(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အကျဉ်းသား(၆၁၃၄)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး

 781

စော (NP News) - ဇန်နဝါရီ ၄

ယနေ့(ဇန်နဝါရီလ ၄ ရက်) တွင် ကျရောက်သည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် အကျဉ်းသား (၆၁၃၄)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ထုတ်ပြန်ထားသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား ၊ အကျဉ်းသူ (၆၁၃၄) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအကျဉ်းသားများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံ ရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ (၅၂)ဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးအပ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင်လည်း အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦး၊ စုစုပေါင်း ၆၀၄၄ ဦးတို့ကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့တွင်လည်း အကျဉ်းသား (၉၆၅၂)ဦး နှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ (၁၁၄)ဦးကိုလည်း လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

Zawgyi Version:
(၇၈) ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔တြင္ အက်ဥ္းသား(၆၁၃၄)ဦး လြတ္ၿငိမ္းခ်မ္းသာခြင့္ေပး
ေစာ (NP News) - ဇန္နဝါရီ ၄

ယေန႔(ဇန္နဝါရီလ ၄ ရက္) တြင္ က်ေရာက္သည့္ (၇၈)ႏွစ္ေျမာက္လြတ္လပ္ေရးေန႔တြင္ အက်ဥ္းသား (၆၁၃၄)ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီက ထုတ္ျပန္ထားသည္။
လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ေန႔အားျဖင့္ လည္းေကာင္း၊ ျပည္သူလူထု ႏွလုံးစိတ္ဝမ္းေအးခ်မ္းေစေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈကို အေလးထားေသာအားျဖင့္လည္းေကာင္း အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္၊ စခန္းအသီးသီးတြင္ ျပစ္ဒဏ္က်ခံလ်က္ရွိေသာ အက်ဥ္းသား ၊ အက်ဥ္းသူ (၆၁၃၄) ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါအက်ဥ္းသားမ်ားကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄ဝ၁ ပုဒ္မခြဲ ၁ အရ ေနာက္တစ္ႀကိမ္ ျပစ္မႈထပ္မံက်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်ခံ ရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္က်ခံပါမည္ဟူေသာ စည္းကမ္းသတ္မွတ္ခ်က္ျဖင့္ ေလွ်ာ့ေပါ့ၿပီး ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံျခားသား အက်ဥ္းသား၊ အက်ဥ္းသူ (၅၂)ဦးကိုလည္း ျပစ္ဒဏ္ေလွ်ာ့ေပါ့ၿပီး လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳ၍ ျပည္ႏွင္ဒဏ္ေပးအပ္လိုက္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ (၄)ရက္၊ (၇၇)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔တြင္လည္း အက်ဥ္းသား၊ အက်ဥ္းသူ ၅၈၆၄ ဦးႏွင့္ ႏိုင္ငံျခားသား အက်ဥ္းသား၊ အက်ဥ္းသူ ၁၈၀ ဦး၊ စုစုေပါင္း ၆၀၄၄ ဦးတို႔ကို လြတ္ၿငိမ္းခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
(၇၆)ႏွစ္ေျမာက္လြတ္လပ္ေရးေန႔တြင္လည္း အက်ဥ္းသား (၉၆၅၂)ဦး ႏွင့္ ႏိုင္ငံျခားသား အက်ဥ္းသား၊ အက်ဥ္းသူ (၁၁၄)ဦးကိုလည္း လြတ္ၿငိမ္းခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.