လယ်မြေအကွက်ရိုက်ရောင်းချခြင်းအပါအဝင် ဥပဒေနှင့်မညီဘဲ မြေယာအသုံးပြုမှုများကို ထိရောက် စွာ အရေးယူမည်

 3015

ထိုက်စံ(NP News)-ဇန်နဝါရီ ၉

လယ်မြေအကွက်ရိုက်ရောင်းချခြင်း အပါအဝင် ဥပဒေနှင့်မညီဘဲ မြေယာအသုံးပြုမှုများကို ထိရောက် စွာ အရေးယူမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီက ထပ်မံ၍ အသိပေးထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ကို (Green City) (Clean City) (Smart City) ဂေဟစနစ်များ ပျက်စီးမှုမရှိစေရန် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး မြေယာအသုံးချမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပေး ကြေညာခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြို့မြေ၊ ရွာမြေအဖြစ် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းထား သည့် ရပ်ကွက် မြေများ (သို့မဟုတ်) ရွာမြေများနှင့် တစ်ဆက်တစ်စပ်တည်းရှိသော လယ်မြေ၊ ယာမြေ၊ သစ်တောမြေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများကို စည်ပင် သာယာရေးနယ်နိမိတ်အတွင်းပါဝင်သည် (သို့မဟုတ်) ရွာမြေအတွင်း ပါဝင်သည် ဟုဆိုကာ ဥပဒေနှင့်အညီ အသုံးပြုခွင့်မရရှိဘဲ ကွက်စိတ်ရိုက်ခြင်း၊ အုတ်တံတိုင်း ကာရံခြင်း၊ အခိုင်အမာအဆောက်အဦ ဆောက်လုပ် ခြင်းစသည့် ကျူးလွန် ဆောင်ရွက်အသုံးပြုမှုများ၊ အရောင်းအဝယ်ပြု လုပ်နေမှုမျာကိုလည်း စိစစ်၍အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေ ကြောင်းလည်း သိရသည်။

လက်ရှိတွင်လည်း မြေပြင်တွင် ဝိသမလောဘစီးပွားရေးသမားများမှ ပွဲစားများဖြင့်လည်းကောင်း၊ အင်တာနက် လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook, TikTok စသည်တို့တွင်လည်း ကောင်း လိမ်ညာရောင်းချမှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ သိလျက်နှင့် ဖြစ်စေ ဝယ်ယူ/ရောင်းချခြင်းများကြောင့် ကာယကံရှင်များအနေဖြင့် နှစ်နာ ဆုံးရှုံးမှုများ၊ အရေးယူခံ ရခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်းတွေ့နေရကြောင်းလည်း ထုတ်ပြန်ချက်တွင် သိရသည်။

ထိုသို့ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိသော မြေယာအသုံးပြုမှု များနှင့်ပတ်သက်၍ ကျူးလွန်ဆောင်ရွက်မှုများကို သက်ဆိုင်ရာက မြေပြင်ကွင်းဆင်း စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိရာ နည်းလမ်းတကျ အသုံး ပြုခွင့်မရှိသောမြေများကို ပြည်သူတို့အနေဖြင့် ဝယ်ယူမိပါက နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သတိပေးထားသည်။

ထို့ကြောင့် မြေယာအသုံးပြုမှုများနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ နည်းလမ်းတကျ အသုံးပြုမှုရှိစေရေးအတွက် အများပြည်သူတို့ သိရှိအောင် အသိပေးကြေညာချက်များ ထုတ်ပြန်ခဲ့ပြီးဖြစ်သောကြောင့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိသော မြေယာအသုံးပြုမှုများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံ၍ အသိပေး ထုတ်ပြန်ထားသည်။

Zawgyi Version:
လယ္ေျမအကြက္႐ိုက္ေရာင္းခ်ျခင္းအပါအဝင္ ဥပေဒႏွင့္မညီဘဲ ေျမယာအသုံးျပဳမႈမ်ားကို ထိေရာက္ စြာ အေရးယူမည္

ထိုက္စံ(NP News)-ဇန္နဝါရီ ၉

လယ္ေျမအကြက္႐ိုက္ေရာင္းခ်ျခင္း အပါအဝင္ ဥပေဒႏွင့္မညီဘဲ ေျမယာအသုံးျပဳမႈမ်ားကို ထိေရာက္ စြာ အေရးယူမည္ျဖစ္ေၾကာင္း ျပင္ဦးလြင္ခ႐ိုင္၊ ခ႐ိုင္စီမံခန႔္ခြဲေရးႏွင့္ အုပ္ခ်ဳပ္ေရး ေကာ္မတီက ထပ္မံ၍ အသိေပးထုတ္ျပန္ထားသည္။

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္ကို (Green City) (Clean City) (Smart City) ေဂဟစနစ္မ်ား ပ်က္စီးမႈမရွိေစရန္ စနစ္တက် အေကာင္အထည္ေဖာ္ေဆာင္႐ြက္ လ်က္ရွိၿပီး ေျမယာအသုံးခ်မႈႏွင့္ပတ္သက္၍ ဥပေဒႏွင့္အညီ လိုက္နာေဆာင္႐ြက္ရန္ အသိေပး ေၾကညာခဲ့ၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ၿမိဳ႕ေျမ၊ ႐ြာေျမအျဖစ္ ျပင္ဆင္တိုးခ်ဲ႕ဖြဲ႕စည္းထား သည့္ ရပ္ကြက္ ေျမမ်ား (သို႔မဟုတ္) ႐ြာေျမမ်ားႏွင့္ တစ္ဆက္တစ္စပ္တည္းရွိေသာ လယ္ေျမ၊ ယာေျမ၊ သစ္ေတာေျမ၊ ေျမလြတ္ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားကို စည္ပင္ သာယာေရးနယ္နိမိတ္အတြင္းပါဝင္သည္ (သို႔မဟုတ္) ႐ြာေျမအတြင္း ပါဝင္သည္ ဟုဆိုကာ ဥပေဒႏွင့္အညီ အသုံးျပဳခြင့္မရရွိဘဲ ကြက္စိတ္႐ိုက္ျခင္း၊ အုတ္တံတိုင္း ကာရံျခင္း၊ အခိုင္အမာအေဆာက္အဦ ေဆာက္လုပ္ ျခင္းစသည့္ က်ဴးလြန္ ေဆာင္႐ြက္အသုံးျပဳမႈမ်ား၊ အေရာင္းအဝယ္ျပဳ လုပ္ေနမႈမ်ာကိုလည္း စိစစ္၍အေရးယူေဆာင္႐ြက္မႈမ်ား ျပဳလုပ္ေန ေၾကာင္းလည္း သိရသည္။

လက္ရွိတြင္လည္း ေျမျပင္တြင္ ဝိသမေလာဘစီးပြားေရးသမားမ်ားမွ ပြဲစားမ်ားျဖင့္လည္းေကာင္း၊ အင္တာနက္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားျဖစ္သည့္ Facebook, TikTok စသည္တို႔တြင္လည္း ေကာင္း လိမ္ညာေရာင္းခ်မႈမ်ားအေပၚ မသိနားမလည္၍ျဖစ္ေစ၊ သိလ်က္ႏွင့္ ျဖစ္ေစ ဝယ္ယူ/ေရာင္းခ်ျခင္းမ်ားေၾကာင့္ ကာယကံရွင္မ်ားအေနျဖင့္ ႏွစ္နာ ဆုံးရႈံးမႈမ်ား၊ အေရးယူခံ ရျခင္းမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္းေတြ႕ေနရေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ သိရသည္။

ထိုသို႔ ဥပေဒႏွင့္အညီ လိုက္နာေဆာင္႐ြက္မႈမရွိေသာ ေျမယာအသုံးျပဳမႈ မ်ားႏွင့္ပတ္သက္၍ က်ဴးလြန္ေဆာင္႐ြက္မႈမ်ားကို သက္ဆိုင္ရာက ေျမျပင္ကြင္းဆင္း စစ္ေဆး၍ ထိေရာက္စြာအေရးယူေဆာင္႐ြက္လ်က္ရွိရာ နည္းလမ္းတက် အသုံး ျပဳခြင့္မရွိေသာေျမမ်ားကို ျပည္သူတို႔အေနျဖင့္ ဝယ္ယူမိပါက နစ္နာဆုံးရႈံးမႈမ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္းလည္း သတိေပးထားသည္။

ထို႔ေၾကာင့္ ေျမယာအသုံးျပဳမႈမ်ားႏွင့္ပတ္သက္ၿပီး ဥပေဒႏွင့္အညီ နည္းလမ္းတက် အသုံးျပဳမႈရွိေစေရးအတြက္ အမ်ားျပည္သူတို႔ သိရွိေအာင္ အသိေပးေၾကညာခ်က္မ်ား ထုတ္ျပန္ခဲ့ၿပီးျဖစ္ေသာေၾကာင့္ ဥပေဒႏွင့္အညီ လိုက္နာေဆာင္႐ြက္မႈမရွိေသာ ေျမယာအသုံးျပဳမႈမ်ားကို ထိေရာက္စြာ အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထပ္မံ၍ အသိေပး ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.