သမိုင်း အမှန်တရား၊ နိုင်ငံရေးဗျူဟာနှင့် စိတ်ပိုင်းဆိုင်ရာ ရှုထောင့်

 69

တင်ဇာ (NP News) - ဖေဖော်ဝါရီ ၄

သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေကို မိမိတို့နဲ့သင့်တော်သလို ပြုပြင်ပြောဆိုတာ ဒါမှ မဟုတ် အငြင်းပွားဖွယ်ရာအချက်အလက်တွေကို အမှန်တရားလိုတင်ပြတာမျိုးဟာ မွတ်စလင် အသိုင်း အဝိုင်း တစ်ခုတည်းမှာတင် မဟုတ်ဘဲ ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်း တော်တော်များ များမှာ တွေ့ရလေ့ရှိတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ လူအများက “သမိုင်းလိမ်တယ်” လို့ မြင်နေကြတဲ့ ဒီ ဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ ဘယ်လို စိတ်ပညာနဲ့ နိုင်ငံရေးအကြောင်းရင်းတွေရှိနေမလဲဆိုတာကို ပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ သုံးသပ်ကြည့်ဖို့လိုအပ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အဓိကအားဖြင့် အချက် (၄) ချက်ကို တွေ့ရှိနိုင်ပါတယ် -
၁။ ကိုယ့်ကိုယ်ကို ကာကွယ်လိုတဲ့ စိတ်အခံ (Defensive Identity) - လက်ရှိ ကမ္ဘာ့အခြေ အနေမှာ မွတ်စလင်နိုင်ငံ အများစုဟာ နည်းပညာ၊ စီးပွားရေးနဲ့ စစ်ရေးအရ အနောက်နိုင်ငံတွေရဲ့ နောက်မှာ ရောက်နေတယ်လို့ ခံစားနေကြရပါတယ်။ ဒီအခါမှာ “ငါတို့က အရင်ကတည်းက တော်ခဲ့တာ၊ အမေရိ ကန်ကိုတောင် ငါတို့ အရင်ရောက်ခဲ့တာ” ဆိုတဲ့ အဆိုပြုချက်တွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ပေးသလို ဖြစ်စေပါတယ်။ ဒါဟာ လက်ရှိမှာ ရှိနေတဲ့ အားနည်းချက်တွေကို အတိတ်က (အ ထောက်အထား မခိုင်လုံပေမယ့်) ဂုဏ်ယူစရာ သမိုင်းကြောင်းတွေနဲ့ ဖုံးဖိလိုတဲ့ စိတ်သဘောထားပဲ ဖြစ် ပါတယ်။
၂။ ဘာသာရေး သာလွန်မှုဝါဒ (Religious Superiority) - အချို့သော ဘာသာရေးအဖွဲ့ အစည်းတွေဟာ သူတို့ရဲ့ ဘာသာတရားကသာ အရာရာမှာ ရှေ့ဦးကျတယ်၊ အမှန်ကန်ဆုံး ဖြစ်တယ် ဆိုတာကို သက်သေ ပြချင်ကြပါတယ်။ ဒီလိုသက်သေပြဖို့အတွက် ခေတ်သစ်သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှုတွေ ဒါမှမဟုတ် သမိုင်းဖြစ်ရပ်တွေကို မိမိတို့ဘာသာရေး ကျမ်းစာတွေ၊ ဘာသာဝင်တွေနဲ့ ဆက်စပ်ပြီး အတင်းအဓမ္မ အဓိပ္ပာယ်ဖွင့်ဆိုတာမျိုးတွေ လုပ်ဆောင်တတ်ကြပါတယ်။
၃။ နိုင်ငံရေး ရည်မှန်းချက်များ (Political Agenda) - နိုင်ငံ့ခေါင်းဆောင်အချို့ (ဥပမာ - တူရကီသမ္မတ အာဒိုဂန်) ဟာ သူတို့ရဲ့ ပြည်သူတွေ ကြားမှာ အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာစေဖို့ အတွက် သမိုင်း ကို ပြုပြင်ပြောဆိုတတ်ကြပါတယ်။ “မွတ်စလင်တွေက အမေရိကန်ကို ကိုလံဘတ်ထက် အရင်ရောက် တာ” လို့ ပြောခြင်းဟာ အနောက်တိုင်း ယဉ်ကျေးမှုအပေါ် မှီခိုနေရတာကိုလျှော့ချပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်တဲ့ နည်းဗျူဟာတစ်ခုအဖြစ် အသုံးချတာ ဖြစ်ပါတယ်။
၄။ မိမိယုံကြည်ရာကိုသာ ရွေးချယ်လက်ခံခြင်း (Confirmation Bias) - လူတွေဟာ မိမိတို့ ယုံကြည် ချင်တဲ့ အချက်နဲ့ ကိုက်ညီတဲ့အထောက် အထားသေးသေးလေးကိုပဲ ချဲ့ကားပြီး၊ မိမိတို့နဲ့ မကိုက်ညီတဲ့ ခိုင်လုံတဲ့သက်သေတွေကိုတော့ မျက်ကွယ်ပြုတတ်ကြပါတယ်။ ဒါဟာ ဘာသာဝင် တိုင်းမှာဖြစ်တတ်တဲ့ လူသားတို့ရဲ့ သဘာဝတစ်ခုပဲ ဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် သမိုင်းကို ပြုပြင်ပြောဆိုခြင်းဟာ “အမှန်တရားထက် စိတ်ခံစားချက် (Emotion)” ကို ပိုပြီး ဦးစားပေးတဲ့အခါမှာ ဖြစ်ပေါ်လာတာပါ။ မွတ်စလင်အများစုက သူတို့ရဲ့ သမိုင်း ကြောင်းဟာ ကမ္ဘာ့ယဉ်ကျေးမှုမှာ အရေးပါကြောင်း သက်သေပြချင်တဲ့ဆန္ဒပြင်းပြနေကြတာကြောင့် အထောက်အထား မခိုင်လုံတဲ့အချက်တွေကိုတောင် အမှန်လို့ ယူဆပြီး ပြောဆိုနေကြတာမျိုးတွေ ရှိလာ ပါတယ်။ ဒါကြောင့် စာရေးဆရာ Salman Rushdie ပြောခဲ့သလိုပါပဲ။ “လူတွေကို သူတို့ရဲ့ လူမျိုးနွယ်စု ကြောင့် ခွဲခြားဆက်ဆံခံရတာမျိုးကနေ အကာအကွယ်ပေးရမှာဖြစ်ပေမယ့် သူတို့ရဲ့ အယူအဆတွေနဲ့ သမိုင်းဆိုင်ရာပြောဆိုချက်တွေကိုတော့ ဝေဖန်ဆန်းစစ်မှုတွေကနေ ကင်းလွတ်ခွင့် မပေးသင့်ပါဘူး” ဆိုတဲ့အတိုင်း သမိုင်းအမှားတွေကိုတော့ ချက်ကျလက်ကျ ဝေဖန်ပိုင်းခြားရမှာဖြစ်ပါတယ်။
မွတ်စလင်တချို့က အမေရိကတိုက်ကို ခရစ္စတိုဖာ ကိုလံဘတ်ထက် အရင်ရောက်ရှိခဲ့တယ်လို့ ပြောဆို လေ့ရှိကြတာဟာ အဓိကအားဖြင့် သမိုင်းမှတ်တမ်းဟောင်းတချို့နဲ့ ပထဝီဝင်ဆိုင်ရာ ယူဆချက် တွေအပေါ် အခြေခံထားတာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံ့ခေါင်းဆောင်အချို့ကတောင် နိုင်ငံရေးအရ လွှမ်းမိုးမှုတွေ လုပ်ချင်တဲ့အတွက် သမိုင်းအမှားတွေကို ပြောဆိုလေ့ရှိကြပါတယ်။ (၂၀၁၄) ခုနှစ်တုန်းက အစ္စတန်ဘူလ်မြို့မှာ ကျင်းပတဲ့ လက်တင် အမေရိက က မွတ်စလင်ခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲမှာ တူကီယဲသမ္မတ အာဒိုဂန်က “မွတ်စလင် သင်္ဘော သားတွေဟာ ကိုလံဘတ်ထက် (၃၁၄) နှစ်စောပြီး အေဒီ (၁၁၇၈) ခုနှစ်မှာတင် အမေရိကတိုက်ကို ရောက်ရှိခဲ့ကြပါတယ်။ ခရစ္စတိုဖာကိုလံဘတ်ရဲ့ မှတ် တမ်းတွေထဲမှာတောင် ကျူးဘားကမ်းရိုးတန်းက တောင်ကုန်းတစ်ခုပေါ်မှာ ဗလီတစ်ခုရှိနေတာကို ထည့် သွင်းပြောဆိုခဲ့ဖူးတယ်” လို့ ဆိုပါတယ်။ ဒါ့အပြင် အာဒိုဂန်က အဲဒီတောင်ကုန်းပေါ်မှာ ဗလီတစ်ခု ပြန် ဆောက်ချင်တယ်လို့လည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီအပေါ်မှာ ကျူးဘားနိုင်ငံသားတွေ ရဲ့ သဘောထားကိုတော့ သူကထည့်သွင်းပြောဆိုသွားခြင်း မရှိပါဘူး။
ဒီပြောဆိုချက်တွေအတွက် အထောက်အထားအဖြစ် သူတို့တင်ပြလေ့ရှိတဲ့အချက်တွေထဲမှာ ကိုလံဘတ်ရဲ့ ကိုယ်ပိုင်ဒိုင်ယာရီမှတ်တမ်းလည်း ပါဝင်ပါ တယ်။ ကိုလံဘတ်ဟာ ကျူးဘား ကမ်းရိုးတန်း က တောင်ကုန်းတစ်ခုပေါ်မှာ ဗလီနဲ့တူတဲ့ အဆောက် အအုံတစ်ခုကို တွေ့ခဲ့တယ်လို့ ရေးသားခဲ့ဖူးတာ ကြောင့် ဒါကိုတချို့က မွတ်စလင်တွေ အရင်ရောက်နေတဲ့ သက်သေလို့ ယူဆကြပါတယ်။ ဒါပေမဲ့ သမိုင်းပညာရှင်အများစုကတော့ ဒါဟာ တောင်ကုန်းရဲ့ ပုံသဏ္ဌာန်ကို ဗလီအမိုးခုံးနဲ့ နှိုင်းယှဉ်ပြီး တင်စား ဖော်ပြခဲ့တာသာ ဖြစ်တယ်လို့ ရှင်းပြကြပါတယ်။
ဒါ့အပြင် ပညာရှင်တချို့ရဲ့ အဆိုပြုချက်တွေလည်း ရှိနေပါသေးတယ်။ (၁၉၂၀) ပြည့်နှစ်တွေ တုန်းက ဟားဗတ်တက္ကသိုလ်မှ Leo Weiner က ဒေသခံ အမေရိကန်လူမျိုးစုတွေရဲ့ဘာသာစကားထဲမှာ အာရပ်စကားလုံးတချို့နဲ့ဆင်တူတာကို အခြေခံပြီး အာဖရိကအနောက်ပိုင်းက မွတ်စလင်တွေ အမေရိက ကို ရောက်ခဲ့နိုင်တယ်လို့ဆိုခဲ့ပါတယ်။ အလားတူပဲ (၁၉၉၆) ခုနှစ်မှာ အစ္စလာမ် ပညာရှင် Youssef Mroueh ကလည်း မွတ်စလင် သင်္ဘောသားတွေဟာ (၁၂) ရာစုလောက်ကတည်းက အမေရိကကို ရောက်ခဲ့တယ်လို့ ဆောင်းပါးရေးသားခဲ့ဖူးပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ အချက်တစ်ခုကတော့ မာလီအင်ပါယာရဲ့ဘုရင် မန်ဆာမူဆာရဲ့ အစ်ကိုဖြစ်သူ အဘူဘာကာရီ (၂) အကြောင်း ပါပဲ။ သူဟာ အတ္တ လန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ဖို့ သင်္ဘောအစင်းပေါင်း ထောင်ချီနဲ့ ထွက်ခွာသွားပြီး ပြန်မလာတော့တာ ကြောင့် သူတို့အဖွဲ့ဟာ အမေရိကတိုက်ကို ရောက်သွားခဲ့တာလို့ တချို့က ယူဆနေကြပါတယ်။
ဒါပေမဲ့ ပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ ဆန်းစစ်ကြည့်မယ်ဆိုရင်တော့ လက်ရှိအချိန်အထိ ဒီ အကြောင်း အရာတွေနဲ့ပတ်သက်လို့ ခိုင်လုံတဲ့ ရှေးဟောင်းသုတေသန အထောက်အထား တစ်ခုမှ မရှိ သေးပါဘူး။ အမေရိက တိုက်ထဲမှာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အဆောက်အအုံဟောင်းတွေ၊ အာရပ်စာ အရေးအသားတွေ ဒါမှမဟုတ် အဲဒီခေတ်က မွတ်စလင် အသုံးအဆောင်ပစ္စည်းတွေကို ရှာဖွေတွေ့ ရှိထားခြင်း ခုချိန်ထိ မရှိသေးပါဘူး။ လက်ရှိ သိပ္ပံနည်းကျ လက်ခံထားတဲ့ အချက်တွေအရ အမေရိက တိုက်ကို ပထမဆုံးရောက်ခဲ့သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက အာရှတိုက်ကနေ ရေခဲပြင်ကို ဖြတ်ကူးလာတဲ့ ဒေသခံ Native Americans တွေသာ ဖြစ်ပါတယ်။ ဥရောပတိုက်သားတွေထဲမှာတော့ (၁၀) ရာစုခန့်က ဗိုက်ကင်းတွေဟာ ကိုလံ ဘတ်ထက် အရင်ရောက်ခဲ့တယ်ဆိုတာ ခိုင်လုံတဲ့သက်သေ တွေ ရှိနေပါတယ်။ အကျဉ်းချုံးဆိုရရင် မွတ်စလင်တွေ အမေရိကကို အရင်ရောက်နှင့်တယ်ဆိုတဲ့အချက် ဟာ စိတ်ဝင်စားစရာ ဖြစ်နိုင်ခြေရှိတဲ့ယူဆချက်တစ်ခုအဖြစ်သာရှိနေပြီး သမိုင်းပညာရှင်အများစုက အတည်ပြုလက်ခံထားတဲ့ သမိုင်းအမှန်တရား မဟုတ်သေးပါဘူး။
သမိုင်းကြောင်းဆိုတာ အချိန်ကာလတစ်ခုရဲ့ မှတ်တမ်းဖြစ်ပြီး ဒါကို လိမ်ညာလို့မရနိုင်ခြင်းမှာ ခိုင်မာတဲ့ ရုပ်ဝတ္ထုအထောက်အထားတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။ လူတွေက သူတို့ရဲ့ အလို ဆန္ဒအရ သမိုင်းစာအုပ်တွေကို ပြင်ဆင်ရေးသားနိုင်ပေမယ့်လည်း မြေပြင်မှာ ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်း အဆောက်အအုံတွေ၊ ကျောက်စာတွေ၊ ခေါင်းလောင်းစာတွေနဲ့ လူမှုယဉ်ကျေးမှု အကြွင်းအကျန်တွေကို တော့ ဖျောက်ဖျက်လို့ မရနိုင်ပါ။ ဒီရုပ်ဝတ္ထုပစ္စည်းတွေက ဘယ်ခေတ်ကာလမှာ ဘယ်လိုအဖြစ်အပျက် တွေ အမှန်တကယ် ဖြစ်ပျက်ခဲ့တာကို ခေတ်အဆက်ဆက် သက်သေခံနေကြမှာ ဖြစ်ပါတယ်။
ဒါ့ပြင် ခေတ်သစ်သိပ္ပံနည်းပညာတွေ ထွန်းကားလာတာနဲ့အမျှ သမိုင်းလိမ်ညာမှုတွေက ပိုမိုခက်ခဲ လာပါတယ်။ ရှေးဟောင်းပစ္စည်းတွေရဲ့ သက်တမ်းကို သိပ္ပံနည်းကျ တိုင်းတာခြင်း (Carbon Dating) နဲ့ လူသားတို့ရဲ့ မျိုးရိုးဗီဇကို စစ်ဆေးခြင်း (DNA Analysis) တို့ကနေတစ်ဆင့် သမိုင်းအမှန်ကို အတိအကျ ဖော်ထုတ်နိုင်ပြီ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်က သမိုင်းကို မိမိစိတ်ကြိုက် ပုံဖျက်ခဲ့ရင်တောင် အခြား သော နိုင်ငံတကာ မှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် ယုတ္တိမတန်တဲ့အချက်အလက်တွေက အချိန်တန်ရင် အလိုအလျောက် ပေါ်ထွက်လာစမြဲ ဖြစ်ပါတယ်။
သမိုင်းကြောင်းလွဲမှားစွာပုံဖော်မှုနဲ့ပတ်သက်ပြီး မွတ်စလင်လူမျိုးတစ်မျိုးတည်းကိုသာ တိုက်ရိုက် ထိခိုက် ပြောဆိုလိုခြင်းမဟုတ်ပေမယ့် ယနေ့မြန်မာ နိုင်ငံအနေနဲ့ ICJ မှာ တရားရင်ဆိုင်နေရတဲ့အခြေ အနေတွေမှာ မြန်မာ့သမိုင်းမှာ လုံးဝမရှိခဲ့ဖူးတဲ့ လူမျိုးတစ်မျိုးကို မြန်မာတိုင်းရင်းသားမျိုးနွယ်စုထဲ အတင်းသွတ်သွင်းစေလိုတဲ့ ရည်ရွယ်ချက်တွေကို မြင်တွေ့နေရတာကြောင့် ခုလိုဥပမာပြုလိုက်ရခြင်း ဖြစ်ပါတယ်။ ဤသည်မှာ သမိုင်းကို မိမိတို့ လိုရာဆွဲပြီး ဖန်တီးလိုခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို မီးမောင်းထိုးပြနေခြင်းပဲ ဖြစ်ပါတယ်။
အနှစ်ချုပ်ရသော် သမိုင်းဟာ အကျိုးနဲ့အကြောင်း ဆက်စပ်နေတဲ့ ကွင်းဆက်တစ်ခုဖြစ်တာ ကြောင့် ကွင်းဆက်တစ်ခုကို လိမ်ညာဖြတ်တောက်လိုက်ရင် ဖြစ်ရပ်တစ်ခုလုံးရဲ့ ယုတ္တိတန်မှုက ပျက်စီး သွားတတ်ပါတယ်။ သမိုင်းကို အာဏာရှိသူတွေက ခေတ္တခဏ ဖုံးကွယ်ထားနိုင်ပေမယ့်လည်း အမှန် တရားက ရေပေါ်ဆီလိုပဲ အမြဲတစေ ပြန်လည်ပေါ်ထွန်းလာတတ်တဲ့သဘောမှာရှိပါတယ်။ ဒါကြောင့် “သမိုင်းဆိုသည်မှာ လိမ်၍မရ” ဟူသော စကားဟာ သမိုင်းပညာရှင်တွေအတွက်သာမက လူသား အားလုံးအတွက်ပါ လိုက်နာရမယ့် သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။

Zawgyi Version:
သမိုင္း အမွန္တရား၊ ႏိုင္ငံေရးဗ်ဴဟာႏွင့္ စိတ္ပိုင္းဆိုင္ရာ ရႈေထာင့္
တင္ဇာ (NP News) - ေဖေဖာ္ဝါရီ ၄
သမိုင္းေၾကာင္းဆိုင္ရာ အခ်က္အလက္ေတြကို မိမိတို႔နဲ႔သင့္ေတာ္သလို ျပဳျပင္ေျပာဆိုတာ ဒါမွ မဟုတ္ အျငင္းပြားဖြယ္ရာအခ်က္အလက္ေတြကို အမွန္တရားလိုတင္ျပတာမ်ိဳးဟာ မြတ္စလင္ အသိုင္း အဝိုင္း တစ္ခုတည္းမွာတင္ မဟုတ္ဘဲ ဘာသာေရး၊ လူမ်ိဳးေရးနဲ႔ ႏိုင္ငံေရးအဖြဲ႕အစည္း ေတာ္ေတာ္မ်ား မ်ားမွာ ေတြ႕ရေလ့ရွိတဲ့ျဖစ္စဥ္တစ္ခု ျဖစ္ပါတယ္။ လူအမ်ားက “သမိုင္းလိမ္တယ္” လို႔ ျမင္ေနၾကတဲ့ ဒီ ျဖစ္ရပ္ေတြရဲ႕ေနာက္ကြယ္မွာ ဘယ္လို စိတ္ပညာနဲ႔ ႏိုင္ငံေရးအေၾကာင္းရင္းေတြရွိေနမလဲဆိုတာကို ပညာရပ္ဆိုင္ရာ ရႈေထာင့္ကေန သုံးသပ္ၾကည့္ဖို႔လိုအပ္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ အဓိကအားျဖင့္ အခ်က္ (၄) ခ်က္ကို ေတြ႕ရွိႏိုင္ပါတယ္ -
၁။ ကိုယ့္ကိုယ္ကို ကာကြယ္လိုတဲ့ စိတ္အခံ (Defensive Identity) - လက္ရွိ ကမာၻ႔အေျခ အေနမွာ မြတ္စလင္ႏိုင္ငံ အမ်ားစုဟာ နည္းပညာ၊ စီးပြားေရးနဲ႔ စစ္ေရးအရ အေနာက္ႏိုင္ငံေတြရဲ႕ ေနာက္မွာ ေရာက္ေနတယ္လို႔ ခံစားေနၾကရပါတယ္။ ဒီအခါမွာ “ငါတို႔က အရင္ကတည္းက ေတာ္ခဲ့တာ၊ အေမရိ ကန္ကိုေတာင္ ငါတို႔ အရင္ေရာက္ခဲ့တာ” ဆိုတဲ့ အဆိုျပဳခ်က္ေတြက သူတို႔ရဲ႕ ဂုဏ္သိကၡာကို ျပန္လည္ ျမႇင့္တင္ေပးသလို ျဖစ္ေစပါတယ္။ ဒါဟာ လက္ရွိမွာ ရွိေနတဲ့ အားနည္းခ်က္ေတြကို အတိတ္က (အ ေထာက္အထား မခိုင္လုံေပမယ့္) ဂုဏ္ယူစရာ သမိုင္းေၾကာင္းေတြနဲ႔ ဖုံးဖိလိုတဲ့ စိတ္သေဘာထားပဲ ျဖစ္ ပါတယ္။
၂။ ဘာသာေရး သာလြန္မႈဝါဒ (Religious Superiority) - အခ်ိဳ႕ေသာ ဘာသာေရးအဖြဲ႕ အစည္းေတြဟာ သူတို႔ရဲ႕ ဘာသာတရားကသာ အရာရာမွာ ေရွ႕ဦးက်တယ္၊ အမွန္ကန္ဆုံး ျဖစ္တယ္ ဆိုတာကို သက္ေသ ျပခ်င္ၾကပါတယ္။ ဒီလိုသက္ေသျပဖို႔အတြက္ ေခတ္သစ္သိပၸံနည္းက် ရွာေဖြေတြ႕ရွိမႈေတြ ဒါမွမဟုတ္ သမိုင္းျဖစ္ရပ္ေတြကို မိမိတို႔ဘာသာေရး က်မ္းစာေတြ၊ ဘာသာဝင္ေတြနဲ႔ ဆက္စပ္ၿပီး အတင္းအဓမၼ အဓိပၸာယ္ဖြင့္ဆိုတာမ်ိဳးေတြ လုပ္ေဆာင္တတ္ၾကပါတယ္။
၃။ ႏိုင္ငံေရး ရည္မွန္းခ်က္မ်ား (Political Agenda) - ႏိုင္ငံ့ေခါင္းေဆာင္အခ်ိဳ႕ (ဥပမာ - တူရကီသမၼတ အာဒိုဂန္) ဟာ သူတို႔ရဲ႕ ျပည္သူေတြ ၾကားမွာ အမ်ိဳးသားေရးစိတ္ဓာတ္ ႏိုးၾကားလာေစဖို႔ အတြက္ သမိုင္း ကို ျပဳျပင္ေျပာဆိုတတ္ၾကပါတယ္။ “မြတ္စလင္ေတြက အေမရိကန္ကို ကိုလံဘတ္ထက္ အရင္ေရာက္ တာ” လို႔ ေျပာျခင္းဟာ အေနာက္တိုင္း ယဥ္ေက်းမႈအေပၚ မွီခိုေနရတာကိုေလွ်ာ့ခ်ၿပီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈတည္ေဆာက္တဲ့ နည္းဗ်ဴဟာတစ္ခုအျဖစ္ အသုံးခ်တာ ျဖစ္ပါတယ္။
၄။ မိမိယုံၾကည္ရာကိုသာ ေ႐ြးခ်ယ္လက္ခံျခင္း (Confirmation Bias) - လူေတြဟာ မိမိတို႔ ယုံၾကည္ ခ်င္တဲ့ အခ်က္နဲ႔ ကိုက္ညီတဲ့အေထာက္ အထားေသးေသးေလးကိုပဲ ခ်ဲ႕ကားၿပီး၊ မိမိတို႔နဲ႔ မကိုက္ညီတဲ့ ခိုင္လုံတဲ့သက္ေသေတြကိုေတာ့ မ်က္ကြယ္ျပဳတတ္ၾကပါတယ္။ ဒါဟာ ဘာသာဝင္ တိုင္းမွာျဖစ္တတ္တဲ့ လူသားတို႔ရဲ႕ သဘာဝတစ္ခုပဲ ျဖစ္ပါတယ္။
ေျပာရမယ္ဆိုရင္ သမိုင္းကို ျပဳျပင္ေျပာဆိုျခင္းဟာ “အမွန္တရားထက္ စိတ္ခံစားခ်က္ (Emotion)” ကို ပိုၿပီး ဦးစားေပးတဲ့အခါမွာ ျဖစ္ေပၚလာတာပါ။ မြတ္စလင္အမ်ားစုက သူတို႔ရဲ႕ သမိုင္း ေၾကာင္းဟာ ကမာၻ႔ယဥ္ေက်းမႈမွာ အေရးပါေၾကာင္း သက္ေသျပခ်င္တဲ့ဆႏၵျပင္းျပေနၾကတာေၾကာင့္ အေထာက္အထား မခိုင္လုံတဲ့အခ်က္ေတြကိုေတာင္ အမွန္လို႔ ယူဆၿပီး ေျပာဆိုေနၾကတာမ်ိဳးေတြ ရွိလာ ပါတယ္။ ဒါေၾကာင့္ စာေရးဆရာ Salman Rushdie ေျပာခဲ့သလိုပါပဲ။ “လူေတြကို သူတို႔ရဲ႕ လူမ်ိဳးႏြယ္စု ေၾကာင့္ ခြဲျခားဆက္ဆံခံရတာမ်ိဳးကေန အကာအကြယ္ေပးရမွာျဖစ္ေပမယ့္ သူတို႔ရဲ႕ အယူအဆေတြနဲ႔ သမိုင္းဆိုင္ရာေျပာဆိုခ်က္ေတြကိုေတာ့ ေဝဖန္ဆန္းစစ္မႈေတြကေန ကင္းလြတ္ခြင့္ မေပးသင့္ပါဘူး” ဆိုတဲ့အတိုင္း သမိုင္းအမွားေတြကိုေတာ့ ခ်က္က်လက္က် ေဝဖန္ပိုင္းျခားရမွာျဖစ္ပါတယ္။
မြတ္စလင္တခ်ိဳ႕က အေမရိကတိုက္ကို ခရစၥတိုဖာ ကိုလံဘတ္ထက္ အရင္ေရာက္ရွိခဲ့တယ္လို႔ ေျပာဆို ေလ့ရွိၾကတာဟာ အဓိကအားျဖင့္ သမိုင္းမွတ္တမ္းေဟာင္းတခ်ိဳ႕နဲ႔ ပထဝီဝင္ဆိုင္ရာ ယူဆခ်က္ ေတြအေပၚ အေျခခံထားတာျဖစ္ပါတယ္။ အထူးသျဖင့္ ႏိုင္ငံ့ေခါင္းေဆာင္အခ်ိဳ႕ကေတာင္ ႏိုင္ငံေရးအရ လႊမ္းမိုးမႈေတြ လုပ္ခ်င္တဲ့အတြက္ သမိုင္းအမွားေတြကို ေျပာဆိုေလ့ရွိၾကပါတယ္။ (၂၀၁၄) ခုႏွစ္တုန္းက အစၥတန္ဘူလ္ၿမိဳ႕မွာ က်င္းပတဲ့ လက္တင္ အေမရိက က မြတ္စလင္ေခါင္းေဆာင္ေတြရဲ႕ ေတြ႕ဆုံပြဲမွာ တူကီယဲသမၼတ အာဒိုဂန္က “မြတ္စလင္ သေဘၤာ သားေတြဟာ ကိုလံဘတ္ထက္ (၃၁၄) ႏွစ္ေစာၿပီး ေအဒီ (၁၁၇၈) ခုႏွစ္မွာတင္ အေမရိကတိုက္ကို ေရာက္ရွိခဲ့ၾကပါတယ္။ ခရစၥတိုဖာကိုလံဘတ္ရဲ႕ မွတ္ တမ္းေတြထဲမွာေတာင္ က်ဴးဘားကမ္း႐ိုးတန္းက ေတာင္ကုန္းတစ္ခုေပၚမွာ ဗလီတစ္ခုရွိေနတာကို ထည့္ သြင္းေျပာဆိုခဲ့ဖူးတယ္” လို႔ ဆိုပါတယ္။ ဒါ့အျပင္ အာဒိုဂန္က အဲဒီေတာင္ကုန္းေပၚမွာ ဗလီတစ္ခု ျပန္ ေဆာက္ခ်င္တယ္လို႔လည္း ထပ္ေလာင္းေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့ ဒီအေပၚမွာ က်ဴးဘားႏိုင္ငံသားေတြ ရဲ႕ သေဘာထားကိုေတာ့ သူကထည့္သြင္းေျပာဆိုသြားျခင္း မရွိပါဘူး။
ဒီေျပာဆိုခ်က္ေတြအတြက္ အေထာက္အထားအျဖစ္ သူတို႔တင္ျပေလ့ရွိတဲ့အခ်က္ေတြထဲမွာ ကိုလံဘတ္ရဲ႕ ကိုယ္ပိုင္ဒိုင္ယာရီမွတ္တမ္းလည္း ပါဝင္ပါ တယ္။ ကိုလံဘတ္ဟာ က်ဴးဘား ကမ္း႐ိုးတန္း က ေတာင္ကုန္းတစ္ခုေပၚမွာ ဗလီနဲ႔တူတဲ့ အေဆာက္ အအုံတစ္ခုကို ေတြ႕ခဲ့တယ္လို႔ ေရးသားခဲ့ဖူးတာ ေၾကာင့္ ဒါကိုတခ်ိဳ႕က မြတ္စလင္ေတြ အရင္ေရာက္ေနတဲ့ သက္ေသလို႔ ယူဆၾကပါတယ္။ ဒါေပမဲ့ သမိုင္းပညာရွင္အမ်ားစုကေတာ့ ဒါဟာ ေတာင္ကုန္းရဲ႕ ပုံသဏၭာန္ကို ဗလီအမိုးခုံးနဲ႔ ႏႈိင္းယွဥ္ၿပီး တင္စား ေဖာ္ျပခဲ့တာသာ ျဖစ္တယ္လို႔ ရွင္းျပၾကပါတယ္။
ဒါ့အျပင္ ပညာရွင္တခ်ိဳ႕ရဲ႕ အဆိုျပဳခ်က္ေတြလည္း ရွိေနပါေသးတယ္။ (၁၉၂၀) ျပည့္ႏွစ္ေတြ တုန္းက ဟားဗတ္တကၠသိုလ္မွ Leo Weiner က ေဒသခံ အေမရိကန္လူမ်ိဳးစုေတြရဲ႕ဘာသာစကားထဲမွာ အာရပ္စကားလုံးတခ်ိဳ႕နဲ႔ဆင္တူတာကို အေျခခံၿပီး အာဖရိကအေနာက္ပိုင္းက မြတ္စလင္ေတြ အေမရိက ကို ေရာက္ခဲ့ႏိုင္တယ္လို႔ဆိုခဲ့ပါတယ္။ အလားတူပဲ (၁၉၉၆) ခုႏွစ္မွာ အစၥလာမ္ ပညာရွင္ Youssef Mroueh ကလည္း မြတ္စလင္ သေဘၤာသားေတြဟာ (၁၂) ရာစုေလာက္ကတည္းက အေမရိကကို ေရာက္ခဲ့တယ္လို႔ ေဆာင္းပါးေရးသားခဲ့ဖူးပါတယ္။ ေနာက္ထပ္ စိတ္ဝင္စားစရာ အခ်က္တစ္ခုကေတာ့ မာလီအင္ပါယာရဲ႕ဘုရင္ မန္ဆာမူဆာရဲ႕ အစ္ကိုျဖစ္သူ အဘူဘာကာရီ (၂) အေၾကာင္း ပါပဲ။ သူဟာ အတၱ လႏၲိတ္သမုဒၵရာကို ျဖတ္ေက်ာ္ဖို႔ သေဘၤာအစင္းေပါင္း ေထာင္ခ်ီနဲ႔ ထြက္ခြာသြားၿပီး ျပန္မလာေတာ့တာ ေၾကာင့္ သူတို႔အဖြဲ႕ဟာ အေမရိကတိုက္ကို ေရာက္သြားခဲ့တာလို႔ တခ်ိဳ႕က ယူဆေနၾကပါတယ္။
ဒါေပမဲ့ ပညာရပ္ဆိုင္ရာ ရႈေထာင့္ကေန ဆန္းစစ္ၾကည့္မယ္ဆိုရင္ေတာ့ လက္ရွိအခ်ိန္အထိ ဒီ အေၾကာင္း အရာေတြနဲ႔ပတ္သက္လို႔ ခိုင္လုံတဲ့ ေရွးေဟာင္းသုေတသန အေထာက္အထား တစ္ခုမွ မရွိ ေသးပါဘူး။ အေမရိက တိုက္ထဲမွာ အစၥလာမ္ဘာသာဝင္တို႔ရဲ႕ အေဆာက္အအုံေဟာင္းေတြ၊ အာရပ္စာ အေရးအသားေတြ ဒါမွမဟုတ္ အဲဒီေခတ္က မြတ္စလင္ အသုံးအေဆာင္ပစၥည္းေတြကို ရွာေဖြေတြ႕ ရွိထားျခင္း ခုခ်ိန္ထိ မရွိေသးပါဘူး။ လက္ရွိ သိပၸံနည္းက် လက္ခံထားတဲ့ အခ်က္ေတြအရ အေမရိက တိုက္ကို ပထမဆုံးေရာက္ခဲ့သူေတြဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္းေသာင္းခ်ီက အာရွတိုက္ကေန ေရခဲျပင္ကို ျဖတ္ကူးလာတဲ့ ေဒသခံ Native Americans ေတြသာ ျဖစ္ပါတယ္။ ဥေရာပတိုက္သားေတြထဲမွာေတာ့ (၁၀) ရာစုခန႔္က ဗိုက္ကင္းေတြဟာ ကိုလံ ဘတ္ထက္ အရင္ေရာက္ခဲ့တယ္ဆိုတာ ခိုင္လုံတဲ့သက္ေသ ေတြ ရွိေနပါတယ္။ အက်ဥ္းခ်ဳံးဆိုရရင္ မြတ္စလင္ေတြ အေမရိကကို အရင္ေရာက္ႏွင့္တယ္ဆိုတဲ့အခ်က္ ဟာ စိတ္ဝင္စားစရာ ျဖစ္ႏိုင္ေျခရွိတဲ့ယူဆခ်က္တစ္ခုအျဖစ္သာရွိေနၿပီး သမိုင္းပညာရွင္အမ်ားစုက အတည္ျပဳလက္ခံထားတဲ့ သမိုင္းအမွန္တရား မဟုတ္ေသးပါဘူး။
သမိုင္းေၾကာင္းဆိုတာ အခ်ိန္ကာလတစ္ခုရဲ႕ မွတ္တမ္းျဖစ္ၿပီး ဒါကို လိမ္ညာလို႔မရႏိုင္ျခင္းမွာ ခိုင္မာတဲ့ ႐ုပ္ဝတၳဳအေထာက္အထားေတြ ရွိေနတာေၾကာင့္ ျဖစ္ပါတယ္။ လူေတြက သူတို႔ရဲ႕ အလို ဆႏၵအရ သမိုင္းစာအုပ္ေတြကို ျပင္ဆင္ေရးသားႏိုင္ေပမယ့္လည္း ေျမျပင္မွာ က်န္ရစ္ခဲ့တဲ့ ေရွးေဟာင္း အေဆာက္အအုံေတြ၊ ေက်ာက္စာေတြ၊ ေခါင္းေလာင္းစာေတြနဲ႔ လူမႈယဥ္ေက်းမႈ အႂကြင္းအက်န္ေတြကို ေတာ့ ေဖ်ာက္ဖ်က္လို႔ မရႏိုင္ပါ။ ဒီ႐ုပ္ဝတၳဳပစၥည္းေတြက ဘယ္ေခတ္ကာလမွာ ဘယ္လိုအျဖစ္အပ်က္ ေတြ အမွန္တကယ္ ျဖစ္ပ်က္ခဲ့တာကို ေခတ္အဆက္ဆက္ သက္ေသခံေနၾကမွာ ျဖစ္ပါတယ္။
ဒါ့ျပင္ ေခတ္သစ္သိပၸံနည္းပညာေတြ ထြန္းကားလာတာနဲ႔အမွ် သမိုင္းလိမ္ညာမႈေတြက ပိုမိုခက္ခဲ လာပါတယ္။ ေရွးေဟာင္းပစၥည္းေတြရဲ႕ သက္တမ္းကို သိပၸံနည္းက် တိုင္းတာျခင္း (Carbon Dating) နဲ႔ လူသားတို႔ရဲ႕ မ်ိဳး႐ိုးဗီဇကို စစ္ေဆးျခင္း (DNA Analysis) တို႔ကေနတစ္ဆင့္ သမိုင္းအမွန္ကို အတိအက် ေဖာ္ထုတ္ႏိုင္ၿပီ ျဖစ္ပါတယ္။ တစ္ဦးတစ္ေယာက္က သမိုင္းကို မိမိစိတ္ႀကိဳက္ ပုံဖ်က္ခဲ့ရင္ေတာင္ အျခား ေသာ ႏိုင္ငံတကာ မွတ္တမ္းေတြနဲ႔ တိုက္ဆိုင္စစ္ေဆးျခင္းျဖင့္ ယုတၱိမတန္တဲ့အခ်က္အလက္ေတြက အခ်ိန္တန္ရင္ အလိုအေလ်ာက္ ေပၚထြက္လာစၿမဲ ျဖစ္ပါတယ္။
သမိုင္းေၾကာင္းလြဲမွားစြာပုံေဖာ္မႈနဲ႔ပတ္သက္ၿပီး မြတ္စလင္လူမ်ိဳးတစ္မ်ိဳးတည္းကိုသာ တိုက္႐ိုက္ ထိခိုက္ ေျပာဆိုလိုျခင္းမဟုတ္ေပမယ့္ ယေန႔ျမန္မာ ႏိုင္ငံအေနနဲ႔ ICJ မွာ တရားရင္ဆိုင္ေနရတဲ့အေျခ အေနေတြမွာ ျမန္မာ့သမိုင္းမွာ လုံးဝမရွိခဲ့ဖူးတဲ့ လူမ်ိဳးတစ္မ်ိဳးကို ျမန္မာတိုင္းရင္းသားမ်ိဳးႏြယ္စုထဲ အတင္းသြတ္သြင္းေစလိုတဲ့ ရည္႐ြယ္ခ်က္ေတြကို ျမင္ေတြ႕ေနရတာေၾကာင့္ ခုလိုဥပမာျပဳလိုက္ရျခင္း ျဖစ္ပါတယ္။ ဤသည္မွာ သမိုင္းကို မိမိတို႔ လိုရာဆြဲၿပီး ဖန္တီးလိုျခင္းရဲ႕ ေနာက္ဆက္တြဲ ျပႆနာေတြကို မီးေမာင္းထိုးျပေနျခင္းပဲ ျဖစ္ပါတယ္။
အႏွစ္ခ်ဳပ္ရေသာ္ သမိုင္းဟာ အက်ိဳးနဲ႔အေၾကာင္း ဆက္စပ္ေနတဲ့ ကြင္းဆက္တစ္ခုျဖစ္တာ ေၾကာင့္ ကြင္းဆက္တစ္ခုကို လိမ္ညာျဖတ္ေတာက္လိုက္ရင္ ျဖစ္ရပ္တစ္ခုလုံးရဲ႕ ယုတၱိတန္မႈက ပ်က္စီး သြားတတ္ပါတယ္။ သမိုင္းကို အာဏာရွိသူေတြက ေခတၱခဏ ဖုံးကြယ္ထားႏိုင္ေပမယ့္လည္း အမွန္ တရားက ေရေပၚဆီလိုပဲ အၿမဲတေစ ျပန္လည္ေပၚထြန္းလာတတ္တဲ့သေဘာမွာရွိပါတယ္။ ဒါေၾကာင့္ “သမိုင္းဆိုသည္မွာ လိမ္၍မရ” ဟူေသာ စကားဟာ သမိုင္းပညာရွင္ေတြအတြက္သာမက လူသား အားလုံးအတြက္ပါ လိုက္နာရမယ့္ သင္ခန္းစာတစ္ခု ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.