ကျိုင်းခမ်းရေလှောင်တမံစီမံကိန်း ရာနှုန်းပြည့်နီးပါး တည်ဆောက်ပြီးစီး၍ လျှပ်စစ်ဓာတ်အားများ ထုတ်လွှတ်နိုင်ရေး စီမံဆောင်ရွက်နေ

472

စိမ့် (NP News) - ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာ၊ နမ့်အက်ချောင်းတွင် တည်ဆောက်လျက်ရှိ သည့် ရေဧကပေ (၃၅၀၀၀၀) ခန့် သိုလှောင်နိုင်သည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်နီးပါး တည်ဆောက်ပြီးစီး၍ လျှပ်စစ်ဓာတ်အားများ စတင်ထုတ်လွှတ်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေလှောင်တမံမှ နှစ်စဉ်လျှပ်စစ် စွမ်းအင် (၂၄) ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်ဖြစ်ပြီး ထုတ်လွှတ်ရေများကို ဆက်သွယ်မြောင်းမှတစ်ဆင့် ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံတို့သို့ ရေကူ ဖြည့်သွင်းပေးနိုင်မည်ဖြစ်၍ အဆိုပါရေလှောင် တမံ(၂)ခုတို့မှ ရေအားလျှပ်စစ် ပိုမိုတိုးမြှင့်ထုတ်လွှတ်နိုင်မည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် ဇော်ဂျီရေသောက်စနစ် နှင့် ကင်းတားလက်ယာမြောင်းရေသောက်စနစ်ရှိ လယ်မြေဧရိယာ ဧက (၁၂၀၀၀၀) ခန့်၌ သီးထပ်စိုက်ပျိုးခြင်းအတွက် ရေဖူလုံစွာ ရရှိစေမည်ဖြစ်ကြောင်းလည်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ကလည်း ယမန်နေ့ (ဇန်နဝါရီ(၂)ရက်က အဆိုပါ ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်း၏ ပင်မတမံတည်ဆောက်ပြီးစီးမှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားများ စမ်းသပ်ထုတ်လွှတ်ရန် ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့၍ လိုအပ်သည်များဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
က်ိဳင္းခမ္းေရေလွာင္တမံစီမံကိန္း ရာႏႈန္းျပည့္နီးပါး တည္ေဆာက္ၿပီးစီး၍ လွ်ပ္စစ္ဓာတ္အားမ်ား ထုတ္လႊတ္ႏိုင္ေရး စီမံေဆာင္႐ြက္ေန
စိမ့္ (NP News) - ဇန္နဝါရီ ၃
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရပ္ေစာက္ၿမိဳ႕နယ္၊ က်ိဳင္းခမ္းေက်း႐ြာ၊ နမ့္အက္ေခ်ာင္းတြင္ တည္ေဆာက္လ်က္ရွိ သည့္ ေရဧကေပ (၃၅၀၀၀၀) ခန႔္ သိုေလွာင္ႏိုင္သည့္ က်ိဳင္းခမ္းေရေလွာင္တမံ ဘက္စုံစီမံကိန္းသည္ (၂၀၂၅-၂၀၂၆) ဘ႑ာႏွစ္တြင္ ရာႏႈန္းျပည့္နီးပါး တည္ေဆာက္ၿပီးစီး၍ လွ်ပ္စစ္ဓာတ္အားမ်ား စတင္ထုတ္လႊတ္ႏိုင္ေရး စီမံ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ ေရေလွာင္တမံမွ ႏွစ္စဥ္လွ်ပ္စစ္ စြမ္းအင္ (၂၄) ကီလိုဝပ္ နာရီသန္းေပါင္း ထုတ္လႊတ္ႏိုင္မည္ျဖစ္ၿပီး ထုတ္လႊတ္ေရမ်ားကို ဆက္သြယ္ေျမာင္းမွတစ္ဆင့္ ေဇာ္ဂ်ီေရေလွာင္တမံႏွင့္ ၿမိဳ႕ႀကီးေရေလွာင္တမံတို႔သို႔ ေရကူ ျဖည့္သြင္းေပးႏိုင္မည္ျဖစ္၍ အဆိုပါေရေလွာင္ တမံ(၂)ခုတို႔မွ ေရအားလွ်ပ္စစ္ ပိုမိုတိုးျမႇင့္ထုတ္လႊတ္ႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။
ထို႔ျပင္ ေဇာ္ဂ်ီေရေသာက္စနစ္ ႏွင့္ ကင္းတားလက္ယာေျမာင္းေရေသာက္စနစ္ရွိ လယ္ေျမဧရိယာ ဧက (၁၂၀၀၀၀) ခန႔္၌ သီးထပ္စိုက္ပ်ိဳးျခင္းအတြက္ ေရဖူလုံစြာ ရရွိေစမည္ျဖစ္ေၾကာင္းလည္း သိရသည္။
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္ကလည္း ယမန္ေန႔ (ဇန္နဝါရီ(၂)ရက္က အဆိုပါ က်ိဳင္းခမ္းေရေလွာင္တမံဘက္စုံစီမံကိန္း၏ ပင္မတမံတည္ေဆာက္ၿပီးစီးမႈ၊ ေရသိုေလွာင္ထားရွိမႈႏွင့္ ေရအားလွ်ပ္စစ္စက္႐ုံမွ လွ်ပ္စစ္ဓာတ္အားမ်ား စမ္းသပ္ထုတ္လႊတ္ရန္ ေဆာင္႐ြက္ ထားရွိမႈတို႔ကို ၾကည့္ရႈစစ္ေဆးခဲ့၍ လိုအပ္သည္မ်ားေဆြးေႏြးမွာၾကားခဲ့ေၾကာင္း သိရသည္။