အီရန်ကို နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့အတွက် ဒေါ်နယ်ထရမ့်ကို အစ္စရေး တောင်းဆိုနိုင်ဖွယ်ရှိနေ

 1269

Pika (NP News) - ဒီဇင်ဘာ ၃၁
အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်စက်ရုံတွေကို စစ်ရေးတိုက်ခိုက်မှုအသစ်တွေလုပ်ဖို့အတွက် အတည်ပြုပေးဖို့ ဒါမှမဟုတ် တိုက်ခိုက်မှုတွေမှာ ပါဝင်ဖို့အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက တောင်းဆိုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
နေတန်ရာဟုနဲ့ဒေါ်နယ်ထရမ့်တို့ရဲ့တွေ့ဆုံမှုတစ်ခုမတိုင်ခင် Washington Post က ယခုလိုရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လတုန်းက အမေရိကန်နဲ့အစ္စရေးတို့ဟာ အီရန်ရဲ့နျူကလီးယားနေရာတွေကို ပစ်မှတ်ထား တဲ့ ပူးတွဲလေကြာင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
အီရန်က နျူကလီးယားလက်နက်တစ်ခု တည်ဆောက်နေတယ်ဆိုတဲ့သက်သေအထောက်အထားတွေကို အမေရိကန်ထောက်လှမ်းရေးနဲ့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီတို့က ရှာဖွေတွေ့ရှိတာမျိုး မရှိခဲ့ပေမယ့် လည်း အမေရိကန်နဲ့အစ္စရေးတို့က အီရန်ရဲ့နျူကလီးယားနေရာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံမှုအတွင်း အီရန်က ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို အလျင်အမြန် ပြန်လည် တည်ဆောက်နေတယ်ဆိုတဲ့အစ္စရေးထောက်လှမ်းရေးက အကြံပြုထားတဲ့အကြောင်းအရာကို နေတန်ရာဟုက အသိပေးနိုင်ဖွယ်ရှိနေတယ်လို့လည်း Washington Post က ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုအတွင်း အီရန်ရဲ့ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို နောက်ထပ်တိုက်ခိုက်မှုတစ်ခုအတွက် အမေရိကန်က မီးစိမ်းပြပေးဖို့ နေတန်ရာဟုက ကြိုးပမ်းနိုင်ဖွယ်ရှိနေတယ်လို့လည်း Washington Post က ရေးသားဖော်ပြခဲ့ပါတယ်။

Zawgyi Version:
အီရန္ကို ေနာက္ထပ္တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ေဒၚနယ္ထရမ့္ကို အစၥေရး ေတာင္းဆိုႏိုင္ဖြယ္ရွိေန
Pika (NP News) - ဒီဇင္ဘာ ၃၁
အီရန္ရဲ႕ ပဲ့ထိန္းဒုံးက်ည္စက္႐ုံေတြကို စစ္ေရးတိုက္ခိုက္မႈအသစ္ေတြလုပ္ဖို႔အတြက္ အတည္ျပဳေပးဖို႔ ဒါမွမဟုတ္ တိုက္ခိုက္မႈေတြမွာ ပါဝင္ဖို႔အတြက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ေတာင္းဆိုဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။
ေနတန္ရာဟုနဲ႔ေဒၚနယ္ထရမ့္တို႔ရဲ႕ေတြ႕ဆုံမႈတစ္ခုမတိုင္ခင္ Washington Post က ယခုလိုေရးသားေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ဇြန္လတုန္းက အေမရိကန္နဲ႔အစၥေရးတို႔ဟာ အီရန္ရဲ႕န်ဴကလီးယားေနရာေတြကို ပစ္မွတ္ထား တဲ့ ပူးတြဲေလၾကာင္းတိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။
အီရန္က န်ဴကလီးယားလက္နက္တစ္ခု တည္ေဆာက္ေနတယ္ဆိုတဲ့သက္ေသအေထာက္အထားေတြကို အေမရိကန္ေထာက္လွမ္းေရးနဲ႔ ႏိုင္ငံတကာအဏုျမဴစြမ္းအင္ေအဂ်င္စီတို႔က ရွာေဖြေတြ႕ရွိတာမ်ိဳး မရွိခဲ့ေပမယ့္ လည္း အေမရိကန္နဲ႔အစၥေရးတို႔က အီရန္ရဲ႕န်ဴကလီးယားေနရာေတြကို ဗုံးႀကဲတိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့ တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံမႈအတြင္း အီရန္က ပဲ့ထိန္းဒုံးက်ည္အစီအစဥ္ကို အလ်င္အျမန္ ျပန္လည္ တည္ေဆာက္ေနတယ္ဆိုတဲ့အစၥေရးေထာက္လွမ္းေရးက အႀကံျပဳထားတဲ့အေၾကာင္းအရာကို ေနတန္ရာဟုက အသိေပးႏိုင္ဖြယ္ရွိေနတယ္လို႔လည္း Washington Post က ေရးသားေဖာ္ျပခဲ့ပါတယ္။
အဲဒီေတြ႕ဆုံမႈအတြင္း အီရန္ရဲ႕ပဲ့ထိန္းဒုံးက်ည္အစီအစဥ္ကို ေနာက္ထပ္တိုက္ခိုက္မႈတစ္ခုအတြက္ အေမရိကန္က မီးစိမ္းျပေပးဖို႔ ေနတန္ရာဟုက ႀကိဳးပမ္းႏိုင္ဖြယ္ရွိေနတယ္လို႔လည္း Washington Post က ေရးသားေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.