အီရန်နဲ့ပတ်သက်တဲ့တင်းမာမှုတွေကို လျှော့ချပေးနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ရုရှားပြော

 120

Pika (NP News) - ဖေဖော်ဝါရီ ၄

အီရန်နဲ့ပတ်သက်တဲ့ တင်းမာမှုတွေလျှော့ချနိုင်ဖို့ ရုရှားကကြိုးပမ်းနေဆဲဖြစ်တယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အီရန်ရဲ့သန့်စင်ထားတဲ့ယူရေနီယမ်တွေကို အပြီးအထိသန့်စင်ဖို့ ဒါမှမဟုတ် သိုလှောင်ထားပေးဖို့နဲ့ပတ်သက်တဲ့ ရုရှားရဲ့ကမ်းလှမ်းမှုတွေက အရင်တည်းကရှိနေတာဖြစ်တယ်လို့လည်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အီရန်ရဲ့သန့်စင်ထားတဲ့ယူရေနီယမ်တွေကို ယူဖို့အလားအလာတွေနဲ့ပတ်သက်ပြီး အမေရိကန်၊အီရန်တို့နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်တာမျိုးရှိ/မရှိဆိုတဲ့ မေးခွန်းတွေကို ၎င်းက တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
၎င်းက "နိုင်ငံအများအပြားအတွက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အရာအချို့ကို ဖယ်ရှားဖို့ ဦးတည်စေမယ့် ဖြစ်နိုင်ခြေရှိတဲ့ရွေးချယ်မှုတစ်ခုအဖြစ် ဝန်ဆောင်မှုများစွာကို ရုရှားက အရင်တည်းက ကမ်းလှမ်းခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ရုရှားက စိတ်ဝင်စားတဲ့နိုင်ငံတွေအားလုံးနဲ့ ဆက်သွယ်မှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး အီရန်နဲ့ပတ်သက်တဲ့တင်းမာမှုတွေကို လျှော့ချပေးဖို့ အကောင်းဆုံးကြိုးပမ်းနေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အီရန္နဲ႔ပတ္သက္တဲ့တင္းမာမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္ဖို႔ ႀကိဳးပမ္းေနဆဲျဖစ္တယ္လို႔ ႐ုရွားေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၄
အီရန္နဲ႔ပတ္သက္တဲ့ တင္းမာမႈေတြေလွ်ာ့ခ်ႏိုင္ဖို႔ ႐ုရွားကႀကိဳးပမ္းေနဆဲျဖစ္တယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အီရန္ရဲ႕သန႔္စင္ထားတဲ့ယူေရနီယမ္ေတြကို အၿပီးအထိသန႔္စင္ဖို႔ ဒါမွမဟုတ္ သိုေလွာင္ထားေပးဖို႔နဲ႔ပတ္သက္တဲ့ ႐ုရွားရဲ႕ကမ္းလွမ္းမႈေတြက အရင္တည္းကရွိေနတာျဖစ္တယ္လို႔လည္း ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အီရန္ရဲ႕သန႔္စင္ထားတဲ့ယူေရနီယမ္ေတြကို ယူဖို႔အလားအလာေတြနဲ႔ပတ္သက္ၿပီး အေမရိကန္၊အီရန္တို႔နဲ႔ ေဆြးေႏြးမႈေတြ လုပ္ေဆာင္တာမ်ိဳးရွိ/မရွိဆိုတဲ့ ေမးခြန္းေတြကို ၎က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
၎က "ႏိုင္ငံအမ်ားအျပားအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ေစမယ့္အရာအခ်ိဳ႕ကို ဖယ္ရွားဖို႔ ဦးတည္ေစမယ့္ ျဖစ္ႏိုင္ေျခရွိတဲ့ေ႐ြးခ်ယ္မႈတစ္ခုအျဖစ္ ဝန္ေဆာင္မႈမ်ားစြာကို ႐ုရွားက အရင္တည္းက ကမ္းလွမ္းခဲ့တာပါ။ လက္ရွိအခ်ိန္မွာေတာ့ ႐ုရွားက စိတ္ဝင္စားတဲ့ႏိုင္ငံေတြအားလုံးနဲ႔ ဆက္သြယ္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနၿပီး အီရန္နဲ႔ပတ္သက္တဲ့တင္းမာမႈေတြကို ေလွ်ာ့ခ်ေပးဖို႔ အေကာင္းဆုံးႀကိဳးပမ္းေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.