ကမ္ဘောဒီးယားရောက်မြန်မာနိုင်ငံသား တစ်ထောင်နီးပါးနေရပ်သို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့

 111

သန့်မင်းအိမ် (NP News) - ဖေဖော်ဝါရီ ၇

ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်နေရသည့် မြန်မာနိုင်ငံသားများကို မြန်မာအစိုးရက စတုတ္ထအသုတ်အဖြစ် ထပ်မံခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်အကူအညီတောင်းခံသူများဖြစ်ပြီး၊ ကမ္ဘောဒီးယားရဲတပ်ဖွဲ့က လွှဲပြောင်းပေးအပ်ခဲ့သူများလည်းဖြစ်သည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ဖေဖော်ဝါရီလ(၆)ရက်တွင် စတုတ္ထအသုတ်အဖြစ် မြန်မာနိုင်ငံသား (၂၆၇) ဦးကို တပ်မတော်လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည်။
၎င်းတို့အနက် (၅၉) ဦးကို မွန်းလွဲပိုင်း၌ မြိတ်မြို့သို့ အရင်ပို့ဆောင်ပေးခဲ့ပြီး၊ ကျန်ရှိသည့် (၂၀၈) ဦးအား ညနေပိုင်းနှင့် ညပိုင်းများတွင် ရန်ကုန်မြို့သို့ တိုက်ရိုက်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
မြိတ်မြို့သို့ ရောက်ရှိသွားသည့်သူများကိုလည်း တာဝန်ရှိသူများက စားသောက်ဖွယ်ရာများဖြင့် ကြိုဆိုခဲ့ကြပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့လေယာဉ်ဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့သည်။
အစိုးရအနေဖြင့် အဆိုပါမြန်မာနိုင်ငံသားများကို ဇန်နဝါရီလ (၂၃) ရက်မှစတင်ကာ ယခုအကြိမ် အပါအဝင် စုစုပေါင်း လေးကြိမ်တိုင်တိုင် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။
ပထမအသုတ်တွင် (၁၃၆) ဦး၊ ဒုတိယအသုတ်တွင် (၄၃၀) ဦး၊ တတိယအသုတ်တွင် (၁၆၃) ဦးနှင့် ယခုစတုတ္ထအသုတ်တွင် (၂၆၇) ဦးဖြစ်ရာ ယနေ့အချိန်အထိ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း(၉၉၆) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို တာဝန်ရှိသူများက လိုအပ်သည့် စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့ပေးခဲ့ပြီး အစိုးရအဖွဲ့က စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။
လက်ရှိတွင် ပြန်လည်ရောက်ရှိလာသူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုယ်ရေးအချက်အလက် စစ်ဆေးခြင်းနှင့် မှတ်တမ်းစာရင်းကောက်ယူခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ကေမာၻဒီးယားေရာက္ျမန္မာႏိုင္ငံသား တစ္ေထာင္နီးပါးေနရပ္သို႔ ျပန္လည္ေခၚေဆာင္ႏိုင္ခဲ့
သန႔္မင္းအိမ္ (NP News) - ေဖေဖာ္ဝါရီ ၇
ကေမာၻဒီးယားႏိုင္ငံအတြင္းရွိ အြန္လိုင္းလိမ္လည္မႈ (က်ားျဖန႔္) လုပ္ငန္းမ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရာက္ရွိေနထိုင္ေနရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ျမန္မာအစိုးရက စတုတၳအသုတ္အျဖစ္ ထပ္မံေခၚေဆာင္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျမန္မာႏိုင္ငံသားမ်ားသည္ ကေမာၻဒီးယားႏိုင္ငံရွိ ျမန္မာသံ႐ုံးသို႔ ကိုယ္တိုင္လာေရာက္အကူအညီေတာင္းခံသူမ်ားျဖစ္ၿပီး၊ ကေမာၻဒီးယားရဲတပ္ဖြဲ႕က လႊဲေျပာင္းေပးအပ္ခဲ့သူမ်ားလည္းျဖစ္သည္။
ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ေဖေဖာ္ဝါရီလ(၆)ရက္တြင္ စတုတၳအသုတ္အျဖစ္ ျမန္မာႏိုင္ငံသား (၂၆၇) ဦးကို တပ္မေတာ္ေလယာဥ္မ်ားျဖင့္ ျပန္လည္ေခၚေဆာင္ခဲ့သည္။
၎တို႔အနက္ (၅၉) ဦးကို မြန္းလြဲပိုင္း၌ ၿမိတ္ၿမိဳ႕သို႔ အရင္ပို႔ေဆာင္ေပးခဲ့ၿပီး၊ က်န္ရွိသည့္ (၂၀၈) ဦးအား ညေနပိုင္းႏွင့္ ညပိုင္းမ်ားတြင္ ရန္ကုန္ၿမိဳ႕သို႔ တိုက္႐ိုက္ေခၚေဆာင္လာခဲ့ျခင္းျဖစ္သည္။
ၿမိတ္ၿမိဳ႕သို႔ ေရာက္ရွိသြားသည့္သူမ်ားကိုလည္း တာဝန္ရွိသူမ်ားက စားေသာက္ဖြယ္ရာမ်ားျဖင့္ ႀကိဳဆိုခဲ့ၾကၿပီး ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕သို႔ေလယာဥ္ျဖင့္ ဆက္လက္ပို႔ေဆာင္ေပးခဲ့သည္။
အစိုးရအေနျဖင့္ အဆိုပါျမန္မာႏိုင္ငံသားမ်ားကို ဇန္နဝါရီလ (၂၃) ရက္မွစတင္ကာ ယခုအႀကိမ္ အပါအဝင္ စုစုေပါင္း ေလးႀကိမ္တိုင္တိုင္ ျပန္လည္ေခၚေဆာင္ေပးခဲ့ၿပီးျဖစ္သည္။
ပထမအသုတ္တြင္ (၁၃၆) ဦး၊ ဒုတိယအသုတ္တြင္ (၄၃၀) ဦး၊ တတိယအသုတ္တြင္ (၁၆၃) ဦးႏွင့္ ယခုစတုတၳအသုတ္တြင္ (၂၆၇) ဦးျဖစ္ရာ ယေန႔အခ်ိန္အထိ ကေမာၻဒီးယားႏိုင္ငံမွ ျပန္လည္ေရာက္ရွိလာသူ စုစုေပါင္း(၉၉၆) ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိလာသည့္ ျမန္မာႏိုင္ငံသားမ်ားကို တာဝန္ရွိသူမ်ားက လိုအပ္သည့္ စားေသာက္ဖြယ္ရာမ်ား ကူညီေထာက္ပံ့ေပးခဲ့ၿပီး အစိုးရအဖြဲ႕က စီစဥ္ေပးသည့္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ရန္ကုန္ၿမိဳ႕ရွိ စုရပ္ေနရာသို႔ ပို႔ေဆာင္ေပးခဲ့သည္။
လက္ရွိတြင္ ျပန္လည္ေရာက္ရွိလာသူမ်ားကို လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ကိုယ္ေရးအခ်က္အလက္ စစ္ေဆးျခင္းႏွင့္ မွတ္တမ္းစာရင္းေကာက္ယူျခင္းမ်ားကို ဆက္လက္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.