တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) ၏ ၁၂ဝ နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်ကျင်းပမည်

 1005

NP News - ဇန်နဝါရီ ၂၁

တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) ၏ ၁၂ဝ နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ၁၉၀၆ ခုနှစ်တွင် စတင်ခဲ့သော တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)သည် အရှေ့တောင်အာရှနိုင်ငံများတွင် သက်တမ်းအရှည်ကြာ ဆုံး တိရစ္ဆာန်ဥယျာဥ်တစ်ခုဖြစ်ပြီး မကြာမီအချိန်တွင် သက်တမ်း ၁၂ဝ နှစ်ပြည့်မည်ဖြစ်ကြောင်း သိရသည်။
ယခုကျရောက်မည့် သက်တမ်း ၁၂ဝ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် လာမည့် ဇန်နဝါရီလ (၃၁)ရက်တွင် ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ပြီး ဖေဖော်ဝါရီလ (၁) ရက် မှ ဖေဖော်ဝါရီလ(၄) ရက် အထိ ဈေးရောင်းပွဲတော်၊ အဆို ၊ အက၊ မျက်လှည့်တို့အပြင် ကလေးငယ်များအတွက် talk show စသည့် တင်ဆက်ဖြေဖျော်မှုများ ပါဝင်မည်ဖြစ် ကြောင်း သိရသည်။
တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)သည် သဘာဝ၏သက်ရှိသယံဇာတများဖြစ်သော တောရိုင်းတိရစ္ဆာန်လေးများ ဤကမ္ဘာမြေအတွင်း ဆက်လက်တည်ရှိနေရေးအတွက် ချစ်ခြင်း ၊ မေတ္တာ ၊ စေတနာတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက် ခဲ့သော နားခိုရာနေရာဖြစ်သည့်အပြင် နောင်လာ နောင်သား များအတွက် ပညာဗဟုသုတရှာမှီးရာ နေရာတစ်ခု အဖြစ်လည်း ယခုကျရောက်မည့် ၁၂ဝ နှစ်မှတိုင် နောင်နှစ်ပေါင်းများစွာအထိ ချစ်ခြင်း၊ မေတ္တာ၊ သဘာဝတို့နှင့်အတူ ဆက်လက်ရှင်သန်နေမည်ဖြစ်ကြောင်းလည်း Yangon Zoo က အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
တိရစာၦန္ဥယ်ာဥ္ (ရန္ကုန္) ၏ ၁၂ဝ ႏွစ္ျပည့္အထိမ္းအမွတ္ပြဲေတာ္က်င္းပမည္
NP News - ဇန္နဝါရီ ၂၁
တိရစာၦန္ဥယ်ာဥ္ (ရန္ကုန္) ၏ ၁၂ဝ ႏွစ္ျပည့္အထိမ္းအမွတ္ပြဲေတာ္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။ ၁၉၀၆ ခုႏွစ္တြင္ စတင္ခဲ့ေသာ တိရစာၦန္ဥယ်ာဥ္ (ရန္ကုန္)သည္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ သက္တမ္းအရွည္ၾကာ ဆုံး တိရစာၦန္ဥယ်ာဥ္တစ္ခုျဖစ္ၿပီး မၾကာမီအခ်ိန္တြင္ သက္တမ္း ၁၂ဝ ႏွစ္ျပည့္မည္ျဖစ္ေၾကာင္း သိရသည္။
ယခုက်ေရာက္မည့္ သက္တမ္း ၁၂ဝ ႏွစ္ျပည့္အထိမ္းအမွတ္အေနျဖင့္ လာမည့္ ဇန္နဝါရီလ (၃၁)ရက္တြင္ ဖြင့္ပြဲ အခမ္းအနားက်င္းပျပဳလုပ္ၿပီး ေဖေဖာ္ဝါရီလ (၁) ရက္ မွ ေဖေဖာ္ဝါရီလ(၄) ရက္ အထိ ေဈးေရာင္းပြဲေတာ္၊ အဆို ၊ အက၊ မ်က္လွည့္တို႔အျပင္ ကေလးငယ္မ်ားအတြက္ talk show စသည့္ တင္ဆက္ေျဖေဖ်ာ္မႈမ်ား ပါဝင္မည္ျဖစ္ ေၾကာင္း သိရသည္။
တိရစာၦန္ဥယ်ာဥ္ (ရန္ကုန္)သည္ သဘာဝ၏သက္ရွိသယံဇာတမ်ားျဖစ္ေသာ ေတာ႐ိုင္းတိရစာၦန္ေလးမ်ား ဤကမာၻေျမအတြင္း ဆက္လက္တည္ရွိေနေရးအတြက္ ခ်စ္ျခင္း ၊ ေမတၱာ ၊ ေစတနာတို႔ျဖင့္ ထိန္းသိမ္းေစာင့္ေရွာက္ ခဲ့ေသာ နားခိုရာေနရာျဖစ္သည့္အျပင္ ေနာင္လာ ေနာင္သား မ်ားအတြက္ ပညာဗဟုသုတရွာမွီးရာ ေနရာတစ္ခု အျဖစ္လည္း ယခုက်ေရာက္မည့္ ၁၂ဝ ႏွစ္မွတိုင္ ေနာင္ႏွစ္ေပါင္းမ်ားစြာအထိ ခ်စ္ျခင္း၊ ေမတၱာ၊ သဘာဝတို႔ႏွင့္အတူ ဆက္လက္ရွင္သန္ေနမည္ျဖစ္ေၾကာင္းလည္း Yangon Zoo က အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.