တောင်ညိုလမ်းတွင် ဇာတ်သဘင်အဖွဲ့ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အဖွဲ့ဝင် (၁၂)ဦး သေဆုံး

1516
Pearl (NP News) - ဇန်နဝါရီ ၂၉
တောင်ညိုလမ်းတွင် ဇာတ်သဘင်အဖွဲ့ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အဖွဲ့ဝင်(၁၂)ဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ထုတ်ပြန်ထားသည်။
ယနေ့ (ဇန်နဝါရီ ၂၈ ရက်)၊ ညနေပိုင်းက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ “ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့” သည် တောင်တွင်းကြီးမှ တပ်ကုန်းမြို့သို့ဖျော်ဖြေရန် အသွားလမ်းခရီး
တောင်ညိုလမ်းတွင် ဇာတ်သဘင်ယာဥ်ကြီး ချောက်ထဲကျ၍ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယာဥ်ပေါ်တွင် အဖွဲ့သူ/သား (၂၇) ဦးခန့် လိုက်ပါလာကာ သေဆုံးသူ ဦးရေ (၁၂) ဦးခန့် ရှိပြီး ထိခိုက်ဒဏ်ရာရမှုလည်း များပြားကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)အနေဖြင့် လွန်စွာ စိတ်ထိခိုက်ကြေကွဲရကြောင်း၊
ကူညီမှုများ ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး နံနက်တွင်လည်း အခင်းဖြစ်ပွားရာနေရာသို့ အမှုဆောင်များ ကိုယ်တိုင်သွားရောက်ကာ လိုအပ်သော ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က အသိပေးထုတ်ပြန်ထားသည်။
Zawgyi Version;
ေတာင္ညိဳလမ္းတြင္ ဇာတ္သဘင္အဖြဲ႕ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့ပြီး အဖြဲ႕ဝင္ (၁၂)ဦး ေသဆုံး
Pearl (NP News) - ဇန္နဝါရီ ၂၉
ေတာင္ညိဳလမ္းတြင္ ဇာတ္သဘင္အဖြဲ႕ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့ၿပီး အဖြဲ႕ဝင္(၁၂)ဦး ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး (ဗဟို)က ထုတ္ျပန္ထားသည္။
ယေန႔ (ဇန္နဝါရီ ၂၈ ရက္)၊ ညေနပိုင္းက မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္မွ “ေဇာ္ေလးႏိုင္ ဇာတ္သဘင္အဖြဲ႕” သည္ ေတာင္တြင္းႀကီးမွ တပ္ကုန္းၿမိဳ႕သို႔ေဖ်ာ္ေျဖရန္ အသြားလမ္းခရီး
ေတာင္ညိဳလမ္းတြင္ ဇာတ္သဘင္ယာဥ္ႀကီး ေခ်ာက္ထဲက်၍ တိမ္းေမွာက္ခဲ့ေၾကာင္း သိရသည္။
ယာဥ္ေပၚတြင္ အဖြဲ႕သူ/သား (၂၇) ဦးခန္႔ လိုက္ပါလာကာ ေသဆုံးသူ ဦးေရ (၁၂) ဦးခန္႔ ရွိၿပီး ထိခိုက္ဒဏ္ရာရမႈလည္း မ်ားျပားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး (ဗဟို)အေနျဖင့္ လြန္စြာ စိတ္ထိခိုက္ေၾကကြဲရေၾကာင္း၊
ကူညီမႈမ်ား ခ်ိတ္ဆက္ေဆာင္႐ြက္ေပးေနၿပီး နံနက္တြင္လည္း အခင္းျဖစ္ပြားရာေနရာသို႔ အမႈေဆာင္မ်ား ကိုယ္တိုင္သြားေရာက္ကာ လိုအပ္ေသာ ကူညီကယ္ဆယ္မႈမ်ား ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို)က အသိေပးထုတ္ျပန္ထားသည္။