ရှမ်းမြောက်ရှိ သီပေါတံတားကို ပြန်ဖွင့်တော့မည်

 5059

သန့်ဇင်(NP News)-ဇန်နဝါရီ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး၊ မန္တလေး-မူဆယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါတံတားကို မကြာမီပြန်ဖွင့်တော့မည် ဖြစ်ကြောင်း ဒေသခံများတစ်ဦးထံမှ သိရသည်။
သီပေါမြို့ကို တပ်မတော်က ပြီးခဲ့သည့် အောက်တိုဘာလ (၁၆)ရက်တွင် အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး သီပေါနှင့် လားရှိုးကို ဆက်သွယ်ထားသည့် သီပေါတံတားကို ခရီးသည်ကားများ၊ ကုန်ကားများ ပုံမှန်ဖြတ်သန်း သွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာလ(၁၄)ရက်၊ မနက်ပိုင်းတွင် အဆိုပါ တံတားအသုံးပြုခွင့်ကို ယာယီပိတ်ထားခဲ့ရာမှ လက်ရှိတွင်ပြန်လည်ဖွင့် ပေးတော့မည်ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“တံတားကပြန်ဖွင့်တော့မှာ ကျွန်တော်တောင်အခုပဲ အဲဒီဘက်ရောက်ခဲ့သေးတယ်။ အခုညနေတောင်ပြန်ဖွင့်မယ်ထင်တယ်”ဟု ၎င်းက NP News ကိုပြောသည်။
ယခင်က အဆိုပါတံတားကို လုံခြုံရေးဆိုင်ရာအခြေအနေအချို့ကြောင့် ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
ထို့ပြင် မန္တလေး-မူဆယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်လည်း မည်သည့်လက်နက်ကိုင်အဖွဲ့မှ တက်ရောက်ဂိတ်ထိုင်ခြင်းမပြုရန် သဘောတူထားကြောင်း လက်ရှိတွင် သတင်းများထွက်ပေါ်နေသည်။

Zawgyi Version:
ရွမ္းေျမာက္ရွိ သီေပါတံတားကို ျပန္ဖြင့္ေတာ့မည္
သန႔္ဇင္(NP News)-ဇန္နဝါရီ ၁

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕အနီး၊ မႏၲေလး-မူဆယ္၊ ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ သီေပါတံတားကို မၾကာမီျပန္ဖြင့္ေတာ့မည္ ျဖစ္ေၾကာင္း ေဒသခံမ်ားတစ္ဦးထံမွ သိရသည္။
သီေပါၿမိဳ႕ကို တပ္မေတာ္က ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၁၆)ရက္တြင္ အျပည့္အဝျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး သီေပါႏွင့္ လားရႈိးကို ဆက္သြယ္ထားသည့္ သီေပါတံတားကို ခရီးသည္ကားမ်ား၊ ကုန္ကားမ်ား ပုံမွန္ျဖတ္သန္း သြားလာခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ႏိုဝင္ဘာလ(၁၄)ရက္၊ မနက္ပိုင္းတြင္ အဆိုပါ တံတားအသုံးျပဳခြင့္ကို ယာယီပိတ္ထားခဲ့ရာမွ လက္ရွိတြင္ျပန္လည္ဖြင့္ ေပးေတာ့မည္ျဖစ္ေၾကာင္း ေဒသခံသတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
“တံတားကျပန္ဖြင့္ေတာ့မွာ ကြၽန္ေတာ္ေတာင္အခုပဲ အဲဒီဘက္ေရာက္ခဲ့ေသးတယ္။ အခုညေနေတာင္ျပန္ဖြင့္မယ္ထင္တယ္”ဟု ၎က NP News ကိုေျပာသည္။
ယခင္က အဆိုပါတံတားကို လုံၿခဳံေရးဆိုင္ရာအေျခအေနအခ်ိဳ႕ေၾကာင့္ ယာယီပိတ္ထားခဲ့ရေၾကာင္း သိရသည္။
ထို႔ျပင္ မႏၲေလး-မူဆယ္၊ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္လည္း မည္သည့္လက္နက္ကိုင္အဖြဲ႕မွ တက္ေရာက္ဂိတ္ထိုင္ျခင္းမျပဳရန္ သေဘာတူထားေၾကာင္း လက္ရွိတြင္ သတင္းမ်ားထြက္ေပၚေနသည္။

Related news

© 2021. All rights reserved.