ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်တွင် (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်

 806

Pearl (NP News) - ဇန်နဝါရီ ၂၄

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်တွင် (၅)က်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၂၃ ရက်) က ၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) ကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)ကို အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီမှဦးဆောင်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်တွင် ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ MSME များသည် နိုင်ငံ့စီးပွားရေး၏ အခြေခံအင်အားစုဖြစ်သည့်အပြင် ပြည်တွင်းအလုပ်အကိုင်ဖန်တီးမှု၊ ဒေသအလိုက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အသက်မွေးဝမ်းကျောင်းတိုးတက်ရေးတို့အတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိ ကြောင်း ပြောသည်။
ပြပွဲနှင့် ဈေးရောင်းပွဲတော်မှတစ်ဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ MSME ထုတ်ကုန်များကို စုစည်း ပြသနိုင်ခြင်း၊ စားသုံးသူများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်ခြင်း၊ ဈေးကွက်တိုးချဲ့နိုင်ခြင်းနှင့် အပြန်အလှန်လေ့လာ သင်ယူနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်)ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးဗဟိုကော်မတီကိုဖွဲ့စည်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ ကို သတ်မှတ်ပေးပြီးဖြစ်ကြောင်း၊ ကျင်းပရေးဗဟိုကော်မတီအနေဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နှင့် ဈေးရောင်းပွဲတော်အား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးကို ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချဆိုင်ခန်းများ၊ လုပ်ငန်း၊ စီးပွားချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး EV ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်ပြခန်းများ၊ CMP အထည်ချုပ်ပြခန်းများအပါအဝင် ပြခန်းပေါင်း ၁၀၁ ခန်းခန့် ပြသရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲ ႏွင့္ ေဈးေရာင္းပြဲေတာ္ကို ေနျပည္ေတာ္တြင္ (၅)ရက္တိုင္တိုင္ က်င္းပျပဳလုပ္မည္
Pearl (NP News) - ဇန္နဝါရီ ၂၄
(၇၉)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲ ႏွင့္ ေဈးေရာင္းပြဲေတာ္ကို ေနျပည္ေတာ္တြင္ (၅)က္တိုင္တိုင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း စက္မႈဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ယမန္ေန႔ (ဇန္နဝါရီလ ၂၃ ရက္) က ၇၉)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္(ေနျပည္ေတာ္) က်င္းပႏိုင္ေရးအတြက္ ညႇိႏႈိင္း အစည္းအေဝးကို စက္မႈဝန္ႀကီးဌာန ႐ုံးအမွတ္(၃၀) အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ အစည္းအေဝးတြင္ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္ (ေနျပည္ေတာ္)ကို အေသးစား၊ အငယ္စား၊ အလတ္စား စီးပြားေရး လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္း ေကာ္မတီမွဦးေဆာင္၍ (၇၉)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ကို ႀကိဳဆို ဂုဏ္ျပဳေသာအားျဖင့္ ေနျပည္ေတာ္တြင္ ငါးရက္တိုင္တိုင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း၊ MSME မ်ားသည္ ႏိုင္ငံ့စီးပြားေရး၏ အေျခခံအင္အားစုျဖစ္သည့္အျပင္ ျပည္တြင္းအလုပ္အကိုင္ဖန္တီးမႈ၊ ေဒသအလိုက္ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ အသက္ေမြးဝမ္းေက်ာင္းတိုးတက္ေရးတို႔အတြက္ အေရးပါေသာအခန္းက႑တြင္ ပါဝင္လ်က္ရွိ ေၾကာင္း ေျပာသည္။
ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္မွတစ္ဆင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအသီးသီးမွ MSME ထုတ္ကုန္မ်ားကို စုစည္း ျပသႏိုင္ျခင္း၊ စားသုံးသူမ်ားႏွင့္ တိုက္႐ိုက္ေတြ႕ဆုံႏိုင္ျခင္း၊ ေဈးကြက္တိုးခ်ဲ႕ႏိုင္ျခင္းႏွင့္ အျပန္အလွန္ေလ့လာ သင္ယူႏိုင္ျခင္း စသည့္ အက်ိဳးေက်းဇူးမ်ားရရွိေစႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ႐ုံးက ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္(ေနျပည္ေတာ္)ကို ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ က်င္းပေရးဗဟိုေကာ္မတီကိုဖြဲ႕စည္း၍ ေဆာင္႐ြက္ရမည့္လုပ္ငန္းတာဝန္မ်ား ကို သတ္မွတ္ေပးၿပီးျဖစ္ေၾကာင္း၊ က်င္းပေရးဗဟိုေကာ္မတီအေနျဖင့္ ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲ ႏွင့္ ေဈးေရာင္းပြဲေတာ္အား ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ လုပ္ငန္းေကာ္မတီအသီးသီးကို ဖြဲ႕စည္းထားၿပီး လုပ္ငန္းတာဝန္မ်ားကိုလည္း သတ္မွတ္တာဝန္ေပးအပ္ထားၿပီးျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားသည္။
ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္တြင္ ဝန္ႀကီးဌာနျပခန္းမ်ား၊ ေနျပည္ေတာ္ အပါအဝင္ တိုင္းေဒသႀကီး၊ ျပည္နယ္ MSME ျပခန္းမ်ား၊ တိုင္းရင္းသား႐ိုးရာ အစားအစာေရာင္းခ်ဆိုင္ခန္းမ်ား၊ လုပ္ငန္း၊ စီးပြားခ်ိတ္ဆက္မႈမ်ား (Business Matching)၊ နည္းပညာျပခန္းမ်ား၊ လယ္ယာသုံးစက္ပစၥည္းႏွင့္ ထုတ္ကုန္ျပခန္းမ်ား၊ အေသးစားစက္မႈလက္မႈလုပ္ငန္းႏွင့္ ကုန္ထုတ္သမဝါယမျပခန္းမ်ား၊ အသင္းအဖြဲ႕ျပခန္းမ်ား၊ Solar Farm မ်ား၊ SKD ဦးစားေပး EV ကား၊ ေမာ္ေတာ္ဆိုင္ကယ္၊ သုံးဘီးဆိုင္ကယ္ျပခန္းမ်ား၊ CMP အထည္ခ်ဳပ္ျပခန္းမ်ားအပါအဝင္ ျပခန္းေပါင္း ၁၀၁ ခန္းခန႔္ ျပသေရာင္းခ်သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.