိန္းပဋိပကၡ အၿပီးမွာ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ (၂ဝ၂၅) ခုႏွစ္အတြင္း ၿဗိတိန္ရဲ႕ကာကြယ္ေရးဆိုင္ရာတင္ပို႔မႈေတြ ကေနတစ္ဆင့္ ရရွိခဲ့တဲ့ေငြပမာရဲ႕ထက္ဝက္ခန႔္ဟာ Type 26 ဖရီးဂိတ္သေဘၤာအနည္းဆုံး(၅)စီး ေထာက္ပံ့ေပးရ မယ့္ ေနာ္ေဝးႏိုင္ငံနဲ႔ ခ်ဳပ္ဆိုထားတဲ့ အေမရိကန္ေဒၚလာ(၁၃ ဒသမ ၅) ဘီလ်ံတန္ဖိုးရွိ သေဘာတူညီခ်က္ကေန ရရွိခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ေနာ္ေဝးႏိုင္ငံနဲ႔ ခ်ဳပ္ဆိုခဲ့တဲ့သေဘာတူညီခ်က္ဟာ ၿဗိတိန္က ေျမာက္အတၱလႏၲိတ္မွာ ႐ုရွားရဲ႕ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔အတြက္ ေပါင္းစပ္ေရတပ္ေတြကို ေကာင္းမြန္တဲ့စစ္လက္နက္ပစၥည္းေတြ တပ္ဆင္ေပးရာမွာ ပါဝင္ကူညီ ေပးေနတာကို ဆိုလိုတာျဖစ္တယ္လို႔ ၿဗိတိန္ရဲ႕စက္မႈလုပ္ငန္းဝန္ႀကီး လုခ္ပိုလာ့ဒ္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.