ဆစ်ဒနီမြို့မှာ ငါးမန်းကိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ကမ်းခြေပေါင်း(၃၀)ကျော်ကို ပိတ်ထားရ

346

Pika (NP News) - ဇန်နဝါရီ ၂၁
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ငါးမန်းကိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် မြို့မြောက်ပိုင်း ဆင်ခြေဖုံး ရပ်ကွက်တွေမှာရှိတဲ့ကမ်းခြေပေါင်း(၃ဝ)ကျော်ကို ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ(၁၈)ရက် နဲ့ (၁၉)ရက်တို့မှာ ငါးမန်းကိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ဆစ်ဒနီမြို့မြောက်ပိုင်းမှာရှိတဲ့ ကမ်းခြေ အားလုံးကို ပိတ်ပစ်လိုက်ရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလ(၁၉)ရက်မှာ Manly ကမ်းခြေမှာ ရေကူးနေတဲ့ အသက်(၂၀)အရွယ်အမျိုးသားတစ်ဦး ငါးမန်းကိုက်ခံခဲ့ရ ပြီး စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ Dee Why ရပ်ကွက်က ကမ်းခြေမှာ ရေကူးနေတဲ့လူငယ်တစ်ဦးလည်း ငါးမန်းတစ်ကောင်ရဲ့တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ(၂ဝ)ရက်မှာလည်း ဆစ်ဒနီမြို့မြောက်ပိုင်းက ကမ်းခြေတစ်ခုမှာ ရေကူးနေတဲ့ အသက်(၃၉)နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ငါးမန်းကိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဇန်နဝါရီလ(၁၈)ရက်ကလည်း အသက်(၁၂)နှစ်အရွယ် ကောင်လေးတစ်ယောက် ငါးမန်းကိုက်ခံခဲ့ရပြီး စိုးရိမ်ရတဲ့ အခြေအနေတွေနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

Zawgyi Version;
ဆစ္ဒနီၿမိဳ႕မွာ ငါးမန္းကိုက္ခံရမႈေတြ ဆက္တိုက္ျဖစ္ပြားခဲ့ၿပီးေနာက္ ကမ္းေျခေပါင္း(၃၀)ေက်ာ္ကို ပိတ္ထားရ
Pika (NP News) - ဇန္နဝါရီ ၂၁
ဩစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕မွာ ငါးမန္းကိုက္ခံရမႈေတြ ဆက္တိုက္ျဖစ္ပြားခဲ့ၿပီးေနာက္ ၿမိဳ႕ေျမာက္ပိုင္း ဆင္ေျခဖုံး ရပ္ကြက္ေတြမွာရွိတဲ့ကမ္းေျခေပါင္း(၃ဝ)ေက်ာ္ကို ပိတ္ထားခဲ့ရတယ္လို႔ သိရပါတယ္။ ဇန္နဝါရီလ(၁၈)ရက္ နဲ႔ (၁၉)ရက္တို႔မွာ ငါးမန္းကိုက္ခံရမႈေတြ ဆက္တိုက္ျဖစ္ပြားခဲ့ၿပီးေနာက္ ဆစ္ဒနီၿမိဳ႕ေျမာက္ပိုင္းမွာရွိတဲ့ ကမ္းေျခ အားလုံးကို ပိတ္ပစ္လိုက္ရတယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဇန္နဝါရီလ(၁၉)ရက္မွာ Manly ကမ္းေျခမွာ ေရကူးေနတဲ့ အသက္(၂၀)အ႐ြယ္အမ်ိဳးသားတစ္ဦး ငါးမန္းကိုက္ခံခဲ့ရ ၿပီး စိုးရိမ္ရတဲ့အေျခအေနနဲ႔ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီေန႔မွာပဲ Dee Why ရပ္ကြက္က ကမ္းေျခမွာ ေရကူးေနတဲ့လူငယ္တစ္ဦးလည္း ငါးမန္းတစ္ေကာင္ရဲ႕တိုက္ခိုက္တာကို ခံခဲ့ရတယ္လို႔ သိရပါတယ္။
ဇန္နဝါရီလ(၂ဝ)ရက္မွာလည္း ဆစ္ဒနီၿမိဳ႕ေျမာက္ပိုင္းက ကမ္းေျခတစ္ခုမွာ ေရကူးေနတဲ့ အသက္(၃၉)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးလည္း ငါးမန္းကိုက္ခံခဲ့ရၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ဇန္နဝါရီလ(၁၈)ရက္ကလည္း အသက္(၁၂)ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ေယာက္ ငါးမန္းကိုက္ခံခဲ့ရၿပီး စိုးရိမ္ရတဲ့ အေျခအေနေတြနဲ႔ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ရတယ္လို႔ သိရပါတယ္။