ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ အပ်နှင်း

505

သုတကျော် (NP News) - ဖေဖော်ဝါရီ ၅
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့အပ်နှင်းခြင်း၊ အထူးဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်) နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်း သဘင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က အထူးဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပကြောင်းကြေညာပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စွမ်းဆောင်ရည်များ အား ဖတ်ကြားတင်ပြရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ် မှုအခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့သည့် စွမ်းဆောင်ချက်များကြောင့် ဖြစ်ကြောင်း၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်တိုင်း တွင်ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဖိအားပေးမှုများ၊ စီးပွားရေးပိတ်ဆို့မှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများ၊ နိုင်ငံတကာအသိုက်အဝန်း များနှင့် လိုက်လျောညီထွေရှိနိုင်မည့် ပြုပြင်ပြောင်းလဲမှုများ စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရသကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ကြိုးပမ်းဆောင် ရွက်ခဲ့ရကြောင်း ပြောကြားသည်။
စိန်ခေါ်မှုများအကြား မှ ပြည်သူများ အထူးလိုလားတောင့်တမျှော် လင့်လျက်ရှိသည့် လွတ်လပ်ပြီး တရားမျှတ မှုရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာကျင်းပ ဆောင်ရွက်ခဲ့ခြင်းသည် မြန်မာ့ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် နိုင်ငံတော်အကြီးအကဲ၏ ဆောင်ရွက်ချက်သမိုင်းမှတ် တိုင်တစ်ခုပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူ စာချုပ်(NCA) လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲဖွင့်လှစ်ပေးထား ပြီး အစိုးရ၊ တပ်မတော်နှင့် ပြည်သူပူးပေါင်းကာ အမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ သံတမန်ရေးရာ ကိစ္စရပ်များတွင်လည်း ယနေ့ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှား၊ အိန္ဒိယ၊ တရုတ် နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးများ တည်ဆောက်နိုင်ခဲ့ကြောင်း ဖတ်ကြား တင်ပြသည်။
အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများအကြားမှ မိမိတို့နိုင်ငံ၏ အကျိုးစီးပွား ကို ကာကွယ်ပြီး သံတမန်ဆက်ဆံရေးနည်းလမ်းများကို ဖော်ဆောင်နိုင်ခဲ့ ကြောင်း။ နိုင်ငံ့စီးပွားပြန်လည်ဦးမော့လာစေရေး အတွက်လည်း နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများကို ကြံ့ကြံ့ခံပြီး သွင်းကုန်အစားထိုးပစ္စည်းများ ပိုမိုထုတ်လုပ်ရေး၊ ပြည်ပ ပို့ကုန်တိုးမြှင့်ခြင်းဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိရေး၊ နိုင်ငံတွင်းစားရေရိက္ခာဖူလုံစေရေး တို့အတွက် စီးပွားရေးမူဝါဒများ အစဉ်တစိုက်ချမှတ်လုပ်ဆောင်ရန် ဦးဆောင်လမ်းညွှန် မှုပြုပေးသူများသည် ပြည်သူများ၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ပေးလို သည့် နိုင်ငံတော်အကြီးအကဲ၏ မေတ္တာစေတနာပင်ဖြစ်ကြောင်း စသည်ဖြင့် ဖတ်ကြားတင်ပြသည်။
နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့သည့် ထူးကဲသော ဂုဏ်ဒြပ်များကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A honoris causa) ကိုချီးမြှင့်အပ်နှင်းခွင့်ရခြင်းသည် ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ်တို့အတွက် ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရကြောင်းလည်း ပြောကြားသည်။
၎င်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian Presidential Academy of National Economy and Public Administration, St. Petersburg မှ Director/ Principal ဖြစ်သူ Prof. Andrey Dragomirovich KHLUTKOV နှင့် Altai State Pedagogical University ၏ First Vice-Rector ဖြစ်သူ Prof. Kaigorodov Evgeny Vikorovich၊ ထိုင်းနိုင်ငံ Mahido University မှ Vice-President ဖြစ်သူ Dr. Thatchaveeleelawat နှင့် ဗီယက်နမ်နိုင်ငံ Ho Chi Minh City University of technology မှ Vice-President ဖြစ်သူ Dr. Ly Thein Trang တို့က ဂုဏ်ပြုစကားများ အသီးသီးပြောကြားကြသည်။
ရန်ကုန်တက္ကသိုလ်မှ ၁၉၂၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိရဟန်းတော်များ၊ နိုင်ငံ ရပ်ခြားမှ ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း ၇၂ ဦးအား ဂုဏ်ထူး ဆောင်ဘွဲ့အမျိုးမျိုးချီးမြှင့်ခဲ့ပြီး ချီးမြှင့်ခဲ့သည့်ဘွဲ့များသည် ဂုဏ်ထူးဆောင် စာပေ ပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့များဖြစ်ကြောင်း၊ ရဟန်းသံဃာများဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာ နန္ဒာဘိဝံသ၊ ဘဒ္ဒန္တမာရာဘိဝံသနှင့် ဘဒ္ဒန္တဉာဏိဿရ တို့အား ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ကြောင်း၊ နိုင်ငံတကာ ခေါင်းဆောင် များဖြစ်သည့် ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနှင့် ဗီယက်နမ်သမ္မတ ဟိုချီမင်းတို့အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့များ ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်များ ဗဟိုစာကြည်တိုက်သို့သွား ရောက်၍စာကြည့်တိုက်အတွင်း ရှေးဟောင်းစာအုပ်စာစောင်များအား စနစ်တကျထိန်း သိမ်းထားရှိမှုနှင့်ပျက်စီးပျောက်ဆုံးမှုများမရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရေး ဆောင်ရွက်ထားရှိမှုများ ကို တာဝန်ရှိသူများကရှင်းလင်းတင်ပြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်းသတင်းရရှိသည်။

Zawgyi Version:
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား ရန္ကုန္တကၠသိုလ္မွ ဂုဏ္ထူးေဆာင္ ျပည္သူ႔ေရးရာစီမံခန႔္ခြဲမႈပါရဂူဘြဲ႕ အပ္ႏွင္း
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၅
ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား ရန္ကုန္တကၠသိုလ္မွ ဂုဏ္ထူးေဆာင္ျပည္သူ႔ေရးရာ စီမံခန႔္ခြဲမႈပါရဂူဘြဲ႕အပ္ႏွင္းျခင္း၊ အထူးဘြဲ႕ ႏွင္းသဘင္အခမ္းအနားကို ယေန႔ (ေဖေဖာ္ဝါရီလ ၅ ရက္) နံနက္ပိုင္းက ရန္ကုန္တကၠသိုလ္၊ ဘြဲ႕ႏွင္း သဘင္ ခန္းမ၌ က်င္းပျပဳလုပ္ခဲ့သည္။
ရန္ကုန္တကၠသိုလ္ ပါေမာကၡခ်ဳပ္က အထူးဘြဲ႕ႏွင္းသဘင္ အခမ္းအနားက်င္းပေၾကာင္းေၾကညာၿပီး ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ေခ်ာေခ်ာစိန္ က ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္း သာယာေရး ေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ စြမ္းေဆာင္ရည္မ်ား အား ဖတ္ၾကားတင္ျပရာတြင္ မိမိတို႔ႏိုင္ငံ၏ ႏိုင္ငံေရးအေျပာင္းအလဲျဖစ္စဥ္တြင္ ႀကဳံေတြ႕ခဲ့ရသည့္ စိန္ေခၚ မႈအခက္အခဲမ်ားကို ဦးေဆာင္ဦး႐ြက္ျပဳၿပီး စနစ္တက်စီမံခန႔္ခြဲ ေျဖရွင္းႏိုင္ခဲ့သည့္ စြမ္းေဆာင္ခ်က္မ်ားေၾကာင့္ ျဖစ္ေၾကာင္း၊ ႏိုင္ငံေရးအသြင္ကူးေျပာင္းမႈျဖစ္စဥ္တိုင္း တြင္ႀကဳံေတြ႕ခဲ့ရသည့္ ႏိုင္ငံေရးဖိအားေပးမႈမ်ား၊ စီးပြားေရးပိတ္ဆို႔မႈမ်ား၊ ျပည္တြင္း ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားရင္ၾကားေစ့ေရးလုပ္ငန္းမ်ား၊ ႏိုင္ငံတကာအသိုက္အဝန္း မ်ားႏွင့္ လိုက္ေလ်ာညီေထြရွိႏိုင္မည့္ ျပဳျပင္ေျပာင္းလဲမႈမ်ား စသည့္ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ေျဖရွင္းခဲ့ရသကဲ့သို႔ ျပည္သူမ်ား၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရး၊ ႏိုင္ငံ ေတာ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးတို႔ကိုလည္း ႀကိဳးပမ္းေဆာင္ ႐ြက္ခဲ့ရေၾကာင္း ေျပာၾကားသည္။
စိန္ေခၚမႈမ်ားအၾကား မွ ျပည္သူမ်ား အထူးလိုလားေတာင့္တေမွ်ာ္ လင့္လ်က္ရွိသည့္ လြတ္လပ္ၿပီး တရားမွ်တ မႈရွိသည့္ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲကိုလည္း ေအာင္ျမင္စြာက်င္းပ ေဆာင္႐ြက္ခဲ့ျခင္းသည္ ျမန္မာ့ ႏိုင္ငံေရး ဦးေဆာင္မႈအခန္းက႑တြင္ ႏိုင္ငံေတာ္အႀကီးအကဲ၏ ေဆာင္႐ြက္ခ်က္သမိုင္းမွတ္ တိုင္တစ္ခုပင္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍လည္း တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈသေဘာတူ စာခ်ဳပ္(NCA) လမ္းေၾကာင္းအတိုင္း ၿငိမ္းခ်မ္းေရးတံခါးကို အစဥ္အၿမဲဖြင့္လွစ္ေပးထား ၿပီး အစိုးရ၊ တပ္မေတာ္ႏွင့္ ျပည္သူပူးေပါင္းကာ အမ်ိဳးသားရင္ၾကားေစ့ေရးႏွင့္ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္မ်ားကို အားသြန္ခြန္စိုက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ သံတမန္ေရးရာ ကိစၥရပ္မ်ားတြင္လည္း ယေန႔ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားျဖစ္သည့္ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္ ႏိုင္ငံမ်ားႏွင့္ ခ်စ္ၾကည္ရင္းႏွီးသည့္ ဆက္ဆံေရးမ်ား တည္ေဆာက္ႏိုင္ခဲ့ေၾကာင္း ဖတ္ၾကား တင္ျပသည္။
အင္အားႀကီးႏိုင္ငံမ်ား၏ အားၿပိဳင္မႈမ်ားအၾကားမွ မိမိတို႔ႏိုင္ငံ၏ အက်ိဳးစီးပြား ကို ကာကြယ္ၿပီး သံတမန္ဆက္ဆံေရးနည္းလမ္းမ်ားကို ေဖာ္ေဆာင္ႏိုင္ခဲ့ ေၾကာင္း။ ႏိုင္ငံ့စီးပြားျပန္လည္ဦးေမာ့လာေစေရး အတြက္လည္း ႏိုင္ငံတကာ၏ စီးပြားေရး ပိတ္ဆို႔မႈမ်ားကို ႀကံ့ႀကံ့ခံၿပီး သြင္းကုန္အစားထိုးပစၥည္းမ်ား ပိုမိုထုတ္လုပ္ေရး၊ ျပည္ပ ပို႔ကုန္တိုးျမႇင့္ျခင္းျဖင့္ ဝင္ေငြပိုမိုတိုးတက္ရရွိေရး၊ ႏိုင္ငံတြင္းစားေရရိကၡာဖူလုံေစေရး တို႔အတြက္ စီးပြားေရးမူဝါဒမ်ား အစဥ္တစိုက္ခ်မွတ္လုပ္ေဆာင္ရန္ ဦးေဆာင္လမ္းၫႊန္ မႈျပဳေပးသူမ်ားသည္ ျပည္သူမ်ား၏ လူမႈစီးပြားဘဝကို စဥ္ဆက္မျပတ္ျမႇင့္တင္ေပးလို သည့္ ႏိုင္ငံေတာ္အႀကီးအကဲ၏ ေမတၱာေစတနာပင္ျဖစ္ေၾကာင္း စသည္ျဖင့္ ဖတ္ၾကားတင္ျပသည္။
ႏိုင္ငံေတာ္ႏွင့္ ျပည္သူ႔အက်ိဳးအတြက္ စြမ္းစြမ္းတမံႀကိဳးပမ္းေဆာင္႐ြက္ခဲ့သည့္ ထူးကဲေသာ ဂုဏ္ျဒပ္မ်ားကို ဂုဏ္ျပဳေသာအားျဖင့္ ျပည္ေထာင္စုသမၼတ ျမန္မာ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အားရန္ကုန္တကၠသိုလ္က ဂုဏ္ထူးေဆာင္ ျပည္သူ႔ေရးရာ စီမံခန႔္ခြဲမႈပါရဂူဘြဲ႕ Honorary Doctor of Public Administration (D.P.A honoris causa) ကိုခ်ီးျမႇင့္အပ္ႏွင္းခြင့္ရျခင္းသည္ ပညာေရးဝန္ႀကီးဌာနႏွင့္ ရန္ကုန္တကၠသိုလ္တို႔အတြက္ ဂုဏ္ယူဝမ္းေျမာက္ပီတိျဖစ္ရေၾကာင္းလည္း ေျပာၾကားသည္။
၎ေနာက္ အခမ္းအနားသို႔တက္ေရာက္လာၾကသည့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ Russian Presidential Academy of National Economy and Public Administration, St. Petersburg မွ Director/ Principal ျဖစ္သူ Prof. Andrey Dragomirovich KHLUTKOV ႏွင့္ Altai State Pedagogical University ၏ First Vice-Rector ျဖစ္သူ Prof. Kaigorodov Evgeny Vikorovich၊ ထိုင္းႏိုင္ငံ Mahido University မွ Vice-President ျဖစ္သူ Dr. Thatchaveeleelawat ႏွင့္ ဗီယက္နမ္ႏိုင္ငံ Ho Chi Minh City University of technology မွ Vice-President ျဖစ္သူ Dr. Ly Thein Trang တို႔က ဂုဏ္ျပဳစကားမ်ား အသီးသီးေျပာၾကားၾကသည္။
ရန္ကုန္တကၠသိုလ္မွ ၁၉၂၁ ခုႏွစ္မွ ၂၀၂၀ ျပည့္ႏွစ္အထိရဟန္းေတာ္မ်ား၊ ႏိုင္ငံ ရပ္ျခားမွ ေခါင္းေဆာင္မ်ား၊ လူပုဂၢိဳလ္မ်ားအပါအဝင္ စုစုေပါင္း ၇၂ ဦးအား ဂုဏ္ထူး ေဆာင္ဘြဲ႕အမ်ိဳးမ်ိဳးခ်ီးျမႇင့္ခဲ့ၿပီး ခ်ီးျမႇင့္ခဲ့သည့္ဘြဲ႕မ်ားသည္ ဂုဏ္ထူးေဆာင္ စာေပ ပါရဂူဘြဲ႕၊ ဂုဏ္ထူးေဆာင္ ဥပေဒပါရဂူဘြဲ႕မ်ားျဖစ္ေၾကာင္း၊ ရဟန္းသံဃာမ်ားျဖစ္သည့္ အဂၢမဟာပ႑ိတ ဘဒၵႏၲသီလာ နႏၵာဘိဝံသ၊ ဘဒၵႏၲမာရာဘိဝံသႏွင့္ ဘဒၵႏၲဉာဏိႆရ တို႔အား ဂုဏ္ထူးေဆာင္စာေပပါရဂူဘြဲ႕ကို ခ်ီးျမႇင့္ခဲ့ေၾကာင္း၊ ႏိုင္ငံတကာ ေခါင္းေဆာင္ မ်ားျဖစ္သည့္ ယူဂိုဆလားဗီးယားသမၼတ မာရွယ္တီးတိုးႏွင့္ ဗီယက္နမ္သမၼတ ဟိုခ်ီမင္းတို႔အား ဂုဏ္ထူးေဆာင္ ဥပေဒပါရဂူဘြဲ႕မ်ား ခ်ီးျမႇင့္ခဲ့ၿပီးျဖစ္ေၾကာင္း သိရွိရသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တကၠသိုလ္မ်ား ဗဟိုစာၾကည္တိုက္သို႔သြား ေရာက္၍စာၾကည့္တိုက္အတြင္း ေရွးေဟာင္းစာအုပ္စာေစာင္မ်ားအား စနစ္တက်ထိန္း သိမ္းထားရွိမႈႏွင့္ပ်က္စီးေပ်ာက္ဆုံးမႈမ်ားမရွိေစေရး ေဆာင္႐ြက္ထားရွိမႈ၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စာအုပ္စာေစာင္မ်ား ဖတ္ရႈေလ့လာႏိုင္ေရး ေဆာင္႐ြက္ထားရွိမႈမ်ား ကို တာဝန္ရွိသူမ်ားကရွင္းလင္းတင္ျပရာ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က လိုအပ္သည္မ်ားမွာၾကား ျဖည့္ဆည္းေဆာင္ ႐ြက္ေပးသည္။
ယင္းေနာက္ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာ ေရးေကာ္မရွင္ဥကၠ႒သည္ တကၠသိုလ္မ်ား ဗဟိုစာၾကည့္တိုက္ ဧည့္သည္ေတာ္ မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးခဲ့ေၾကာင္းသတင္းရရွိသည္။