မန္တလေးသို့ ရွှေ့ပြောင်းလာသူများ၍ အိမ်ငှားရန်ခက်ခဲလာ

436

ပြည့်ဖြိုး (NP News)-ဇန်နဝါရီ-၇
အခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဒေသခံများမှာ မန္တလေးမြို့သို့ရောက်ရှိလာချိန်တွင် အိမ်ငှားရမ်းနေထိုင်ရန်ခက်ခဲလာကြသော အခြေအနေမျိုးကို ကြုံတွေ့လာကြကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သော ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ အခြေအနေအရပ်ရပ်ကြောင့် အိမ်ငှားရမ်းမှုဆိုင်ရာ အခက်အခဲများရှိလာသည့် အတွက် အိမ်ပိုင်ရှင်များက ငှားရမ်းမည့်သူများကို နေရာဒေသကန့်သတ်မှုများဖြင့် ငှားရမ်းခြင်းများပြုလုပ်လာခဲ့ကြသည်။
"အိမ်ငှားနေတဲ့သူက နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုတက်ရင် အိမ်ပိုင်ရှင်ကိုပါ အရေးယူမယ်ဆိုတာမျိုးတွေ ဖြစ်လာတော့ အိမ်ရှင်တွေကလည်း အရင်လိုလူတိုင်းကို မငှားရဲကြတော့ဘူး။ အခုက အိမ်ရှာဖို့အရမ်းခက်ခဲလာတယ်"ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှ ပြောင်းရွှေ့နေထိုင်သူတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်များမှ ပြောင်းရွှေ့လာသူများမှာ အိမ်ငှားရမ်းနေထိုင်ရန် အခက်ခဲဆုံးသော အခြေအနေမျိုးကြုံတွေ့နေရပြီး အချို့ရပ်ကွက်များတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရွှေ့ပြောင်းလာသည့် ဒေသခံများပါ ငှားရမ်းမှုခက်ခဲလာကြောင်း သိရသည်။
မန္တလေးမြို့အတွင်းသို့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှစတင်ကာ အနယ်နယ်အရပ်ရပ်မှ သိန်းနှင့်ချီသောဒေသခံများ အလုံးအရင်းဖြင့် လာရောက်အခြေချမှုများရှိခဲ့ကြောင်း၊ ယင်းတို့အနက်တွင် အနည်းငယ်လောက်သာ နေရပ်ပြန်ခဲ့ကြပြီး အများစုမှာ မန္တလေးမြို့၌သာ ဆက်လက်နေထိုင်လုပ်ကိုင်လျက်ရှိနေသေးကြောင်း မန္တလေးမြို့ခံများကဆိုသည်။
“မန္တလေးမှာ အိမ်ခြံမြေဈေးတွေကဆက်တိုက်တက်နေတော့ဝယ်နေတဲ့သူကရှားတယ် ငှားပြီးနေတဲ့သူကများလာတော့နေအိမ်ရှာဖို့ခက်လာတယ်မြို့ပြင်ကအိမ်တွေမှာတောင် ငှားတဲ့သူ အရမ်းများနေတာ”ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။
လက်ရှိတွင်မြန်မာပြည်အထက်ပိုင်းရှိနယ်မြို့များတွင်လက်နက်ကိုင်တိုက်ပွဲများကြောင့်နေရပ်စွန့်ခွာသူများသည် ရန်ကုန်နှင့်မန္တလေးကဲ့သို့မြို့ကြီးများသို့အလုံးအရင်းဖြင့်ပြောင်းရွှေ့နေထိုင်လျှက်ရှိရာ အိမ်ငှားရမ်းမှု အခက်အခဲများဖြစ်ပေါ်နေကြောင်းသိရသည်။

Zawgyi Version:
မႏၲေလးသို႔ ေ႐ႊ႕ေျပာင္းလာသူမ်ား၍ အိမ္ငွားရန္ခက္ခဲလာ
ျပည့္ၿဖိဳး (NP News)-ဇန္နဝါရီ-၇
အျခားေသာ တိုင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္မ်ားမွ ေဒသခံမ်ားမွာ မႏၲေလးၿမိဳ႕သို႔ေရာက္ရွိလာခ်ိန္တြင္ အိမ္ငွားရမ္းေနထိုင္ရန္ခက္ခဲလာၾကေသာ အေျခအေနမ်ိဳးကို ႀကဳံေတြ႕လာၾကေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ၿပီးခဲ့ေသာ ဇန္နဝါရီလဆန္းပိုင္းမွစတင္ကာ အေျခအေနအရပ္ရပ္ေၾကာင့္ အိမ္ငွားရမ္းမႈဆိုင္ရာ အခက္အခဲမ်ားရွိလာသည့္ အတြက္ အိမ္ပိုင္ရွင္မ်ားက ငွားရမ္းမည့္သူမ်ားကို ေနရာေဒသကန္႔သတ္မႈမ်ားျဖင့္ ငွားရမ္းျခင္းမ်ားျပဳလုပ္လာခဲ့ၾကသည္။
"အိမ္ငွားေနတဲ့သူက ႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး ျပႆနာတစ္ခုခုတက္ရင္ အိမ္ပိုင္ရွင္ကိုပါ အေရးယူမယ္ဆိုတာမ်ိဳးေတြ ျဖစ္လာေတာ့ အိမ္ရွင္ေတြကလည္း အရင္လိုလူတိုင္းကို မငွားရဲၾကေတာ့ဘူး။ အခုက အိမ္ရွာဖို႔အရမ္းခက္ခဲလာတယ္"ဟု စစ္ကိုင္းတိုင္းေဒသႀကီး၊ ေကာလင္းၿမိဳ႕မွ ေျပာင္းေ႐ႊ႕ေနထိုင္သူတစ္ဦးက ေျပာသည္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ကခ်င္ျပည္နယ္မ်ားမွ ေျပာင္းေ႐ႊ႕လာသူမ်ားမွာ အိမ္ငွားရမ္းေနထိုင္ရန္ အခက္ခဲဆုံးေသာ အေျခအေနမ်ိဳးႀကဳံေတြ႕ေနရၿပီး အခ်ိဳ႕ရပ္ကြက္မ်ားတြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ ေ႐ႊ႕ေျပာင္းလာသည့္ ေဒသခံမ်ားပါ ငွားရမ္းမႈခက္ခဲလာေၾကာင္း သိရသည္။
မႏၲေလးၿမိဳ႕အတြင္းသို႔ ၂၀၂၄ ခုႏွစ္ ႏွစ္ကုန္ပိုင္းေလာက္မွစတင္ကာ အနယ္နယ္အရပ္ရပ္မွ သိန္းႏွင့္ခ်ီေသာေဒသခံမ်ား အလုံးအရင္းျဖင့္ လာေရာက္အေျခခ်မႈမ်ားရွိခဲ့ေၾကာင္း၊ ယင္းတို႔အနက္တြင္ အနည္းငယ္ေလာက္သာ ေနရပ္ျပန္ခဲ့ၾကၿပီး အမ်ားစုမွာ မႏၲေလးၿမိဳ႕၌သာ ဆက္လက္ေနထိုင္လုပ္ကိုင္လ်က္ရွိေနေသးေၾကာင္း မႏၲေလးၿမိဳ႕ခံမ်ားကဆိုသည္။
“မႏၲေလးမွာ အိမ္ၿခံေျမေဈးေတြကဆက္တိုက္တက္ေနေတာ့ဝယ္ေနတဲ့သူကရွားတယ္ ငွားၿပီးေနတဲ့သူကမ်ားလာေတာ့ေနအိမ္ရွာဖို႔ခက္လာတယ္ၿမိဳ႕ျပင္ကအိမ္ေတြမွာေတာင္ ငွားတဲ့သူ အရမ္းမ်ားေနတာ”ဟု မႏၲေလးၿမိဳ႕ခံတစ္ဦးကေျပာသည္။
လက္ရွိတြင္ျမန္မာျပည္အထက္ပိုင္းရွိနယ္ၿမိဳ႕မ်ားတြင္လက္နက္ကိုင္တိုက္ပြဲမ်ားေၾကာင့္ေနရပ္စြန႔္ခြာသူမ်ားသည္ ရန္ကုန္ႏွင့္မႏၲေလးကဲ့သို႔ၿမိဳ႕ႀကီးမ်ားသို႔အလုံးအရင္းျဖင့္ေျပာင္းေ႐ႊ႕ေနထိုင္လွ်က္ရွိရာ အိမ္ငွားရမ္းမႈ အခက္အခဲမ်ားျဖစ္ေပၚေနေၾကာင္းသိရသည္။