တရုတ်ရင်းနှီးမြှုပ်နှံမှုများမှလွဲ၍ ကျန် CMP လုပ်ငန်းများ အထည်အမှာစာရရှိရန် ခက်ခဲနေ

2878

Pearl (NP News) - ဇန်နဝါရီ ၂
တရုတ်ရင်းနှီးမြှုပ်နှံမှုများမှလွဲ၍ ကျန် CMP လုပ်ငန်းများ အထည်အမှာစာရရှိရန် ခက်ခဲ ကြောင်း အထည်ချုပ်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။
အထည်ချုပ်ကဏ္ဍ၌ ပြည်ပမှ ကုန်ကြမ်း သွင်းကာ ပြည်တွင်းတွင် ထုတ်လုပ်သည့် လက်ခစား ဃဏြ စနစ်ဖြင့်ဆောင်ရွက်နေသည့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနေဖြင့် ယခုနောက်ပိုင်းတွင် ပြည်ပမှ အထည်အမှာစာ ရရှိရန် အခက်အခဲများရှိနေ ကြောင်း သိရသည်။
" အော်ဒါကို ခက်ခက်ခဲခဲရှာရတဲ့အနေ အထားလေးတွေရှိတယ်။ တခြားနိုင်ငံတွေနဲ့ယှဉ် လိုက်ရင် မျက်နှာငယ်ရတာပေါ့ဗျာ။ ဒါမျိုးလေးတွေ တော့ရှိတာပေါ့။ လက်ရှိတော့ Local စက်ရုံတွေကို တရုတ်ဘရန်းအချို့ကလည်း အပ်တာလည်း ရှိတော့ ရှိပါတယ်။ နည်းတယ်။ ကျွန်တော်တို့ ဆီမှာ ဂျပန်အပ် တယ်။ ကိုရီးယား အပ်တယ်။ Europe တချို့နိုင်ငံ တွေ ရှိသေးတယ်}} ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦး က ပြောသည်။
ထို့ပြင် ပြည်တွင်း၌ တရုတ်နိုင်မှ လာ ရောက် ရင်းနှီးမြှုပ်နှံ၍ ဃဏြ အနေဖြင့် လုပ်ကိုင်နေ သည့်စက်ရုံလုပ်ငန်းများမှာ (၆၅) ရာခိုင်နှုန်းခန့်ရှိပြီး တရုတ်နိုင်ငံမှ အထည်အမှာစာများသည်လည်း အဆိုပါ တရုတ်ရင်းနှီးမြှုပ်နှံမှု စက်ရုံများမှသာ ရရှိနေကြောင်းလည်း သိရသည်။
" လောလောဆယ်က မြန်မာပြည်မှာ CMP အနေနဲ့ Run နေတဲ့ စက်ရုံတွေရဲ့ (၆၅) ရာခိုင်နှုန်းလောက် တရုတ်စက်ရုံတွေ ဖြစ်နေတယ်။ တရုတ်ကျတော့လည်း သူတို့ရဲ့ပစ္စည်း သူတို့ရဲ့ စက်ရုံတွေကိုပဲ သွားတာပေါ့။ သူတို့တွေကျတော့ လည်ပတ်နေကြတာပဲ။ Local Investor တွေကျ တော့ နည်းနည်းလေး ခက်တယ်။ တကယ့်တကယ် တော့ CMP အထည်ချုပ်လုပ်ငန်းဆိုတာ margin ပါးပါးလေးဗျ။ ရင်းနှီးတဲ့အပေါ်မှာ မြတ်လောက်တဲ့ အမြတ်မဟုတ်ဘူး။ သို့သော် လူတွေအများကြီးကို အလုပ်အကိုင်အခွင့်အလမ်း အများကြီးပေးနိုင်တယ်။ အဲဒီ Issue နဲ့ပဲ ကျွန်တော်တို့ နေတာလေ။ တကယ့် တကယ်တော့ Investor အတွက်လည်း အရမ်းကြီး အကျိုးအမြတ်ကြီးတဲ့လုပ်ငန်းတော့မဟုတ်ဘူး။ ဒါပေမဲ့ အော်ဒါတွေကို မင်းတို့ ဗမာမိုလို့ ဆိုပြီး မပေးဘူးဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။ အဲဒီ အခက်အခဲလည်း ရှိတာပေါ့"ဟု ၎င်းက ဆက်ပြော သည်။
လက်ရှိတွင် အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် အထည်အမှာစာရရှိရန် ခက်ခဲမှုများအပြင် လုပ်သားရှားပါးမှုကို ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

Zawgyi Version:
တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားမွလြဲ၍ က်န္ CMP လုပ္ငန္းမ်ား အထည္အမွာစာရရွိရန္ ခက္ခဲေန
Pearl (NP News) - ဇန္နဝါရီ ၂
တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားမွလြဲ၍ က်န္ CMP လုပ္ငန္းမ်ား အထည္အမွာစာရရွိရန္ ခက္ခဲ ေၾကာင္း အထည္ခ်ဳပ္လုပ္ငန္းရွင္အသိုင္းအဝိုင္းထံမွ သိရသည္။
အထည္ခ်ဳပ္က႑၌ ျပည္ပမွ ကုန္ၾကမ္း သြင္းကာ ျပည္တြင္းတြင္ ထုတ္လုပ္သည့္ လက္ခစား ဃၾဏ စနစ္ျဖင့္ေဆာင္႐ြက္ေနသည့္ ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအေနျဖင့္ ယခုေနာက္ပိုင္းတြင္ ျပည္ပမွ အထည္အမွာစာ ရရွိရန္ အခက္အခဲမ်ားရွိေန ေၾကာင္း သိရသည္။
" ေအာ္ဒါကို ခက္ခက္ခဲခဲရွာရတဲ့အေန အထားေလးေတြရွိတယ္။ တျခားႏိုင္ငံေတြနဲ႔ယွဥ္ လိုက္ရင္ မ်က္ႏွာငယ္ရတာေပါ့ဗ်ာ။ ဒါမ်ိဳးေလးေတြ ေတာ့ရွိတာေပါ့။ လက္ရွိေတာ့ Local စက္႐ုံေတြကို တ႐ုတ္ဘရန္းအခ်ိဳ႕ကလည္း အပ္တာလည္း ရွိေတာ့ ရွိပါတယ္။ နည္းတယ္။ ကြၽန္ေတာ္တို႔ ဆီမွာ ဂ်ပန္အပ္ တယ္။ ကိုရီးယား အပ္တယ္။ Europe တခ်ိဳ႕ႏိုင္ငံ ေတြ ရွိေသးတယ္}} ဟု အထည္ခ်ဳပ္လုပ္ငန္းရွင္တစ္ဦး က ေျပာသည္။
ထို႔ျပင္ ျပည္တြင္း၌ တ႐ုတ္ႏိုင္မွ လာ ေရာက္ ရင္းႏွီးျမႇဳပ္ႏွံ၍ ဃၾဏ အေနျဖင့္ လုပ္ကိုင္ေန သည့္စက္႐ုံလုပ္ငန္းမ်ားမွာ (၆၅) ရာခိုင္ႏႈန္းခန႔္ရွိၿပီး တ႐ုတ္ႏိုင္ငံမွ အထည္အမွာစာမ်ားသည္လည္း အဆိုပါ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈ စက္႐ုံမ်ားမွသာ ရရွိေနေၾကာင္းလည္း သိရသည္။
" ေလာေလာဆယ္က ျမန္မာျပည္မွာ CMP အေနနဲ႔ Run ေနတဲ့ စက္႐ုံေတြရဲ႕ (၆၅) ရာခိုင္ႏႈန္းေလာက္ တ႐ုတ္စက္႐ုံေတြ ျဖစ္ေနတယ္။ တ႐ုတ္က်ေတာ့လည္း သူတို႔ရဲ႕ပစၥည္း သူတို႔ရဲ႕ စက္႐ုံေတြကိုပဲ သြားတာေပါ့။ သူတို႔ေတြက်ေတာ့ လည္ပတ္ေနၾကတာပဲ။ Local Investor ေတြက် ေတာ့ နည္းနည္းေလး ခက္တယ္။ တကယ့္တကယ္ ေတာ့ CMP အထည္ခ်ဳပ္လုပ္ငန္းဆိုတာ margin ပါးပါးေလးဗ်။ ရင္းႏွီးတဲ့အေပၚမွာ ျမတ္ေလာက္တဲ့ အျမတ္မဟုတ္ဘူး။ သို႔ေသာ္ လူေတြအမ်ားႀကီးကို အလုပ္အကိုင္အခြင့္အလမ္း အမ်ားႀကီးေပးႏိုင္တယ္။ အဲဒီ Issue နဲ႔ပဲ ကြၽန္ေတာ္တို႔ ေနတာေလ။ တကယ့္ တကယ္ေတာ့ Investor အတြက္လည္း အရမ္းႀကီး အက်ိဳးအျမတ္ႀကီးတဲ့လုပ္ငန္းေတာ့မဟုတ္ဘူး။ ဒါေပမဲ့ ေအာ္ဒါေတြကို မင္းတို႔ ဗမာမိုလို႔ ဆိုၿပီး မေပးဘူးဆိုေတာ့လည္း ဘယ္တတ္ႏိုင္မလဲ။ အဲဒီ အခက္အခဲလည္း ရွိတာေပါ့"ဟု ၎က ဆက္ေျပာ သည္။
လက္ရွိတြင္ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအေနျဖင့္ အထည္အမွာစာရရွိရန္ ခက္ခဲမႈမ်ားအျပင္ လုပ္သားရွားပါးမႈကို ရင္ဆိုင္ေနရေၾကာင္းလည္း သိရသည္။