Disney ၏ ဝင်ငွေအများဆုံး အန်နီမေးရှင်းရုပ်ရှင်ဖြစ်လာခဲ့သည့် Zootopia 2

 163

Pika (NP News) - ဇန်နဝါရီလ ၁၅

Walt Disney Animation Studios Zootopia 2 ရုပ်ရှင်သည် (၂၀၁၉)ခုနှစ်ထွက် Frozen 2 ရုပ်ရှင်ထက် ရုံတင်ဝင်ငွေပိုများခဲ့ပြီး Walt Disney Animation Studios ၏ သမိုင်းတစ်လျှောက် ဝင်ငွေအများဆုံးရုပ်ရှင်တစ်ခု ဖြစ်လာခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ပြောကြားခဲ့သည်။ Zootopia 2 ရုပ်ရှင်သည် ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ဒေါ်လာ(၁)ဘီလျံကျော်ရရှိခဲ့သည့် Walt Disney Animation Studios၏ (၅)ခု မြောက်ရုပ်ရှင်ဖြစ်ပြီး ပထမဆုံးသီတင်းပတ်အတွင်း ရုံတင်ပြသမှုတွင် ဝင်ငွေ အမေရိကန်ဒေါ်လာ (၁ ဒသမ ၄၆) ဘီလျံ ဝန်းကျင် ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် Zootopia 2 ရုပ်ရှင်သည် တရုတ် နိုင်ငံတွင်လည်း အောင်မြင်မှုများရရှိခဲ့ပြီး ရုပ်ရှင်လက်မှတ် ရောင်းချမှုအားလုံး၏ (၉၅)ရာခိုင်နှုန်းခန့်ကိုရရှိခဲ့ကြောင်း သိရသည်။ Zootopia 2 ရုပ်ရှင်သည် ယုန်ရဲအရာရှိ ဂျူဒီဟော့ပ်နှင့် မြေခွေးအဖော်နစ်ခ်တို့ကို စည်းကားသောတိရစ္ဆာန်မြို့တော်ကြီးတစ်လျှောက် စွန့်စားခန်းအသစ် တစ်ခုတွင် ပြန်လည်ပေါင်းစည်းပေးထားသည့်ရုပ်ရှင်တစ်ခုဖြစ်သည်။ သို့သော်လည်း အဆိုပါဝင်ငွေအတိုင်း အတာသည် ကိုဗစ်(၁၉)ကပ်ရောဂါကာလမတိုင်မီရရှိခဲ့သော ရုံတင်ဝင်ငွေပမာဏကို လိုက်မီခြင်းမျိုး မရှိသေး ကြောင်း သိရသည်။ Zootopia 2 ရုပ်ရှင်သည် ကိုဗစ်(၁၉)ကပ်ရောဂါကာလ မတိုင်မီ ကမ္ဘာလုံးဆိုင်ရာ လက်မှတ်ရောင်းချမှုအဆင့် ကိုလိုက်မမီသေးသော်လည်း ရုံတင်ပြသမှုများကို အားကိုးနေရသည့် စတူဒီယိုနှင့် ရုပ်ရှင်ရုံပိုင်ရှင်များ အတွက် ဝမ်းသာစရာကိစ္စတစ်ခုအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
Disney ၏ ဝင္ေငြအမ်ားဆုံး အန္နီေမးရွင္း႐ုပ္ရွင္ျဖစ္လာခဲ့သည့္ Zootopia 2
Pika (NP News) - ဇန္နဝါရီလ ၁၅
Walt Disney Animation Studios Zootopia 2 ႐ုပ္ရွင္သည္ (၂၀၁၉)ခုႏွစ္ထြက္ Frozen 2 ႐ုပ္ရွင္ထက္ ႐ုံတင္ဝင္ေငြပိုမ်ားခဲ့ၿပီး Walt Disney Animation Studios ၏ သမိုင္းတစ္ေလွ်ာက္ ဝင္ေငြအမ်ားဆုံး႐ုပ္ရွင္တစ္ခု ျဖစ္လာခဲ့ေၾကာင္း ကုမၸဏီက ထုတ္ျပန္ေျပာၾကားခဲ့သည္။ Zootopia 2 ႐ုပ္ရွင္သည္ ကမာၻတစ္ဝန္းတြင္ အေမရိကန္ေဒၚလာ(၁)ဘီလ်ံေက်ာ္ရရွိခဲ့သည့္ Walt Disney Animation Studios၏ (၅)ခု ေျမာက္႐ုပ္ရွင္ျဖစ္ၿပီး ပထမဆုံးသီတင္းပတ္အတြင္း ႐ုံတင္ျပသမႈတြင္ ဝင္ေငြ အေမရိကန္ေဒၚလာ (၁ ဒသမ ၄၆) ဘီလ်ံ ဝန္းက်င္ ရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ Zootopia 2 ႐ုပ္ရွင္သည္ တ႐ုတ္ ႏိုင္ငံတြင္လည္း ေအာင္ျမင္မႈမ်ားရရွိခဲ့ၿပီး ႐ုပ္ရွင္လက္မွတ္ ေရာင္းခ်မႈအားလုံး၏ (၉၅)ရာခိုင္ႏႈန္းခန႔္ကိုရရွိခဲ့ေၾကာင္း သိရသည္။ Zootopia 2 ႐ုပ္ရွင္သည္ ယုန္ရဲအရာရွိ ဂ်ဴဒီေဟာ့ပ္ႏွင့္ ေျမေခြးအေဖာ္နစ္ခ္တို႔ကို စည္းကားေသာတိရစာၦန္ၿမိဳ႕ေတာ္ႀကီးတစ္ေလွ်ာက္ စြန႔္စားခန္းအသစ္ တစ္ခုတြင္ ျပန္လည္ေပါင္းစည္းေပးထားသည့္႐ုပ္ရွင္တစ္ခုျဖစ္သည္။ သို႔ေသာ္လည္း အဆိုပါဝင္ေငြအတိုင္း အတာသည္ ကိုဗစ္(၁၉)ကပ္ေရာဂါကာလမတိုင္မီရရွိခဲ့ေသာ ႐ုံတင္ဝင္ေငြပမာဏကို လိုက္မီျခင္းမ်ိဳး မရွိေသး ေၾကာင္း သိရသည္။ Zootopia 2 ႐ုပ္ရွင္သည္ ကိုဗစ္(၁၉)ကပ္ေရာဂါကာလ မတိုင္မီ ကမာၻလုံးဆိုင္ရာ လက္မွတ္ေရာင္းခ်မႈအဆင့္ ကိုလိုက္မမီေသးေသာ္လည္း ႐ုံတင္ျပသမႈမ်ားကို အားကိုးေနရသည့္ စတူဒီယိုႏွင့္ ႐ုပ္ရွင္႐ုံပိုင္ရွင္မ်ား အတြက္ ဝမ္းသာစရာကိစၥတစ္ခုအျဖစ္ ရပ္တည္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.