CBU ကားများကို SKD ခေါင်းစဉ်တပ်ခြင်းများရှိနေသဖြင့် အစိုးရစတင်တားမြစ်

667

စော (NP News) - ဖေဖော်ဝါရီလ ၄
CBU ကားများကို ဖြုတ်ယူကာ SKD စနစ်ဖြင့် ပြန်လည်တပ်ဆင်ထုတ်လုပ်များရှိနေ၍ မပြုလုပ်ရန် သက်ဆိုင်ရာကော်မတီက စည်းကမ်း ချက်ထုတ်ကာ တားမြစ်ထားကြောင်း ကားလုပ်ငန်း ရှင်အသိုင်းအဝိုင်းထံမှ သိရသည်။
Completely Built-Up(CBU) ဆိုသည်မှာ ပြည်ပနိုင်ငံမှ တပ်ဆင်ထားပြီးသား ကား အစီးလိုက်ကို တင်သွင်းခြင်းဖြစ်ပြီး SKD (Semi Knocked Down) မှာ ကားအစိတ်အပိုင်းများကို တင်သွင်းကာ ပြည်တွင်း၌ ပြန်လည်တပ်ဆင်ခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီသည် လျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လျှပ်စစ်သုံးယာဉ် အမျိုးမျိုးကို CBU စနစ်ဖြင့်တင်သွင်းခြင်း၊ လျှပ်စစ်သုံးယာဉ်အား သွင်းကိရိယာများ တင်သွင်းခြင်း၊ Charging Station များ တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်း စသည်တို့ကို မူဝါဒနှင့်အညီ စိစစ်ခွင့်ပြုလျက်ရှိ ကြောင်း သိရသည်။
ထို့ကြောင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက် စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒနှင့်အညီ ပြည်တွင်း၌ လျှပ်စစ်သုံးယာဉ်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်သုံး ယာဉ်များကို SKD/ CKD စနစ်ဖြင့် တပ်ဆင်ထုတ် လုပ်ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ထို့ပြင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုးကို SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ခွင့် တင်ပြထား သည့်အဆိုပြုလွှာများကိုလည်း SOP နှင့်အညီ စိစစ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ထောက်ခံချက် ပေးပို့လျက်ရှိကြောင်းလည်း သိရ သည်။
အဆိုပါ SKD စနစ်ဖြင့် တပ်ဆင်ထုတ် လုပ်မည့်ကုမ္ပဏီများအနေဖြင့်လည်း ကုန်ကြမ်း တင်သွင်းရာတွင် SOP ပါ ကုန်ကြမ်းအုပ်စု သတ်မှတ် ချက်များနှင့်အညီ တင်သွင်းဆောင်ရွက်သွားရန်လို အပ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီက ထုတ်ပြန်ထားသည်။
ထို့ပြင် လျှပ်စစ်သုံးယာဉ်များအပါအဝင် မော်တော်ယာဉ်တစ်စီး၏ အစိတ်အပိုင်းအတွဲကြီး များအားလုံးကို ပင်ရင်းနိုင်ငံ၌ဖြစ်စေ၊ တတိယကြား ခံနိုင်ငံ၌ဖြစ်စေ အပိုင်းအလိုက်ဖြုတ်ယူ တင်သွင်း၍ ပြည်တွင်း၌ ပြန်လည်တပ်ဆင်သောစနစ် (Disassembled Knocked Down) ဖြင့် တပ်ဆင်ထုတ် လုပ်ခြင်းကို လုံးဝ ခွင့်ပြုသွားမည်မဟုတ်ကြောင်း ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
ထို့ကြောင့် လျှပ်စစ်သုံးမော်တော်ယာဉ် အမျိုးမျိုးကို SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည့် ကုမ္ပဏီများအနေဖြင့် အမျိုးသားအဆင့် လျှပ် စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီများမှ ချမှတ်ထားသော မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ၊ SOP ပါသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင် ရွက်သွားရန် လိုကြောင်းနှင့် လျှပ်စစ်သုံးယာဉ်များကို SKD ပုံစံဖြင့် ပြန်လည်ပြုလုပ်ပြီး SKD အစိတ် အပိုင်းအဖြစ် တင်သွင်းခြင်းကို ခွင့်ပြုမည်မဟုတ် ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီက အသိပေးထားသည်။
SKD စနစ်ဖြင့် ထုတ်လုပ်နိုင်ရေးအတွက် (၂၀၂၅) ခုနှစ် ဒီဇင်ဘာ (၃၁)ရက် အထိ EVမော်တော်ယာဉ် အဆိုပြုကုမ္ပဏီ (၃၄)အနက် MIC မှ ကုမ္ပဏီ (၁၂)ကိုသာ ခွင့်ပြုခဲ့ပြီး EV (၂)ဘီး၊ (၃)ဘီးဆိုင်ကယ် အဆိုပြုကုမ္ပဏီ(၂၆)ခုအနက် ကုမ္ပဏီ (၈)ခုကိုသာ ခွင့်ပြုခဲ့ကြောင်း သိရသည်။
" လက်ရှိ ကျွန်တော်သိသလောက် SKD ခွင့်ပြုဖို့လုပ်ထားတာ (၂၀)ကျော်ရှိတယ်" ဟု ကားလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။
SKD စနစ်ဖြင့်သွားသောကားသည် သင်္ဘောဖြင့် သယ်ယူပို့ဆောင်ခနှင့် ထုပ်ပိုးခများ ကြောင့် CBU စနစ်ဖြင့် အလုံးလိုက်သွင်းသော ကားထက် ဈေးအနည်းငယ်မြင့်နိုင်ကြောင်း ၎င်းကဆို သည်။
" CBU မှာကတော့ ဒေါ်လာတွေ ကန့် သတ်ချက်နဲ့သူကများတော့ CBU သမားတွေက သွင်းလို့မရတော့ဘူးလေ။ သို့သော် SKD ကျတော့ MIC ကိုဖြတ်ပြီးသွားတာဆိုတော့ MIC မှာက ဘတ်ဂျက်တွေရှိတယ်။ MIC က တစ်နှစ်ကို အစီး ငါးရာလည်းရနိုင်သလို တစ်နှစ်ကို အစီးတစ်ထောင် လည်းရနိုင်တယ်။ တော်တော်များများက CBU မှာ ရပ်တည်လို့မရလို့ SKD,MIC ကို ဖြတ်ပြီး လာ ချင်ကြတာ။ SKD,MIC ကျရင် အစီး (၅၀ဝ)ကတော့ သေချာပေါက်သွင်းလို့ရတယ်။ အဲဒီထဲကို ပြေးပြီး ဝင်လာကြတာ။ ဝင်လာကြတော့ Brand အစုံပေါ့။ တချို့ကလည်း အစစ်လည်းပါပါတယ်။ ထုံးစံအတိုင်း ပေါ့။ အစစ်ရှိရင်အတုလည်း ရှိတာပေါ့" ဟု ကားလုပ် ငန်းရှင်တစ်ဦးက NP News သို့ ပြောကြားထားဖူးသည်။ လက်ရှိတွင် ပြည်တွင်းကား ဈေးကွက်အခြေအနေမှာ ဆီကားများသည် ဈေးအနည်းငယ်မြင့်တက်လာပြီး EV ကားမှာ ပုံမှန် အရောင်းအဝယ်သာရှိနေကြောင်း သိရသည်။
zawgyi version
CBU ကားမ်ားကို SKD ေခါင္းစဥ္တပ္ျခင္းမ်ားရွိေနသျဖင့္ အစိုးရစတင္တားျမစ္
ေစာ (NP News) - ေဖေဖာ္ဝါရီလ ၄
CBU ကားမ်ားကို ျဖဳတ္ယူကာ SKD စနစ္ျဖင့္ ျပန္လည္တပ္ဆင္ထုတ္လုပ္မ်ားရွိေန၍ မျပဳလုပ္ရန္ သက္ဆိုင္ရာေကာ္မတီက စည္းကမ္း ခ်က္ထုတ္ကာ တားျမစ္ထားေၾကာင္း ကားလုပ္ငန္း ရွင္အသိုင္းအဝိုင္းထံမွ သိရသည္။
Completely Built-Up(CBU) ဆိုသည္မွာ ျပည္ပႏိုင္ငံမွ တပ္ဆင္ထားၿပီးသား ကား အစီးလိုက္ကို တင္သြင္းျခင္းျဖစ္ၿပီး SKD (Semi Knocked Down) မွာ ကားအစိတ္အပိုင္းမ်ားကို တင္သြင္းကာ ျပည္တြင္း၌ ျပန္လည္တပ္ဆင္ျခင္း ျဖစ္ေၾကာင္း သိရသည္။
အမ်ိဳးသားအဆင့္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ဦးေဆာင္ ေကာ္မတီသည္ လွ်ပ္စစ္သုံးယာဥ္က႑ ဖြံ႕ၿဖိဳးတိုး တက္ေရးအတြက္ လွ်ပ္စစ္သုံးယာဥ္ အမ်ိဳးမ်ိဳးကို CBU စနစ္ျဖင့္တင္သြင္းျခင္း၊ လွ်ပ္စစ္သုံးယာဥ္အား သြင္းကိရိယာမ်ား တင္သြင္းျခင္း၊ Charging Station မ်ား တည္ေဆာက္၍ ဝန္ေဆာင္မႈေပးျခင္း စသည္တို႔ကို မူဝါဒႏွင့္အညီ စိစစ္ခြင့္ျပဳလ်က္ရွိ ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္ စပ္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးမူဝါဒႏွင့္အညီ ျပည္တြင္း၌ လွ်ပ္စစ္သုံးယာဥ္ထုတ္လုပ္မႈက႑ကို ျမႇင့္တင္ေဆာင္႐ြက္ႏိုင္ေရးအတြက္ လွ်ပ္စစ္သုံး ယာဥ္မ်ားကို SKD/ CKD စနစ္ျဖင့္ တပ္ဆင္ထုတ္ လုပ္ရန္ အားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရ သည္။
ထို႔ျပင္ လွ်ပ္စစ္သုံးယာဥ္အမ်ိဳးမ်ိဳးကို SKD စနစ္ျဖင့္ တပ္ဆင္ထုတ္လုပ္ခြင့္ တင္ျပထား သည့္အဆိုျပဳလႊာမ်ားကိုလည္း SOP ႏွင့္အညီ စိစစ္၍ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္သို႔ ေထာက္ခံခ်က္ ေပးပို႔လ်က္ရွိေၾကာင္းလည္း သိရ သည္။
အဆိုပါ SKD စနစ္ျဖင့္ တပ္ဆင္ထုတ္ လုပ္မည့္ကုမၸဏီမ်ားအေနျဖင့္လည္း ကုန္ၾကမ္း တင္သြင္းရာတြင္ SOP ပါ ကုန္ၾကမ္းအုပ္စု သတ္မွတ္ ခ်က္မ်ားႏွင့္အညီ တင္သြင္းေဆာင္႐ြက္သြားရန္လို အပ္ေၾကာင္း အမ်ိဳးသားအဆင့္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ဦးေဆာင္ ေကာ္မတီက ထုတ္ျပန္ထားသည္။
ထို႔ျပင္ လွ်ပ္စစ္သုံးယာဥ္မ်ားအပါအဝင္ ေမာ္ေတာ္ယာဥ္တစ္စီး၏ အစိတ္အပိုင္းအတြဲႀကီး မ်ားအားလုံးကို ပင္ရင္းႏိုင္ငံ၌ျဖစ္ေစ၊ တတိယၾကား ခံႏိုင္ငံ၌ျဖစ္ေစ အပိုင္းအလိုက္ျဖဳတ္ယူ တင္သြင္း၍ ျပည္တြင္း၌ ျပန္လည္တပ္ဆင္ေသာစနစ္ (Disassembled Knocked Down) ျဖင့္ တပ္ဆင္ထုတ္ လုပ္ျခင္းကို လုံးဝ ခြင့္ျပဳသြားမည္မဟုတ္ေၾကာင္း ထုတ္ျပန္ရာတြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္ အမ်ိဳးမ်ိဳးကို SKD စနစ္ျဖင့္ တပ္ဆင္ထုတ္လုပ္မည့္ ကုမၸဏီမ်ားအေနျဖင့္ အမ်ိဳးသားအဆင့္ လွ်ပ္ စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရး ဦးေဆာင္ေကာ္မတီႏွင့္ လုပ္ငန္းေကာ္မတီမ်ားမွ ခ်မွတ္ထားေသာ မူဝါဒမ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ား၊ SOP ပါသတ္မွတ္ခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္ ႐ြက္သြားရန္ လိုေၾကာင္းႏွင့္ လွ်ပ္စစ္သုံးယာဥ္မ်ားကို SKD ပုံစံျဖင့္ ျပန္လည္ျပဳလုပ္ၿပီး SKD အစိတ္ အပိုင္းအျဖစ္ တင္သြင္းျခင္းကို ခြင့္ျပဳမည္မဟုတ္ ေၾကာင္း အမ်ိဳးသားအဆင့္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ဦးေဆာင္ ေကာ္မတီက အသိေပးထားသည္။
SKD စနစ္ျဖင့္ ထုတ္လုပ္ႏိုင္ေရးအတြက္ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာ (၃၁)ရက္ အထိ EVေမာ္ေတာ္ယာဥ္ အဆိုျပဳကုမၸဏီ (၃၄)အနက္ MIC မွ ကုမၸဏီ (၁၂)ကိုသာ ခြင့္ျပဳခဲ့ၿပီး EV (၂)ဘီး၊ (၃)ဘီးဆိုင္ကယ္ အဆိုျပဳကုမၸဏီ(၂၆)ခုအနက္ ကုမၸဏီ (၈)ခုကိုသာ ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
" လက္ရွိ ကြၽန္ေတာ္သိသေလာက္ SKD ခြင့္ျပဳဖို႔လုပ္ထားတာ (၂၀)ေက်ာ္ရွိတယ္" ဟု ကားလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။
SKD စနစ္ျဖင့္သြားေသာကားသည္ သေဘၤာျဖင့္ သယ္ယူပို႔ေဆာင္ခႏွင့္ ထုပ္ပိုးခမ်ား ေၾကာင့္ CBU စနစ္ျဖင့္ အလုံးလိုက္သြင္းေသာ ကားထက္ ေဈးအနည္းငယ္ျမင့္ႏိုင္ေၾကာင္း ၎ကဆို သည္။
" CBU မွာကေတာ့ ေဒၚလာေတြ ကန႔္ သတ္ခ်က္နဲ႔သူကမ်ားေတာ့ CBU သမားေတြက သြင္းလို႔မရေတာ့ဘူးေလ။ သို႔ေသာ္ SKD က်ေတာ့ MIC ကိုျဖတ္ၿပီးသြားတာဆိုေတာ့ MIC မွာက ဘတ္ဂ်က္ေတြရွိတယ္။ MIC က တစ္ႏွစ္ကို အစီး ငါးရာလည္းရႏိုင္သလို တစ္ႏွစ္ကို အစီးတစ္ေထာင္ လည္းရႏိုင္တယ္။ ေတာ္ေတာ္မ်ားမ်ားက CBU မွာ ရပ္တည္လို႔မရလို႔ SKD,MIC ကို ျဖတ္ၿပီး လာ ခ်င္ၾကတာ။ SKD,MIC က်ရင္ အစီး (၅၀ဝ)ကေတာ့ ေသခ်ာေပါက္သြင္းလို႔ရတယ္။ အဲဒီထဲကို ေျပးၿပီး ဝင္လာၾကတာ။ ဝင္လာၾကေတာ့ Brand အစုံေပါ့။ တခ်ိဳ႕ကလည္း အစစ္လည္းပါပါတယ္။ ထုံးစံအတိုင္း ေပါ့။ အစစ္ရွိရင္အတုလည္း ရွိတာေပါ့" ဟု ကားလုပ္ ငန္းရွင္တစ္ဦးက NP News သို႔ ေျပာၾကားထားဖူးသည္။ လက္ရွိတြင္ ျပည္တြင္းကား ေဈးကြက္အေျခအေနမွာ ဆီကားမ်ားသည္ ေဈးအနည္းငယ္ျမင့္တက္လာၿပီး EV ကားမွာ ပုံမွန္ အေရာင္းအဝယ္သာရွိေနေၾကာင္း သိရသည္။