မြစ်ဆုံကိုတူးဆွရာမှ ပိုပေါ့တို့ကို အရှင်လတ်လတ် ငုတ်တုတ်တွေ့ရခြင်း (ဘာသာပြန်ဆောင်းပါး)

 64639

Htay Oung (NP News) - ဇန်နဝါရီ ၁

ကမ္ဘာကြီးပူနွေးလာပြီး နိုင်ငံအသီးသီးမှာ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ်။ မုတ်သုံလေ ဝင်ထွက် မမှန်မှု၊ ရေကြီးရေလျှံနဲ့ မိုးခေါင်ရေရှားမှု၊ အပူလှိုင်း၊ အအေးလှိုင်း ကျရောက်မှုနဲ့ သဘာဝလွန် စူပါမုန်တိုင်းတွေ ဆက် တိုက်ဖြစ်နေတယ်။ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီးပူနွေးလာတာကြောင့်ဖြစ်ကြောင်း အားလုံး သိကြပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ ပထမအထုတ်လွှတ်ဆုံး တရုတ်နဲ့ တတိယအိန္ဒိယအကြားမှာတည်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်မှ မာမူတို့ဟာ အဲဒီသဘာဝဘေးတွေက နေလွတ်မြောက်လိုရင် သူ့နိုင်ငံကို ကမ္ဘာ့တခြားနေရာ ကိုရွှေ့သွားမှဖြစ်နိုင်ကြောင်း သိကြပါတယ်။ အဲဒါ ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် ဆည်ဆောက်လည်း သဘောမတူ-ကျောက်မီးသွေးလည်း ကန့်ကွက်၊ လေအားကိုလည်း ငြင်းပယ်နေလို့မရနိုင်တော့ကြောင်း နားလည်သူများပါတယ်။
စွမ်းအင်လိုအပ်မှုစစ်ပွဲမှာ လောလောဆယ် သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးဓာတ်အားပေးစက် ရုံတွေ တစ်ရုံပြီးတစ်ရုံတည်ဆောက်ခဲ့ပါတယ်။ အိန္ဒိယထံက ဓာတ်အားဝယ်သုံးတဲ့အပြင် ရုရှားအကူ အညီနဲ့ နျူကလီးယား စက်ရုံ (၂)ရုံ တည်ဆောက်နေပြီး မကြာခင်လည်ပတ်ပါတော့မယ်။ နိဂုံးချုပ်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးချင်းဝင်ငွေ ဟာ အိန္ဒိယကို ကျော်တက်သွားပါတယ်။ RMG အသင့်ချုပ်အထည် တင်ပို့မှုမှာ တရုတ်ပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး နိုင် ငံဖြစ်လာပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ (၂၀၂၂)ခုနှစ် နိုင်ငံသားတစ်ဦးချင်း လျှပ်စစ်သုံးစွဲနိုင်မှုဟာ (605 kWh/h) ရှိပြီး (၂၀၂၀)ပြည့်နှစ်တုန်းက (500 kWh/h) ခန့်ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်ထက် လူဦးရေ (၃)ဆနည်းပါးတဲ့ မြန်မာမှာ (၂၀၂၀)ပြည့်နှစ် နိုင်ငံသားတစ်ဦးချင်း လျှပ်စစ် သုံးစွဲနိုင်မှုဟာ (429 kWh/h) သာရှိပြီး တစ်နိုင်ငံလုံးနေပြည်သူများ မဟာဓာတ်အားလိုင်းနဲ့ချိတ် ဆက်နိုင်မှုဟာ (၅၄%) သာရှိပါတယ်။ ဓာတ်အားမလုံ လောက်မှုကြောင့် လူနေမှုအဆင့်အတန်းနဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့ရပါတယ်။ မလည်ပတ်နိုင်တဲ့စက်ရုံ အရေအတွက်များပြားလာတဲ့အတွက် အလုပ်အကိုင် ရှားပါးပြီး နိုင်ငံသား ကျား/မ အရွယ် ကောင်းလေးတွေဟာ သင့်တော်ရာတိုင်းပြည်မှာ ရွှေ့ပြောင်းအလုပ်သ မားအဖြစ်လုပ်ကိုင်ဖို့ မိသားစုနဲ့ မွေးဖွား ရာတိုင်းပြည် ကို စွန့်ခွာသွားနေကြပါတယ်။
ငွေကြေးအလိမ်ခံရခြင်း၊ လူကုန်ကူးခံရခြင်းနဲ့ လိင်အမြတ်ထုတ်ခံရခြင်းအပါအဝင် ခိုးကြောင်ခိုးဝှက် သွားလာ ရင်း မတော်တဆဖြစ် ရင်နင့်ဖွယ်သေဆုံးသ တင်းတွေကိုကြားသိနေရပါတယ်။ (၁၉၈၈)ခုနှစ် နောက်ပိုင်း မြို့ပြများ ကြီးထွားလာခြင်း၊ လူဦးရေတိုးပွားလာခြင်းကြောင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုဟာ တစ်နိုင်ငံလုံးရဲ့ နိစ္စဓူဝ ဒုက္ခကြီးဖြစ်နေပါတယ်။ လမ်းတံတားတွေကို အချိန်တိုအတွင်းတည်ဆောက် နိုင်ပေမယ့် လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအ ဆောက်အအုံတွေဟာ အချိန်ယူရပါတယ်။ မီးအလွန် ပျက်ပြီး ဓာတ်အားအပြည့်မရတဲ့ပြဿနာ သမ္မတ ဦးသိန်းစိန်လက်ထက်ရောက်မှ (၂၀၁၄)ခုနှစ်ခန့်မှာ အတော်အသင့်ပြေလည်သွားပါတယ်။ မီးပေးချိန်များ လာတဲ့အပြင် (၂၂၀)ဗို့အပြည့်ရလို့ မီးအားမြှင့်စက် တွေမလိုအပ်တော့ပါဘူး၊ ဒါပေမဲ့ လျှပ်စစ်ဓာတ်အား အများဆုံးထုတ်ယူနိုင်မယ့် မြစ်ဆုံစီမံကိန်းဟာ ကန့်ကွက်ခံရမှုတွေကြောင့် (၂၀၁၁)ခုနှစ်မှာရပ်ဆိုင်းခဲ့ပါတယ်။
အမေရိကန်စစ်တပ်ရဲ့ အီရတ်နိုင်ငံ စစ်ရာဇဝတ်မှုတွေကို အနံ့ခံဖော်ထုတ်ဖို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီက လင်တန်ရဲ့ အီးမေးလ်တွေကို ထိုးဖောက်ဝင် ရောက်တဲ့ ဝီကီလိခ်ဟာ မြန်မာနိုင်ငံ မြစ်ဆုံနဲ့ပတ်သက် တဲ့အချက် အလက်တွေကို မမျှော်လင့်ဘဲတွေ့ရှိခဲ့ပါ တယ်။ မြစ်ဆုံဟာ တရုတ်ရဲ့အကျိုးစီးပွားပါဝင်နေတဲ့အတွက် အများပြည်သူ ဝိုင်းဝန်းကန့်ကွက်ရေးကို မြန်မာတတ်သိပညာရှင်တွေ၊ လူသိများထင်ရှားသူတွေ၊ တက်ကြွလှုပ်ရှားသူများအား အမေရိ ကန်သံရုံးက အထောက်အပံ့ပေးညွှန်ကြားခဲ့ကြောင်း ဂါးဒီယန်း သတင်းစာ (30 September 2022)က ဖွင့်ချခဲ့ပါတယ်။
သူတို့ပါတီအာဏာရရင် မြစ်ဆုံစီမံကိန်း စာချုပ်ကို လူအများသိရအောင်ဖွင့်ချပြမယ်လို့ မဲဆွယ်ခဲ့တဲ့ NLD ဟာ ကိုယ်တိုင်အစိုးရဖြစ်တော့ မသိဟန်ဆောင်နေတဲ့အပြင် တရုတ်နဲ့ စာချုပ်ပေါင်း(၃၄)ခု ထပ်မံချုပ်ဆိုခဲ့ပါတယ်။ တည်ဆောက်ရေးထက် တော်လှန်ရေးအတွေ့အကြုံပိုမိုများပြားတဲ့ အရပ်သား အစိုးရဟာ သက်တမ်းတစ်လျှောက်လုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံ တစ်ရုံမှမတည်ဆောက်နိုင်ခဲ့ပါ။ မာန် အောင် အသေးစား ဆိုလာဓာတ်အားပေးစက်ရုံငယ် ဟာ (၂)နှစ်လောက်နဲ့ရပ်တန့်သွားပေမယ့် အရင်အစိုးရ မဟာဓာတ်အားလိုင်းမှ ကျေးရွာတချို့အရောက် တိုးချဲ့လိုင်းတွေ ဆွဲယူတဲ့အတွက် ဓာတ်အား လေလွင့်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ ဒီအတွက် ဓာတ်အားသုံးစွဲခဈေးနှုန်းတွေကို တိုးမြှင့်ကောက်ခံခဲ့ ရာ ယခင် (၃၅-၅၀)ကျပ်မှ ယူနစ် (၁၀ဝ)အထက် ကျပ် (၁၅၀)အထိ (၃)ဆခန့် တိုးမြှင့်ကောက်ခံခဲ့ပါ တယ်။ ဟုတ် မဟုတ် လူကြီးမင်းတို့အိမ်မှာရှိတဲ့ မီတာ စာရွက်ဟောင်းတွေကိုပြန်ကြည့်နိုင်ပါတယ်။
ဒါပေမဲ့ ကန့်ကွက်သူမရှိခဲ့ပါဘူး။ ယခင် မီးပျက်မီးမမှန်တိုင်း လမ်းမပေါ် လက်သီးလက်မောင်းတန်း ခဲ့ကြသူ တွေဟာ အဲဒီအချိန် လွှတ်တော်အမတ်တွေ အစိုးရဝန်ကြီးတွေဖြစ်ကုန်ကြလို့ပါ။ ဒီအကြောင်းရှင်း ပြတဲ့ “မြစ်ဆုံကို တားဆီးမနေသင့်တော့ပါ”နဲ့ “မြစ်ဆုံ စာချုပ်မှာဘာတွေပါသလဲ” ဆိုတဲ့ TikTok ပို့စ် (၂) ခုဟာ လွှင့်တင်ပြီး (၂၄)နာရီအတွင်း ဖတ်ရှုသူ (၄) သိန်းနဲ့ (၂)သိန်းကျော် အသီးသီးရှိခဲ့ပါတယ်။ Love react (၆)ထောင်ကျော် Share နဲ့ Reposted (၃၀ဝ) နီးပါးစီရှိခဲ့ပါတယ်။ ဒါဟာ Generation -X အိုဟောင်းကြီး ကျွန်တော်က Millennial Gen.Y, Gen.Z နဲ့ Gen. Alpha တွေအတွက် ဉာဏ်မီသလောက်အားထုတ်မှု “သတင်းလက်ဆောင်” အဖြစ် မှတ်ယူခွင့်ပြုစေလိုပါတယ်။ တစ်ဆက်တည်း အကြောင်းမဲ့ ကန့်ကွက်ရှုတ်ချသူတွေ၊ အချက်အလက် မှန်မသိဘဲ ဆင်ခြေပေးသူတွေကို ရှင်းပြ ခွင့်ပြုပါ။
ဆည်(Dam)ဆိုတိုင်း (၁) လျှပ်စစ်ထုတ်ဖို့ချည်း မဟုတ်၊ ရေကြီးရေလျှံလေ့ရှိတဲ့ (၂) ဒေသများမှာ နှစ် စဉ်ရေကြီးမှုမှကာကွယ်ရန် ရေထိန်းတမံ၊ ရေကာတာ သက်သက်များလည်းရှိပါတယ်။ (၃) မိုးနည်းရေရှား ဒေသများမှာ ရေသွင်းစိုက်ပျိုးဖို့အတွက် ဆည်ဆောက် တာလည်းရှိပါတယ်။ ဥပမာ မြေဩဇာကောင်းသော် လည်း မိုးနည်းမှုကြောင့် လူး၊ ဆပ်၊ ပြောင်း တို့ကိုသာ စားခဲ့ရတဲ့ စစ်ကိုင်းနယ်ဟာ “သဖန်းဆိပ်ဆည်” ကြောင့် နာမည်ကျော် “ရွှေဘိုပေါ်ဆန်း” နဲ့ ဆန်ချော၊ ဆန်ကောင်းများထွက်ရှိရာဒေသ ဖြစ်လာပါတယ်။ (၄) သောက်သုံးရေပေးဝေရန်တည်ဆောက်တဲ့ဆည် များလည်းရှိပြီး ရန်ကုန်မြို့ ကန်တော်ကြီးဟာ တောင် ကုန်းအမြင့်တွေကို ဆက်စပ်ဖန်တီးထားတဲ့ ဆည်ကြီး ဖြစ်ပါတယ်။ (၁၈၄၆-၁၈၅၂ ခုနှစ်) ပုဂံမင်းလက် ထက် ရန်ကုန်မြို့ဝန် ဦးအုပ်ရဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဖြစ်ပါတယ်။ (၅) ရာသီအလိုက် ရေဝေရေလဲ ထိန်း သိမ်းရေး (၆) ငါးမျိုးစိတ်များမွေးမြူရေး (၇) ခရီး သွားများကိုဆွဲဆောင်ရန်ဖြစ်စေ လမ်းပန်းဆက်သွယ် ရေးအတွက် တမင်တည်ဆောက်တဲ့ဆည်များလည်း ရှိပြီး အနီးဆုံး ထိုင်းနိုင်ငံမှာတွေ့နိုင်ပါတယ်။
(က)တရုတ်ဟာ ကမ္ဘာ့ဆည်အများဆုံး ပိုင်ဆိုင် တဲ့နိုင်ငံဖြစ်ပြီး အကြီးစားဆည် (၂၀,ဝဝဝ)ကျော် အပါအဝင် ဆည်ပေါင်း (၈၀,ဝဝဝ)ကျော်တည်ရှိပါတယ်။ (ခ)အမေရိကန်ဟာ အကြီးစားဆည် (၉,ဝဝဝ) ကျော်နဲ့ စုစုပေါင်း (၇၅,ဝဝဝ)ကျော် (ဂ) အိန္ဒိယ အကြီးစားဆည် (၄,ဝဝဝ)ကျော်နဲ့ စုစုပေါင်း (၅,ဝဝဝ) ကျော် (ဃ) ဂျပန် စုစုပေါင်း (၃,ဝဝဝ) ကျော် (င) ဘရာဇီး စုစုပေါင်း (၁,၃၀ဝ) ကျော် ပိုင်ဆိုင်ကြပါတယ်။ အဲဒီတိုင်းပြည်တွေ ဖွံ့ဖြိုးတိုးတက်နေခြင်းကို ကြည့် လျှင် “ဆည်ဆောက်လျှင် မြစ်များတိမ်ကောပြီး၊ ချောင်းတွေ မြောင်းဖြစ်လိမ့်မယ်”ဆိုတာ မမှန်ကန်ကြောင်း ထင်ရှားပါ တယ်။
ဆည်ကျိုးပြီး ရေကြီးရေလျှံတယ်ဆိုတာ ရှိတတ်ပါတယ်။ ပုံမှန်ထက် အဆမတန်မိုးသည်းထန်မှု၊ သက်တမ်း အိုမင်းမှု၊ ပြုပြင်ထိန်းသိမ်းရေးညံ့ဖျင်းမှု စတာတို့ကြောင့် ဆည်ကျိုးတတ်ပါတယ်။ ဒါပေမဲ့ လူ့ သမိုင်းတစ်လျှောက် မတော်တဆမှုကြောင့်ကျိုးပေါက် ခဲ့ရတဲ့ဆည်အရေအတွက်ဟာ ဆည်စုစုပေါင်းရဲ့ (ဝ.၅- ၁%) အောက်သာရှိပါတယ်။ မကြာသေးခင် ထိုင်းနိုင်ငံ ဆင်ဘူရီခရိုင် ဘူရီဒေသရွာ(၃)ရွာ ရေနစ် မြုပ်သွားရခြင်းဟာ ရေထိန်းအမျိုးအစားဆည်မှ တာ တမံတစ်ဖက်ကျိုးပျက်ခြင်းကြောင့်ဖြစ်ကြောင်း သိရပါ တယ်။ အလွန်ရှားပါးတဲ့ဖြစ်စဉ်ပါ။
ဘာ့ကြောင့်လဲဆိုတော့ ဆည်တစ်ခု မတည်ဆောက်ခင်ကတည်းက အဲဒီဒေသရဲ့ ရေမြေသဘာဝနဲ့ ရေလက်ခံ နိုင်တဲ့ပမာဏကို ထည့်သွင်းတွက်ချက် ထားခြင်းကြောင့် ဖြစ်ပါတယ်။ မြေငလျင်လှုပ်တတ်တဲ့ ဒေသဖြစ်ရင်လည်း အမြင့်ဆုံးဖြစ်နိုင်တဲ့ပြင်းအားကို ခံနိုင်အောင် တည်ဆောက်လေ့ရှိပါတယ်။ ဆည်က ရေတံခါးကျိုးကျတယ်၊ ဖောက်ချ တယ်ဆိုတဲ့ အရပ်သားစကား စွပ်စွဲချက်တွေလည်းရှိပါတယ်။ တကယ်တော့ ဆည်တိုင်းလိုလိုဟာ သူတို့လက်ခံနိုင်တဲ့ အမြင့် ဆုံးရေပမာဏမရောက်မီ နောက်ထပ် ဝင်လာသမျှရေတွေကို Spillway “ရေပိုလွှဲပေါက်”မှ အလိုအလျောက် စီးထွက်စေပါတယ်။ တကယ်လို့ ထပ်ကာ ထပ်ကာစီးဝင်နေပြီး ဆည်ကိုထိခိုက်အောင်ဖြစ်လာခဲ့ ရင် ရေပိုလွှဲတံခါးတွေကို လိုအပ်သလောက်ဖွင့်ချပေးပါတယ်။ ဖွင့်တော့မှာဖြစ်ကြောင်း ဆည်အောက်ပိုင်း လူနေမြို့ရွာတွေကို ကြိုတင် သတိပေး လေ့ရှိပါတယ်။
ဧရာဝတီကို ဒီအတိုင်းထားမယ်ဆိုသူတွေကို လူကြီးမင်းတို့ဟာ ဖယောင်းတိုင်နဲ့ နေသွားနိုင်သလား မေးခွန်း ထုတ်ရပါလိမ့်မယ်။ နေနိုင်တယ်ဆိုရင်တောင် မီးဘေးအန္တရာယ်ကြောက်ကြလို့ ရွာပြင်ထွက်ရပါလိမ့်မယ်။ နောက် ချင်းတွင်းနဲ့ ဧရာဝတီမြစ်အထက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ င်္ဏီ တွေက စည်းကမ်းမဲ့ရွှေတူးနေကြပြီး မြစ်ရေဟာ ပုံမှန်ထက် (၄)ဆကျော် ပြဒါးဆိပ်သင့်နေတာကို နှုတ်ဆိတ်မနေ ဖို့တိုက်တွန်းချင်ပါတယ်။ အဲဒီအဆိပ်သင့်ရေ တွေဟာ အောက်မြန်မာပြည် စပါးကျီ ဧရာဝတီတိုင်းအတွင်း စီးဝင်ပြီး မိတ်ဆွေတို့ကျွန်တော်တို့ရဲ့ ထမင်းပန်းကန် ထဲရောက်လာပါတော့မယ်။
မြန်မာပြည်တစ်ဝန်း ဆည်+တမံ (၆၃)ခုဟာ ရေကြီးရေလျှံကြောင့် စိုးရိမ်ရဖွယ်ရှိကြောင်း ပြည်ပသု တေသန အစီရင်ခံစာတွေမှာဖတ်ရပါတယ်။ အဲဒီလို ဖြစ်ရခြင်းဟာ (၂၀၂၁)ခုနှစ်နောက်ပိုင်း လုံခြုံရေး ပျက်ပြားသွားတဲ့ နယ်မြေတွေမှာ PDF တွေ၊ တိုင်းရင်း သားလက်နက်ကိုင်တွေက အလွန်အကျွံသစ်ခုတ်လှဲ မှု၊ မြေရှားနဲ့ရွှေ-သတ္တုတူးတာ တို့ကြောင့် ထွက်လာ တဲ့မြေစာတွေကနေ မြစ်ချောင်းတွေကောလာလို့ဖြစ်ပါ တယ်။
ဆိုတော့ကာ နိုင်ငံအတွက် အသည်းအသန်လို အပ်နေတဲ့လျှပ်စစ်ရရှိဖို့နဲ့ မြစ်ကြောင်းတွေထိန်းသိမ်း ရာရောက်တဲ့ ဆည်ကိုကန့်ကွက်ပြီး မြစ်ချောင်းတွေကို ဖျက်ဆီးရာရောက်တဲ့လုပ်ရပ်တွေကို နှုတ်ဆိတ်နေ ခြင်းမှာ မသင့် တော်ပါဘူး၊ ငါတို့လုပ်ရင် အမှန်၊ သူများလုပ်ရင် အမှား၊ ကိုယ်မသိ Óဏ်မမီလို့ ချောင် ပိတ်မိသွားတဲ့အခါ “ထမင်းပြောင်းစား” ဖို့ လက်သုံး စကားနဲ့ ဆင်ဝှေ့ရန်ရှောင်လုပ်ရာ ရောက်ပါတယ်။
လက်ရှိ ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲမှာ ဖနွမ်းပင် ဘက်က မရှုမလှအရေးနိမ့်နေကြောင်း အားလုံးသိကြ ပါတယ်။ အတိတ်ကာလ အရှေ့တောင်အာရှမှာ မြန်မာပြီးရင် ဒုတိယမြောက်အကျယ်ဝန်းဆုံး အင်ပါယာ ကိုထူထောင်နိုင်ခဲ့သူ ခမာတို့ရဲ့ လက်ရှိနိုင်ငံဟာ မြန်မာရဲ့ (၄)ပုံ(၁)ပုံသာရှိပါတော့တယ်။ လူဦးရေမှာ လည်း (၃)ဆခန့်နည်းနေပါတယ်။ ဘာကြောင့်ဖြစ်ပါ သလဲ။ (၁၉၅၄-၁၉၇၅) ခုနှစ် အင်ဒိုချိုင်းနားစစ်ပွဲမှာ ကမ္ဘောဒီးယားဟာ ကြားညပ်ပြီး လာအို-ဗီယက်နမ် နည်းတူ အမေရိကန်ရဲ့အဆမတန် ဗုံးမိုးရွာခြင်းခံခဲ့ရ ပါတယ်။ လယ်ယာစိုက်ပျိုးရေးပျက်စီးပြီး လူအများအ ပြား စစ်ဘေးသင့်ခဲ့ရပါတယ်။ ဒါပေမဲ့ စစ်ကြီးပြီးဆုံး တဲ့အခါ လာအို-ဗီယက်နမ်တို့က ပြန်လည်ထူထောင် နိုင်ပါတယ်။ ကမ္ဘောဒီးယားမှာတော့ ခမာနီ ပိုပေါ့ရဲ့ လက်ထက် (၁၉၇၅- ၁၉၇၉ ) (၄) နှစ်တာကာလမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာအများစု ပြည်သူ (၂.၂) သန်းခန့်သေဆုံးခဲ့ရပါတယ်။ အဲဒီပမာဏ ဟာ ကမ္ဘောဒီးယားလူဦးရေရဲ့ (၂၅%)ရှိပြီး ပညာ တတ်မျိုးဆက် ခါးဆက်ပြတ်ခြင်းနဲ့အတူ အကြောက် တရားအသားပေး နိုင်ငံရေး၊ စစ်ဗိုလ်ချုပ်များတွင် ကျယ်ခြင်းနဲ့ အကျင့်ခြစားမှုတွေကို အမြစ်တွယ်စေခဲ့ပါတယ်။
တိုတိုပြောရရင် နိုင်ငံတစ်နိုင်ငံကိုပျက်စီးစေရာမှာ ပြင်ပဖျက်ဆီးခြင်းထက် အတွင်းလှိုက် ဖျက်ဆီး ခြင်းက အလွန်အထိနာစေကြောင်း သက်သေကောင်း တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း မြစ်ဆုံ ကိုတူးဆွရင်း ပိုပေါ့တို့ကို အရှင်လတ်လတ် ငုတ်တုတ် တွေ့လိုက်ရတဲ့အတွက် အလွန်စိတ်မချမ်းမသာ ဖြစ်မိပါတယ်။

Zawgyi Version:
ျမစ္ဆုံကိုတူးဆြရာမွ ပိုေပါ့တို႔ကို အရွင္လတ္လတ္ ငုတ္တုတ္ေတြ႕ရျခင္း (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဇန္နဝါရီ ၁

ကမာၻႀကီးပူေႏြးလာၿပီး ႏိုင္ငံအသီးသီးမွာ ရာသီဥတုေျပာင္းလဲမႈေတြ ျဖစ္ေပၚေနတယ္။ မုတ္သုံေလ ဝင္ထြက္ မမွန္မႈ၊ ေရႀကီးေရလွ်ံနဲ႔ မိုးေခါင္ေရရွားမႈ၊ အပူလႈိင္း၊ အေအးလႈိင္း က်ေရာက္မႈနဲ႔ သဘာဝလြန္ စူပါမုန္တိုင္းေတြ ဆက္ တိုက္ျဖစ္ေနတယ္။ ဖန္လုံအိမ္ ဓာတ္ေငြ႕ထုတ္လႊတ္မႈေၾကာင့္ ကမာၻႀကီးပူေႏြးလာတာေၾကာင့္ျဖစ္ေၾကာင္း အားလုံး သိၾကပါတယ္။
ဖန္လုံအိမ္ဓာတ္ေငြ႕ ပထမအထုတ္လႊတ္ဆုံး တ႐ုတ္နဲ႔ တတိယအိႏၵိယအၾကားမွာတည္ရွိေနတဲ့ ဘဂၤလားေဒ့ရွ္မွ မာမူတို႔ဟာ အဲဒီသဘာဝေဘးေတြက ေနလြတ္ေျမာက္လိုရင္ သူ႔ႏိုင္ငံကို ကမာၻ႔တျခားေနရာ ကိုေ႐ႊ႕သြားမွျဖစ္ႏိုင္ေၾကာင္း သိၾကပါတယ္။ အဲဒါ ဘယ္လိုမွမျဖစ္ႏိုင္တဲ့အတြက္ ဆည္ေဆာက္လည္း သေဘာမတူ-ေက်ာက္မီးေသြးလည္း ကန႔္ကြက္၊ ေလအားကိုလည္း ျငင္းပယ္ေနလို႔မရႏိုင္ေတာ့ေၾကာင္း နားလည္သူမ်ားပါတယ္။
စြမ္းအင္လိုအပ္မႈစစ္ပြဲမွာ ေလာေလာဆယ္ သဘာဝဓာတ္ေငြ႕နဲ႔ ေက်ာက္မီးေသြးဓာတ္အားေပးစက္ ႐ုံေတြ တစ္႐ုံၿပီးတစ္႐ုံတည္ေဆာက္ခဲ့ပါတယ္။ အိႏၵိယထံက ဓာတ္အားဝယ္သုံးတဲ့အျပင္ ႐ုရွားအကူ အညီနဲ႔ န်ဴကလီးယား စက္႐ုံ (၂)႐ုံ တည္ေဆာက္ေနၿပီး မၾကာခင္လည္ပတ္ပါေတာ့မယ္။ နိဂုံးခ်ဳပ္ရင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားတစ္ဦးခ်င္းဝင္ေငြ ဟာ အိႏၵိယကို ေက်ာ္တက္သြားပါတယ္။ RMG အသင့္ခ်ဳပ္အထည္ တင္ပို႔မႈမွာ တ႐ုတ္ၿပီးရင္ ကမာၻ႔ဒုတိယအႀကီးဆုံး ႏိုင္ ငံျဖစ္လာပါတယ္။ ဘဂၤလားေဒ့ရွ္ရဲ႕ (၂၀၂၂)ခုႏွစ္ ႏိုင္ငံသားတစ္ဦးခ်င္း လွ်ပ္စစ္သုံးစြဲႏိုင္မႈဟာ (605 kWh/h) ရွိၿပီး (၂၀၂၀)ျပည့္ႏွစ္တုန္းက (500 kWh/h) ခန႔္ရွိပါတယ္။
ဘဂၤလားေဒ့ရွ္ထက္ လူဦးေရ (၃)ဆနည္းပါးတဲ့ ျမန္မာမွာ (၂၀၂၀)ျပည့္ႏွစ္ ႏိုင္ငံသားတစ္ဦးခ်င္း လွ်ပ္စစ္ သုံးစြဲႏိုင္မႈဟာ (429 kWh/h) သာရွိၿပီး တစ္ႏိုင္ငံလုံးေနျပည္သူမ်ား မဟာဓာတ္အားလိုင္းနဲ႔ခ်ိတ္ ဆက္ႏိုင္မႈဟာ (၅၄%) သာရွိပါတယ္။ ဓာတ္အားမလုံ ေလာက္မႈေၾကာင့္ လူေနမႈအဆင့္အတန္းနဲ႔ ကုန္ထုတ္လုပ္မႈ က်ဆင္းခဲ့ရပါတယ္။ မလည္ပတ္ႏိုင္တဲ့စက္႐ုံ အေရအတြက္မ်ားျပားလာတဲ့အတြက္ အလုပ္အကိုင္ ရွားပါးၿပီး ႏိုင္ငံသား က်ား/မ အ႐ြယ္ ေကာင္းေလးေတြဟာ သင့္ေတာ္ရာတိုင္းျပည္မွာ ေ႐ႊ႕ေျပာင္းအလုပ္သ မားအျဖစ္လုပ္ကိုင္ဖို႔ မိသားစုနဲ႔ ေမြးဖြား ရာတိုင္းျပည္ ကို စြန႔္ခြာသြားေနၾကပါတယ္။
ေငြေၾကးအလိမ္ခံရျခင္း၊ လူကုန္ကူးခံရျခင္းနဲ႔ လိင္အျမတ္ထုတ္ခံရျခင္းအပါအဝင္ ခိုးေၾကာင္ခိုးဝွက္ သြားလာ ရင္း မေတာ္တဆျဖစ္ ရင္နင့္ဖြယ္ေသဆုံးသ တင္းေတြကိုၾကားသိေနရပါတယ္။ (၁၉၈၈)ခုႏွစ္ ေနာက္ပိုင္း ၿမိဳ႕ျပမ်ား ႀကီးထြားလာျခင္း၊ လူဦးေရတိုးပြားလာျခင္းေၾကာင့္ လွ်ပ္စစ္ဓာတ္အား မလုံေလာက္မႈဟာ တစ္ႏိုင္ငံလုံးရဲ႕ နိစၥဓူဝ ဒုကၡႀကီးျဖစ္ေနပါတယ္။ လမ္းတံတားေတြကို အခ်ိန္တိုအတြင္းတည္ေဆာက္ ႏိုင္ေပမယ့္ လွ်ပ္စစ္ဓာတ္အားဆိုင္ရာ အေျခခံအ ေဆာက္အအုံေတြဟာ အခ်ိန္ယူရပါတယ္။ မီးအလြန္ ပ်က္ၿပီး ဓာတ္အားအျပည့္မရတဲ့ျပႆနာ သမၼတ ဦးသိန္းစိန္လက္ထက္ေရာက္မွ (၂၀၁၄)ခုႏွစ္ခန႔္မွာ အေတာ္အသင့္ေျပလည္သြားပါတယ္။ မီးေပးခ်ိန္မ်ား လာတဲ့အျပင္ (၂၂၀)ဗို႔အျပည့္ရလို႔ မီးအားျမႇင့္စက္ ေတြမလိုအပ္ေတာ့ပါဘူး၊ ဒါေပမဲ့ လွ်ပ္စစ္ဓာတ္အား အမ်ားဆုံးထုတ္ယူႏိုင္မယ့္ ျမစ္ဆုံစီမံကိန္းဟာ ကန႔္ကြက္ခံရမႈေတြေၾကာင့္ (၂၀၁၁)ခုႏွစ္မွာရပ္ဆိုင္းခဲ့ပါတယ္။
အေမရိကန္စစ္တပ္ရဲ႕ အီရတ္ႏိုင္ငံ စစ္ရာဇဝတ္မႈေတြကို အနံ႔ခံေဖာ္ထုတ္ဖို႔ ႏိုင္ငံျခားေရးဝန္ႀကီး ဟီလာရီက လင္တန္ရဲ႕ အီးေမးလ္ေတြကို ထိုးေဖာက္ဝင္ ေရာက္တဲ့ ဝီကီလိခ္ဟာ ျမန္မာႏိုင္ငံ ျမစ္ဆုံနဲ႔ပတ္သက္ တဲ့အခ်က္ အလက္ေတြကို မေမွ်ာ္လင့္ဘဲေတြ႕ရွိခဲ့ပါ တယ္။ ျမစ္ဆုံဟာ တ႐ုတ္ရဲ႕အက်ိဳးစီးပြားပါဝင္ေနတဲ့အတြက္ အမ်ားျပည္သူ ဝိုင္းဝန္းကန႔္ကြက္ေရးကို ျမန္မာတတ္သိပညာရွင္ေတြ၊ လူသိမ်ားထင္ရွားသူေတြ၊ တက္ႂကြလႈပ္ရွားသူမ်ားအား အေမရိ ကန္သံ႐ုံးက အေထာက္အပံ့ေပးၫႊန္ၾကားခဲ့ေၾကာင္း ဂါးဒီယန္း သတင္းစာ (30 September 2022)က ဖြင့္ခ်ခဲ့ပါတယ္။
သူတို႔ပါတီအာဏာရရင္ ျမစ္ဆုံစီမံကိန္း စာခ်ဳပ္ကို လူအမ်ားသိရေအာင္ဖြင့္ခ်ျပမယ္လို႔ မဲဆြယ္ခဲ့တဲ့ NLD ဟာ ကိုယ္တိုင္အစိုးရျဖစ္ေတာ့ မသိဟန္ေဆာင္ေနတဲ့အျပင္ တ႐ုတ္နဲ႔ စာခ်ဳပ္ေပါင္း(၃၄)ခု ထပ္မံခ်ဳပ္ဆိုခဲ့ပါတယ္။ တည္ေဆာက္ေရးထက္ ေတာ္လွန္ေရးအေတြ႕အႀကဳံပိုမိုမ်ားျပားတဲ့ အရပ္သား အစိုးရဟာ သက္တမ္းတစ္ေလွ်ာက္လုံး လွ်ပ္စစ္ဓာတ္ အားေပးစက္႐ုံ တစ္႐ုံမွမတည္ေဆာက္ႏိုင္ခဲ့ပါ။ မာန္ ေအာင္ အေသးစား ဆိုလာဓာတ္အားေပးစက္႐ုံငယ္ ဟာ (၂)ႏွစ္ေလာက္နဲ႔ရပ္တန႔္သြားေပမယ့္ အရင္အစိုးရ မဟာဓာတ္အားလိုင္းမွ ေက်း႐ြာတခ်ိဳ႕အေရာက္ တိုးခ်ဲ႕လိုင္းေတြ ဆြဲယူတဲ့အတြက္ ဓာတ္အား ေလလြင့္ဆုံးရႈံးမႈေတြျဖစ္ေပၚခဲ့ရပါတယ္။ ဒီအတြက္ ဓာတ္အားသုံးစြဲခေဈးႏႈန္းေတြကို တိုးျမႇင့္ေကာက္ခံခဲ့ ရာ ယခင္ (၃၅-၅၀)က်ပ္မွ ယူနစ္ (၁၀ဝ)အထက္ က်ပ္ (၁၅၀)အထိ (၃)ဆခန႔္ တိုးျမႇင့္ေကာက္ခံခဲ့ပါ တယ္။ ဟုတ္ မဟုတ္ လူႀကီးမင္းတို႔အိမ္မွာရွိတဲ့ မီတာ စာ႐ြက္ေဟာင္းေတြကိုျပန္ၾကည့္ႏိုင္ပါတယ္။
ဒါေပမဲ့ ကန႔္ကြက္သူမရွိခဲ့ပါဘူး။ ယခင္ မီးပ်က္မီးမမွန္တိုင္း လမ္းမေပၚ လက္သီးလက္ေမာင္းတန္း ခဲ့ၾကသူ ေတြဟာ အဲဒီအခ်ိန္ လႊတ္ေတာ္အမတ္ေတြ အစိုးရဝန္ႀကီးေတြျဖစ္ကုန္ၾကလို႔ပါ။ ဒီအေၾကာင္းရွင္း ျပတဲ့ “ျမစ္ဆုံကို တားဆီးမေနသင့္ေတာ့ပါ”နဲ႔ “ျမစ္ဆုံ စာခ်ဳပ္မွာဘာေတြပါသလဲ” ဆိုတဲ့ TikTok ပို႔စ္ (၂) ခုဟာ လႊင့္တင္ၿပီး (၂၄)နာရီအတြင္း ဖတ္ရႈသူ (၄) သိန္းနဲ႔ (၂)သိန္းေက်ာ္ အသီးသီးရွိခဲ့ပါတယ္။ Love react (၆)ေထာင္ေက်ာ္ Share နဲ႔ Reposted (၃၀ဝ) နီးပါးစီရွိခဲ့ပါတယ္။ ဒါဟာ Generation -X အိုေဟာင္းႀကီး ကြၽန္ေတာ္က Millennial Gen.Y, Gen.Z နဲ႔ Gen. Alpha ေတြအတြက္ ဉာဏ္မီသေလာက္အားထုတ္မႈ “သတင္းလက္ေဆာင္” အျဖစ္ မွတ္ယူခြင့္ျပဳေစလိုပါတယ္။ တစ္ဆက္တည္း အေၾကာင္းမဲ့ ကန႔္ကြက္ရႈတ္ခ်သူေတြ၊ အခ်က္အလက္ မွန္မသိဘဲ ဆင္ေျခေပးသူေတြကို ရွင္းျပ ခြင့္ျပဳပါ။
ဆည္(Dam)ဆိုတိုင္း (၁) လွ်ပ္စစ္ထုတ္ဖို႔ခ်ည္း မဟုတ္၊ ေရႀကီးေရလွ်ံေလ့ရွိတဲ့ (၂) ေဒသမ်ားမွာ ႏွစ္ စဥ္ေရႀကီးမႈမွကာကြယ္ရန္ ေရထိန္းတမံ၊ ေရကာတာ သက္သက္မ်ားလည္းရွိပါတယ္။ (၃) မိုးနည္းေရရွား ေဒသမ်ားမွာ ေရသြင္းစိုက္ပ်ိဳးဖို႔အတြက္ ဆည္ေဆာက္ တာလည္းရွိပါတယ္။ ဥပမာ ေျမဩဇာေကာင္းေသာ္ လည္း မိုးနည္းမႈေၾကာင့္ လူး၊ ဆပ္၊ ေျပာင္း တို႔ကိုသာ စားခဲ့ရတဲ့ စစ္ကိုင္းနယ္ဟာ “သဖန္းဆိပ္ဆည္” ေၾကာင့္ နာမည္ေက်ာ္ “ေ႐ႊဘိုေပၚဆန္း” နဲ႔ ဆန္ေခ်ာ၊ ဆန္ေကာင္းမ်ားထြက္ရွိရာေဒသ ျဖစ္လာပါတယ္။ (၄) ေသာက္သုံးေရေပးေဝရန္တည္ေဆာက္တဲ့ဆည္ မ်ားလည္းရွိၿပီး ရန္ကုန္ၿမိဳ႕ ကန္ေတာ္ႀကီးဟာ ေတာင္ ကုန္းအျမင့္ေတြကို ဆက္စပ္ဖန္တီးထားတဲ့ ဆည္ႀကီး ျဖစ္ပါတယ္။ (၁၈၄၆-၁၈၅၂ ခုႏွစ္) ပုဂံမင္းလက္ ထက္ ရန္ကုန္ၿမိဳ႕ဝန္ ဦးအုပ္ရဲ႕ ျမန္မာ့နည္း ျမန္မာ့ဟန္ ျဖစ္ပါတယ္။ (၅) ရာသီအလိုက္ ေရေဝေရလဲ ထိန္း သိမ္းေရး (၆) ငါးမ်ိဳးစိတ္မ်ားေမြးျမဴေရး (၇) ခရီး သြားမ်ားကိုဆြဲေဆာင္ရန္ျဖစ္ေစ လမ္းပန္းဆက္သြယ္ ေရးအတြက္ တမင္တည္ေဆာက္တဲ့ဆည္မ်ားလည္း ရွိၿပီး အနီးဆုံး ထိုင္းႏိုင္ငံမွာေတြ႕ႏိုင္ပါတယ္။
(က)တ႐ုတ္ဟာ ကမာၻ႔ဆည္အမ်ားဆုံး ပိုင္ဆိုင္ တဲ့ႏိုင္ငံျဖစ္ၿပီး အႀကီးစားဆည္ (၂၀,ဝဝဝ)ေက်ာ္ အပါအဝင္ ဆည္ေပါင္း (၈၀,ဝဝဝ)ေက်ာ္တည္ရွိပါတယ္။ (ခ)အေမရိကန္ဟာ အႀကီးစားဆည္ (၉,ဝဝဝ) ေက်ာ္နဲ႔ စုစုေပါင္း (၇၅,ဝဝဝ)ေက်ာ္ (ဂ) အိႏၵိယ အႀကီးစားဆည္ (၄,ဝဝဝ)ေက်ာ္နဲ႔ စုစုေပါင္း (၅,ဝဝဝ) ေက်ာ္ (ဃ) ဂ်ပန္ စုစုေပါင္း (၃,ဝဝဝ) ေက်ာ္ (င) ဘရာဇီး စုစုေပါင္း (၁,၃၀ဝ) ေက်ာ္ ပိုင္ဆိုင္ၾကပါတယ္။ အဲဒီတိုင္းျပည္ေတြ ဖြံ႕ၿဖိဳးတိုးတက္ေနျခင္းကို ၾကည့္ လွ်င္ “ဆည္ေဆာက္လွ်င္ ျမစ္မ်ားတိမ္ေကာၿပီး၊ ေခ်ာင္းေတြ ေျမာင္းျဖစ္လိမ့္မယ္”ဆိုတာ မမွန္ကန္ေၾကာင္း ထင္ရွားပါ တယ္။
ဆည္က်ိဳးၿပီး ေရႀကီးေရလွ်ံတယ္ဆိုတာ ရွိတတ္ပါတယ္။ ပုံမွန္ထက္ အဆမတန္မိုးသည္းထန္မႈ၊ သက္တမ္း အိုမင္းမႈ၊ ျပဳျပင္ထိန္းသိမ္းေရးညံ့ဖ်င္းမႈ စတာတို႔ေၾကာင့္ ဆည္က်ိဳးတတ္ပါတယ္။ ဒါေပမဲ့ လူ႔ သမိုင္းတစ္ေလွ်ာက္ မေတာ္တဆမႈေၾကာင့္က်ိဳးေပါက္ ခဲ့ရတဲ့ဆည္အေရအတြက္ဟာ ဆည္စုစုေပါင္းရဲ႕ (ဝ.၅- ၁%) ေအာက္သာရွိပါတယ္။ မၾကာေသးခင္ ထိုင္းႏိုင္ငံ ဆင္ဘူရီခ႐ိုင္ ဘူရီေဒသ႐ြာ(၃)႐ြာ ေရနစ္ ျမဳပ္သြားရျခင္းဟာ ေရထိန္းအမ်ိဳးအစားဆည္မွ တာ တမံတစ္ဖက္က်ိဳးပ်က္ျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရပါ တယ္။ အလြန္ရွားပါးတဲ့ျဖစ္စဥ္ပါ။
ဘာ့ေၾကာင့္လဲဆိုေတာ့ ဆည္တစ္ခု မတည္ေဆာက္ခင္ကတည္းက အဲဒီေဒသရဲ႕ ေရေျမသဘာဝနဲ႔ ေရလက္ခံ ႏိုင္တဲ့ပမာဏကို ထည့္သြင္းတြက္ခ်က္ ထားျခင္းေၾကာင့္ ျဖစ္ပါတယ္။ ေျမငလ်င္လႈပ္တတ္တဲ့ ေဒသျဖစ္ရင္လည္း အျမင့္ဆုံးျဖစ္ႏိုင္တဲ့ျပင္းအားကို ခံႏိုင္ေအာင္ တည္ေဆာက္ေလ့ရွိပါတယ္။ ဆည္က ေရတံခါးက်ိဳးက်တယ္၊ ေဖာက္ခ် တယ္ဆိုတဲ့ အရပ္သားစကား စြပ္စြဲခ်က္ေတြလည္းရွိပါတယ္။ တကယ္ေတာ့ ဆည္တိုင္းလိုလိုဟာ သူတို႔လက္ခံႏိုင္တဲ့ အျမင့္ ဆုံးေရပမာဏမေရာက္မီ ေနာက္ထပ္ ဝင္လာသမွ်ေရေတြကို Spillway “ေရပိုလႊဲေပါက္”မွ အလိုအေလ်ာက္ စီးထြက္ေစပါတယ္။ တကယ္လို႔ ထပ္ကာ ထပ္ကာစီးဝင္ေနၿပီး ဆည္ကိုထိခိုက္ေအာင္ျဖစ္လာခဲ့ ရင္ ေရပိုလႊဲတံခါးေတြကို လိုအပ္သေလာက္ဖြင့္ခ်ေပးပါတယ္။ ဖြင့္ေတာ့မွာျဖစ္ေၾကာင္း ဆည္ေအာက္ပိုင္း လူေနၿမိဳ႕႐ြာေတြကို ႀကိဳတင္ သတိေပး ေလ့ရွိပါတယ္။
ဧရာဝတီကို ဒီအတိုင္းထားမယ္ဆိုသူေတြကို လူႀကီးမင္းတို႔ဟာ ဖေယာင္းတိုင္နဲ႔ ေနသြားႏိုင္သလား ေမးခြန္း ထုတ္ရပါလိမ့္မယ္။ ေနႏိုင္တယ္ဆိုရင္ေတာင္ မီးေဘးအႏၲရာယ္ေၾကာက္ၾကလို႔ ႐ြာျပင္ထြက္ရပါလိမ့္မယ္။ ေနာက္ ခ်င္းတြင္းနဲ႔ ဧရာဝတီျမစ္အထက္ပိုင္းမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ဏႌ ေတြက စည္းကမ္းမဲ့ေ႐ႊတူးေနၾကၿပီး ျမစ္ေရဟာ ပုံမွန္ထက္ (၄)ဆေက်ာ္ ျပဒါးဆိပ္သင့္ေနတာကို ႏႈတ္ဆိတ္မေန ဖို႔တိုက္တြန္းခ်င္ပါတယ္။ အဲဒီအဆိပ္သင့္ေရ ေတြဟာ ေအာက္ျမန္မာျပည္ စပါးက်ီ ဧရာဝတီတိုင္းအတြင္း စီးဝင္ၿပီး မိတ္ေဆြတို႔ကြၽန္ေတာ္တို႔ရဲ႕ ထမင္းပန္းကန္ ထဲေရာက္လာပါေတာ့မယ္။
ျမန္မာျပည္တစ္ဝန္း ဆည္+တမံ (၆၃)ခုဟာ ေရႀကီးေရလွ်ံေၾကာင့္ စိုးရိမ္ရဖြယ္ရွိေၾကာင္း ျပည္ပသု ေတသန အစီရင္ခံစာေတြမွာဖတ္ရပါတယ္။ အဲဒီလို ျဖစ္ရျခင္းဟာ (၂၀၂၁)ခုႏွစ္ေနာက္ပိုင္း လုံၿခဳံေရး ပ်က္ျပားသြားတဲ့ နယ္ေျမေတြမွာ PDF ေတြ၊ တိုင္းရင္း သားလက္နက္ကိုင္ေတြက အလြန္အကြၽံသစ္ခုတ္လွဲ မႈ၊ ေျမရွားနဲ႔ေ႐ႊ-သတၱဳတူးတာ တို႔ေၾကာင့္ ထြက္လာ တဲ့ေျမစာေတြကေန ျမစ္ေခ်ာင္းေတြေကာလာလို႔ျဖစ္ပါ တယ္။
ဆိုေတာ့ကာ ႏိုင္ငံအတြက္ အသည္းအသန္လို အပ္ေနတဲ့လွ်ပ္စစ္ရရွိဖို႔နဲ႔ ျမစ္ေၾကာင္းေတြထိန္းသိမ္း ရာေရာက္တဲ့ ဆည္ကိုကန႔္ကြက္ၿပီး ျမစ္ေခ်ာင္းေတြကို ဖ်က္ဆီးရာေရာက္တဲ့လုပ္ရပ္ေတြကို ႏႈတ္ဆိတ္ေန ျခင္းမွာ မသင့္ ေတာ္ပါဘူး၊ ငါတို႔လုပ္ရင္ အမွန္၊ သူမ်ားလုပ္ရင္ အမွား၊ ကိုယ္မသိ Óဏ္မမီလို႔ ေခ်ာင္ ပိတ္မိသြားတဲ့အခါ “ထမင္းေျပာင္းစား” ဖို႔ လက္သုံး စကားနဲ႔ ဆင္ေဝွ႔ရန္ေရွာင္လုပ္ရာ ေရာက္ပါတယ္။
လက္ရွိ ထိုင္း-ကေမာၻဒီးယားစစ္ပြဲမွာ ဖႏြမ္းပင္ ဘက္က မရႈမလွအေရးနိမ့္ေနေၾကာင္း အားလုံးသိၾက ပါတယ္။ အတိတ္ကာလ အေရွ႕ေတာင္အာရွမွာ ျမန္မာၿပီးရင္ ဒုတိယေျမာက္အက်ယ္ဝန္းဆုံး အင္ပါယာ ကိုထူေထာင္ႏိုင္ခဲ့သူ ခမာတို႔ရဲ႕ လက္ရွိႏိုင္ငံဟာ ျမန္မာရဲ႕ (၄)ပုံ(၁)ပုံသာရွိပါေတာ့တယ္။ လူဦးေရမွာ လည္း (၃)ဆခန႔္နည္းေနပါတယ္။ ဘာေၾကာင့္ျဖစ္ပါ သလဲ။ (၁၉၅၄-၁၉၇၅) ခုႏွစ္ အင္ဒိုခ်ိဳင္းနားစစ္ပြဲမွာ ကေမာၻဒီးယားဟာ ၾကားညပ္ၿပီး လာအို-ဗီယက္နမ္ နည္းတူ အေမရိကန္ရဲ႕အဆမတန္ ဗုံးမိုး႐ြာျခင္းခံခဲ့ရ ပါတယ္။ လယ္ယာစိုက္ပ်ိဳးေရးပ်က္စီးၿပီး လူအမ်ားအ ျပား စစ္ေဘးသင့္ခဲ့ရပါတယ္။ ဒါေပမဲ့ စစ္ႀကီးၿပီးဆုံး တဲ့အခါ လာအို-ဗီယက္နမ္တို႔က ျပန္လည္ထူေထာင္ ႏိုင္ပါတယ္။ ကေမာၻဒီးယားမွာေတာ့ ခမာနီ ပိုေပါ့ရဲ႕ လက္ထက္ (၁၉၇၅- ၁၉၇၉ ) (၄) ႏွစ္တာကာလမွာ ဆရာဝန္၊ အင္ဂ်င္နီယာ၊ ေက်ာင္းဆရာအမ်ားစု ျပည္သူ (၂.၂) သန္းခန႔္ေသဆုံးခဲ့ရပါတယ္။ အဲဒီပမာဏ ဟာ ကေမာၻဒီးယားလူဦးေရရဲ႕ (၂၅%)ရွိၿပီး ပညာ တတ္မ်ိဳးဆက္ ခါးဆက္ျပတ္ျခင္းနဲ႔အတူ အေၾကာက္ တရားအသားေပး ႏိုင္ငံေရး၊ စစ္ဗိုလ္ခ်ဳပ္မ်ားတြင္ က်ယ္ျခင္းနဲ႔ အက်င့္ျခစားမႈေတြကို အျမစ္တြယ္ေစခဲ့ပါတယ္။
တိုတိုေျပာရရင္ ႏိုင္ငံတစ္ႏိုင္ငံကိုပ်က္စီးေစရာမွာ ျပင္ပဖ်က္ဆီးျခင္းထက္ အတြင္းလႈိက္ ဖ်က္ဆီး ျခင္းက အလြန္အထိနာေစေၾကာင္း သက္ေသေကာင္း တစ္ခုျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဆီမွာလည္း ျမစ္ဆုံ ကိုတူးဆြရင္း ပိုေပါ့တို႔ကို အရွင္လတ္လတ္ ငုတ္တုတ္ ေတြ႕လိုက္ရတဲ့အတြက္ အလြန္စိတ္မခ်မ္းမသာ ျဖစ္မိပါတယ္။

Related news

© 2021. All rights reserved.