အကယ်ဒမီရွှေကြို(ဟောင်း)တစ်ဦး နေပြည်တော်အဝင်တွင် ပုဒ်မ ၅ဝ (ည)ဖြင့် ဖမ်းဆီးခံရကြောင်း သိရ

 1731

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၇

နေ‌ပြည်တော်ကောင်စီနယ်မြေတွင် ယမန်နှစ်က အကယ်ဒမီရွှေကြိုအဖွဲ့ဝင်ဟောင်းတစ်ဦး အကယ်ဒမီဆုပေးပွဲ အလာ၌ ပုဒ်မ ၅၀ (ည)ဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း NP News က စုံစမ်းသိရှိရသည်။
၂ဝ၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ၊ MICC 1 ၌ ကျင်းပကြမည်ဖြစ်သည်။
အဆိုပါ အကယ်ဒမီဆုပေးပွဲအခမ်းအနားသို့ ယမန်နှစ်က ရွှေကြိုအဖြစ် ပါဝင်ဖူးသူတစ်ဦး လာရောက်စဉ် နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်၌ Scan ဖတ်စစ်ဆေးစဉ် ပုဒ်မ ၅ဝ (ည) ဖြင့် ငြိစွန်းနေသူဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် ၎င်းအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း၍ စစ်ဆေးအရေးယူမှုများလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
အကယ္ဒမီေ႐ႊႀကိဳ(ေဟာင္း)တစ္ဦး ေနျပည္ေတာ္အဝင္တြင္ ပုဒ္မ ၅ဝ (ည)ျဖင့္ ဖမ္းဆီးခံရေၾကာင္း သိရ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၇
ေန‌ျပည္ေတာ္ေကာင္စီနယ္ေျမတြင္ ယမန္ႏွစ္က အကယ္ဒမီေ႐ႊႀကိဳအဖြဲ႕ဝင္ေဟာင္းတစ္ဦး အကယ္ဒမီဆုေပးပြဲ အလာ၌ ပုဒ္မ ၅၀ (ည)ျဖင့္ ဖမ္းဆီးခံခဲ့ရေၾကာင္း NP News က စုံစမ္းသိရွိရသည္။
၂ဝ၂၅ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို ယေန႔ ေဖေဖာ္ဝါရီ ၇ ရက္ ညေနပိုင္းတြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမရွိ၊ MICC 1 ၌ က်င္းပၾကမည္ျဖစ္သည္။
အဆိုပါ အကယ္ဒမီဆုေပးပြဲအခမ္းအနားသို႔ ယမန္ႏွစ္က ေ႐ႊႀကိဳအျဖစ္ ပါဝင္ဖူးသူတစ္ဦး လာေရာက္စဥ္ ေနျပည္ေတာ္အဝင္ စစ္ေဆးေရးဂိတ္၌ Scan ဖတ္စစ္ေဆးစဥ္ ပုဒ္မ ၅ဝ (ည) ျဖင့္ ၿငိစြန္းေနသူျဖစ္ေၾကာင္း စစ္ေဆး ေပၚေပါက္ခဲ့ေၾကာင္း သိရွိရသည္။
ထို႔ေၾကာင့္ ၎အား သက္ဆိုင္ရာနယ္ေျမရဲစခန္းတြင္ ဖမ္းဆီးထိန္းသိမ္း၍ စစ္ေဆးအေရးယူမႈမ်ားလုပ္ေဆာင္ လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.