ထိုင်းတွင် ပွဲစားနှင့်စက်ရုံတာဝန်ရှိသူအချို့ပေါင်း၍ CI နှင့်ဘတ် ကို ချုပ်ကိုင်နေပြီး မြန်မာများ မလိုအပ်ဘဲ အကုန်အကျများနေ

148

Pearl (NP News) - ဇန်နဝါရီလ ၂၉
ထိုင်းတွင် ပွဲစားများက စက်ရုံမှတာဝန်ရှိသူ အချို့ကိုပေါင်း၍ မည်သူမည်ဝါဖြစ်ကြောင်း သက် သေခံလက်မှတ်(ဃှု)ကိုချုပ်ကိုင်နေပြီး မလိုအပ်ဘဲ အကုန်အကျများနေရကြောင်း ထိုင်းရောက် မြန်မာ နိုင်ငံသားတစ်ဦးက NP News သို့ ပြောသည် ။
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity CI) သက် တမ်းတိုးစာအုပ်ထုတ်ယူနိုင်ရန် ထိုင်းနိုင်ငံရှိ Seven Eleven ဆိုင်များတွင် လက်ရှိ CI စာအုပ်နံပါတ်ဖြင့် စာအုပ်ဖိုး ဘတ်(၇၀ဝ)နှင့် ဝန်ဆောင်ခအပါအဝင် စုစုပေါင်း ဘတ်(၂၆၇၀) ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပြီးပါက CI သက်တမ်း တိုးစာအုပ်ထုတ်ယူရမည့် စခန်း၊ သွားရမည့် နေ့ရက်၊ တိုကင်နံပါတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ပါဝင် သည့် ငွေသွင်းပြေစာကို Seven Eleven ဆိုင်များမှ ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး အဆိုပါပြေစာနှင့်အတူ CI ထုတ်ပေးရေးစခန်းများတွင် သွားရောက်ထုတ်ယူ ရကြောင်းသိရသည်။
" Seven Eleven မှာလုပ်ရတာ (၂၆၇၀) က အကုန်လုံးအပြီး။ OWIC Card ရမယ်။ CI စာ အုပ်ရမယ်၊ UID ရမယ်။ နိုင်ငံသားတိုင်းက နိုင်ငံ တော်ကို အခွန်ထမ်းဆောင်ရမယ့်ဟာရှိတယ်။ အခွန် ဆောင်ရတဲ့ငွေ (၁၈၀ဝ)ပါတယ်။ သူတို့ရဲ့လစာ ဘတ်(၆၀ဝဝ)ကို တစ်လကို (၁၅၀)ဆိုရင် တစ်နှစ်စာ ဆောင်ရတယ်။ တကယ်တမ်းဆို (၄၊ ၅)နှစ်စာဆောင် ရမှာကို (၁)နှစ်စာဆောင်ရတယ်။ သူတို့က တာဝန် ကျေပြီးဖြစ်သွားတယ်။ (၂၆၇၀)က ဝန်ဆောင်ခအ နေနနဲ့ သံရုံးအကောင့်ထဲကို တိုက်ရိုက်ဝင်သွားတာ။ နိုင်ငံတော်က (၁၈၀ဝ)ရမယ်။ အခွန်က (၁၈၀ဝ)၊ စာအုပ်ဖိုး (၇၀ဝ)၊ OWIC က (၁၅၀)၊ ရောင်ပြန်လေး တစ်ခုကပ်တယ်။ အဲဒါက (၁၀)။ နောက်ထပ် (၁၀)က Seven Eleven က Service ကြေး။ စုစုပေါင်း (၂၆၇၀)။ မြန်မာနိုင်ငံကို (၂၆၆၀) ဝင်တယ်။ အဲဒီမှာ ပိုက်ဆံသွင်းပြီး သတ်မှတ်ထားတဲ့စခန်းမှာ လာလုပ် လို့ရပြီ။ ရုံးထဲမှာ Free ပေးထားတယ်။ ရေချိုးခန်း၊ အိမ်သာ၊ စာရွက်စာတမ်း မိတ္တူကူးတာ။ ရုံးထဲကဝန် ထမ်းတွေသည် အစိုးရဝန်ထမ်းတွေ။ ဒါပေမဲ့ ရုံးရဲ့အ ပြင်မှာ တာဝန်ပေးထားတဲ့လူရှိတယ်။ သူက ထိုင်း နိုင်ငံရဲ့အေဂျင်စီကုမ္ပဏီ။ အေဂျင်စီကကောက်တာ ကိုလည်းထိန်းထားတယ်။ ကောက်တာ (၉၄၀) ကောက်တယ်။ စုစုပေါင်း (၃၆၁၀)ကောက်တယ်။ ဒါသည်အပြီးအစီး" ဟု NP News သို့ပြော သည်။
လက်ရှိတွင် CI ထုတ်ပေးရေးစခန်း (၄) ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့ တို့တွင်လည်းကောင်း၊ Mobile Unit (၁)ခုကို ကရာ ဘီမြို့တွင်လည်းကောင်းဖွင့်လှစ်၍ CI သက်တမ်း တိုးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိပြီး Seven Eleven ဆိုင်များမှ ပြန်လည်ထုတ်ပေးသည့် ပြေစာနှင့်အတူ အဆိုပါ ထုတ်ပေးရေးစခန်းများတွင် သွားရောက်ထုတ်ယူစဉ် ထိုင်းနိုင်ငံဘက်မှ အေဂျင်စီ ထံ ဘတ်(၉၄၀)ထပ်မံပေးဆောင်ရသည့်အတွက် ဃှု အတွက် စုစုပေါင်း ဘတ် (၃၆၁၀) ကျသင့်မည်ဖြစ် ကြောင်းသိရသည်။
" တချို့တွေက လာရင် အေးဂျင့်တွေနဲ့ပဲ လာတယ်။ အဲဒီမှာဈေးတွေက များကုန်တာ။ တစ်ခါ တလေ ကလေးတွေက (၄၅၀ဝ)လောက်ဖြစ်သွား တယ်။ (၄၅၀ဝ)ဆိုတာ ပုံမှန်ဈေး။ တချို့ဆို (၅၀ဝဝ)၊ (၅၅၀ဝ)လောက်အထိလည်း ဖြစ်ရင်ဖြစ်တယ်။ လာတဲ့ခရီးအဝေးပါ်မူတည်တယ်။ လာကတည်းက ပွဲစားနဲ့လာတာ ဗမာပြည်ကနေ။ ထိုင်းမှာနေတော့ လည်း ပွဲစားနဲ့ဆိုတော့။ ဒီစက်ရုံတွေမှာ အလုပ်လုပ်ဖို့ က ပွဲစားအပေါ်မူတည်တယ်။ ရက်အားတဲ့ပေါ်မူ တည်တယ်"ဟု ပြောသည်။
သို့သော်လည်း ထိုင်းရောက် မြန်မာလုပ် သားအများစုအနေဖြင့် ကိုယ်တိုင်သွားရောက်ဆောင် ရွက်ခြင်းမရှိဘဲ ပွဲစားများဖြင့်ဆောင်ရွက်ခြင်း၊ ပွဲစား များအနေဖြင့်လည်း အချို့စက်ရုံများရှိ မန်နေဂျာ များ၊ စက်ရုံခေါင်းဆောင်များနှင့်ပေါင်း၍ CI ကို ချုပ်ကိုင်ထားခြင်းတို့ကြောင့် CI အတွက် စုစုပေါင်း ဘတ်(၁၂၀ဝဝ)အထိ ကုန်ကျမှုများရှိနေကြောင်း လည်းသိရသည်။
" မူတည်တော့ အဲဒီပွဲစားပေါ်မူတည်တဲ့ အပြင်ကို နောက် စက်ရုံမှာက စက်ရုံမန်နေဂျာ၊ စက်ရုံ ခေါင်းပေါ့ဗျာ။ ဒီရဲ့ Leader တွေရှိတယ်။ အဲဒီ Leader တွေရဲ့ ပွဲစားနဲ့ပေါင်းပြီး Play တာတွေကို လည်းမလွန်ဆန်နိုင်ဘူး။ HR တွေပေါ့။ တချို့စက် ရုံတွေဆိုရင် ဘယ်လောက်ဆိုးလဲဆိုရင် ကိုယ့်ဘာသာ လာလုပ်လို့ရတာကို ပွဲစားနဲ့လုပ်မှ။ ကလေးကို ပွဲစား နဲ့ပေါင်းပြီးလုပ်မှ။ အပြင်ကကောင်နဲ့လုပ်ရင် အလုပ် ထွက်ဆိုပြီးဖြစ်တာ။ သူကပါယူထားတော့ ထိုင်းနိုင်ငံ အလယ်ပိုင်းမှာဆိုလေ ဈေးက ဘတ် (၇၀ဝဝ)လောက်ဖြစ်သွားတာ။ တစ်ခါတလေ ထိုင်းနိုင်ငံ မြောက်ပိုင်းတို့၊ တောင်ပိုင်းတို့မှာ(၁)သောင်းတို့၊ (၁၂၀ဝဝ)တို့ ။ ပွဲစားလည်းမပေါဘူး။ အဲဒီတော့ ရော ထွေးနေတာ CI တစ်ခုတည်းမဟုတ်ဘူး။ သူတို့က ဗီဇာတွေ ၊ ပါမစ်တွေအတွက်ကို ပေါင်းထားတာကို ပါးစပ်ကပြောတော့ CI လုပ်ဖို့ကောက်တာ (၁၀ဝဝဝ)ဆိုပြီးဖြစ်သွားရော"ဟု ၎င်းကပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ CI ဖြင့်နေထိုင်၍ အလုပ်လုပ်ကိုင်နေသူ (၂)သန်းခန့်ရှိပြီး CI ဖြင့်နေ ထိုင်သူများသည် တရားဝင်အလုပ်သမားများဖြစ်သည့် အတွက် လုပ်ခလစာများအပါအဝင် အလုပ်သမား အခွင့်ရေး အပြည့်အဝရရှိကြောင်းလည်းသိရသည်။
အလားတူ ထိုင်းနိုင်ငံတွင် ယာယီနေထိုင် ခွင့် (၁)နှစ်သက်တမ်းရှိသော ပန်းရောင်ကတ် (ဘတ် ကတ်)ဖြင့်နေထိုင်သူများလည်းရှိနေပြီး လတ်တလော ၌ အွန်လိုင်းဆယ်လီ စည်သူပလပ်ကျွတ်က ပန်း ရောင်ကတ်ပြုလုပ်ပေးမည်ဟုဆိုကာ ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမား(၁၀ဝဝ)ကျော်ထံမှ အခကြေးငွေ ကြိုတင်ကောက်ခံထားပြီး ရှောင်ပြေး နေကြောင်းသတင်းထွက်ပေါ်နေပြီး လက်ရှိတွင် အင် တာနက်လူမှုကွန်ရက် TikTok စာမျက်နှာထက်တွင် အပြန်အလှန်ပြောကြားမှုများရှိနေသည်။
စည်သူပလပ်ကျွတ်အနေဖြင့် အလုပ်သ မားများထံမှ သိန်းနှင့်ချီသောဘတ်ငွေများကို ငါးသန်း ကုမ္ပဏီပိုင်ရှင် ကိုဝင်းဆိုသူကယူထားကြောင်း၊ ၎င်းအနေဖြင့် ဘတ်ငွေတစ်သိန်းကျော်ကိုသာ လောင်း ကစားအတွက် အလွဲသုံးစားပြုမိကြောင်း TikTok မှတစ်ဆင့် ပြန်လည်ပြောဆိုထားကာ ငါးသန်း ကုမ္ပဏီပိုင်ရှင် ကိုဝင်းဆိုသူကလည်း ၎င်းအနေဖြင့် ဘတ်ငွေများကို အလွဲသုံးစားလုပ်မထားကြောင်း ပြော ဆိုနေသည်ကိုလည်းတွေ့ရသည်။

Zawgyi Version:
ထိုင္းတြင္ ပြဲစားႏွင့္စက္႐ုံတာဝန္ရွိသူအခ်ိဳ႕ေပါင္း၍ CI ႏွင့္ ဘတ္ကို ခ်ဳပ္ကိုင္ေနၿပီး ျမန္မာမ်ား မလိုအပ္ဘဲ အကုန္အက်မ်ားေန
Pearl (NP News) - ဇန္နဝါရီလ ၂၉
ထိုင္းတြင္ ပြဲစားမ်ားက စက္႐ုံမွတာဝန္ရွိသူ အခ်ိဳ႕ကိုေပါင္း၍ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ ေသခံလက္မွတ္(ဃႈ)ကိုခ်ဳပ္ကိုင္ေနၿပီး မလိုအပ္ဘဲ အကုန္အက်မ်ားေနရေၾကာင္း ထိုင္းေရာက္ ျမန္မာ ႏိုင္ငံသားတစ္ဦးက NP News သို႔ ေျပာသည္ ။
မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံ လက္မွတ္ (Certificate of Identity CI) သက္ တမ္းတိုးစာအုပ္ထုတ္ယူႏိုင္ရန္ ထိုင္းႏိုင္ငံရွိ Seven Eleven ဆိုင္မ်ားတြင္ လက္ရွိ CI စာအုပ္နံပါတ္ျဖင့္ စာအုပ္ဖိုး ဘတ္(၇၀ဝ)ႏွင့္ ဝန္ေဆာင္ခအပါအဝင္ စုစုေပါင္း ဘတ္(၂၆၇၀) ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ၿပီးပါက CI သက္တမ္း တိုးစာအုပ္ထုတ္ယူရမည့္ စခန္း၊ သြားရမည့္ ေန႔ရက္၊ တိုကင္နံပါတ္၊ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္တို႔ပါဝင္ သည့္ ေငြသြင္းေျပစာကို Seven Eleven ဆိုင္မ်ားမွ ျပန္လည္ထုတ္ေပးမည္ျဖစ္ၿပီး အဆိုပါေျပစာႏွင့္အတူ CI ထုတ္ေပးေရးစခန္းမ်ားတြင္ သြားေရာက္ထုတ္ယူ ရေၾကာင္းသိရသည္။
" Seven Eleven မွာလုပ္ရတာ (၂၆၇၀) က အကုန္လုံးအၿပီး။ OWIC Card ရမယ္။ CI စာ အုပ္ရမယ္၊ UID ရမယ္။ ႏိုင္ငံသားတိုင္းက ႏိုင္ငံ ေတာ္ကို အခြန္ထမ္းေဆာင္ရမယ့္ဟာရွိတယ္။ အခြန္ ေဆာင္ရတဲ့ေငြ (၁၈၀ဝ)ပါတယ္။ သူတို႔ရဲ႕လစာ ဘတ္(၆၀ဝဝ)ကို တစ္လကို (၁၅၀)ဆိုရင္ တစ္ႏွစ္စာ ေဆာင္ရတယ္။ တကယ္တမ္းဆို (၄၊ ၅)ႏွစ္စာေဆာင္ ရမွာကို (၁)ႏွစ္စာေဆာင္ရတယ္။ သူတို႔က တာဝန္ ေက်ၿပီးျဖစ္သြားတယ္။ (၂၆၇၀)က ဝန္ေဆာင္ခအ ေနနနဲ႔ သံ႐ုံးအေကာင့္ထဲကို တိုက္႐ိုက္ဝင္သြားတာ။ ႏိုင္ငံေတာ္က (၁၈၀ဝ)ရမယ္။ အခြန္က (၁၈၀ဝ)၊ စာအုပ္ဖိုး (၇၀ဝ)၊ OWIC က (၁၅၀)၊ ေရာင္ျပန္ေလး တစ္ခုကပ္တယ္။ အဲဒါက (၁၀)။ ေနာက္ထပ္ (၁၀)က Seven Eleven က Service ေၾကး။ စုစုေပါင္း (၂၆၇၀)။ ျမန္မာႏိုင္ငံကို (၂၆၆၀) ဝင္တယ္။ အဲဒီမွာ ပိုက္ဆံသြင္းၿပီး သတ္မွတ္ထားတဲ့စခန္းမွာ လာလုပ္ လို႔ရၿပီ။ ႐ုံးထဲမွာ Free ေပးထားတယ္။ ေရခ်ိဳးခန္း၊ အိမ္သာ၊ စာ႐ြက္စာတမ္း မိတၱဴကူးတာ။ ႐ုံးထဲကဝန္ ထမ္းေတြသည္ အစိုးရဝန္ထမ္းေတြ။ ဒါေပမဲ့ ႐ုံးရဲ႕အ ျပင္မွာ တာဝန္ေပးထားတဲ့လူရွိတယ္။ သူက ထိုင္း ႏိုင္ငံရဲ႕ေအဂ်င္စီကုမၸဏီ။ ေအဂ်င္စီကေကာက္တာ ကိုလည္းထိန္းထားတယ္။ ေကာက္တာ (၉၄၀) ေကာက္တယ္။ စုစုေပါင္း (၃၆၁၀)ေကာက္တယ္။ ဒါသည္အၿပီးအစီး" ဟု NP News သို႔ေျပာ သည္။
လက္ရွိတြင္ CI ထုတ္ေပးေရးစခန္း (၄) ခုကို စမုစခြန္၊ စမုပရာကန္၊ ခ်င္းမိုင္၊ ဆူရတ္ဌာနီၿမိဳ႕ တို႔တြင္လည္းေကာင္း၊ Mobile Unit (၁)ခုကို ကရာ ဘီၿမိဳ႕တြင္လည္းေကာင္းဖြင့္လွစ္၍ CI သက္တမ္း တိုးလုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိၿပီး Seven Eleven ဆိုင္မ်ားမွ ျပန္လည္ထုတ္ေပးသည့္ ေျပစာႏွင့္အတူ အဆိုပါ ထုတ္ေပးေရးစခန္းမ်ားတြင္ သြားေရာက္ထုတ္ယူစဥ္ ထိုင္းႏိုင္ငံဘက္မွ ေအဂ်င္စီ ထံ ဘတ္(၉၄၀)ထပ္မံေပးေဆာင္ရသည့္အတြက္ ဃႈ အတြက္ စုစုေပါင္း ဘတ္ (၃၆၁၀) က်သင့္မည္ျဖစ္ ေၾကာင္းသိရသည္။
" တခ်ိဳ႕ေတြက လာရင္ ေအးဂ်င့္ေတြနဲ႔ပဲ လာတယ္။ အဲဒီမွာေဈးေတြက မ်ားကုန္တာ။ တစ္ခါ တေလ ကေလးေတြက (၄၅၀ဝ)ေလာက္ျဖစ္သြား တယ္။ (၄၅၀ဝ)ဆိုတာ ပုံမွန္ေဈး။ တခ်ိဳ႕ဆို (၅၀ဝဝ)၊ (၅၅၀ဝ)ေလာက္အထိလည္း ျဖစ္ရင္ျဖစ္တယ္။ လာတဲ့ခရီးအေဝးပၚမူတည္တယ္။ လာကတည္းက ပြဲစားနဲ႔လာတာ ဗမာျပည္ကေန။ ထိုင္းမွာေနေတာ့ လည္း ပြဲစားနဲ႔ဆိုေတာ့။ ဒီစက္႐ုံေတြမွာ အလုပ္လုပ္ဖို႔ က ပြဲစားအေပၚမူတည္တယ္။ ရက္အားတဲ့ေပၚမူ တည္တယ္"ဟု ေျပာသည္။
သို႔ေသာ္လည္း ထိုင္းေရာက္ ျမန္မာလုပ္ သားအမ်ားစုအေနျဖင့္ ကိုယ္တိုင္သြားေရာက္ေဆာင္ ႐ြက္ျခင္းမရွိဘဲ ပြဲစားမ်ားျဖင့္ေဆာင္႐ြက္ျခင္း၊ ပြဲစား မ်ားအေနျဖင့္လည္း အခ်ိဳ႕စက္႐ုံမ်ားရွိ မန္ေနဂ်ာ မ်ား၊ စက္႐ုံေခါင္းေဆာင္မ်ားႏွင့္ေပါင္း၍ CI ကို ခ်ဳပ္ကိုင္ထားျခင္းတို႔ေၾကာင့္ CI အတြက္ စုစုေပါင္း ဘတ္(၁၂၀ဝဝ)အထိ ကုန္က်မႈမ်ားရွိေနေၾကာင္း လည္းသိရသည္။
" မူတည္ေတာ့ အဲဒီပြဲစားေပၚမူတည္တဲ့ အျပင္ကို ေနာက္ စက္႐ုံမွာက စက္႐ုံမန္ေနဂ်ာ၊ စက္႐ုံ ေခါင္းေပါ့ဗ်ာ။ ဒီရဲ႕ Leader ေတြရွိတယ္။ အဲဒီ Leader ေတြရဲ႕ ပြဲစားနဲ႔ေပါင္းၿပီး Play တာေတြကို လည္းမလြန္ဆန္ႏိုင္ဘူး။ HR ေတြေပါ့။ တခ်ိဳ႕စက္ ႐ုံေတြဆိုရင္ ဘယ္ေလာက္ဆိုးလဲဆိုရင္ ကိုယ့္ဘာသာ လာလုပ္လို႔ရတာကို ပြဲစားနဲ႔လုပ္မွ။ ကေလးကို ပြဲစား နဲ႔ေပါင္းၿပီးလုပ္မွ။ အျပင္ကေကာင္နဲ႔လုပ္ရင္ အလုပ္ ထြက္ဆိုၿပီးျဖစ္တာ။ သူကပါယူထားေတာ့ ထိုင္းႏိုင္ငံ အလယ္ပိုင္းမွာဆိုေလ ေဈးက ဘတ္ (၇၀ဝဝ)ေလာက္ျဖစ္သြားတာ။ တစ္ခါတေလ ထိုင္းႏိုင္ငံ ေျမာက္ပိုင္းတို႔၊ ေတာင္ပိုင္းတို႔မွာ(၁)ေသာင္းတို႔၊ (၁၂၀ဝဝ)တို႔ ။ ပြဲစားလည္းမေပါဘူး။ အဲဒီေတာ့ ေရာ ေထြးေနတာ CI တစ္ခုတည္းမဟုတ္ဘူး။ သူတို႔က ဗီဇာေတြ ၊ ပါမစ္ေတြအတြက္ကို ေပါင္းထားတာကို ပါးစပ္ကေျပာေတာ့ CI လုပ္ဖို႔ေကာက္တာ (၁၀ဝဝဝ)ဆိုၿပီးျဖစ္သြားေရာ"ဟု ၎ကေျပာသည္။
လက္ရွိတြင္ ထိုင္းႏိုင္ငံ၌ CI ျဖင့္ေနထိုင္၍ အလုပ္လုပ္ကိုင္ေနသူ (၂)သန္းခန႔္ရွိၿပီး CI ျဖင့္ေန ထိုင္သူမ်ားသည္ တရားဝင္အလုပ္သမားမ်ားျဖစ္သည့္ အတြက္ လုပ္ခလစာမ်ားအပါအဝင္ အလုပ္သမား အခြင့္ေရး အျပည့္အဝရရွိေၾကာင္းလည္းသိရသည္။
အလားတူ ထိုင္းႏိုင္ငံတြင္ ယာယီေနထိုင္ ခြင့္ (၁)ႏွစ္သက္တမ္းရွိေသာ ပန္းေရာင္ကတ္ (ဘတ္ ကတ္)ျဖင့္ေနထိုင္သူမ်ားလည္းရွိေနၿပီး လတ္တေလာ ၌ အြန္လိုင္းဆယ္လီ စည္သူပလပ္ကြၽတ္က ပန္း ေရာင္ကတ္ျပဳလုပ္ေပးမည္ဟုဆိုကာ ထိုင္းႏိုင္ငံ ေရာက္ ျမန္မာအလုပ္သမား(၁၀ဝဝ)ေက်ာ္ထံမွ အခေၾကးေငြ ႀကိဳတင္ေကာက္ခံထားၿပီး ေရွာင္ေျပး ေနေၾကာင္းသတင္းထြက္ေပၚေနၿပီး လက္ရွိတြင္ အင္ တာနက္လူမႈကြန္ရက္ TikTok စာမ်က္ႏွာထက္တြင္ အျပန္အလွန္ေျပာၾကားမႈမ်ားရွိေနသည္။
စည္သူပလပ္ကြၽတ္အေနျဖင့္ အလုပ္သ မားမ်ားထံမွ သိန္းႏွင့္ခ်ီေသာဘတ္ေငြမ်ားကို ငါးသန္း ကုမၸဏီပိုင္ရွင္ ကိုဝင္းဆိုသူကယူထားေၾကာင္း၊ ၎အေနျဖင့္ ဘတ္ေငြတစ္သိန္းေက်ာ္ကိုသာ ေလာင္း ကစားအတြက္ အလြဲသုံးစားျပဳမိေၾကာင္း TikTok မွတစ္ဆင့္ ျပန္လည္ေျပာဆိုထားကာ ငါးသန္း ကုမၸဏီပိုင္ရွင္ ကိုဝင္းဆိုသူကလည္း ၎အေနျဖင့္ ဘတ္ေငြမ်ားကို အလြဲသုံးစားလုပ္မထားေၾကာင္း ေျပာ ဆိုေနသည္ကိုလည္းေတြ႕ရသည္။