ရန်ကုန်-ဒလတံတားကို ယခုလအတွင်းဖွင့်လှစ်ရန်စီစဉ်နေ

 2274

ကိုဖြိုး(NP News)ဇန်နဝါရီ ၁၈
ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတားကို ယခုလအတွင်းဖွင့်လှစ်သွားနိုင်ရန်စီစဉ်နေကြောင်း တံတားတည်ဆောက်ရေးစီမံကိန်းနှင့်နီးစပ်သူများထံမှသိရသည်။
တံတားတည်ဆောက်‌ရေးလုပ်ငန်းစဥ်များမှာ ရာခိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီး တံတားဖွင့်ပွဲအတွက်သင့်တော်မည့်နေ့ရက်ကိုသက်ဆိုင်ရာအကြီးအကဲများမှရွေးချယ်စီစစ်နေကြောင်းသိရသည်။
ရန်ကုန်-ဒလ တံတားသည် သံမဏိကြိုးဆိုင်း လေးလမ်းသွား တံတားကြီးဖြစ်ပြီး တန်ချိန် (၁၅၀၀၀) အထိရှိသည့် သင်္ဘောကြီးများ ရေလမ်းကင်း လွတ်စွာ သွားလာနိုင်ရန် အမြင့်ပေ (၁၆၀) ခန့် နှင့် ရေလမ်းကင်းလွတ် အကျယ် (၅၂၅)ပေ ထားရှိ ဆောက်လုပ်ထားသည့်အပြင် မော်တော်ယာဉ်တစ်စင်းချင်း ခံနိုင်ဝန်အားအနေဖြင့် ၇၅ တန်အထိရှိကြောင်းသိရသည်။
ဒလတံတားတည်ဆောက်ရေး အသေးစိတ်ဒီဇိုင်းကို ကိုရီးယားသမ္မတ နိုင်ငံ Soosoog Co.Ltd က ရေးဆွဲခဲ့ပြီး ကိုရီးယားပညာရှင်များပါဝင်သော ကိုရီးယား GS Engineering Group က အဓိက တာ၀န်ယူတည် ဆောက်ခဲ့ခြင်းဖြစ်သည်။
ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ (EDCFI Loan) ချေးငွေ အမေရိကန်ဒေါ်လာ (၁၃၇ ဒဿမ ၈၃၃) သန်း၊ ပြည်တွင်းရန်ပုံငွေ ဒေါ်လာ (၃၀ ဒဿမ ၃၄၁) သန်း အပါ အဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၈၈) သန်းကျော် အကုန်ကျခံပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားမှာ ပင်မတံတား အရှည် ၂၂၆၄ ပေ၊ ရန်ကုန်ဘက်ချဉ်းကပ်တံတား အရှည် ၁၈၉၁ ပေ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၁၉၇၂ ပေ၊ တံတားတစ်စင်း လုံး၏ စုစုပေါင်းအရှည်မှာ ၆၁၂၇ ပေ ရှိကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္-ဒလတံတားကို ယခုလအတြင္းဖြင့္လွစ္ရန္စီစဥ္ေန
ကိုၿဖိဳး(NP News)ဇန္နဝါရီ ၁၈
ကိုရီးယား-ျမန္မာခ်စ္ၾကည္ေရး ရန္ကုန္-ဒလတံတားကို ယခုလအတြင္းဖြင့္လွစ္သြားႏိုင္ရန္စီစဥ္ေနေၾကာင္း တံတားတည္ေဆာက္ေရးစီမံကိန္းႏွင့္နီးစပ္သူမ်ားထံမွသိရသည္။
တံတားတည္ေဆာက္‌ေရးလုပ္ငန္းစဥ္မ်ားမွာ ရာခိုင္ႏႈန္းျပည့္ၿပီးစီးေနၿပီျဖစ္ၿပီး တံတားဖြင့္ပြဲအတြက္သင့္ေတာ္မည့္ေန႔ရက္ကိုသက္ဆိုင္ရာအႀကီးအကဲမ်ားမွေ႐ြးခ်ယ္စီစစ္ေနေၾကာင္းသိရသည္။
ရန္ကုန္-ဒလ တံတားသည္ သံမဏိႀကိဳးဆိုင္း ေလးလမ္းသြား တံတားႀကီးျဖစ္ၿပီး တန္ခ်ိန္ (၁၅၀၀၀) အထိရွိသည့္ သေဘၤာႀကီးမ်ား ေရလမ္းကင္း လြတ္စြာ သြားလာႏိုင္ရန္ အျမင့္ေပ (၁၆၀) ခန႔္ ႏွင့္ ေရလမ္းကင္းလြတ္ အက်ယ္ (၅၂၅)ေပ ထားရွိ ေဆာက္လုပ္ထားသည့္အျပင္ ေမာ္ေတာ္ယာဥ္တစ္စင္းခ်င္း ခံႏိုင္ဝန္အားအေနျဖင့္ ၇၅ တန္အထိရွိေၾကာင္းသိရသည္။
ဒလတံတားတည္ေဆာက္ေရး အေသးစိတ္ဒီဇိုင္းကို ကိုရီးယားသမၼတ ႏိုင္ငံ Soosoog Co.Ltd က ေရးဆြဲခဲ့ၿပီး ကိုရီးယားပညာရွင္မ်ားပါဝင္ေသာ ကိုရီးယား GS Engineering Group က အဓိက တာ၀န္ယူတည္ ေဆာက္ခဲ့ျခင္းျဖစ္သည္။
ကိုရီးယားႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးေရးရန္ပုံေငြ (EDCFI Loan) ေခ်းေငြ အေမရိကန္ေဒၚလာ (၁၃၇ ဒႆမ ၈၃၃) သန္း၊ ျပည္တြင္းရန္ပုံေငြ ေဒၚလာ (၃၀ ဒႆမ ၃၄၁) သန္း အပါ အဝင္ စုစုေပါင္း အေမရိကန္ေဒၚလာ (၁၈၈) သန္းေက်ာ္ အကုန္က်ခံၿပီး တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ျမန္မာ-ကိုရီးယားခ်စ္ၾကည္ေရး(ဒလ)တံတားမွာ ပင္မတံတား အရွည္ ၂၂၆၄ ေပ၊ ရန္ကုန္ဘက္ခ်ဥ္းကပ္တံတား အရွည္ ၁၈၉၁ ေပ၊ ဒလဘက္ကမ္း ခ်ဥ္းကပ္တံတားအရွည္ ၁၉၇၂ ေပ၊ တံတားတစ္စင္း လုံး၏ စုစုေပါင္းအရွည္မွာ ၆၁၂၇ ေပ ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.