တရုတ်တွင်းထွက်ပစ္စည်းများအပေါ် မှီခိုအားထားရမှုများကို လျှော့ချရန် ဒေါ်နယ်ထရမ့်ကြိုးပမ်းနေ

222

Pika (NP News)-ဇန်နဝါရီ-၇
တရုတ်နိုင်ငံက လွှမ်းမိုးထားသော ထောက်ပံ့ရေးပစ္စည်းများအပေါ် မှီခိုမှုကို လျှော့ချရန်အတွက် အရေးကြီးသော တွင်းထွက်သတ္တုများ၏ မဟာဗျူဟာမြောက် သိုလှောင်မှုတစ်ခုကို တည်ဆောက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စီစဉ်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Bloombergသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။စမတ်ဖုန်းများ၊ EVကားများနှင့်အဆင့်မြင့်လက်နက်စနစ်များအထိ နည်းပညာများတွင် အသုံးပြုသော ရှားပါးသတ္တုများသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုများတွင် အရေးပါသောပစ္စည်းများဖြစ်လာခဲ့ပြီးနောက် ယခုကဲ့သို့သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရှားပါးသတ္တုသန့်စင်မှု၏(၉၀)ရာခိုင်နှုန်းကျော်နှင့် သံလိုက်ထုတ်လုပ်မှုများအားလုံးနီးပါးကို လွှမ်းမိုးထားပြီး ခေတ်မီစက်မှုလုပ်ငန်းနှင့် ကာကွယ်ရေးအတွက် အရေးကြီးသော ထောက်ပံ့ရေးကွင်းဆက်များကို အဆုံးအဖြတ်ပေးသည့် ထိန်းချုပ်မှုကို ချုပ်ကိုင်ထားကြောင်းသိရသည်။ Project Vault ဟု အမည်ပေးထားသော ဒေါ်နယ်ထရမ့်၏ အစီအစဉ်သည် အရေးကြီးသော သတ္တုများကို ဝယ်ယူသိုလှောင်ရန်အတွက် အမေရိကန် ပို့ကုန်-သွင်းကုန်ဘဏ်မှ အမေရိကန်ဒေါ်လာ(၁၀)ဘီလျံချေးငွေနှင့် ပုဂ္ဂလိကရန်ပုံငွေကိုပေါင်းစပ်သွားမည်ဖြစ်ကြောင်း အဆိုပါကိစ္စနှင့်ရင်းနှီးသည့် သတင်းရင်းမြစ်များက ထုတ်ပြန်ပြောကြားခဲ့သည်။အဆိုပါသိုလှောင်မှုသည် ထုတ်လုပ်သူများအား ဈေးနှုန်းအတက်အကျနှင့် ထောက်ပံ့ရေးဆိုင်ရာပြတ်တောက်မှုများမှ ကာကွယ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရသည်။ထို့ပြင် General Motors၊ Boeing နှင့် Alphabet ၏ Google အပါအဝင် အဓိကကုမ္ပဏီ တစ်ဒါဇင်ကျော်သည် အဆိုပါကြိုးပမ်းမှုတွင်ပါဝင်ခဲ့ကြောင်း သတင်းများလည်းထွက်ပေါ်လာခဲ့သည်။

Zawgyi Version:
တ႐ုတ္တြင္းထြက္ပစၥည္းမ်ားအေပၚ မွီခိုအားထားရမႈမ်ားကို ေလွ်ာ့ခ်ရန္ ေဒၚနယ္ထရမ့္ႀကိဳးပမ္းေန
Pika (NP News)-ဇန္နဝါရီ-၇
တ႐ုတ္ႏိုင္ငံက လႊမ္းမိုးထားေသာ ေထာက္ပံ့ေရးပစၥည္းမ်ားအေပၚ မွီခိုမႈကို ေလွ်ာ့ခ်ရန္အတြက္ အေရးႀကီးေသာ တြင္းထြက္သတၱဳမ်ား၏ မဟာဗ်ဴဟာေျမာက္ သိုေလွာင္မႈတစ္ခုကို တည္ေဆာက္ရန္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က စီစဥ္ေနေၾကာင္း သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး Bloombergသတင္းဌာနက ေရးသားေဖာ္ျပခဲ့သည္။စမတ္ဖုန္းမ်ား၊ EVကားမ်ားႏွင့္အဆင့္ျမင့္လက္နက္စနစ္မ်ားအထိ နည္းပညာမ်ားတြင္ အသုံးျပဳေသာ ရွားပါးသတၱဳမ်ားသည္ ကမာၻလုံးဆိုင္ရာကုန္သြယ္မႈမ်ားတြင္ အေရးပါေသာပစၥည္းမ်ားျဖစ္လာခဲ့ၿပီးေနာက္ ယခုကဲ့သို႔သတင္းမ်ားထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ ကမာၻလုံးဆိုင္ရာ ရွားပါးသတၱဳသန႔္စင္မႈ၏(၉၀)ရာခိုင္ႏႈန္းေက်ာ္ႏွင့္ သံလိုက္ထုတ္လုပ္မႈမ်ားအားလုံးနီးပါးကို လႊမ္းမိုးထားၿပီး ေခတ္မီစက္မႈလုပ္ငန္းႏွင့္ ကာကြယ္ေရးအတြက္ အေရးႀကီးေသာ ေထာက္ပံ့ေရးကြင္းဆက္မ်ားကို အဆုံးအျဖတ္ေပးသည့္ ထိန္းခ်ဳပ္မႈကို ခ်ဳပ္ကိုင္ထားေၾကာင္းသိရသည္။ Project Vault ဟု အမည္ေပးထားေသာ ေဒၚနယ္ထရမ့္၏ အစီအစဥ္သည္ အေရးႀကီးေသာ သတၱဳမ်ားကို ဝယ္ယူသိုေလွာင္ရန္အတြက္ အေမရိကန္ ပို႔ကုန္-သြင္းကုန္ဘဏ္မွ အေမရိကန္ေဒၚလာ(၁၀)ဘီလ်ံေခ်းေငြႏွင့္ ပုဂၢလိကရန္ပုံေငြကိုေပါင္းစပ္သြားမည္ျဖစ္ေၾကာင္း အဆိုပါကိစၥႏွင့္ရင္းႏွီးသည့္ သတင္းရင္းျမစ္မ်ားက ထုတ္ျပန္ေျပာၾကားခဲ့သည္။အဆိုပါသိုေလွာင္မႈသည္ ထုတ္လုပ္သူမ်ားအား ေဈးႏႈန္းအတက္အက်ႏွင့္ ေထာက္ပံ့ေရးဆိုင္ရာျပတ္ေတာက္မႈမ်ားမွ ကာကြယ္ရန္ ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္းသိရသည္။ထို႔ျပင္ General Motors၊ Boeing ႏွင့္ Alphabet ၏ Google အပါအဝင္ အဓိကကုမၸဏီ တစ္ဒါဇင္ေက်ာ္သည္ အဆိုပါႀကိဳးပမ္းမႈတြင္ပါဝင္ခဲ့ေၾကာင္း သတင္းမ်ားလည္းထြက္ေပၚလာခဲ့သည္။