ရန်ကုန်နှင့်မန္တလေးတွင် ICJ ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံပွဲနှင့် ဂမ်ဘီယာနိုင်ငံကို ရှုံ့ချပွဲ ပြုလုပ်မည်

 2256

သန့်ဇင်(NP News) - ဇန်နဝါရီ ၂၁
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် လာမည့်(ဇန်နဝါရီ ၂၇ ရက်) ၌ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံပွဲ နှင့် ဂမ်ဘီယာနိုင်ငံကို ရှုံ့ချပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီး နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ (၁၂) ရက်မှ ဇန်နဝါရီလ (၂၉) ရက်အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ် မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) သို့ သွားရောက်၍ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များအား ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ဖြေရှင်းဆောင်ရွက်နေသည့် ဦးကိုကိုလှိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံပွဲနှင့် ဂမ်ဘီယာနိုင်ငံအား ရှုံ့ချပွဲအား ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် ပြုလပ်မည်ဖြစ်ကြောင်း သိရှိသူတစ်ဦးက ဆိုသည်။
“အစည်းအဝေးဆုံးဖြတ်ချက်ကတော့ ရွေးကောက်ပွဲရက်လည်းရှိနေသေးတဲ့အတွက် (၂၇) ရက်ကို လုပ်ဖို့ မန္တလေး ကော၊ ရန်ကုန်ကော ဆုံးဖြတ်လိုက်ပြီ။ ICJ က မြန်မာကိုယ်စားလှယ်အဖွဲ့ကိုထောက်ခံပွဲနဲ့ ဂမ်ဘီယာကို ရှုံ့ချပွဲ လုပ်မှာ။ အင်အားများနိုင်သမျှများအောင်ဆောင် ရွက်နေကြတယ်။ ရန်ကုန်မှာက ကြေးသွန်းရှေ့ကနေ ဆူးလေ အထိ ချီတက်မယ်။ မန္တလေးကတော့ ဘုရားကြီးအနီးဝန်းကျင်ပေါ့။ ဆုံးဖြတ် ချက်မသေချာသေးဘူး။ လုပ်ဖို့တော့ သေချာတယ်။ နေရာအတိအကျတော့ မသိသေးဘူး။ ရန်ကုန်က မျိုးချစ်ရဟန်းတော်များသမဂ္ဂက ဦးဆောင်မှာ” ဟု အထက်ပါ သတင်းရင်းမြစ်က NP News ကို ပြောသည်။

Zawgyi Version;
ရန္ကုန္ႏွင့္မႏၲေလးတြင္ ICJ ေရာက္ ျမန္မာကိုယ္စားလွယ္အဖြဲ႕အား ေထာက္ခံပြဲႏွင့္ ဂမ္ဘီယာႏိုင္ငံကို ရႈံ႕ခ်ပြဲ ျပဳလုပ္မည္
သန႔္ဇင္(NP News) - ဇန္နဝါရီ ၂၁
ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ လာမည့္(ဇန္နဝါရီ ၂၇ ရက္) ၌ အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)ေရာက္ ျမန္မာကိုယ္စားလွယ္အဖြဲ႕အား ေထာက္ခံပြဲ ႏွင့္ ဂမ္ဘီယာႏိုင္ငံကို ရႈံ႕ခ်ပြဲျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ ဥပေဒေရးရာဝန္ႀကီး ႏွင့္ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးတို႔ ဦးေဆာင္သည့္ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ဇန္နဝါရီလ (၁၂) ရက္မွ ဇန္နဝါရီလ (၂၉) ရက္အထိ နယ္သာလန္ႏိုင္ငံ၊ သည္ဟိတ္ဂ္ ၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာတရား႐ုံး (International Court of Justice – ICJ) သို႔ သြားေရာက္၍ ဂမ္ဘီယာႏိုင္ငံ၏ စြပ္စြဲခ်က္မ်ားအား ဥပေဒႏွင့္အညီ ေျဖရွင္း ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထိုသို႔ေျဖရွင္းေဆာင္႐ြက္ေနသည့္ ဦးကိုကိုလႈိင္ဦးေဆာင္ေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕အား ေထာက္ခံပြဲႏွင့္ ဂမ္ဘီယာႏိုင္ငံအား ရႈံ႕ခ်ပြဲအား ရန္ကုန္ၿမိဳ႕ ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ ျပဳလပ္မည္ျဖစ္ေၾကာင္း သိရွိသူတစ္ဦးက ဆိုသည္။
“အစည္းအေဝးဆုံးျဖတ္ခ်က္ကေတာ့ ေ႐ြးေကာက္ပြဲရက္လည္းရွိေနေသးတဲ့အတြက္ (၂၇) ရက္ကို လုပ္ဖို႔ မႏၲေလး ေကာ၊ ရန္ကုန္ေကာ ဆုံးျဖတ္လိုက္ၿပီ။ ICJ က ျမန္မာကိုယ္စားလွယ္အဖြဲ႕ကိုေထာက္ခံပြဲနဲ႔ ဂမ္ဘီယာကို ရႈံ႕ခ်ပြဲ လုပ္မွာ။ အင္အားမ်ားႏိုင္သမွ်မ်ားေအာင္ေဆာင္ ႐ြက္ေနၾကတယ္။ ရန္ကုန္မွာက ေၾကးသြန္းေရွ႕ကေန ဆူးေလ အထိ ခ်ီတက္မယ္။ မႏၲေလးကေတာ့ ဘုရားႀကီးအနီးဝန္းက်င္ေပါ့။ ဆုံးျဖတ္ ခ်က္မေသခ်ာေသးဘူး။ လုပ္ဖို႔ေတာ့ ေသခ်ာတယ္။ ေနရာအတိအက်ေတာ့ မသိေသးဘူး။ ရန္ကုန္က မ်ိဳးခ်စ္ရဟန္းေတာ္မ်ားသမဂၢက ဦးေဆာင္မွာ” ဟု အထက္ပါ သတင္းရင္းျမစ္က NP News ကို ေျပာသည္။

Related news

© 2021. All rights reserved.