တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဒိန်းမတ်က ဂရင်းလန်းကျွန်းကို နောက်ထပ်တပ်ဖွဲ့ဝင်တွေစေလွှတ်

440

Pika (NP News) - ဇန်နဝါရီ ၂၁
အမေရိကန်နဲ့တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ဒိန်းမတ်နိုင်ငံက ဂရင်းလန်းကျွန်းကို နောက်ထပ်တပ်ဖွဲ့တွေ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ ဂရင်းလန်းကျွန်းကို သိမ်းယူမယ့် ၎င်းရဲ့အစီအစဉ်ကို မထောက်ခံတဲ့ နိုင်ငံတွေအားလုံးကို အခွန်စည်းကြပ်မှုတွေလုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုစေလွှတ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဂရင်းလန်းကျွန်းကို သိမ်းယူတာက အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအတွက် လိုအပ်တဲ့အရာတစ်ခုဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ အကြိမ်ကြိမ်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်က ဂရင်းလန်းကျွန်းကို မသိမ်းယူဘူးဆိုရင် ရုရှားနဲ့တရုတ်တို့က သိမ်းယူသွားလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဂရင်းလန်းကျွန်းရဲ့မြို့တော် Nuuk မှာ ဒိန်းမတ်စစ်သား (၁၀၀) လောက် တပ်စွဲထားပြီး Kangerlussuaq မှာလည်း နောက်ထပ်စစ်သား(၁ဝဝ) ကို ဖြန့်ကျက်ချထားခဲ့တယ်လို့ ဒိန်းမတ်ဗိုလ်ချုပ်ကြီးဆိုရန်အန်ဒါဆန်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင်လာမယ့်ရက်ပိုင်းအတွင်း ဂရင်းလန်းကျွန်းမှာ ရှိတဲ့ ဒိန်းမတ်စစ်သားအရေအတွက်က သိသိသာသာ တိုးမြင့်လာလိမ့်မယ်လို့လည်း ဒိန်းမတ်စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Zawgyi Version;
တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ ဒိန္းမတ္က ဂရင္းလန္းကြၽန္းကို ေနာက္ထပ္တပ္ဖြဲ႕ဝင္ေတြေစလႊတ္
Pika (NP News) - ဇန္နဝါရီ ၂၁
အေမရိကန္နဲ႔တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ ဒိန္းမတ္ႏိုင္ငံက ဂရင္းလန္းကြၽန္းကို ေနာက္ထပ္တပ္ဖြဲ႕ေတြ ထပ္မံေစလႊတ္ခဲ့တယ္လို႔ သိရပါတယ္။ ဂရင္းလန္းကြၽန္းကို သိမ္းယူမယ့္ ၎ရဲ႕အစီအစဥ္ကို မေထာက္ခံတဲ့ ႏိုင္ငံေတြအားလုံးကို အခြန္စည္းၾကပ္မႈေတြလုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုေစလႊတ္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဂရင္းလန္းကြၽန္းကို သိမ္းယူတာက အေမရိကန္ရဲ႕အမ်ိဳးသားလုံၿခဳံေရးအတြက္ လိုအပ္တဲ့အရာတစ္ခုျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အႀကိမ္ႀကိမ္ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္က ဂရင္းလန္းကြၽန္းကို မသိမ္းယူဘူးဆိုရင္ ႐ုရွားနဲ႔တ႐ုတ္တို႔က သိမ္းယူသြားလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဂရင္းလန္းကြၽန္းရဲ႕ၿမိဳ႕ေတာ္ Nuuk မွာ ဒိန္းမတ္စစ္သား (၁၀၀) ေလာက္ တပ္စြဲထားၿပီး Kangerlussuaq မွာလည္း ေနာက္ထပ္စစ္သား(၁ဝဝ) ကို ျဖန႔္က်က္ခ်ထားခဲ့တယ္လို႔ ဒိန္းမတ္ဗိုလ္ခ်ဳပ္ႀကီးဆိုရန္အန္ဒါဆန္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္လာမယ့္ရက္ပိုင္းအတြင္း ဂရင္းလန္းကြၽန္းမွာ ရွိတဲ့ ဒိန္းမတ္စစ္သားအေရအတြက္က သိသိသာသာ တိုးျမင့္လာလိမ့္မယ္လို႔လည္း ဒိန္းမတ္စစ္ဘက္ဆိုင္ရာ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။