အမေရိကန်တွင်ကျင်းပသော Rose Parade ပွဲတော်တွင် ပါဝင်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး ရေနဂါးအရုပ်

138

Pika (NP News) - ဖေဖော်ဝါရီ ၄
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ပါဆာဒီနာမြို့တွင်ကျင်းပခဲ့သော Rose Parade ပွဲတော်တွင် UPS စတိုးကထုတ်ပြန်ပြသခဲ့သော အဏ္ဏဝါဆိုင်ရာသရုပ်ပြမှုယာဉ်သည် ကမ္ဘာ့အကြီးဆုံး ရေနဂါးအရုပ်အတွက် စံချိန်သစ်တစ်ခုကိုတင်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါပြပွဲအတွင်း UPS စတိုးကဖန်တီးခဲ့သော ရေနဂါးအရုပ်များပါရှိသည့် သရုပ်ပြယာဉ်ပေါ် တွင် အရွယ်အစားကြီးမားသည့်ရေနဂါးအရုပ်တစ်ခု ပါဝင်ခဲ့ပြီး ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က တရားဝင် တိုင်းတာမှုများလုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံးရေနဂါးအရုပ်ဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
တရားဝင်တိုင်းတာမှုများအရ အဆိုပါရေ နဂါးအရုပ်ကြီးသည် အမြင့်(၂၈)ပေရှိပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးရေနဂါးအရုပ်ဖြစ်ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။ အဆိုပါ ရေနဂါးအရုပ်ကြီး၏ ဝါယာဖရိန်နှင့် အစိတ်အပိုင်းများကို လိမ္မော်ရောင်ပဲစေ့များ၊ ပြောင်းဖူးခွံများ၊ မှိုများ၊ kumquats အသီးများ၊ ပါးပါးလှီးထားသော လိမ္မော်ပြားများနှင့် နှင်းဆီပန်းများဖြင့် ဖုံးအုပ်ကာ ဖန်တီး ထားခြင်းဖြစ်ကြောင်း UPS စတိုးကပြောကြားခဲ့သည်။ ထို့ပြင် UPS စတိုးကဖန်တီးခဲ့သော အဆိုပါ အဏ္ဏ ဝါ ဆိုင်ရာသရုပ်ပြယာဉ်၏ ဒီဇိုင်းပိုင်းနှင့်ပတ်သက်ပြီး ဒါရိုက်တာဆုကို Rose Parade ပွဲတော်က ပေး အပ်ခဲ့ကြောင်းလည်းသိရသည်။

Zawgyi Version:
အေမရိကန္တြင္က်င္းပေသာ Rose Parade ပြဲေတာ္တြင္ ပါဝင္ခဲ့သည့္ ကမာၻ႔အႀကီးဆုံး ေရနဂါးအ႐ုပ္
Pika (NP News) - ေဖေဖာ္ဝါရီ ၄
အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ ပါဆာဒီနာၿမိဳ႕တြင္က်င္းပခဲ့ေသာ Rose Parade ပြဲေတာ္တြင္ UPS စတိုးကထုတ္ျပန္ျပသခဲ့ေသာ အဏၰဝါဆိုင္ရာသ႐ုပ္ျပမႈယာဥ္သည္ ကမာၻ႔အႀကီးဆုံး ေရနဂါးအ႐ုပ္အတြက္ စံခ်ိန္သစ္တစ္ခုကိုတင္ႏိုင္ခဲ့ေၾကာင္းသိရသည္။
အဆိုပါျပပြဲအတြင္း UPS စတိုးကဖန္တီးခဲ့ေသာ ေရနဂါးအ႐ုပ္မ်ားပါရွိသည့္ သ႐ုပ္ျပယာဥ္ေပၚ တြင္ အ႐ြယ္အစားႀကီးမားသည့္ေရနဂါးအ႐ုပ္တစ္ခု ပါဝင္ခဲ့ၿပီး ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က တရားဝင္ တိုင္းတာမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ကမာၻ႔အႀကီးဆုံးေရနဂါးအ႐ုပ္ျဖစ္ သတ္မွတ္ေပးခဲ့ျခင္း ျဖစ္ ေၾကာင္း သိရသည္။
တရားဝင္တိုင္းတာမႈမ်ားအရ အဆိုပါေရ နဂါးအ႐ုပ္ႀကီးသည္ အျမင့္(၂၈)ေပရွိၿပီး ကမာၻေပၚတြင္ အႀကီးဆုံးေရနဂါးအ႐ုပ္ျဖစ္ေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့သည္။ အဆိုပါ ေရနဂါးအ႐ုပ္ႀကီး၏ ဝါယာဖရိန္ႏွင့္ အစိတ္အပိုင္းမ်ားကို လိေမၼာ္ေရာင္ပဲေစ့မ်ား၊ ေျပာင္းဖူးခြံမ်ား၊ မႈိမ်ား၊ kumquats အသီးမ်ား၊ ပါးပါးလွီးထားေသာ လိေမၼာ္ျပားမ်ားႏွင့္ ႏွင္းဆီပန္းမ်ားျဖင့္ ဖုံးအုပ္ကာ ဖန္တီး ထားျခင္းျဖစ္ေၾကာင္း UPS စတိုးကေျပာၾကားခဲ့သည္။ ထို႔ျပင္ UPS စတိုးကဖန္တီးခဲ့ေသာ အဆိုပါ အဏၰ ဝါ ဆိုင္ရာသ႐ုပ္ျပယာဥ္၏ ဒီဇိုင္းပိုင္းႏွင့္ပတ္သက္ၿပီး ဒါ႐ိုက္တာဆုကို Rose Parade ပြဲေတာ္က ေပး အပ္ခဲ့ေၾကာင္းလည္းသိရသည္။