မဟာဗျူဟာကျသော မိုးကုတ်-သပိတ်ကျင်းလမ်းပိုင်း ပြန်လည်ထိန်းချုပ်ရန် အခြေအနေကောင်းနေ

8276

Pearl (NP News) - ဇန်နဝါရီ ၃
မဟာဗျူဟာကျသော မိုးကုတ် - သပိတ်ကျင်းလမ်းပိုင်းကို တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ရန် ဆောင်ရွက်နေပြီး မြေပြင်တွင် အသာစီးရကာ အခြေအနေကောင်းနေကြောင်း လုံခြုံရေးအဖွဲ့များနှင့် နီးစပ်သူများ ထံ ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
တပ်မတော်စစ်ကြောင်းများက မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား ပြီးခဲ့သည့် ရက်ပိုင်းက အပြည့်အဝစိုးမိုးထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီး မိုးကုတ်-သပိတ်ကျင်းလမ်းပိုင်းကိုလည်း ပြန်လည်ထိန်းချုပ် နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။
“မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းက မိုင်းတွေတော့ နည်းနည်းကျန်သေးတယ်။ ဆိုင်ကယ်တွေ ပေးမသွားသေးဘူး။ စဉ့်ကူးတံတားလည်း ပြန်ပြင်နေတယ်။ ပြီးရင်တော့ ရွှေဘိုနဲ့ချိတ်မိမယ်။ ဒီဘက် ပြင်ဦးလွင် မိုးကုတ်လမ်းက မိုင်းတွေ အကုန်ရှင်းပြီးသား။ သပိတ်ကျင်း-မိုးကုတ်ဆိုရင်တော့ လိုဦးမယ်။ မန်း PDFတွေကို အောက်ကနေ တဖြည်းဖြည်းမောင်းသွင်းနေတဲ့သဘောနဲ့ရှင်းနေတယ်” ဟု လုံခြုံရေးအဖွဲ့များနှင့်နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
သပိတ်ကျင်း - မိုးကုတ်လမ်းသည် စစ်ရေးအရ အရေးပါသောလမ်းပိုင်းဖြစ်ပြီး ပထဝီဝင်အနေအထားရ ရက်ပိုင်း အတွင်း အပြည့်အဝ ထိန်းချုပ်ရန် မလွယ်ကူသော်လည်း မြေပြင်တွင်အသာစီးရနေကြောင်းလည်း သိရသည်။
“မိုးကုတ် သပိတ်ကျင်းလမ်းက ဗျူဟာမြောက်လမ်းပါတာပဲလေ။ လက်ပံလှတို့ စဥ့်ကူးတို့ သပိတ်ကျင်းတို့ ဧရာဝတီ မြစ်ဘေးတွေ စိုးမိုးသွားဖို့ရယ်။ နောက် မိုးကုတ်ရဲ့ ပင်မလမ်းဟောင်းပဲလေ။ အဲဒီလမ်းကိုရမှ မိုးကုတ်ကို ရတယ်လို့ ပြောလို့ရမယ်။ အခုဟာက မိုးကုတ်ကို ကျည်မဖောက်ရဘဲ ပြန်ရတာပဲ ရှိသေးတယ်။ တကယ့်တကယ်က သပိတ်ကျင်း နဲ့ မိုးကုတ်ကြားက အခရာ အကျဆုံးပဲ။ ဒီလမ်း အောင်မှ မိုးကုတ်ကို နိုင်တယ်လို့ပြောလို့ရမယ်။ ရက်ပိုင်းနဲ့တော့ မဖြစ်နိုင်ဘူး။ ဒီလမ်း က တိုက်ယူရမယ့် လမ်း။ တောတောင် ၊ ရေမြေ အနေအထားအရ မြေပြန့်လိုမျိုးလွယ်တော့ မလွယ်ကူဘူး။ ဗုံးကျဲရင်တောင် နွေရာသီဆို ရာသီဥတုကောင်းတယ်။ ဆောင်းရာသီတို့ မိုးရာသီဆို မြူတွေစိုင်းနေတာ။ ပစ်မှတ်ရှာဖို့မလွယ်ဘူး။ အလွယ်တမကူတော့ မရနိုင်သေးဘူး။ ဒါပေမဲ့ အခြေအနေကောင်းနေတယ်” ဟု အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိတွင် မိုးကုတ်မြို့အတွင်းသို့ ဒေသခံ (၄၀) ရာခိုင်နှုန်းခန့်၊ မတ္တရာမြို့တွင် (၈၀) ရာခိုင်နှုန်းခန့်၊ စဉ့်ကူး နှင့် သပိတ်ကျင်းတွင် (၆၀)ရာခိုင်နှုန်းခန့် ပြန်လည် ဝင်ရောက်နေထိုင်နေပြီဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
မဟာဗ်ဴဟာက်ေသာ မိုးကုတ္-သပိတ္က်င္းလမ္းပိုင္း ျပန္လည္ထိန္းခ်ဳပ္ရန္ အေျခအေနေကာင္းေန
Pearl (NP News) - ဇန္နဝါရီ ၃
မဟာဗ်ဴဟာက်ေသာ မိုးကုတ္ - သပိတ္က်င္းလမ္းပိုင္းကို တပ္မေတာ္က အျပည့္အဝ ျပန္လည္ထိန္းခ်ဳပ္ရန္ ေဆာင္႐ြက္ေနၿပီး ေျမျပင္တြင္ အသာစီးရကာ အေျခအေနေကာင္းေနေၾကာင္း လုံၿခဳံေရးအဖြဲ႕မ်ားႏွင့္ နီးစပ္သူမ်ား ထံ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
တပ္မေတာ္စစ္ေၾကာင္းမ်ားက မႏၲေလး-မတၱရာ-စဥ့္ကူး-သပိတ္က်င္း ဆက္သြယ္ေရးလမ္းေၾကာင္းအား ၿပီးခဲ့သည့္ ရက္ပိုင္းက အျပည့္အဝစိုးမိုးထိန္းခ်ဳပ္ဖြင့္လွစ္ႏိုင္ခဲ့ၿပီး မိုးကုတ္-သပိတ္က်င္းလမ္းပိုင္းကိုလည္း ျပန္လည္ထိန္းခ်ဳပ္ ႏိုင္ေရးအတြက္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
“မႏၲေလး-မတၱရာ-စဥ့္ကူး-သပိတ္က်င္းလမ္းက မိုင္းေတြေတာ့ နည္းနည္းက်န္ေသးတယ္။ ဆိုင္ကယ္ေတြ ေပးမသြားေသးဘူး။ စဥ့္ကူးတံတားလည္း ျပန္ျပင္ေနတယ္။ ၿပီးရင္ေတာ့ ေ႐ႊဘိုနဲ႔ခ်ိတ္မိမယ္။ ဒီဘက္ ျပင္ဦးလြင္ မိုးကုတ္လမ္းက မိုင္းေတြ အကုန္ရွင္းၿပီးသား။ သပိတ္က်င္း-မိုးကုတ္ဆိုရင္ေတာ့ လိုဦးမယ္။ မန္း PDFေတြကို ေအာက္ကေန တျဖည္းျဖည္းေမာင္းသြင္းေနတဲ့သေဘာနဲ႔ရွင္းေနတယ္” ဟု လုံၿခဳံေရးအဖြဲ႕မ်ားႏွင့္နီးစပ္သူ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
သပိတ္က်င္း - မိုးကုတ္လမ္းသည္ စစ္ေရးအရ အေရးပါေသာလမ္းပိုင္းျဖစ္ၿပီး ပထဝီဝင္အေနအထားရ ရက္ပိုင္း အတြင္း အျပည့္အဝ ထိန္းခ်ဳပ္ရန္ မလြယ္ကူေသာ္လည္း ေျမျပင္တြင္အသာစီးရေနေၾကာင္းလည္း သိရသည္။
“မိုးကုတ္ သပိတ္က်င္းလမ္းက ဗ်ဴဟာေျမာက္လမ္းပါတာပဲေလ။ လက္ပံလွတို႔ စဥ့္ကူးတို႔ သပိတ္က်င္းတို႔ ဧရာဝတီ ျမစ္ေဘးေတြ စိုးမိုးသြားဖို႔ရယ္။ ေနာက္ မိုးကုတ္ရဲ႕ ပင္မလမ္းေဟာင္းပဲေလ။ အဲဒီလမ္းကိုရမွ မိုးကုတ္ကို ရတယ္လို႔ ေျပာလို႔ရမယ္။ အခုဟာက မိုးကုတ္ကို က်ည္မေဖာက္ရဘဲ ျပန္ရတာပဲ ရွိေသးတယ္။ တကယ့္တကယ္က သပိတ္က်င္း နဲ႔ မိုးကုတ္ၾကားက အခရာ အက်ဆုံးပဲ။ ဒီလမ္း ေအာင္မွ မိုးကုတ္ကို ႏိုင္တယ္လို႔ေျပာလို႔ရမယ္။ ရက္ပိုင္းနဲ႔ေတာ့ မျဖစ္ႏိုင္ဘူး။ ဒီလမ္း က တိုက္ယူရမယ့္ လမ္း။ ေတာေတာင္ ၊ ေရေျမ အေနအထားအရ ေျမျပန႔္လိုမ်ိဳးလြယ္ေတာ့ မလြယ္ကူဘူး။ ဗုံးက်ဲရင္ေတာင္ ေႏြရာသီဆို ရာသီဥတုေကာင္းတယ္။ ေဆာင္းရာသီတို႔ မိုးရာသီဆို ျမဴေတြစိုင္းေနတာ။ ပစ္မွတ္ရွာဖို႔မလြယ္ဘူး။ အလြယ္တမကူေတာ့ မရႏိုင္ေသးဘူး။ ဒါေပမဲ့ အေျခအေနေကာင္းေနတယ္” ဟု အျခားသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။
လက္ရွိတြင္ မိုးကုတ္ၿမိဳ႕အတြင္းသို႔ ေဒသခံ (၄၀) ရာခိုင္ႏႈန္းခန႔္၊ မတၱရာၿမိဳ႕တြင္ (၈၀) ရာခိုင္ႏႈန္းခန႔္၊ စဥ့္ကူး ႏွင့္ သပိတ္က်င္းတြင္ (၆၀)ရာခိုင္ႏႈန္းခန႔္ ျပန္လည္ ဝင္ေရာက္ေနထိုင္ေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။