ကဘူးလ်မြို့လယ်ရှိ တရုတ်ဟိုတယ်ကို တိုက်ခိုက်ခဲ့ဟု IS အဖွဲ့ဝန်ခံ

634

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၁
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် သံတမန်များ အများဆုံး လာရောက်လေ့ရှိသည့် ဟိုတယ်နှင့် တရုတ်စားသောက်ဆိုင် တိုက်ခိုက်ခဲ့ကြောင်း (IS) အဖွဲ့က တရားဝင် သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါအဖြစ်ပျက်သည် တရုတ်အစိုးရက ၎င်း၏ နိုင်ငံသားများကို အာဖဂန်နစ္စတန်နိုင်ငံမှ ချက်ချင်းထွက်ခွာရန် အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း သိရသည်။
IS အဖွဲ့၏ ဒေသတွင်းလက်ခွဲဖြစ်သော IS-K (Islamic State – Khorasan Province) က " ကျွန်တော်တို့ တိုက်ခိုက်ရေးသမားများဟာ ကွန်မြူနစ်တရုတ်များနဲ့ တာလီဘန်အဖွဲ့ဝင်များ စုဝေးရာ ဟိုတယ်ကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်" ဟု ဖော်ပြထားသည်။
IS အဖွဲ့၏ တိုက်ခိုက်သူများသည် ဟိုတယ်ဝင်းအတွင်းသို့ ဝင်ရောက်ကာ ဖောက်ခွဲရေးပစ္စည်းများ ဖောက်ခွဲခြင်း နှင့် သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။
တိုက်ခိုက်ခံရသည့် တရုတ်ပိုင်စားသောက်ဆိုင်သည် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အဓိက ဆုံတွေ့ရာ နေရာ ဖြစ်ပြီး အသေအပျောက်စာရင်းနှင့်ပတ်သက်ပြီး အသေးစိတ် မသိရသေးသော်လည်း ထိခိုက်မှုများပြားနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။
တာလီဘန်အစိုးရသည် နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ရရှိရန်အတွက် တရုတ်နိုင်ငံကို အဓိက မိတ်ဖက်အဖြစ် အားကိုးနေရချိန်တွင် တရုတ်ဟိုတယ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။ တရုတ် ရင်းနှီးမြှုပ်နှံသူ များကို လုံခြုံရေးအပြည့်အဝပေးမည်ဟု တာလီဘန်တို့က ကတိပြုထားသော်လည်း လက်ရှိအချိန်တွင် မြို့တော်၏ အချက်အချာကျသော နေရာမျိုးတွင် ယခုကဲ့သို့ဝင်ရောက်တိုက်ခိုက်ခံရခြင်းက တာလီဘန်တို့၏ လုံခြုံရေးစွမ်းရည် အပေါ်မေးခွန်းထုတ်စရာဖြစ်လာခဲ့ကြောင်း သိရသည်။

Zawgyi Version;
ကဘူးလ္ၿမိဳ႕လယ္ရွိ တ႐ုတ္ဟိုတယ္ကို တိုက္ခိုက္ခဲ့ဟု IS အဖြဲ႕ဝန္ခံ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၁
အာဖဂန္နစၥတန္ႏိုင္ငံ၊ ကဘူးလ္ၿမိဳ႕ေတာ္ရွိ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ သံတမန္မ်ား အမ်ားဆုံး လာေရာက္ေလ့ရွိသည့္ ဟိုတယ္ႏွင့္ တ႐ုတ္စားေသာက္ဆိုင္ တိုက္ခိုက္ခဲ့ေၾကာင္း (IS) အဖြဲ႕က တရားဝင္ သတင္းထုတ္ျပန္လိုက္သည္။
အဆိုပါအျဖစ္ပ်က္သည္ တ႐ုတ္အစိုးရက ၎၏ ႏိုင္ငံသားမ်ားကို အာဖဂန္နစၥတန္ႏိုင္ငံမွ ခ်က္ခ်င္းထြက္ခြာရန္ အေရးေပၚသတိေပးခ်က္ ထုတ္ျပန္လိုက္ရျခင္း၏ အဓိကအေၾကာင္းရင္းျဖစ္ေၾကာင္း သိရသည္။
IS အဖြဲ႕၏ ေဒသတြင္းလက္ခြဲျဖစ္ေသာ IS-K (Islamic State – Khorasan Province) က " ကြၽန္ေတာ္တို႔ တိုက္ခိုက္ေရးသမားမ်ားဟာ ကြန္ျမဴနစ္တ႐ုတ္မ်ားနဲ႔ တာလီဘန္အဖြဲ႕ဝင္မ်ား စုေဝးရာ ဟိုတယ္ကို ဝင္ေရာက္စီးနင္းခဲ့တာျဖစ္တယ္" ဟု ေဖာ္ျပထားသည္။
IS အဖြဲ႕၏ တိုက္ခိုက္သူမ်ားသည္ ဟိုတယ္ဝင္းအတြင္းသို႔ ဝင္ေရာက္ကာ ေဖာက္ခြဲေရးပစၥည္းမ်ား ေဖာက္ခြဲျခင္း ႏွင့္ ေသနတ္ျဖင့္ ပစ္ခတ္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း မ်က္ျမင္သက္ေသမ်ားက ဆိုသည္။
တိုက္ခိုက္ခံရသည့္ တ႐ုတ္ပိုင္စားေသာက္ဆိုင္သည္ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ား အဓိက ဆုံေတြ႕ရာ ေနရာ ျဖစ္ၿပီး အေသအေပ်ာက္စာရင္းႏွင့္ပတ္သက္ၿပီး အေသးစိတ္ မသိရေသးေသာ္လည္း ထိခိုက္မႈမ်ားျပားႏိုင္ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။
တာလီဘန္အစိုးရသည္ ႏိုင္ငံတကာ အသိအမွတ္ျပဳမႈႏွင့္ စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံမႈ ရရွိရန္အတြက္ တ႐ုတ္ႏိုင္ငံကို အဓိက မိတ္ဖက္အျဖစ္ အားကိုးေနရခ်ိန္တြင္ တ႐ုတ္ဟိုတယ္တိုက္ခိုက္ခံရျခင္းျဖစ္သည္။ တ႐ုတ္ ရင္းႏွီးျမႇဳပ္ႏွံသူ မ်ားကို လုံၿခဳံေရးအျပည့္အဝေပးမည္ဟု တာလီဘန္တို႔က ကတိျပဳထားေသာ္လည္း လက္ရွိအခ်ိန္တြင္ ၿမိဳ႕ေတာ္၏ အခ်က္အခ်ာက်ေသာ ေနရာမ်ိဳးတြင္ ယခုကဲ့သို႔ဝင္ေရာက္တိုက္ခိုက္ခံရျခင္းက တာလီဘန္တို႔၏ လုံၿခဳံေရးစြမ္းရည္ အေပၚေမးခြန္းထုတ္စရာျဖစ္လာခဲ့ေၾကာင္း သိရသည္။