ဆွာချောင်းတံတား တည်ဆောက်မှု မတ်လကုန်တွင် ပြီးစီးမည်

75

Pearl (NP News) - ဇန်နဝါရီ ၆
ပြီးခဲ့သည့် (၂၀၂၅)ခုနှစ် မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး ၊ မိုင် (၁၆၅/၁-၁၆၅/၃) အတွင်း ဆွာချောင်းတံတား(မန္တလေးမှ ရန်ကုန်သို့) (အပြန်လမ်း)သည် ပြိုကျပျက်စီးသွားသည့်အတွက် အဆိုပါ ဆွာချောင်းတံတားကို အသစ်ပြန်လည် တည်ဆောက်နေရာ လာမည့်မတ်လ ကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း အမြန်လမ်းနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
“ဆွာချောင်းတံတားအနေနဲ့ကတော့ နေပြည်တော်-ရန်ကုန်လမ်းဘက်ခြမ်းက လုံးဝပျက်သွား တော့ အသစ်ပြန်ပြင်ဆောက်နေတာ။ (၃) လပိုင်းကုန်လို့မှန်းထားပေမယ့် အချိန်က အရမ်းနီးတော့လေ နည်းနည်းကျော်သွားမယ်ထင်တယ်။ အကုန်လုံးကတော့ (၃) လပိုင်းပြီးအောင် ကြိုးစားတည်ဆောက် နေကြတယ်။ အရင်ကတော့ ပေ(၈၀ဝ) ကျော်ပေါ့။ အခုပြန်ဆောက်တာက ပေ(၉၀ဝ) ကျော်ပေါ့”ဟု NP New သို့ ပြောသည်။
အဆိုပါ တံတားတည်ဆောက်ပြီးစီးပါက ဆွာချောင်းတံတား (ရန်ကုန်မှ မန္တလေးအသွားလမ်း) ကိုလည်း ဆက်လက် ပြင်ဆင်ထိန်းသိမ်းရေးများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ “အသွား လမ်း လို့ခေါ်တဲ့ ရန်ကုန်- နေပြည်တော် တံတားက ထိခိုက်သွားတာပဲ။ ထိခိုက်သွားတော့ အောက်ကနေ ဒေါက် တွေထောက်တယ်။ လုံးဝအဆင်မပြေတဲ့နေရာတွေက အပေါ်က ဘေလီ တံတားထိုးပြီးတော့ ဖြတ်ခိုင်း တယ်။ ဖြတ်ခိုင်းတာက ပုံမှန်က ယာဉ် (၂) စီးဖြတ်သွားတဲ့ Two Lane ပေါ့။ ဖြစ်သွားတဲ့တံတားအနေ အထားနဲ့ ဘေလီတင်ထား တဲ့အနေအထားနဲ့မို့ One Lane ကိုပဲ တန်(၂၀)၊ (၂၃)တန်အောက်နဲ့ပဲ လော လောဆယ်ဖြတ်ခိုင်း ထားတာပေါ့။ အပြန်လမ်းဘက်က တံတားပြီးသွားလို့ အပြန်လမ်းတံတားကို Two Lane လွှတ်လိုက်ရင် Traffic ကတော့ ဒီထက်ပိုပြီး (၂)ဆပိုရရင်တော့ မကြာခဏ ကားကျပ်တာတွေ လျော့သွားမှာပေါ့။ ဟိုဘက်ကို တံတားရသွားရင်Two Lane ကို အသွား အပြန်လွှတ်ပြီးတော့ ဒီဘက် အသွားလမ်းတံတားကို ပြန်ပြင်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆွာချောင်းတံတားအပြင် ငလျင်ဒဏ်ကြောင့် အမြန်လမ်းရှိ လမ်းပိုင်းအချို့လည်း ပျက်စီးခဲ့ သဖြင့် ပြင်ဆင်ထိန်းသိမ်းမှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေရာ မတ်လမတိုင်ခင် ပြီးစီးနိုင် ကြောင်းလည်း သိရသည်။ “နေရာတော်တော်များများကတော့ ဒီလကုန်လောက်ပြီးပြီ။ တချို့က (၂) လပိုင်းမှာ ပြီးမယ်” ဟု ပြောသည်။
အလားတူ ရန်ကုန်-မန္တလေး အမြန်လမ်းရှိ လမ်းပြင်ဆင်ထိန်းသိမ်းခြင်းများဆောင်ရွက်နေသည့် မိုင်တိုင်များအနီး အရှိန်လျှော့မောင်းနှင်ရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ က သတိပေးထားသည်။

Zawgyi Version;
ဆြာေခ်ာင္းတံတား တည္ေဆာက္မႈ မတ္လကုန္တြင္ ၿပီးစီးမည္
Pearl (NP News) - ဇန္နဝါရီ ၆
ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္ မတ္လ (၂၈)ရက္က လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ေၾကာင့္ ရန္ကုန္ - မႏၲေလးအျမန္လမ္းမႀကီး ၊ မိုင္ (၁၆၅/၁-၁၆၅/၃) အတြင္း ဆြာေခ်ာင္းတံတား(မႏၲေလးမွ ရန္ကုန္သို႔) (အျပန္လမ္း)သည္ ၿပိဳက်ပ်က္စီးသြားသည့္အတြက္ အဆိုပါ ဆြာေခ်ာင္းတံတားကို အသစ္ျပန္လည္ တည္ေဆာက္ေနရာ လာမည့္မတ္လ ကုန္တြင္ ၿပီးစီးမည္ျဖစ္ေၾကာင္း အျမန္လမ္းႏွင့္ပတ္သက္၍ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
“ဆြာေခ်ာင္းတံတားအေနနဲ႔ကေတာ့ ေနျပည္ေတာ္-ရန္ကုန္လမ္းဘက္ျခမ္းက လုံးဝပ်က္သြား ေတာ့ အသစ္ျပန္ျပင္ေဆာက္ေနတာ။ (၃) လပိုင္းကုန္လို႔မွန္းထားေပမယ့္ အခ်ိန္က အရမ္းနီးေတာ့ေလ နည္းနည္းေက်ာ္သြားမယ္ထင္တယ္။ အကုန္လုံးကေတာ့ (၃) လပိုင္းၿပီးေအာင္ ႀကိဳးစားတည္ေဆာက္ ေနၾကတယ္။ အရင္ကေတာ့ ေပ(၈၀ဝ) ေက်ာ္ေပါ့။ အခုျပန္ေဆာက္တာက ေပ(၉၀ဝ) ေက်ာ္ေပါ့”ဟု NP New သို႔ ေျပာသည္။
အဆိုပါ တံတားတည္ေဆာက္ၿပီးစီးပါက ဆြာေခ်ာင္းတံတား (ရန္ကုန္မွ မႏၲေလးအသြားလမ္း) ကိုလည္း ဆက္လက္ ျပင္ဆင္ထိန္းသိမ္းေရးမ်ား ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။ “အသြား လမ္း လို႔ေခၚတဲ့ ရန္ကုန္- ေနျပည္ေတာ္ တံတားက ထိခိုက္သြားတာပဲ။ ထိခိုက္သြားေတာ့ ေအာက္ကေန ေဒါက္ ေတြေထာက္တယ္။ လုံးဝအဆင္မေျပတဲ့ေနရာေတြက အေပၚက ေဘလီ တံတားထိုးၿပီးေတာ့ ျဖတ္ခိုင္း တယ္။ ျဖတ္ခိုင္းတာက ပုံမွန္က ယာဥ္ (၂) စီးျဖတ္သြားတဲ့ Two Lane ေပါ့။ ျဖစ္သြားတဲ့တံတားအေန အထားနဲ႔ ေဘလီတင္ထား တဲ့အေနအထားနဲ႔မို႔ One Lane ကိုပဲ တန္(၂၀)၊ (၂၃)တန္ေအာက္နဲ႔ပဲ ေလာ ေလာဆယ္ျဖတ္ခိုင္း ထားတာေပါ့။ အျပန္လမ္းဘက္က တံတားၿပီးသြားလို႔ အျပန္လမ္းတံတားကို Two Lane လႊတ္လိုက္ရင္ Traffic ကေတာ့ ဒီထက္ပိုၿပီး (၂)ဆပိုရရင္ေတာ့ မၾကာခဏ ကားက်ပ္တာေတြ ေလ်ာ့သြားမွာေပါ့။ ဟိုဘက္ကို တံတားရသြားရင္Two Lane ကို အသြား အျပန္လႊတ္ၿပီးေတာ့ ဒီဘက္ အသြားလမ္းတံတားကို ျပန္ျပင္ရမွာ ျဖစ္ပါတယ္” ဟု ေျပာသည္။
ဆြာေခ်ာင္းတံတားအျပင္ ငလ်င္ဒဏ္ေၾကာင့္ အျမန္လမ္းရွိ လမ္းပိုင္းအခ်ိဳ႕လည္း ပ်က္စီးခဲ့ သျဖင့္ ျပင္ဆင္ထိန္းသိမ္းမႈမ်ားကို အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္ေနရာ မတ္လမတိုင္ခင္ ၿပီးစီးႏိုင္ ေၾကာင္းလည္း သိရသည္။ “ေနရာေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီလကုန္ေလာက္ၿပီးၿပီ။ တခ်ိဳ႕က (၂) လပိုင္းမွာ ၿပီးမယ္” ဟု ေျပာသည္။
အလားတူ ရန္ကုန္-မႏၲေလး အျမန္လမ္းရွိ လမ္းျပင္ဆင္ထိန္းသိမ္းျခင္းမ်ားေဆာင္႐ြက္ေနသည့္ မိုင္တိုင္မ်ားအနီး အရွိန္ေလွ်ာ့ေမာင္းႏွင္ရန္ အျမန္လမ္းမႀကီးထိန္းသိမ္းျပဳျပင္ေရးႏွင့္ ႀကီးၾကပ္ေရးအဖြဲ႕ က သတိေပးထားသည္။