အီရန်နိုင်ငံအတွင်းမှ အမေရိကန်နိုင်ငံသားများ အမြန်ဆုံး ထွက်ခွာရန် သတိပေး

 193

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၆

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အီရန်နိုင်ငံအတွင်း ရောက်ရှိနေသော အမေရိကန်နိုင်ငံသားများအား အစိုးရ၏ အကူအညီကိုမစောင့်ဘဲ "ယခုချက်ချင်း" ထွက်ခွာကြရန် အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက် ကြောင်း သိရသည်။
အဆိုပါသတိပေးချက်က ဒေသတွင်း၌ စစ်ရေးပဋိပက္ခတစ်ခု မကြာမီနာရီပိုင်းအတွင်း စတင်တော့မည်ဖြစ်ကြောင်း ပြသနေသည့် အချက်ပေးသံဖြစ်သည်။ အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု (Carrier Battle Group) များသည် အီရန်ကမ်းလွန်တွင် အသင့်အနေအထား ရှိနေကြောင်း သတင်းများ ထွက်နေသည်။ တင်းမာမှုမြင့်တက်နေချိန်တွင် အီရန်ရေတပ်သည် ပါရှန်းပင်လယ်ကွေ့အတွင်း အမေရိကန်သင်္ဘောများကို အကြိမ်ကြိမ် ရန်စ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နာမည်ကျော် သတင်းထောက် Bill O’Reilly ၏ ပြောကြားချက်အရ ဆွေးနွေးမှုများအပြီးတွင် စတင်မည့် အိုလံပစ်အားကစားပြိုင်ပွဲ မတိုင်မီ အီရန်အစိုးရ နှင့် သဘောတူညီချက်ရယူရန် နောက်ဆုံးအခွင့်အရေးတစ်ခု ရှိနေ ကြောင်း ပြောသည်။
ဆွေးနွေးမှုအတွင်း သဘောတူညီမှုမရပါက အမေရိကန် နှင့် မဟာမိတ်တပ်ဖွဲ့များ၏ လေကြောင်းမှ ထိုးစစ်ဆင်မှုများ စတင်တော့မည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ခန့်မှန်းနေကြသည်။ ယခုအကြိမ်တွင် အမေရိကန်သည် အီရန်၏ နျူကလီးယား နှင့် ဒုံးကျည်စခန်းများကို အပြီးတိုင် ဖျက်ဆီးပစ်မည့်စစ်ဆင်ရေးမျိုး ဖြစ်လာနိုင်ခြေများကြောင်း ထင်ကြေးပေးနေကြသည်။
အမေရိကန်နိုင်ငံသားများကို အစိုးရအကူအညီမပါဘဲ ထွက်ခွာခိုင်းခြင်းမှာ စစ်ပွဲစတင်ပါက ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ဆောင်ရန် အလွန်အန္တရာယ်များမည်ဖြစ်သည့်အတွက် ကြိုတင်အသိပေးခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်စစ်ဌာနချုပ်မှ အရင်းမြစ်တစ်ဦးက "အချိန်က ကုန်ဆုံးနေပါပြီ။ သံတမန်ရေးလမ်းကြောင်း ပိတ်သွားတာ နဲ့ လက်နက်တွေကပဲ စကားပြောတော့မှာပါ" ဟု ပြောသည်။ အမေရိကန်သည် စစ်သဘော်များ တိုက်လေယာဥ်များကို အီရန်ပိုင်နက်အနီးသို့ စေလွတ်ထားကြောင်း သိရသည်။

Zawgyi Version;
အီရန္ႏိုင္ငံအတြင္းမွ အေမရိကန္ႏိုင္ငံသားမ်ား အျမန္ဆုံး ထြက္ခြာရန္ သတိေပး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၆
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ အီရန္ႏိုင္ငံအတြင္း ေရာက္ရွိေနေသာ အေမရိကန္ႏိုင္ငံသားမ်ားအား အစိုးရ၏ အကူအညီကိုမေစာင့္ဘဲ "ယခုခ်က္ခ်င္း" ထြက္ခြာၾကရန္ အေရးေပၚသတိေပးခ်က္ ထုတ္ျပန္လိုက္ ေၾကာင္း သိရသည္။
အဆိုပါသတိေပးခ်က္က ေဒသတြင္း၌ စစ္ေရးပဋိပကၡတစ္ခု မၾကာမီနာရီပိုင္းအတြင္း စတင္ေတာ့မည္ျဖစ္ေၾကာင္း ျပသေနသည့္ အခ်က္ေပးသံျဖစ္သည္။ အေမရိကန္ေရတပ္၏ ေလယာဥ္တင္သေဘၤာ တိုက္ခိုက္ေရးအုပ္စု (Carrier Battle Group) မ်ားသည္ အီရန္ကမ္းလြန္တြင္ အသင့္အေနအထား ရွိေနေၾကာင္း သတင္းမ်ား ထြက္ေနသည္။ တင္းမာမႈျမင့္တက္ေနခ်ိန္တြင္ အီရန္ေရတပ္သည္ ပါရွန္းပင္လယ္ေကြ႕အတြင္း အေမရိကန္သေဘၤာမ်ားကို အႀကိမ္ႀကိမ္ ရန္စ ေႏွာင့္ယွက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
နာမည္ေက်ာ္ သတင္းေထာက္ Bill O’Reilly ၏ ေျပာၾကားခ်က္အရ ေဆြးေႏြးမႈမ်ားအၿပီးတြင္ စတင္မည့္ အိုလံပစ္အားကစားၿပိဳင္ပြဲ မတိုင္မီ အီရန္အစိုးရ ႏွင့္ သေဘာတူညီခ်က္ရယူရန္ ေနာက္ဆုံးအခြင့္အေရးတစ္ခု ရွိေန ေၾကာင္း ေျပာသည္။
ေဆြးေႏြးမႈအတြင္း သေဘာတူညီမႈမရပါက အေမရိကန္ ႏွင့္ မဟာမိတ္တပ္ဖြဲ႕မ်ား၏ ေလေၾကာင္းမွ ထိုးစစ္ဆင္မႈမ်ား စတင္ေတာ့မည္ျဖစ္ေၾကာင္း စစ္ေရးေလ့လာသူမ်ားက ခန႔္မွန္းေနၾကသည္။ ယခုအႀကိမ္တြင္ အေမရိကန္သည္ အီရန္၏ န်ဴကလီးယား ႏွင့္ ဒုံးက်ည္စခန္းမ်ားကို အၿပီးတိုင္ ဖ်က္ဆီးပစ္မည့္စစ္ဆင္ေရးမ်ိဳး ျဖစ္လာႏိုင္ေျခမ်ားေၾကာင္း ထင္ေၾကးေပးေနၾကသည္။
အေမရိကန္ႏိုင္ငံသားမ်ားကို အစိုးရအကူအညီမပါဘဲ ထြက္ခြာခိုင္းျခင္းမွာ စစ္ပြဲစတင္ပါက ကယ္ဆယ္ေရးလုပ္ငန္း မ်ား လုပ္ေဆာင္ရန္ အလြန္အႏၲရာယ္မ်ားမည္ျဖစ္သည့္အတြက္ ႀကိဳတင္အသိေပးျခင္းျဖစ္ေၾကာင္း သိရသည္။ အေမရိကန္စစ္ဌာနခ်ဳပ္မွ အရင္းျမစ္တစ္ဦးက "အခ်ိန္က ကုန္ဆုံးေနပါၿပီ။ သံတမန္ေရးလမ္းေၾကာင္း ပိတ္သြားတာ နဲ႔ လက္နက္ေတြကပဲ စကားေျပာေတာ့မွာပါ" ဟု ေျပာသည္။ အေမရိကန္သည္ စစ္သေဘာ္မ်ား တိုက္ေလယာဥ္မ်ားကို အီရန္ပိုင္နက္အနီးသို႔ ေစလြတ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.