အမြန်လမ်းရှိ လမ်းပြင်ဆင်ထိန်းသိမ်းခြင်းများဆောင်ရွက်နေသည့် မိုင်တိုင်များအနီး အရှိန်လျှော့မောင်းနှင်ရန်သတိပေးထား

 149

Pearl (NP News) - ဇန်နဝါရီ ၂၉

ရန်ကုန်-မန္တလေး အမြန်လမ်းရှိ လမ်းပြင်ဆင်ထိန်းသိမ်းခြင်းများဆောင်ရွက်နေသည့် မိုင်တိုင်များအနီး အရှိန်လျှော့မောင်းနှင်ရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင် ၃၂/၆-၃၂/၇ အတွင်း လသာကုန်းUnder Pass(မန္တလေးမှရန်ကုန်သို့)(အပြန်လမ်း) ၌ ကွန်ကရစ်လမ်းခင်းခြင်း၊ မိုင်၁၄၅/၀-၁၄၅/၃ အတွင်း ခပေါင်းတံတား (မန္တလေးမှ ရန်ကုန်သို့) (အပြန်လမ်း)တွင် အတက်အဆင်းလမ်း ပြုပြင်ခြင်း၊ မိုင် ၁၆၅/၁-၁၆၅/၃ အတွင်း ဆွာချောင်း တံတား (မန္တလေးမှ ရန်ကုန်သို့)(အပြန်လမ်း)တွင် တံတားအသစ်တည်ဆောက်ခြင်းကို ဆောက်ရွက်နေကြောင်း သိရသည်။

အလားတူ မိုင် ၁၈၈/၂-၁၈၈/၃ ကြား (မန္တလေးမှ ရန်ကုန်သို့) (အပြန်လမ်း)တွင် ရေပြွန်တူးဖော်ပြုပြင်ခြင်း ၊ မိုင် ၁၉၀/၁-၁၉၀/၃ အတွင်း (မန္တလေးမှ ရန်ကုန်သို့) (အပြန်လမ်း)တွင် မှောက်ခုံချောင်း တံတားအတက် အဆင်း လမ်းနှင့် တံတားပြုပြင်ခြင်း၊ မိုင် ၃၄၁/၅-၃၄၁/၆အတွင်း (မန္တလေးမှရန်ကုန်သို့) (အပြန်လမ်း)တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။

ထို့ပြင် မိုင် ၃၄၅/၇ - ၃၄၆/၃ အတွင်း (ရန်ကုန်မှမန္တလေးသို့) (အသွားလမ်း) တွင်သမင်လွှဲ ရိုးတံတား အတက်အဆင်း လမ်းပြုပြင်ခြင်းနှင့် မိုင် ၃၄၇/၅-၃၄၇/၆အတွင်း (ရန်ကုန်မှမန္တလေးသို့+ မန္တလေးမှ ရန်ကုန်သို့) (အသွားလမ်း+ အပြန်လမ်း)၌ ကွန်ကရစ်လမ်းခင်းခြင်း စသည့်စုစု ပေါင်း (၈)နေရာတွင် လမ်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ လမ်းပြင်ဆင်ထိန်းသိမ်းခြင်းများဆောင်ရွက်နေသဖြင့် လမ်းအသုံး ပြုသည့် ယာဉ်မောင်းများ အနေဖြင့် အဆိုပါမိုင်တိုင်များအနီးသို့ချဉ်းကပ်သည့်အခါ သတိပြု၍ အရှိန်လျှော့မောင်းနှင် ကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ က မေတ္တာရပ်ခံထားသည်။

Zawgyi Version:
အျမန္လမ္းရွိ လမ္းျပင္ဆင္ထိန္းသိမ္းျခင္းမ်ားေဆာင္႐ြက္ေနသည့္ မိုင္တိုင္မ်ားအနီး အရွိန္ေလွ်ာ့ေမာင္းႏွင္ရန္သတိေပးထား
Pearl (NP News) - ဇန္နဝါရီ ၂၉

ရန္ကုန္-မႏၲေလး အျမန္လမ္းရွိ လမ္းျပင္ဆင္ထိန္းသိမ္းျခင္းမ်ားေဆာင္႐ြက္ေနသည့္ မိုင္တိုင္မ်ားအနီး အရွိန္ေလွ်ာ့ေမာင္းႏွင္ရန္ အျမန္လမ္းမႀကီးထိန္းသိမ္းျပဳျပင္ေရးႏွင့္ႀကီးၾကပ္ေရးအဖြဲ႕က သတိေပးထားသည္။

ရန္ကုန္-မႏၲေလး အျမန္လမ္း မိုင္ ၃၂/၆-၃၂/၇ အတြင္း လသာကုန္းUnder Pass(မႏၲေလးမွရန္ကုန္သို႔)(အျပန္လမ္း) ၌ ကြန္ကရစ္လမ္းခင္းျခင္း၊ မိုင္၁၄၅/၀-၁၄၅/၃ အတြင္း ခေပါင္းတံတား (မႏၲေလးမွ ရန္ကုန္သို႔) (အျပန္လမ္း)တြင္ အတက္အဆင္းလမ္း ျပဳျပင္ျခင္း၊ မိုင္ ၁၆၅/၁-၁၆၅/၃ အတြင္း ဆြာေခ်ာင္း တံတား (မႏၲေလးမွ ရန္ကုန္သို႔)(အျပန္လမ္း)တြင္ တံတားအသစ္တည္ေဆာက္ျခင္းကို ေဆာက္႐ြက္ေနေၾကာင္း သိရသည္။

အလားတူ မိုင္ ၁၈၈/၂-၁၈၈/၃ ၾကား (မႏၲေလးမွ ရန္ကုန္သို႔) (အျပန္လမ္း)တြင္ ေရႁပြန္တူးေဖာ္ျပဳျပင္ျခင္း ၊ မိုင္ ၁၉၀/၁-၁၉၀/၃ အတြင္း (မႏၲေလးမွ ရန္ကုန္သို႔) (အျပန္လမ္း)တြင္ ေမွာက္ခုံေခ်ာင္း တံတားအတက္ အဆင္း လမ္းႏွင့္ တံတားျပဳျပင္ျခင္း၊ မိုင္ ၃၄၁/၅-၃၄၁/၆အတြင္း (မႏၲေလးမွရန္ကုန္သို႔) (အျပန္လမ္း)တြင္ ကြန္ကရစ္လမ္းခင္းျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေနေၾကာင္းသိရသည္။

ထို႔ျပင္ မိုင္ ၃၄၅/၇ - ၃၄၆/၃ အတြင္း (ရန္ကုန္မွမႏၲေလးသို႔) (အသြားလမ္း) တြင္သမင္လႊဲ ႐ိုးတံတား အတက္အဆင္း လမ္းျပဳျပင္ျခင္းႏွင့္ မိုင္ ၃၄၇/၅-၃၄၇/၆အတြင္း (ရန္ကုန္မွမႏၲေလးသို႔+ မႏၲေလးမွ ရန္ကုန္သို႔) (အသြားလမ္း+ အျပန္လမ္း)၌ ကြန္ကရစ္လမ္းခင္းျခင္း စသည့္စုစု ေပါင္း (၈)ေနရာတြင္ လမ္းျပင္ဆင္ထိန္းသိမ္းျခင္း လုပ္ငန္းမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထိုသို႔ လမ္းျပင္ဆင္ထိန္းသိမ္းျခင္းမ်ားေဆာင္႐ြက္ေနသျဖင့္ လမ္းအသုံး ျပဳသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္ အဆိုပါမိုင္တိုင္မ်ားအနီးသို႔ခ်ဥ္းကပ္သည့္အခါ သတိျပဳ၍ အရွိန္ေလွ်ာ့ေမာင္းႏွင္ ၾကပါရန္ အျမန္လမ္းမႀကီးထိန္းသိမ္းျပဳျပင္ေရးႏွင့္ႀကီးၾကပ္ေရးအဖြဲ႕ က ေမတၱာရပ္ခံထားသည္။

Related news

© 2021. All rights reserved.