လုပ်သားများအား NSSA အသိအမှတ်ပြုလက်မှတ်ရရှိရန် ကူညီပေးမည်

335

ထိုက်စံ (NP News) - ဇန်နဝါရီ ၃
လုပ်သားများအား မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အသိအမှတ်ပြုလက်မှတ်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယမန်နေ့ (ဇန်နဝါရီ ၂ ရက်) က လယ်ဝေးမြို့နယ်၌ လယ်ဝေးမြို့နယ်အတွင်းရှိ MSME များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့စဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြပွဲ၌ ပြည်ထောင်စုဝန်ကြီးသည် MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေသည့် လုပ်သားများ၏ ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ပေးနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ လုပ်သားများအား မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အသိအမှတ်ပြုလက်မှတ်ရရှိရေးအတွက် ကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များကို ဒေသအရောက်သွားရောက်၍ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်လုပ်သားများဖြင့် ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ပြည်ပသို့ တင်ပို့နိုင်သည့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ယခု ကျင်းပသည့် MSME ထုတ်ကုန်ပစ္စည်းပြပွဲပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်မှ လေးရက်အထိ လေးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲတွင် ထုတ်ကုန်ပစ္စည်းအမျိုးအစား ၁၆ မျိုးကို ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
လုပ္သားမ်ားအား NSSA အသိအမွတ္ျပဳလက္မွတ္ရရွိရန္ ကူညီေပးမည္
ထိုက္စံ (NP News) - ဇန္နဝါရီ ၃
လုပ္သားမ်ားအား ျမန္မာႏိုင္ငံလုပ္သားမ်ား ကြၽမ္းက်င္မႈစံသတ္မွတ္ျပ႒ာန္းေရးအဖြဲ႕ (NSSA) ၏ အသိအမွတ္ျပဳလက္မွတ္ရရွိေရးအတြက္ ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ေျပာသည္။
စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းသည္ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ဦးသန္းထြန္းဦးက ယမန္ေန႔ (ဇန္နဝါရီ ၂ ရက္) က လယ္ေဝးၿမိဳ႕နယ္၌ လယ္ေဝးၿမိဳ႕နယ္အတြင္းရွိ MSME မ်ားမွ ထုတ္လုပ္သည့္ ထုတ္ကုန္ပစၥည္းမ်ား ခင္းက်င္းျပသေရာင္းခ်ေနမႈတို႔ကို ၾကည့္ရႈစစ္ေဆးခဲ့စဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ျပပြဲ၌ ျပည္ေထာင္စုဝန္ႀကီးသည္ MSME လုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံစဥ္ လုပ္ငန္းရွင္မ်ားအေနျဖင့္ လုပ္ငန္းခြင္တြင္ တာဝန္ထမ္းေဆာင္ေနသည့္ လုပ္သားမ်ား၏ ကြၽမ္းက်င္မႈမ်ားကို အဆင့္ျမႇင့္တင္ေပးႏိုင္ေရး စီမံေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
အလားတူ လုပ္သားမ်ားအား ျမန္မာႏိုင္ငံလုပ္သားမ်ား ကြၽမ္းက်င္မႈစံသတ္မွတ္ျပ႒ာန္းေရးအဖြဲ႕ (NSSA) ၏ အသိအမွတ္ျပဳလက္မွတ္ရရွိေရးအတြက္ ကူညီ ေဆာင္႐ြက္ေပးသြား မည္ျဖစ္ေၾကာင္းႏွင့္ စက္မႈက႑ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ စက္မႈဝန္ႀကီးဌာနအေနျဖင့္လည္း လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေစေရး လုပ္ငန္းစဥ္မ်ားကို ေဒသအေရာက္သြားေရာက္၍ သင္တန္းမ်ား ဖြင့္လွစ္ေပးလ်က္ရွိေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေဒသမွထြက္ရွိသည့္ စိုက္ပ်ိဳးေရးထြက္ကုန္ပစၥည္းမ်ားကို တန္ဖိုးျမႇင့္ထုတ္ကုန္မ်ားအျဖစ္ ထုတ္လုပ္ႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ MSME လုပ္ငန္းရွင္မ်ားအေနျဖင့္ ကြၽမ္းက်င္လုပ္သားမ်ားျဖင့္ ေဈးကြက္လိုအပ္ခ်က္အတိုင္း ထုတ္လုပ္ႏိုင္ေရး စီမံေဆာင္႐ြက္သြားရန္ႏွင့္ ျပည္ပသို႔ တင္ပို႔ႏိုင္သည့္ အရည္အေသြးေကာင္းမြန္ေသာ ထုတ္ကုန္ပစၥည္းမ်ား ထုတ္လုပ္ႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္ရန္ ေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။
ယခု က်င္းပသည့္ MSME ထုတ္ကုန္ပစၥည္းျပပြဲၿပိဳင္ပြဲကို ဇန္နဝါရီ ၁ ရက္မွ ေလးရက္အထိ ေလးရက္တိုင္တိုင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး ျပပြဲတြင္ ထုတ္ကုန္ပစၥည္းအမ်ိဳးအစား ၁၆ မ်ိဳးကို ခင္းက်င္းျပသေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။