အွန်လိုင်းလိမ်လည်ဂိုဏ်းများကို ဦးဆောင်ခဲ့သည့် မင်မိသားစုဝင် (၁၁) ဦးကို ကွပ်မျက်ပြီးဖြစ်ကြောင်း သိရ

 261

ALynn (NP news)- ဇန်နဝါရီ ၂၉
(၂၀၂၅) ခုနှစ်၊ စက်တင်ဘာလတွင် သေဒဏ်ချမှတ်ခြင်းခံခဲ့ရသော မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် မင်မိသားစု ရာဇဝတ်ဂိုဏ်းမှ တရားခံ (၁၁) ဦးကို ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း CCTV သတင်းဌာနက ယနေ့ (ကြာသပတေးနေ့) တွင် ဖော်ပြခဲ့သည်။
အဆိုပါတရားခံများသည် ဂိုဏ်းဖွဲ့ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ ဦးဆောင်ခြင်း သို့မဟုတ် ပါဝင်ပတ်သက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး ၎င်းတို့၏ လုပ်ရပ်များသည် ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ နာကျင်စေမှု၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု၊ လိမ်လည်မှုနှင့် လောင်းကစားရုံများ ဖွင့်လှစ်ခြင်း အပါအဝင် ပြစ်မှုပေါင်း (၁၀) ခုထက်မနည်း ကျူးလွန်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျဲ့ကျန်းပြည်နယ်ရှိ ဝမ်ကျိုး ပြည်သူ့တရားရုံးသည် (၂၀၂၅) ခုနှစ် စက်တင်ဘာလတွင် ဂိုဏ်းဝင်များဖြစ်ကြသော မင်ကွေ့ဖင်း ၊ မင်ကျန်းကျန်း၊ ကျိုးဝေချန်း၊ ဝူဟုန်းမင်၊ ဝူဆန်လုံ၊ ဖုယွီပင်း နှင့် အခြား (၅) ဦးတို့ကို သေဒဏ်နှင့်အတူ နောက်ဆက်တွဲ ပြစ်ဒဏ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။
တရားခံအချို့က အယူခံဝင်ခဲ့သော်လည်း ကျဲ့ကျန်း အဆင့်မြင့်ပြည်သူ့တရားရုံးက နိုဝင်ဘာလ (၂၅) ရက်နေ့တွင် အယူခံကို ပယ်ချခဲ့ပြီး ပထမအဆင့် တရားရုံး၏ စီရင်ချက်ကိုသာ အတည်ပြုခဲ့သည်။
တရုတ်နိုင်ငံ၏ အမြင့်ဆုံးပြည်သူ့တရားရုံးက အဆိုပါအမှုကို ပြန်လည်သုံးသပ်ခဲ့ရာတွင် (၂၀၁၅) ခုနှစ်မှစ၍ မင်ကွေ့ဖင်း နှင့် မင်ကျန်းကျန်း အပါအဝင် မိသားစုဝင်များ ဦးဆောင်သော မင်မိသားစု ရာဇဝတ်ဂိုဏ်းသည် မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသတွင် အဆောက်အအုံဝန်းများစွာ တည်ထောင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါဂိုဏ်းသည် ရင်းနှီးမြှုပ်နှံသူအများအပြားကို စုဆောင်းကာ လက်နက်ကိုင်အကာအကွယ်များပေး၍ တယ်လီကွန်းဆက်သွယ်ရေးလိမ်လည်မှု နှင့် တရားမဝင်လောင်းကစားမှုများကို လုပ်ဆောင်ခဲ့ပြီး ယွမ် ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ) ကျော် ရှိသည့် လိမ်လည်မှုများတွင်ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းရာဇဝတ်ဂိုဏ်းသည် အခြားသော အွန်လိုင်းလိမ်လည်မှုဂိုဏ်းများနှင့် ပူးပေါင်းကာ ၎င်းတို့လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်သူများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ နာကျင်စေခြင်းနှင့် တရားမဝင် ဖမ်းဆီးချုပ်နှောင်ခြင်းများ ပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံသား (၁၄) ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အမြင့်ဆုံးပြည်သူ့တရားရုံး၏ အတည်ပြုချက်ကို ကိုးကား၍ CCTV News က ဖော်ပြခဲ့သည်။
တရားခံများသည် အလွန်ရက်စက်သော အကြမ်းဖက်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်ခဲ့သည်။ ထိုကဲ့သို့ သက်သေအထောက်အထား ခိုင်လုံခြင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်း တိကျခြင်း၊ ပြစ်ဒဏ်ချမှတ်မှု သင့်လျော်ခြင်းနှင့် တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများမှာလည်း ဥပဒေနှင့်ညီညွတ်ခြင်းတို့ကြောင့် သေဒဏ်စီရင်ချက်များကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
အမြင့်ဆုံးပြည်သူ့တရားရုံးထံမှ ရာဇဝတ်မှုဆိုင်ရာ စီရင်ချက်နှင့် ကွပ်မျက်မိန့်ကို လက်ခံရရှိပြီးနောက် ဝမ်ကျိုးပြည်သူ့တရားရုံးသည် ဥပဒေနှင့်အညီ ကွပ်မျက်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကွပ်မျက်ခြင်းမပြုမီ ပြစ်ဒဏ်ကျခံရသူများ၏ နီးစပ်ရာဆွေမျိုးများကို တွေ့ဆုံခွင့်ပေးခဲ့ကြောင်း CCTV က သတင်းထုတ်ပြန်ခဲ့သည်။

Zawgyi Version:
အြန္လိုင္းလိမ္လည္ဂိုဏ္းမ်ားကို ဦးေဆာင္ခဲ့သည့္ မင္မိသားစုဝင္ (၁၁) ဦးကို ကြပ္မ်က္ၿပီးျဖစ္ေၾကာင္း သိရ
ALynn (NP news)- ဇန္နဝါရီ ၂၉
(၂၀၂၅) ခုႏွစ္၊ စက္တင္ဘာလတြင္ ေသဒဏ္ခ်မွတ္ျခင္းခံခဲ့ရေသာ ျမန္မာႏိုင္ငံေျမာက္ပိုင္းအေျခစိုက္ မင္မိသားစု ရာဇဝတ္ဂိုဏ္းမွ တရားခံ (၁၁) ဦးကို ကြပ္မ်က္လိုက္ၿပီျဖစ္ေၾကာင္း CCTV သတင္းဌာနက ယေန႔ (ၾကာသပေတးေန႔) တြင္ ေဖာ္ျပခဲ့သည္။
အဆိုပါတရားခံမ်ားသည္ ဂိုဏ္းဖြဲ႕ရာဇဝတ္မႈမ်ား က်ဴးလြန္ျခင္း၊ ဦးေဆာင္ျခင္း သို႔မဟုတ္ ပါဝင္ပတ္သက္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကၿပီး ၎တို႔၏ လုပ္ရပ္မ်ားသည္ ရည္႐ြယ္ခ်က္ရွိရွိ လူသတ္မႈ၊ နာက်င္ေစမႈ၊ တရားမဝင္ ဖမ္းဆီးခ်ဳပ္ေႏွာင္မႈ၊ လိမ္လည္မႈႏွင့္ ေလာင္းကစား႐ုံမ်ား ဖြင့္လွစ္ျခင္း အပါအဝင္ ျပစ္မႈေပါင္း (၁၀) ခုထက္မနည္း က်ဴးလြန္ခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း၊ က်ဲ႕က်န္းျပည္နယ္ရွိ ဝမ္က်ိဳး ျပည္သူ႔တရား႐ုံးသည္ (၂၀၂၅) ခုႏွစ္ စက္တင္ဘာလတြင္ ဂိုဏ္းဝင္မ်ားျဖစ္ၾကေသာ မင္ေကြ႕ဖင္း ၊ မင္က်န္းက်န္း၊ က်ိဳးေဝခ်န္း၊ ဝူဟုန္းမင္၊ ဝူဆန္လုံ၊ ဖုယြီပင္း ႏွင့္ အျခား (၅) ဦးတို႔ကို ေသဒဏ္ႏွင့္အတူ ေနာက္ဆက္တြဲ ျပစ္ဒဏ္မ်ားကို ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
တရားခံအခ်ိဳ႕က အယူခံဝင္ခဲ့ေသာ္လည္း က်ဲ႕က်န္း အဆင့္ျမင့္ျပည္သူ႔တရား႐ုံးက ႏိုဝင္ဘာလ (၂၅) ရက္ေန႔တြင္ အယူခံကို ပယ္ခ်ခဲ့ၿပီး ပထမအဆင့္ တရား႐ုံး၏ စီရင္ခ်က္ကိုသာ အတည္ျပဳခဲ့သည္။
တ႐ုတ္ႏိုင္ငံ၏ အျမင့္ဆုံးျပည္သူ႔တရား႐ုံးက အဆိုပါအမႈကို ျပန္လည္သုံးသပ္ခဲ့ရာတြင္ (၂၀၁၅) ခုႏွစ္မွစ၍ မင္ေကြ႕ဖင္း ႏွင့္ မင္က်န္းက်န္း အပါအဝင္ မိသားစုဝင္မ်ား ဦးေဆာင္ေသာ မင္မိသားစု ရာဇဝတ္ဂိုဏ္းသည္ ျမန္မာႏိုင္ငံေျမာက္ပိုင္း ကိုးကန႔္ေဒသတြင္ အေဆာက္အအုံဝန္းမ်ားစြာ တည္ေထာင္ခဲ့ေၾကာင္း အတည္ျပဳခဲ့သည္။ အဆိုပါဂိုဏ္းသည္ ရင္းႏွီးျမႇဳပ္ႏွံသူအမ်ားအျပားကို စုေဆာင္းကာ လက္နက္ကိုင္အကာအကြယ္မ်ားေပး၍ တယ္လီကြန္းဆက္သြယ္ေရးလိမ္လည္မႈ ႏွင့္ တရားမဝင္ေလာင္းကစားမႈမ်ားကို လုပ္ေဆာင္ခဲ့ၿပီး ယြမ္ ၁၀ ဘီလီယံ (အေမရိကန္ေဒၚလာ ၁.၄ ဘီလီယံ) ေက်ာ္ ရွိသည့္ လိမ္လည္မႈမ်ားတြင္ပါဝင္ပတ္သက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၎ရာဇဝတ္ဂိုဏ္းသည္ အျခားေသာ အြန္လိုင္းလိမ္လည္မႈဂိုဏ္းမ်ားႏွင့္ ပူးေပါင္းကာ ၎တို႔လုပ္ငန္းတြင္ ပါဝင္လုပ္ကိုင္သူမ်ားကို ရည္႐ြယ္ခ်က္ရွိရွိ သတ္ျဖတ္ျခင္း၊ နာက်င္ေစျခင္းႏွင့္ တရားမဝင္ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းမ်ား ျပဳလုပ္ခဲ့ရာ တ႐ုတ္ႏိုင္ငံသား (၁၄) ဦး ေသဆုံးၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ေၾကာင္း အျမင့္ဆုံးျပည္သူ႔တရား႐ုံး၏ အတည္ျပဳခ်က္ကို ကိုးကား၍ CCTV News က ေဖာ္ျပခဲ့သည္။
တရားခံမ်ားသည္ အလြန္ရက္စက္ေသာ အၾကမ္းဖက္ရာဇဝတ္မႈမ်ားကို က်ဴးလြန္ခဲ့ေၾကာင္း အျမင့္ဆုံးတရား႐ုံးက ဆုံးျဖတ္ခဲ့သည္။ ထိုကဲ့သို႔ သက္ေသအေထာက္အထား ခိုင္လုံျခင္း၊ ျပစ္မႈထင္ရွားစီရင္ျခင္း တိက်ျခင္း၊ ျပစ္ဒဏ္ခ်မွတ္မႈ သင့္ေလ်ာ္ျခင္းႏွင့္ တရားစီရင္ေရးလုပ္ထုံးလုပ္နည္းမ်ားမွာလည္း ဥပေဒႏွင့္ညီၫြတ္ျခင္းတို႔ေၾကာင့္ ေသဒဏ္စီရင္ခ်က္မ်ားကို အတည္ျပဳခဲ့ျခင္းျဖစ္သည္။
အျမင့္ဆုံးျပည္သူ႔တရား႐ုံးထံမွ ရာဇဝတ္မႈဆိုင္ရာ စီရင္ခ်က္ႏွင့္ ကြပ္မ်က္မိန႔္ကို လက္ခံရရွိၿပီးေနာက္ ဝမ္က်ိဳးျပည္သူ႔တရား႐ုံးသည္ ဥပေဒႏွင့္အညီ ကြပ္မ်က္မႈမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ ကြပ္မ်က္ျခင္းမျပဳမီ ျပစ္ဒဏ္က်ခံရသူမ်ား၏ နီးစပ္ရာေဆြမ်ိဳးမ်ားကို ေတြ႕ဆုံခြင့္ေပးခဲ့ေၾကာင္း CCTV က သတင္းထုတ္ျပန္ခဲ့သည္။

Related news

© 2021. All rights reserved.