ကရင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့ ခေါင်းကြီးပိုင်းများနှင့်ပတ်သက်နေသော အပျိုစင်ဈေးကွက်ပေါ် ပေါက်နေပြီး Package အလိုက် သိန်းရာကျော်အထိ ဈေးပေါက်

 757

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့ ခေါင်းကြီးပိုင်းများနှင့်ပတ်သက်နေသော အပျိုစင် ဈေး ကွက်ပေါ်ပေါက်နေပြီး Package အလိုက် သိန်းရာကျော်အထိ ဈေးပေါက်နေကြောင်းသိရှိသူ သတင်း ရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
လက်ရှိ ယင်းဈေးကွက်မှာ DKBA မှ ဗိုလ်အေဝမ်းထိန်းချုပ်ထားသည့်သဘောရှိသော ဘုရားသုံး ဆူမြို့တွင် ပေါ်ပေါက်နေခြင်းဖြစ်ကြောင်း သိရသည်။ “ကောင်မလေးတွေကတော့ ဘုရားသုံးဆူမှာ ပြည့် တန်ဆာအိမ်တွေရှိတယ်။ အများဆုံး (၄) ခုလောက်ရှိတယ်။ အရင်ကတော့ အပျိုစင်ဆိုပြီး သိပ်ခေတ် မစားသေးဘူး။ တရုတ်တွေရောက်လာပြီးမှ Telegram ကနေ Member ဝင်ရတာ။ အတန်းအစားအ လိုက်ပေါ့နော်။ အနိမ်းဆုံး မြန်မာရိုးရိုး Customer ဆိုရင် မြန်မာငွေ ကျပ်(၈၅၀ဝဝ)ပေးရတာမျိုးတွေ လည်းရှိတယ်။ Kpay နဲ့လွှဲပေးရတာ။ လုပ်ကြတာက ဘုရားသုံးဆူမှာရှိတဲ့ကောင်မလေးတွေပေါ့နော်။ ဘယ်သူကဘယ်လိုပေါ့။ အပျိုစင်ဈေးကွက်ပေါ့။ အဲဒီပျိုစင်ဈေးကွက်က (၇)ရက်ကို သိန်း (၁၀ဝ)တို့ သိန်း (၁၅၀)တို့ဆိုပြီး Package အလိုက် ရှိတယ်။ လိင်ကျွန်ပေါ့ဗျာ”ဟု သိရှိသူ သတင်းရင်းမြစ်က ပြောသည်။
ယင်းဈေးကွက်အတွင်းမှ အမျိုးသမီးများကို ပျော်ပါးရန်ခေါ်ယူသူများအတွင်း ကရင်ပြည်နယ် အတွင်း အခြေစိုက်သည့် လက်နက်ကိုင်ခေါင်းဆောင်များနှင့် ငွေကြေးချမ်းသာသူများလည်း ပါဝင် ကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။ “အဲဒီမှာ လက်နက်ကိုင်အဖွဲ့ခေါင်းကြီးပိုင်းအထိပါတယ်။ ပြောရရင် NUG အကြီးပိုင်းအထိတောင်ပါတယ်။ သေနတ်နဲ့လိုက်စောင့်ပေးရတဲ့လူတွေတောင်ပါတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် ဘုရားသုံးဆူရှိ အလွှာအလိုက် ဈေးတန်းများလည်း အသီးသီးခွဲခြားထားပြီး တစ်ညတာ ပျော်ပါးခ ဘတ်ငွေ (၂၅၀ဝ)မှစတင်ကာ တစ်လ ပျော်ပါးခ ဘတ်ငွေ (၆၀ဝဝဝ)အထိရှိသော ပြည့်တန်ဆာ ဈေးကွက်လည်းရှိကြောင်းသိရသည်။ “အဲဒီမှာ ဘတ်ငွေ (၂၅၀ဝ)ကနေ ဘတ်ငွေ (၈၀ဝဝ)အထိ အစား စားရှိတယ်။ အဲဒါက Group တစ်ခုပေါ့နော်။ နောက်တစ်ခုက ဘတ်ငွေ (၆)သောင်းပေးရတဲ့ Group တစ် ခုရှိတယ်။ အဲဒါကတော့ သူဌေးတွေကတော့ သူဌေးတွေချည်းသုံးတာ။ သူဌေးဆိုတာလည်း လက်နက် ကိုင်အဖွဲ့အစည်းကလူတွေချည်းသုံးတာ။ ကောင်မလေးတွေကို လပြတ်ငှားလို့ရတယ်။ တစ်လကို ဘတ် ငွေ (၆) သောင်းကနေ (၁)သိန်းပေါ့။ အဲဒါက Date Girl လိုဟာမျိုး။ ရန်ကုန်ကကြိုက်ရင် ရန်ကုန်က ခေါ် ပေးရတယ်။ ကြိုက်တာကို ခေါ်လို့ရတယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် ယင်းဈေးကွက်ရှိအမျိုးသမီးများအတွင်း ပြည်ပနိုင်ငံသူများလည်း ပါဝင်လုပ်ကိုင်နေ ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ယင်း အကြောင်းအရာနှင့်ပတ်သက်၍ NP News မှ သီး ခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
လက်ရှိတွင် ဘုရားသုံးဆူမြို့ကို DKBA ကထိန်းချုပ်ထားသည့်သဘောရှိပြီး အွန်လိုင်းငွေလိမ် လုပ်ငန်းများ၊ ကာစီနိုလောင်းကစားရုံများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် ခိုးဆိုးလုယက်မှုများ လည်း ဖြစ်ပွားနေကြောင်း သိရသည်။

Zawgyi Version:
ကရင္ျပည္နယ္ရွိ လက္နက္ကိုင္အဖြဲ႕ ေခါင္းႀကီးပိုင္းမ်ားႏွင့္ပတ္သက္ေနေသာ အပ်ိဳစင္ေဈးကြက္ေပၚ ေပါက္ေနၿပီး Package အလိုက္ သိန္းရာေက်ာ္အထိ ေဈးေပါက္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၄
ကရင္ျပည္နယ္ရွိ လက္နက္ကိုင္အဖြဲ႕ ေခါင္းႀကီးပိုင္းမ်ားႏွင့္ပတ္သက္ေနေသာ အပ်ိဳစင္ ေဈး ကြက္ေပၚေပါက္ေနၿပီး Package အလိုက္ သိန္းရာေက်ာ္အထိ ေဈးေပါက္ေနေၾကာင္းသိရွိသူ သတင္း ရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိ ယင္းေဈးကြက္မွာ DKBA မွ ဗိုလ္ေအဝမ္းထိန္းခ်ဳပ္ထားသည့္သေဘာရွိေသာ ဘုရားသုံး ဆူၿမိဳ႕တြင္ ေပၚေပါက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။ “ေကာင္မေလးေတြကေတာ့ ဘုရားသုံးဆူမွာ ျပည့္ တန္ဆာအိမ္ေတြရွိတယ္။ အမ်ားဆုံး (၄) ခုေလာက္ရွိတယ္။ အရင္ကေတာ့ အပ်ိဳစင္ဆိုၿပီး သိပ္ေခတ္ မစားေသးဘူး။ တ႐ုတ္ေတြေရာက္လာၿပီးမွ Telegram ကေန Member ဝင္ရတာ။ အတန္းအစားအ လိုက္ေပါ့ေနာ္။ အနိမ္းဆုံး ျမန္မာ႐ိုး႐ိုး Customer ဆိုရင္ ျမန္မာေငြ က်ပ္(၈၅၀ဝဝ)ေပးရတာမ်ိဳးေတြ လည္းရွိတယ္။ Kpay နဲ႔လႊဲေပးရတာ။ လုပ္ၾကတာက ဘုရားသုံးဆူမွာရွိတဲ့ေကာင္မေလးေတြေပါ့ေနာ္။ ဘယ္သူကဘယ္လိုေပါ့။ အပ်ိဳစင္ေဈးကြက္ေပါ့။ အဲဒီပ်ိဳစင္ေဈးကြက္က (၇)ရက္ကို သိန္း (၁၀ဝ)တို႔ သိန္း (၁၅၀)တို႔ဆိုၿပီး Package အလိုက္ ရွိတယ္။ လိင္ကြၽန္ေပါ့ဗ်ာ”ဟု သိရွိသူ သတင္းရင္းျမစ္က ေျပာသည္။
ယင္းေဈးကြက္အတြင္းမွ အမ်ိဳးသမီးမ်ားကို ေပ်ာ္ပါးရန္ေခၚယူသူမ်ားအတြင္း ကရင္ျပည္နယ္ အတြင္း အေျခစိုက္သည့္ လက္နက္ကိုင္ေခါင္းေဆာင္မ်ားႏွင့္ ေငြေၾကးခ်မ္းသာသူမ်ားလည္း ပါဝင္ ေၾကာင္း အထက္ပါသတင္းရင္းျမစ္ကဆိုသည္။ “အဲဒီမွာ လက္နက္ကိုင္အဖြဲ႕ေခါင္းႀကီးပိုင္းအထိပါတယ္။ ေျပာရရင္ NUG အႀကီးပိုင္းအထိေတာင္ပါတယ္။ ေသနတ္နဲ႔လိုက္ေစာင့္ေပးရတဲ့လူေတြေတာင္ပါတယ္” ဟု ၎ကေျပာသည္။
ထို႔ျပင္ ဘုရားသုံးဆူရွိ အလႊာအလိုက္ ေဈးတန္းမ်ားလည္း အသီးသီးခြဲျခားထားၿပီး တစ္ညတာ ေပ်ာ္ပါးခ ဘတ္ေငြ (၂၅၀ဝ)မွစတင္ကာ တစ္လ ေပ်ာ္ပါးခ ဘတ္ေငြ (၆၀ဝဝဝ)အထိရွိေသာ ျပည့္တန္ဆာ ေဈးကြက္လည္းရွိေၾကာင္းသိရသည္။ “အဲဒီမွာ ဘတ္ေငြ (၂၅၀ဝ)ကေန ဘတ္ေငြ (၈၀ဝဝ)အထိ အစား စားရွိတယ္။ အဲဒါက Group တစ္ခုေပါ့ေနာ္။ ေနာက္တစ္ခုက ဘတ္ေငြ (၆)ေသာင္းေပးရတဲ့ Group တစ္ ခုရွိတယ္။ အဲဒါကေတာ့ သူေဌးေတြကေတာ့ သူေဌးေတြခ်ည္းသုံးတာ။ သူေဌးဆိုတာလည္း လက္နက္ ကိုင္အဖြဲ႕အစည္းကလူေတြခ်ည္းသုံးတာ။ ေကာင္မေလးေတြကို လျပတ္ငွားလို႔ရတယ္။ တစ္လကို ဘတ္ ေငြ (၆) ေသာင္းကေန (၁)သိန္းေပါ့။ အဲဒါက Date Girl လိုဟာမ်ိဳး။ ရန္ကုန္ကႀကိဳက္ရင္ ရန္ကုန္က ေခၚ ေပးရတယ္။ ႀကိဳက္တာကို ေခၚလို႔ရတယ္”ဟု ၎ကေျပာသည္။
ထို႔ျပင္ ယင္းေဈးကြက္ရွိအမ်ိဳးသမီးမ်ားအတြင္း ျပည္ပႏိုင္ငံသူမ်ားလည္း ပါဝင္လုပ္ကိုင္ေန ေၾကာင္း သတင္းမ်ားထြက္ေပၚေနေသာ္လည္း ယင္း အေၾကာင္းအရာႏွင့္ပတ္သက္၍ NP News မွ သီး ျခားအတည္ျပဳႏိုင္ျခင္းမရွိေသးေပ။
လက္ရွိတြင္ ဘုရားသုံးဆူၿမိဳ႕ကို DKBA ကထိန္းခ်ဳပ္ထားသည့္သေဘာရွိၿပီး အြန္လိုင္းေငြလိမ္ လုပ္ငန္းမ်ား၊ ကာစီႏိုေလာင္းကစား႐ုံမ်ား၊ မူးယစ္ေဆးဝါးေရာင္းဝယ္မႈမ်ားႏွင့္ ခိုးဆိုးလုယက္မႈမ်ား လည္း ျဖစ္ပြားေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.