ဗင်နီဇွဲလား မူးယစ်မှောင်ခိုသင်္ဘောတွေ ဆိုက်ကပ်ရာနေရာလို့ယူဆရတဲ့ဆိပ်ခံနေရာတစ်ခုကို အမေရိကန် တိုက်ခိုက်ဖျက်ဆီး

 810

Pika (NP News) - ဒီဇင်ဘာ ၃၁
ဗင်နီဇွဲလားမူးယစ်မှောင်ခိုသင်္ဘောတွေ ဆိုက်ကပ်ရာနေရာလို့ ယူဆရတဲ့ဆိပ်ခံနေရာတစ်ခုကို အမေရိကန်စစ်တပ် က တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့ပါ တယ်။ အဲဒီတိုက်ခိုက်မှုဟာ မူးယစ်ဆေးဝါးလမ်းကြောင်းတွေကို တိုက်ခိုက်ဖျက်ဆီးနေတဲ့ အမေရိကန်ရဲ့မူးယစ် ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုရဲ့ပထမဆုံးကုန်းတွင်းတိုက်ခိုက်မှုတစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
အမေရိကန်က ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုအပေါ်ဖိအားပေးမှုတွေကို အရှိန်မြှင့်တင်နေချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့အတည်ပြုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ဗင်နီဇွဲလားမူးယစ်မှောင်ခို သင်္ဘောတွေရဲ့ဆိုက်ကပ်ရာနေရာလို့ယူဆရတဲ့ဆိပ်ကမ်းနေရာတစ်ခုမှာ ကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါ တယ်။
အရင်တုန်းကတော့ ကျွန်တော်တို့က ပင်လယ်ပြင်မှာသွားလာနေတဲ့မူးယစ်မှောင်ခိုသင်္ဘောတွေကိုပဲ တိုက်ခိုက်ခဲ့ ပေမယ့် အခုတစ်ကြိမ်ကတော့ ဆိပ်ကမ်းတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေရာက မူးယစ်မှောင်ခိုမှုတွေလုပ်ဖို့ အတွက် အကောင်အထည်ဖော်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာ ဒါမှမဟုတ် အဲဒါက စစ်ဘက်ဆိုင်ရာစစ်ဆင်ရေး ဒါမှမဟုတ် စီအိုင်အေအဖွဲ့ရဲ့စစ်ဆင်ရေးတစ်ခုလားဆိုတဲ့အသေးစိတ်အချက်အလက်တွေကို‌တော့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
ဗင္နီဇြဲလား မူးယစ္ေမွာင္ခိုသေဘၤာေတြ ဆိုက္ကပ္ရာေနရာလို႔ယူဆရတဲ့ဆိပ္ခံေနရာတစ္ခုကို အေမရိကန္ တိုက္ခိုက္ဖ်က္ဆီး
Pika (NP News) - ဒီဇင္ဘာ ၃၁
ဗင္နီဇြဲလားမူးယစ္ေမွာင္ခိုသေဘၤာေတြ ဆိုက္ကပ္ရာေနရာလို႔ ယူဆရတဲ့ဆိပ္ခံေနရာတစ္ခုကို အေမရိကန္စစ္တပ္ က တိုက္ခိုက္ဖ်က္ဆီးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့ပါ တယ္။ အဲဒီတိုက္ခိုက္မႈဟာ မူးယစ္ေဆးဝါးလမ္းေၾကာင္းေတြကို တိုက္ခိုက္ဖ်က္ဆီးေနတဲ့ အေမရိကန္ရဲ႕မူးယစ္ ေဆးဝါးတိုက္ဖ်က္ေရးလႈပ္ရွားမႈရဲ႕ပထမဆုံးကုန္းတြင္းတိုက္ခိုက္မႈတစ္ခုျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။
အေမရိကန္က ဗင္နီဇြဲလားသမၼတ နီကိုလက္စ္မာဒူ႐ိုအေပၚဖိအားေပးမႈေတြကို အရွိန္ျမႇင့္တင္ေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ရဲ႕အတည္ျပဳခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “ဗင္နီဇြဲလားမူးယစ္ေမွာင္ခို သေဘၤာေတြရဲ႕ဆိုက္ကပ္ရာေနရာလို႔ယူဆရတဲ့ဆိပ္ကမ္းေနရာတစ္ခုမွာ ႀကီးမားတဲ့ေပါက္ကြဲမႈေတြျဖစ္ပြားခဲ့ပါ တယ္။
အရင္တုန္းကေတာ့ ကြၽန္ေတာ္တို႔က ပင္လယ္ျပင္မွာသြားလာေနတဲ့မူးယစ္ေမွာင္ခိုသေဘၤာေတြကိုပဲ တိုက္ခိုက္ခဲ့ ေပမယ့္ အခုတစ္ႀကိမ္ကေတာ့ ဆိပ္ကမ္းတစ္ခုကို တိုက္ခိုက္ခဲ့ပါတယ္။ အဲဒီေနရာက မူးယစ္ေမွာင္ခိုမႈေတြလုပ္ဖို႔ အတြက္ အေကာင္အထည္ေဖာ္တဲ့ေနရာတစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း တိုက္ခိုက္မႈျဖစ္ပြားတဲ့ေနရာ ဒါမွမဟုတ္ အဲဒါက စစ္ဘက္ဆိုင္ရာစစ္ဆင္ေရး ဒါမွမဟုတ္ စီအိုင္ေအအဖြဲ႕ရဲ႕စစ္ဆင္ေရးတစ္ခုလားဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကို‌ေတာ့ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.