အမေရိကန်-အိန္ဒိယကုန်သွယ်ရေး သဘောတူညီချက်တစ်ခုကို ဒေါ်နယ်ထရမ့် ထုတ်ပြန်ကြေညာ

 74

Pika (NP News) - ဖေဖော်ဝါရီလ ၄

ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို အမေရိကန်နဲ့အိန္ဒိယတို့က သဘောတူညီခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရုရှားရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး အမေရိကန်က အိန္ဒိယရဲ့သွင်းကုန်တွေအပေါ် အခွန်(၅၀)ရာခိုင်နှုန်းကောက်ခံမှုတွေကို လုပ်ဆောင်ခဲ့ပြီးနောက် လအနည်းငယ်အကြာမှာ ယခုလိုသဘောတူညီချက်အသစ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း အိန္ဒိယက ရုရှားရေနံဝယ်ယူတာကိုရပ်တန့်ပြီး အမေရိကန်နဲ့ဗင်နီဇွဲလားတို့ဆီကနေ ရေနံတွေပိုမိုဝယ်ယူဖို့ သဘောတူညီခဲ့တာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် အဲ့ဒီကိစ္စရပ်က ယူကရိန်းပဋိပက္ခကို အဆုံးသတ်သွားစေလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က”အမေရိကန်နဲ့ အိန္ဒိယကြားမှာ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို ကျွန်တော်တို့သဘောတူညီခဲ့ပါတယ်။

အပြန်အလှန်အနေနဲ့ အမေရိကန်က အခွန်ကောက်ခံမှုတွေကို (၂၅)ရာခိုင်နှုန်းကနေ (၁၈)ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့အိန္ဒိယတို့က သဘောတူညီချက်တစ်ခုရရှိခဲ့တယ်ဆိုတာကို မိုဒီက အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version

အေမရိကန္-အိႏၵိယကုန္သြယ္ေရး သေဘာတူညီခ်က္တစ္ခုကို ေဒၚနယ္ထရမ့္ ထုတ္ျပန္ေၾကညာ

Pika (NP News) - ေဖေဖာ္ဝါရီလ ၄

ကုန္သြယ္ေရးသေဘာတူညီခ်က္တစ္ခုကို အေမရိကန္နဲ႔အိႏၵိယတို႔က သေဘာတူညီခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ႐ုရွားေရနံဝယ္ယူမႈနဲ႔ပတ္သက္ၿပီး အေမရိကန္က အိႏၵိယရဲ႕သြင္းကုန္ေတြအေပၚ အခြန္(၅၀)ရာခိုင္ႏႈန္းေကာက္ခံမႈေတြကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ လအနည္းငယ္အၾကာမွာ ယခုလိုသေဘာတူညီခ်က္အသစ္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီနဲ႔လုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲအတြင္း အိႏၵိယက ႐ုရွားေရနံဝယ္ယူတာကိုရပ္တန႔္ၿပီး အေမရိကန္နဲ႔ဗင္နီဇြဲလားတို႔ဆီကေန ေရနံေတြပိုမိုဝယ္ယူဖို႔ သေဘာတူညီခဲ့တာျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ အဲ့ဒီကိစၥရပ္က ယူကရိန္းပဋိပကၡကို အဆုံးသတ္သြားေစလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က”အေမရိကန္နဲ႔ အိႏၵိယၾကားမွာ ကုန္သြယ္ေရးသေဘာတူညီခ်က္တစ္ခုကို ကြၽန္ေတာ္တို႔သေဘာတူညီခဲ့ပါတယ္။

အျပန္အလွန္အေနနဲ႔ အေမရိကန္က အခြန္ေကာက္ခံမႈေတြကို (၂၅)ရာခိုင္ႏႈန္းကေန (၁၈)ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးသြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔အိႏၵိယတို႔က သေဘာတူညီခ်က္တစ္ခုရရွိခဲ့တယ္ဆိုတာကို မိုဒီက အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.